အခန်း (၃၃)
Vol. 3 Ch. 33
နှစ်ယောက်လုံးထွက်သွားတာကိုကြည့်ပြီးချင်းယွီသက်ပြင်းချလိုက်၏ အပူကပ်တဲ့နှစ်ယောက်ထွက်သွားတော့ ကြမ်းပြင်ပေါ်က သော့ကိုကောက်လိုက်သည်
ထိုင်ပြီးမနားခင် အခန်းရှင်းလိုက်တယ်
ခုနကအများကြီးလိမ်ဖို့ဦးနောက်သုံးလိုက်ရတော့ ပင်ပန်းလာပြီ
အချိန်ကိုကြည့်လိုက်တော့ညနေ၄နာရီခွဲသွားပြီ
ရေချိုးခန်းထဲသွားပြီး ရေချိုးလိုက်၏
အဝတ်လဲပြီးအိပ်ယာထဲမှာလိုက်နေလိုက်
ပြီးတော့ အိပ်ပျော်သွားတယ်
တစ်ဖက်မှာတော့...
စီလုပထမထက်ပိုဆင်းသွားပြီးချက်ချင်းနံပါတ်တစ်ခုကိုဖုန်းခေါ်လိုက်တယ်
'' အသံတစ်သံတောင်မထွက်ချင်ဘူးလား ''
စီလုသေချာပေါက်ဖန်ယွမ်ကိုခေါ်လိုက်တာပေါ့
ချင်းယွီကိုအားကိုးလို့မရတော့ဘူးအဲ့တော့အခုလေးတင်တွဲထားတဲ့သခင်လေးကိုသေချာကပ်ထားရမယ်
မနေ့ညကမပြောမဆိုထွက်သွားတာချင်းယွီဘယ်သူဘယ်ဝါဆိုတဲ့ကိစ္စနဲ့သက်ဆိုင်နေမယ်လို့စီလုထင်သည်
အခုအကုန်လုံးအထင်မှားနေတာဆိုတော့သူ့ကိုပြောပြရမယ်
သူစိုးရိမ်နေတာကိုလည်းလျော့သွားစေမဲ့အပြင်ကို ဒီကိစ္စကနေလည်းအကျိုးအမြတ်ရနိုင်မယ်
တစ်ဖက်လူစိတ်မပါတပါနဲ့ဖြေတာကြားရဖို့ကိုနှစ်ခါလောက်ဖုန်းခေါ်လိုက်ရတယ်
'' စီလုမင်းငါ့ဆီကဘာလိုချင်လို့လဲ ''
'' ဖန်ကောကော တူတူညစာစားရအောင်လေ တောင်းဆိုလေးစရာရှိလို့''
'' ဘာဖြစ်လို့လဲ ''
'' ချစ်ရည်းစားဟောင်းလေ...
သူ့ကိုမနေ့ညကတွေ့တယ်မလား
တကယ်အဲ့လူအကုန်လိမ်ထားတာ ကားဝယ်တယ်ဆိုတာလည်းလိမ်ထားတာဟိုတယ်မှာနေတယ်ဆိုတာလည်းလိမ်ထားတာ ''
'' မဖြစ်နိုင်တာ မင်းရည်းစားဟောင်းကလိမ်နေတယ်ဆိုတဲ့သဘောလား ''
'' အင်းအခုဂျီယွမ်ဟိုတယ်မှာ ဒရိုင်ဘာအနေနဲ့လုပ်နေတာ သူမနေ့ညမောင်းတဲ့ကားကဟိုတယ်က ကား သူဟိုတယ်မှာနေတယ်ဆိုတာကလည်း ကောင်တာကဝန်ထမ်းနဲ့ပေါင်းကြံထားတာ ဟိုတယ်မန်နေဂျာထဲကတစ်ယောက်ကလည်းသူ့ဝမ်းကွဲတဲ့ ''
'' မဖြစ်နိုင်တာ မမြင်ရသရွေ့တော့ဟန်ဆောင်နိုင်တာပေါ့ ''
'' အချစ်ရေ ညစာဝယ်ကျွေးပြီးဟိုတယ်မှာနေမယ်ဆိုပြီးတော့မနေ့ညက ဘာလို့ထွက်ပြေးသွားတာလဲ ''
'' တောင်းပန်ပါတယ် ကိုယ့် အပြစ်ပါ
ကိုယ့်အပြစ် မနေ့ညကအရေးကြီးကိစ္စမရှိရင် ကိုယ်မလောတကြီးထွက်မသွားပါဘူး ''
ဖန်ယွမ်အလောတကြီးရှင်းပြပြီးတောင်းပန်လိုက်သည်
