အခန်း (၃၅)
Vol. 3 Ch. 35
အဆင့်လေးထိတက်ဖို့ဆိုရင်ယွမ်တစ်သန်းတောင်လိုမှာ...
'' ဟိုတယ်ရဲ့ရှယ်ယာ၃၅ရာခိုင်နှုန်းပဲပေးပြီးဟိုတယ်တစ်ခုလုံးပိုင်အောင်လုပ်ခိုင်းတာကတော့ တော်တော်ယုံကြည်ချက်ရှိတာပဲ ထားပါတော့ ဂျန်ယွမ်ဟိုတယ်ကိုဘယ်လိုပိုင်အောင်လုပ်ရမလဲပဲတွေးရအောင် အခုငါ့မှာ ၃၅ရာခိုင်နှုန်းရှိပြီးသားဆိုတော့ ကျန်တဲ့ရှယ်ယာရှင်တွေကဘယ်သူတွေပါလိမ့် ''
ချင်းယွီလေးလေးနက်နက်တွေးလိုက်ပေမယ့် ဘယ်ကနေဘယ်လိုစရလုပ်ရမလဲမသိသေးဘူး
ရှယ်ယာရှင်တွေနဲ့ဘယ်လိုဆက်သွယ်ရမလဲ
ထန်ရှင် ပြောသလိုသာဆိုရင်တော့ရှယ်ယာရှင်ကြီးတွေက ရှယ်ယာတွေလိုက်ဝယ်နေကြတာ
ပြဿနာပဲ သူသာရှယ်ယာတွေရသွားရင်ဟိုတယ်တစ်ခုလုံးရဲ့တကယ့်ရှယ်ယာရှင်အကြီးစားကြီးဖြစ်သွားမှာလေ
အဲ့လောက်ရှယ်ယာတွေရထားရင်သာမန် ကိစ္စလေးတွေတောင်မလုပ်နိုင်မှာဆိုးသည်
ပိုက်ဆံသုံးရတာကိစ္စမရှိဘူး
ဒါပေမဲ့ဘယ်သူ့ကိုဆက်သွယ်ရမှာလဲ ထန်ရှင်လား
သာမန်ဟိုတယ်ဝန်ထမ်းတစ်ယောက်ကရှယ်ယာရှင်တွေနဲ့တော့မသိလောက်ဘူး
ချင်းယွီလက်ပျောက်နေတုန်းဖုန်းမြည်လာသည်
'' ဘယ်သူလဲ ''
'' အစ်ကိုချင်း ကျွန်တော်ဂျန်ရှန်းပါ ဖုန်းခေါ်လိုက်တာအနှောင့်အယှက်ဖြစ်မသွားဘူးမလား ''
'' အာညီလေးဂျန်ပဲ ဘာကိစ္စရှိလို့လဲ''
'' ဒီလိုပါ မစ္စတာမာက ကားပြင်ခ သိန်း၈၆၀ ပေးလိုက်တယ် ဝေဝေကနေ ဘဏ်အကောင့်နံပါတ်ပို့ပေးပါဦး ကျွန်တော်ငွေလွှဲပေးလိုက်မယ် ''
'' သူလျော်ပေးတော့မှာပေါ့ ''
'' ဟီးဟီးဒါပေါ့ မှားတာမစ္စတာမာပဲလေ သူကျွန်တော့်အပေါ်အဲ့လိုမလုပ်ရဲပါဘူး ''
'' ဟုတ်တယ် ညီလေးဂျန်း မျက်နှာသာရပေလို့ပေါ့ ''
အဲ့အချိန်မှာဟိုတယ်ရှယ်ယာရှင်ကိစ္စတွေးမိသွားပြီး..
