← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

သုံးယောက်သားအတင်းတုပ်နေကြတော့ချင်းယွီမြန်မြန်ပဲ ရှင်းပြလိုက်သည်

'' မေးနေစရာကိုမလိုတာရှင်းရှင်းလေးပဲ စီလု သူဌေးသားနောက်ပါသွားပြီးငါ့ကိုပစ်သွားတာ အဲ့လောက်ထိရိုးရှင်းတယ် ''

သုံးယောက်သားလန့်သွားကြ၏

'' ချင်းယွီလည်းလမ်းခွဲလိုက်ပြီအစ်မဖန်လည်းရည်းစားမရှိဘူးဆိုတော့ နှစ်ယောက်သားတွဲလိုက်ကြပါလား ''

ပါးစပ်အပြည့်ဝါးနေပြီး ချင်းယွီနဲ့ဂေါင်ရာဖန့်ကို မျက်လုံးမှိတ်ပြလိုက်သည်

'' ကောင်မလေး နင်တစ်ယောက်ပဲစကားများနေတာ သူများကိစ္စဝင်ပါရင်နင့်ပါးစပ်ကိုဆွဲဖြဲပစ်မယ် ''

ဂေါင်ရာဖန်အော်လွတ်လိုက်တယ် အသာတစ်တုံးယူပြီး လီကျူပင့်ပန်းကန်ထဲထည့်ပေးလိုက်တယ်

'' အားယားနေတဲ့ပါးစပ် များများစား ''

လုကယ်ရှင်ပါးစပ်ကိုလက်နဲ့အုပ်ပြီးတိတ်တိတ်လေးနေလိုက်သညထ သူလည်းနှစ်ယောက်လုံးကိုသဘောတူပေမဲ့ ဂေါင်ရာဖန့်စိတ်ကိုသိတော့ မဖြစ်နိုင်မှန်းသိသည်

သူနဲ့ဂေါင်ရာဖန်ကြားမှာဇာတ်လမ်းလေးတွေရှိတယ် သူဂေါင်ရာဖန်ကမျက်နှာဝိုင်းဝိုင်းလေးနဲ့ အရပ်ရှည်တဲ့မိန်းကလေးထဲမှာပါတယ် သူဂေါင်ရာဖန့်ကိုတွေ့တွေ့ချင်းသဘောကျမိပြီး ခဏခဏလိုက်ပိုးဖူးသည်

ဂေါင်ရာဖန်ကချင်းယွီရဲ့စိတ်ကိုသိပေမဲ့သဘောမတူခဲ့သလိုငြင်းလည်းမငြင်းဘူး တည်တည်ငြိမ်ငြိမ်ပဲနေသည်

ငယ်ရွယ် ချမ်းသာ ရုပ်ချော ဆိုတဲ့အချက်တွေကသူကြိုက်တဲ့ပုံစံဖြစ်မှာပေါ့ဒါပေမဲ့ ချင်းယွီအခြေအနေနဲ့ကတော့မျှော်လင့်ချက်မရှိဘူး

ရည်းစားဖြစ်လို့မရပေမဲ့ သူငယ်ချင်းဖြစ်လို့တော့ရပါသေးတယ်လေ။

သူပြောတဲ့စကားတွေကလက်တွေ့ကျသလို ခွဲခြားတာမျိုးလည်းမရှိတော့ချင်းယွီဘဝမှာပထမဆုံးလူကောင်းတစ်ယောက်ကိုရလိုက်သလိုပဲ

နောက်တော့လက်လျော့လိုက်သည် ဂေါင်ရာဖန့်ကိုပိုင်ဆိုင်နိုင်စရာအကြောင်းမရှိဘူး

သူစီလု့နဲ့တွဲတော့ဒီကိစ္စတွေကိုလည်းမေ့သွားမိ၏

လီကျူပင် နဲ့ လုခယ်ရှင်လည်း ဒီကိစ္စတွေအကုန်လုံးကိုသိသည် တစ်ခါတလေဆိုစတောင်စနေကြသေး၏

'' ဒီလိုလုပ်ရင်ရော? အစ်မဖန် ရောင်းအားလည်းကောင်းတယ်မလား လူတွေလည်းလျော့နေတာဆိုတော့ ချင်းယွီကိုခေါ်ရင်ရော ''

'' မဆိုးဘူး အရောင်းဝန်ယမ်းကလစာကောင်းတယ် ရာဖန် နင်တို့ကုမ္ပဏီကလူတွေလျော့နေတာမလား ဂျန်ယွမ်ခရိုင်မှာကုမ္ပဏီအသစ်ဆောက်နေတယ်လို့ကြားသေးတယ် လူလိုနေမှာပဲလေ ''

လုခယ်ရှင် မေးလိုက်သည်

သူ့စိတ်ထဲမှာအခုထိချင်းယွီအလုပ်ပြုတ်သွားတာသူ့ကြောင့်လို့အပြစ်တင်နေတုန်း...