'' အင်းအခုလုပ်စရာလေးရှိသေးလို့ ညခုနစ်နာရီတွေ့နေကျနေရာမှာစောင့်နေမယ်နော် ယီပင်တန်မှာကျွေးမယ်လေ တောင်းပန်ပါတယ်နော် ''
'' အိုကေလေ ''
စီလု စီကွန်ကိုကြည့်ပြီးပြောလိုက်တယ်
'' ချစ်မောင်လေးလည်းရောက်နေတယ် ခေါ်ခဲ့ရမလားဟင် ''
'' မောင်လေးလည်းရောက်နေတာလား ရပါတယ် ချစ်မောင်လေးက ကိုယ့်ညီလေးလိုပါပဲ ခေါ်ခဲ့နော်''
'' ကျေးဇူးပါဖန်ကောကော ''
'' ဘာလို့ယဥ်ယဥ်ကျေးကျေးပြောနေတာလဲ ညမှတွေ့မယ်နော် ''
'' တာ့တာ ''
စီလုဖုန်းကိုဘေးချလိုက်တော့စီကွန်ကမနေနိုင်မထိုင်နိုင်ထမေးလိုက်သည်
'' အစ်မဖုန်းပြောနေတဲ့တစ်ယောက်ရည်းစားအသစ်လေးလား ''
စီခုခေါင်းငြိမ့်ပြီးပြောလိုက်တယ်
'' အင်း သူ့အဖေက ငါ့ကုမ္ပဏီကဘော့စ်လေ ''
'' နင့်ကုမ္ပဏီကလား ''
စီကွန်သူ့အစ်မဘယ်မှာအလုပ်လုပ်လဲမသိပါဘူး
'' အဲ့တော့နင့်ရည်းစားအသစ်က ရွန်ဂျင်စူပါမားကတ်က သခင်လေးပေါ့ မဆိုးပါဘူး ကြည့်ရတာသူ့အိမ်က စူပါမားကတ်ဆယ်ခုမကဖွင့်ထားတဲ့ပုံပဲ နင့်အရင်ငမွဲထက်ဘယ်လောက်သာမလဲတောင်မသိတော့ဘူး ''
'' ငါ့ကိုရောညစာစားဖို့ဖိတ်လိုက်သေးလား ''
'' ဒါပေါ့ ''
စီကွန်စိတ်လှုပ်ရှားမိသွားသည်
'' ငါနင့်ကိုကူညီရင်ကူညီပေးနိုင်မှာ ချမ်းသာပေမဲ့နင့်အတွက်တကယ်တွေးလားဟန်ဆောင်နေလားမှမသိတာ ကောင်မလေးလှလှလေးတွေကို ပလေးတဲ့သခင်လေးတွေအများကြီးရှိတယ်လို့ကြားဖူးတယ် ငါ့အစ်မကလှလှလေး အဲ့တော့နင်သတိထားမှရမှာ ချမ်းသာတဲ့ရည်းစားရှာရုံတင်မကဘူးနင့်အတွက်တကယ်တွေးပေးတဲ့ရည်းစားရှာရမှာ ''
'' ငါ့အတွက်တကယ်တွေးမတွေးကဘယ်လိုလုပ်သိမှာလဲ '' စီလုစိတ်တိုတိုနဲ့ပြောလိုက်၏
'' သိပ်တော့မလွယ်ဘူး မြို့ထဲမှာအိမ်ဝယ်ချင်နေတာမလား သူ့ကိုဝယ်ခိုင်းလိုက်လေ ငါသူ့ကို နင့်အတွက်အိမ်ဝယ်ခိုင်းလိုက်မယ်သူသဘောတူရင်နင့်အတွက်တွေးပေးလို့ပဲ ''
စီလုမျက်လုံးကစားလိုက်ပြီတော့
''ဘာတွေလျှောက်ပြောနေတာလဲ ရည်းစားဖြစ်တာမှမကြာသေးဘူး အိမ်ဝယ်တယ်ဆိုတာသာမန်ကိစ္စမဟုတ်ဘူး ငွေအများကြီးလိုတာဘယ်လိုလုပ်သဘောတူမှာလဲ ''
စီလုအဲ့လိုပြောလိုက်ပေမဲ့စိတ်ထဲမှတော့နည်းနည်းရင်ခုန်မိသွားသည်
စီကွန်သူ့အစ်မပုံစံလည်းမြင်တော့
''ကြည့်ဦးကြည့်ဦး စမ်းမကြည့်ရင်သူများသဘောတူမတူဘယ်လိုလုပ်သိမှာလဲ စိတ်မပူပါနဲ့ငါပြောလိုက်မယ် ''
...