'' ဒါနဲ့လေ တစ်ခုမေးချင်တာရှိတယ် ဂျန်ယွမ်ဟိုတယ်ပိုင်ရှင်ဘယ်သူလဲသိလား သူနဲ့ရောသိလား
မေးစရာရှိလို့ ''
''အစ်ကို မေးမှတွေးမိတာ ရှယ်ယာရှင်ထဲမှာကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတယ် ''
ချင်းယွီအရမ်းပျော်သွားမိသည်
'' ဂျန်ယွမ်ဟိုတယ်မှာ ရှယ်ယာရှင်ကြီးသုံးယောက်ရှိတယ်အကြီးဆုံး တစ်ယောက်က ယွမ်ဇန်ဂန် ယွမ်မိသားစုရဲ့လက်ရှိ ခေါင်းဆောင် ဂျန်ယွမ်ဟိုတယ်ရဲ့ ဥက္ကဌ ဆိုလည်းဟုတ်တယ် ဒီဟိုတယ်ကိုသူ့အဖေတည်ထောင်ခဲ့တာ ရှယ်ယာ၃၀ ရာခိုင်နှုန်းက လောင်ရှာဘဏ်မှာ ၂၀ ရာခိုင်နှုန်းက ကိုကြီး ချောင်ဂျင်ဟွာ့ ဆီမှာ ''
ချင်းယွီစိတ်လှုပ်ရှားမိသွားတယ်
စနစ်ကပေးတဲ့ရှယ်ယာက လောင်ရှာဘဏ်ကဆိုတာလည်းသိလိုက်သည်
ဂျန်ရှန်းတခြားရှယ်ယာရှင်တစ်ယောက်ကို ကိုကြီးလို့ခေါ်လိုက်တာကြားတော့
'' အဲ့တော့ ချောင်ဂျင်ဟွာနဲ့သိတယ်ပေါ့ ''
' ဒါပေါ့သူကစပေါ့ကားအသင်းရဲ့ အဖွဲ့ခေါင်းဆောင် လေ ခဏခဏတူတူဆော့ကြတယ် ကိုကြီးချင်းကားအသစ်ဝယ်ထားတာ ဝယ်ထားတဲ့ကားကလည်း တကယ့်ထိပ်တန်းအလန်းစား စူပါကားဆိုတော့ အစ်ကို့ကိုအဖွဲ့ထဲဖိတ်ဖို့ပြောလိုက်မယ်လေ သူလည်းတအားပျော်မှာ ''
'' သူနဲ့အဆက်အသွယ်ရှိလား ''
ချင်းယွီအဲ့လိုကိစ္စတွေကိုဂရုမစိုက်ဘဲ မေးစရာရှိတာမေးလိုက်သည်
'' ဒါပေါ့ ကိုကြီးချင်းသူနဲ့လုပ်စရာရှိလို့လား ''
'' ဟုတ်တယ်မင်းကိုအနှောင့်အယှက် ပေးစရာလည်း လေးရှိတယ် ''
'' ဘာဖြစ်လို့လဲ ဘာမှအနှောင့်အယှက်မဖြစ်ပါဘူးအစ်ကိုချင်းကိစ္စက ကျွန်တော့်ကိစ္စပဲလေ ''
ဂျန်ရှန်းတစ်ချက်မှမတွန့်ဘဲပြောလိုက်သည် မနေ့ညကဒေါ်လေးပြောတာနားထောင်ထားတော့ ဘာနေနေအကုန်လုပ်ပေးချင်နေပြီ
'' တကယ်ကရိုးရှင်းပါတယ် ဂျန်ယွမ်ဟိုတယ်ကိုဝယ်ချင်တာ သူ့ကိုဆက်သွယ်ပြီးရောင်းချင်လား မေးပေးပါဦး ''
'' ဘ...ဘာ! အစ်ကိုချင်းနောက်နေတာလား ဂျန်ယွမ်ဟိုတယ်ကိုဝယ်ချင်တာလား ''
ဂျန်ရှန်းနားကြားမှားတာလို့ထင်လိုက်မိသည်
'' နောက်နေ့တာမဟုတ်ဘူး သူ့ရှယ်ယာတွေရောင်းချင်စိတ်သာရှိရင် ဈေးကဘယ်လောက်နေနေရတယ် ''
'' အစ်ကိုချင်းတကယ်ကြီးပြောနေတာပဲ! ကိစ္စမရှိဘူးကျွန်တော် အခုချက်ချင်းဆက်သွယ်ပေးမယ် ဒါပေမဲ့အဲ့လောက်အများကြီးလက်ထဲရှိလို့လား ဂျန်ယွမ်ဟိုတယ်တစ်ခုလုံးကိုဝယ်ချင်ရင် အနည်းဆုံးယွမ်သန်း၈၀ရှိမှရမှာ ''
ဂျန်ရှန်းအတွက်ယုံရခက်နေတုန်းပဲ
ချင်းယွီမှာရွှေေရာင်ဘလက်ခ်ကဒ်ရှိတာသိပေမဲ့ ဒဏ္ဍာရီလာပစ္စည်းတွေလောက်တန်ဖိုးရှိတယ်လို့တော့မထင်ပါဘူး
အခုချင်းယွီက ဂျန်ယွမ်ဟိုတယ်ကို သန်း၈၀ပေးပြီးဝယ်မယ်ဆိုတော့ တကယ်ထင်မထားလောက်တဲ့ငွေပမာဏကြီးဖြစ်နေမှာလေ
'' မင်းပူစရာမလိုပါဘူး မြန်မြန်လုပ်နော် ဂျန်ယွမ်ဟိုတယ်က ယွမ်ဒုန်ဆိုတဲ့တစ်ယောက်လည်း ဟိုတယ်ရှယ်ယာဝယ်ချင်လို့မင်းကိုကြီးကိုဆက်သွယ်နေတယ်လို့ကြားတယ် ''