ချင်းယွီသာအလုပ်ကောင်းကောင်းရှာမတွေ့ရင်သူလည်းအဆင်ပြေမှာမဟုတ်ဘူး

ဂေါင်ရာဖန်ခေါင်းခါပြီးတောင်းပန်လိုက်သည်

'' ဆောတီးကုမ္ပဏီဖက်ကလူလျော့နေတယ်လို့တော့မကြားမိဘူး အရောင်းဌာနကိုတော့မေးကြည့်ပေးလို့ရတယ် ''

'' မလုပ်ပါနဲ့ အခုတလောအလုပ်မလုပ်ချင်သေးဘူး ခဏနားနေချင်တယ် ''

'' သိသွားပြီ ချင်းယွီ အလုပ်ထွက်ချင်တာမဆန်းပါဘူး ''

လီကျူပင်တူချလိုက်ပြီးချင်းယွီကိုပြောလိုက်သည်

'' နင့်ကောင်မလေးနဲ့လမ်းခွဲလိုက်လို့မလား အသည်းကွဲနေလို့အလုပ်မလုပ်ချင်တာလေ ''

လုခယ်ရှင်ကြောင်သွား၏

'' အဲ့ကိစ္စကတော့ကိစ္စကြီးဆိုပေမဲ့ ပိုကောင်းတဲ့ရည်းစားရှီာရမှာလေ ''

ချင်းယွီစိတ်တိုသွားသလိုရယ်လည်းရယ်မိသွားသည်

'' ခန့်မှန်းမနေကြပါနဲ့တော့ အသည်းကွဲတဲ့ပုံပေါက်နေလို့လား မြန်မြန်စားကြ ''

နောက်တော့အကုန်လုံးပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ဆယ်နာရီအထိသောက်ရင်း စကားပြောကြသည်

အများကြီးသောက်မိသွားတော့ချင်းယွီအခန်းကိုမူးမူးနဲ့ပဲ ပြန်သွားပြီ ချက်ချင်းအိပ်ပျော်သွား၏

နောက်နေ့မနက်နိုးလာတော့ ဆယ်နာရီတောင်ရှိနေပြီ ချင်းယွီ ဆိုဖာပေါ်မှာထိုင်လိုက်ပြီးတော့ စနစ်ရဲ့လေးထောင့်ကွက်လေးကို ဖွင့်လိုက်သည်

လက်ခံသူ ချင်းယွီ

အသက် ၂၅

ကိုယ်ခန္တာကြံခိုင်မှု - ၅၀ ပုံမှန်

စိတ်စွမ်းအား -၅၀ ပုံမှန်

အရည်အချင်း မရှိ

စစ်ဆေးခြင်းလုပ်ငန်းစဥ် - ၁.၈ မီလီယမ်

တာဝန် မရှိ

ဝင်ရောက်ခြင်းအမှတ် - ၃ကြိမ်

လက်ကျန်ငွေ - ၁၀၂ ဘီလီယမ်

ကျော်ပိုးအိတ် - တစ်

'' စနစ်ထဲဝင်လိုက်တော့ ''

ချင်းယွီစနစ်ကိုပဲတန်းခိုင်းလိုက်သည်

'' ဒီတစ်ခါဘာရမလဲမသိဘူး ''

အရင်တစ်ခေါက်ကနဲ့မတူတဲ့သိန်း၈၀၀၀ ကျောင်သုံးထားရတဲ့ အဆင့်သုံး ကိုမျှော်လင့်နေမိတယ်

တွေးကြည့်မှအရင်တစ်ခေါက်ထက်တော့မဆိုးလောက်ပါဘူး

(ဂုဏ်ပြုပါတယ်လက်ခံသူမှဂျန်ယွမ်ဟိုတယ်၏ရှယ်ယာ၃၅ရာခိုင်နှုန်းရရှိပါသည်ရှယ်ယာလက်ခံခြင်းကတ်အား လူကြီးမင်း၏ကျောပိုးအိတ်ထဲသို့ထည့်သွင်းပြီးပါပြီ)

ဂျန်ယွမ်ဟိုတယ်ကရှယ်ယာ၃၅ရာခိုင်နှုန်း?

ပြောစရာတောင်ပျောက်တယ်

ချင်းယွီအကြာကြီးတွေးကြည့်လိုက်သည် ပိုက်ဆံတွေအများကြီးသုံးထားတာတောင်အရင်တစ်ခါကရတဲ့ဟွာဂျန်းပလာဇာထက်တန်ဖိုးတော်တော်နိမ့်တယ်

ဘာလို့ဟိုတယ်တစ်ခုလုံးမပေးဘဲ ၃၅ရာခိုင်နှုန်းပဲပေးတာလဲ

ဘယ်လောက်တန်တာကျလို့!