'' ဂျင်ဂယ်ဘဲလ် ''
ချင်းယွီဖုန်းသံမြည်လာတော့
ခက်ခက်ခဲခဲနဲ့မျက်လုံးဖွင့်ပြီး ဖုန်းကိုင်လိုက်တယ်
'' ဘယ်သူလဲ ''
'' ချင်းယွီဘယ်မှာလဲ ညစာလာစားလေ ခုနစ်နာရီကျော်နေပြီ ညစာအဆင်သင့်ပဲ ''
'' အိုကေ ခဏစောင့် လာပြီ ''
လုခယ်ရှင်အသံကြားမှ မှတ်မိသွားပြီး ဗိုက်လည်းဆာလာတယ်။
'' မြန်မြန်လာ ''
စကားလည်းပြောပြီးရော လုခယ်ရှင်ဖုန်းချလိုက်သည်
ချင်းယွီအချိန်ကြည့်လိုက်တော့ ၇နာရီကျော်နေပြီ ဒီလောက်အကြာကြီးအိပ်လိုက်မိမယ်လို့ထင်မထားဘူး။
ခေါင်းလေးဖီးပြီးအောက်ထပ်ကိုဆင်းလာလိုက်သည်။
တံခါးခေါက်ပြီးလုခယ်ရှင်အခန်းထဲဝင်လိုက်တော့
ဒီအငှားအိမ်မှာအိမ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းရှိသည်။
ချင်းယွီနေတဲ့အခန်းထက်တောင်ကြီးသေးသည်။
လုခယ်ရှင်နဲ့တူတူအလှလေးနှစ်ယောက်လည်းတူတူနေသေး၏ တစ်ယောက်က အရောင်းဝန်ထမ်း ဂေါင်ရာဖန်
တစ်ယောက်က ဟိုတယ်ဆားဗစ်မှာအလုပ်လုပ်တဲ့ လီကျူပင်
လီကျူပင်ကညဆိုင်းလုပ်ရတာများတော့မတွေ့ဖြစ်ဘူး
ဟင်းတွေလည်းချက်ပြီးပြီ ဝိုင်တစ်ပုလင်းနှစ်ပုလင်းလောက်လည်းစားပွဲပေါ်ချထားသည်
ချင်းယွီအချိန်မီရောက်လာပြီးနှုတ်ဆက်လိုက်၏
ထမင်းပန်းကန်လုံးနဲ့တူလည်းရရော
ပါးစပ်အပြည့်ထည့်ပြီးအားရပါးရစားလိုက်တယ်
'''ဗိုက်ဆာနေချက်က ကြည့်ဦးစောစောဆင်းလာပြီးကူမပေးဘူး ''
လီကျူပင်စိတ်တိုတိုနဲ့ပြောလိုက်သည်။
'' အိပ်နေတာ မသိလိုက်ဘူး ''
ချင်းယွီစားရင်းပြန်ဖြေလိုက်တယ်
'' လီကျူပင်ဘာမှမပြောစမ်းပါနဲ့ဟာ ''
ဂေါင်ရာဖန်ပြောပြီးဝိုင်ခွက်ယူလိုက်သည်။
'' ကုမ္ပဏီမန်နေဂျာအဖြစ်ရာထူးတိုးသွားတဲ့လုခယ်ရှင်ကိုဂုဏ်ပြုလိုက်ရအောင် ''
'' ငါ့အတန်းဖော်လုခယ်ရှင်ရာထူးတိုးသွားလို့ဂုဏ်ပြုပါတယ်. ''
ချင်းယွီခွက်မြောက်ပြီးလုခယ်ရှင်အတွက်ဂုဏ်ပြုပေးလိုက်၏
ခွက်တွေချလိုက်တော့ လီကျူပင်ချင်းယွီကိုမျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
'' ချင်းယွီ နင်နဲ့လုခယ်ရှင်ကဌာနတစ်ခုတည်း အခုသူ ရာထူးတိုးသွားပြီဆိုတော့ နင်ရောဘယ်တော့ရာထူးတိုးမှာလဲ ''
'' အဲဒါက....ပြောလိုက်ရင်နင်စိတ်ပျက်သွားမှာဆိုးတယ် ''
.....