'' အဲ့လိုကိစ္စတွေရှိသေးတာလား ဟိုတယ်ရှယ်ယာတွေအကုန်သူ့လက်ထဲမှာ အဲ့တော့ ဂျန်ယွမ်ဟိုတယ်ကသူ့အပိုင်ဆိုတဲ့သဘောလေ သူ့ဆီကဝယ်ဖို့ကပိုတောင်ခက်ဦးမှာ ''
'' အဲဒါကြောင့်အလျင်လိုနေတာ ဒီလိုဆိုရင်ရော မင်းဒီကိစ္စကိုနည်းနည်းတွေးကြည့်ပြီးမင်းကိုကြီးဟွာနဲ့ဆက်သွယ်လိုက် တတ်နိုင်သလောက်အချိန်တိုအတွင်းငါသူနဲ့စကားပြောကြည့်မယ် ဒီကိစ္စဘယ်လိုရလာဒ်ပဲရလာရလာ ဟိုလျော်ကြေး သိန်း၈၆၀ ကိုပြန်မပေးနဲ့တော့ အလုပ်ကြိုးစားလို့ မုန့်ဖိုးပေးတယ်သဘောထားလိုက် ''
'' မဟုတ်တာ ဘယ်လိုလုပ် အစ်ကို့ ဆီကယူရဲမှာလဲ အဲ့လိုကိစ္စတွေကပြောစရာကိုမလိုတာ ပိုက်ဆံအကြောင်းပြောရင် ရင်နာတယ် ''
ဂျန်ရှန်းမြန်မြန် ပဲ ငြင်းလိုက်သည်
'' မင်းပြောချင်တာနားလည်ပါတယ် ဒါပေမဲ့မင်းလက်မခံရင် နည်းနည်းတစ်မျိုးကြီးပဲ အဲ့လောက်ပိုက်ဆံကဘာမှမဟုတ်ဘူး ယူထားလို့ရတယ် ''
နှစ်ယောက်သားငြင်းနေကြပြီးတော့ နောက်ဆုံးကျတော့ ဂျန်ရှန်း သိန်း၄၀၀ ယူလိုက်တယ် ကျန်တဲ့ပိုက်ဆံကိုတော့ ချင်းယွီဘဏ်အကောင့်ထဲကိုပဲ လွှဲပေးလိုက်သည်
ဂျန်ရှန်း ချောင်ဂျင်ဟွာ့ကို မြန်မြန်ဆက်သွယ်လိုက်သည်
ချင်းယွီကတော့စောင့်ရတာပျင်းလာလို့အောက်ထပ်ကိုဆင်းပြီးမနက်စာသွားဝယ်လိုက်၏
မနက်စာစားပြီးသိပ်မကြာတော့ ဂျန်ရှန်းဖုန်းခေါ်လာသည်
'' အစ်ကိုချင်း
ကိုကြီးဟွာနဲ့ဆက်သွယ်လို့ရပြီ ''
'' ကိုကြီးပြောတဲ့အတိုင်းပြောပြလိုက်တော့အစကတော့ငြင်းလိုက်တယ်
ယွမ်ဇန်ဂန်နဲ့သူငယ်ချင်းဆိုတော့ သူ့ဆီရှယ်ယာရောင်းပေးပြီး မနက်ဖြန်ဟိုတယ်မှာစာချုပ်လာချုပ်မလို့
ဒါပေမဲ့ကျွန်တော်က ကိုကြီးကဈေးပိုပေးတယ်လို့ပြောလိုက်တာ ဒေါ်လေးကိုရော ကိုကြီးရဲ့ နမ်ချောင်းကလပ် အဖွဲ့ဝင် ကဒ်ကိုပါပြလိုက်တာ အဲ့ကြမှကိုကြီးနဲ့တွေ့ဖို့သဘောတူတာ ''
''အချိန်က မနက်ဖြန်နေ့လယ် ဂျန်ယွမ်ဟိုတယ် ''
ဂျန်ရှန်းအသံပြောင်းပြီး
'' ဒါပေမဲ့ အစ်ကိုနဲ့တွေ့ပြီးယွမ်ရှောင်နဲ့စာချုပ်ချုပ်မှာဆိုပြီးပြောလွှတ်တာ ဒီဖက်ပိုင်းကိုတော့ကျွန်တော်အကောင်းဆုံးလုပ်မှာပါ ကိုကြီးအပေါ်လည်းမူတည်တယ် ဆွေးနွေးတာအောင်မြင်နိုင်တယ်နော် ''
'' တော်တယ်တော်တယ် မင်းနဲ့တွေ့မိတာကောင်းတယ် '' ချင်းယွီသက်ပြင်းအရှည်ကြီးချလိုက်မိ၏
'' ကိုကြီးဟွာမနက်ဖြန်ဟိုတယ်ထဲရောက်ရင် အစ်ကိုချင်းနဲ့တွေ့ဖို့ကျွန်တော်စီစဥ်ထားပေးမယ်နော် ဒါနဲ့ အခုဟိုတယ်ထဲလာသင့်ပြီနော် ''
'' တစ်လစာဘိုကင်ယူထားတာပဲ မနက်ဖြန်တစ်နေကုန်နေပစ်မှာ ''
'' ဟားဟား ကိုကြီးချင်း မာနကတော့ ဘယ်သူမှ ကိုယ့်ပိုက်ဆံကို အဆင့်မြင့်ခန်းမှာ တစ်လနေဖို့မသုံးကြဘူး ''
နှစ်ယောက်သားမနက်ဖြန်အတွက်ဆက်ဆွေးနွေးကြပြီး ဖုန်းချလိုက်သည်။