ငွေပိုသုံးတိုင်းပိုကောင်းတာရမယ်လို့ထင်မိတာအလကားပဲ

ဒီတစ်ခါအတွက်အချက်များမှားသွားတာလား

ချင်းယွီပိုက်ဆံတွေအများကြီးမဟုတ်တဲ့နေရာမှာသုံးမိတော့တော်တော်နောင်တရသွားတယ်

ဒါပေမဲ့ဟွာဂျန်းဟိုတယ်ရှယ်ယာ၃၅ရာခိုင်နှုန်းကဘယ်လောက်တန်လဲသိချင်သေးသည်

ဖုန်းထဲမှာရှာကြည့်ပေမဲ့ဟွာဂျန်းဟိုတယ်နဲ့ပတ်သတ်တဲ့အချက်အလက်ဘာမှမရှိဘူး

အကြာကြီးတွေးပြီးတော့မှ ထန်ရှင်ဖုန်းနံပါတ်ကိုလှမ်းခေါ်လိုက်တယ်

'' မစ္စတာချင်းမင်္ဂလာပါ ''

'' တန်ရှင်းငါမင်းကိုမေးစရာရှိလို့ မင်းတို့ဟိုတယ်ဘယ်လောက်တန်လဲသိလား''

'' အာ ဘာလို့မေးတာလဲမသိဘူး ''

'' ဘာမှမဟုတ်ပါဘူးဒီတိုင်းသိချင်လို့ ''

'' သိပ်တော့မ သေချာပေမဲ့တွေးမိတာတစ်ခုရှိတယ် ''

'' ဘာလဲ ''

'' အရင်တုန်းက သူများပြောတာကြားဖူးတယ် ''

'' ဟိုတယ်ရဲ့ရှယ်ယာရှင်တစ်ယောက် တခြားရှယ်ယာရှင်ရဲ့၈၀ ရာခိုင်နှုန်းကို သိန်း ၂၀၀၀ ပေးဝယ်ဖို့လုပ်သေးတယ်တဲ့ အဲ့လိုဆိုတော့ဟိုတယ်တန်ဖိုးက သန်း ၈၀လောက်ရှိတယ် ''

'' သန်း၈၀! ''

'' ဟုတ်အဲ့လောက်တော့ရှိမှာ မစ္စတာချင်းဘာလိုသေးလဲရှင့် လာခေါ်ရမလားရှင့် ''

'' ကျေးဇူးပါပဲ အခုတော့မလိုသေးဘူး ကားမောင်းဖို့လိုရင်ပြောလိုက်မယ် အလုပ်ဆက်လုပ်လို့ရပြီ ''

'' ဟုတ်ကဲ့ တစ်ခုခုလုပ်စရာရှိရင်အချိန်မရွေးဆက်သွယ်ပေးပါ ''

ထန်ချင်ဖုန်းချလိုက်တယ်

'' ငါယိုးမ စနစ် ''

ချင်းယွီတိတ်တိတ်လေးဆဲလိုက်တယ်

ထန်ရှင်ပြောသလိုသာဆို ၃၅ရာခိုင်နှုန်းက သန်း၄၀ပဲ ရှိသည်

စိတ်ဓာတ်လည်းကျပြီးဗိုက်လည်းဆာနေပြီ မနက်စာစားတော့မယ်လုပ်တော့ စနစ်ကနေအသံမြည်လာသည်

(ဒင် မစ်ရှင်အသစ်ရရှိ ဂျန်ယွမ်ဟိုတယ်အားဝယ်၍ ဟိုတယ်၏ရှယ်ယာ -ရာခိုင်နှုန်းရရှိပါ မစ်ရှင်အားပြီးမြောက်ကာအဆင့်လေးသို့တက်ရောက်ပါ)

'' စနစ်တာဝန်တွေရှိသေးတာလား ''

စနစ်ကအဆင့်မြင့်ဖို့ဆိုရင် ငွေသုံးရမယ်လို့ပဲသိထားတာ ထပ်တိုးတာဝန်တွေရှိမယ်လို့ထင်မထားဘူး

တခြားမစ်ရှင်တစ်ခုရဖူးတာဒါပထမဆုံးပဲ

(မစ်ရှင်ပြီးသည့်နောက်အဆင့်မြင့်နိုင်ပါသည်)

'' ခွေးစနစ်တော်တော်ဈေးပေါတဲ့ကောင် ခွေးစနစ်ကများလာပြီးမစ်ရှင်ပေးရမယ်လို့ ဆိုးတော့မဆိုးပါဘူး သေချာလုပ်နိုင်ရင် အဆင့်လေးထိတက်လို့ရပြီ ''

ချင်းယွီပျော်သွားမိသည်.....။

All Chapters