'' ငါအဲ့မှာအလုပ်မလုပ်တော့ဘူး ''
'' ဘာ! နှုတ်ထွက်လိုက်တာလား ဘယ်တုန်းကလဲ ''
လီကျူပင်လန့်သွားမိတော့သည်။
'' အမြဲတမ်းကြိုးစားနေပြီးတော့ဘာလို့ရုတ်တရက် ကြီး ထွက်လိုက်တာလဲ ''
'' အဲ့ကိစ္စကငါ့ကိုအပြစ်တင်သင့်တာ ''လုခယ်ရှင် စိတ်မကောင်းဖြစ်မိသွား၏
'' ဘာလို့အဲ့လိုကြီးပြောတာလဲ ''
ဂေါင်ရာဖန်လိုအနေအေးတဲ့သူတောင်သိချင်သွားပြီးမေးလိုက်တယ် လုခယ်ရှင်သက်ပြင်းချပြီးမနက်ကဖြစ်ခဲ့တာတွေကိုရှင်းပြလိုက်သည်။
'' အဲ့လောက်မုန်းစရာကောင်းတဲ့မန်နေဂျာရှိမှန်းမသိဘူး ကုမ္ပဏီကနေအလုပ်ဖြုတ်ခံသင့်တယ် ''
လီကျူပင်ကဘာတွေဖြစ်ခဲ့လဲသိတော့စိတ်တိုတိုနဲ့ပဲပြောလိုက်သည်။
'' ဘာပဲ ဖြစ်ဖြစ်ပါ ငါအထင်ကြီးမိတာပါ ချင်းယွီဒီကိစ္စမှာ ပညာသားပါပါလုပ်သွားတာ အလုပ်မရှိရင်လည်းနောက်တစ်ခုရှာလို့ရတယ် ချီးယား ''
'' ငါလည်းသူ့ကိုကျေးဇူးတင်တယ် ချီးယား ''
သုံးယောက်လုံးချင်းယွီအတွက်ခွက်မြောက်လိုက်ကြသည်
ချင်းယွီနည်းနည်းလောက်ရှက်သွားပေမဲ့ သုံးယောက်လုံးနဲ့တူတူခွက်ချင်းတိုက်လိုက်သည်
'' သာမန်ကိစ္စလေးပါပဲ ဒီနေ့ကုမ္ပဏီကအလုပ်ထွက်လိုက်တာဆိုတော့ သတ္တိတွေရှိနေပြီ။ ''
'' ဘာလို့အလုပ်ထွက်လိုက်တာလဲ အလုပ်သစ်တွေ့လို့လား ''
'' မတွေ့သေးပါဘူး ဒါပေမဲ့ခဏလောက်နားဖို့လုပ်ထားတာ ''
ချင်းယွီအများကြီးရှင်းပြချင်ပေမဲ့ သာမန်အတိုင်းပဲ ရှင်းပြလိုက်သည်
'' အင်း နင့်ကောင်မလေးရော နင်အလုပ်ထွက်လိုက်တာကိုရောသူဘာပြောသေးလဲ ''
'' လမ်းခွဲလိုက်ပြီ '' ချင်းယွီပြုံးပြုံးလေးပဲ ပြောလိုက်၏။