← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

ဂျန်ယွမ်ဟိုတယ် ကိုရနိုင်ဖို့က မနက်ဖြန်အထိပဲအချိန်ရမှာ

ချင်းယွီဒီကိစ္စကိုခေါက်ထားပြီးတော့ မနက်ဖြန်အဆင့်မြင့်ဖို့ ပိုက်ဆံဘယ်မှာသုံးရမလဲတွေးနေလိုက်သည်

အိုဟောင်းနေတဲ့အိမ်လေးကိုကြည့်ပြီးအကြံတစ်ခုပေါ်လာ၏

'' အိမ်ဝယ်ရမလား တော်ပါပြီ ဝယ်မဲ့ဝယ်တော့ဗီလာဝယ်မှာပေါ့ အဲဒါက အကောင်းဆုံးပဲ''

ဗီလာဝယ်မယ်ဆိုမှ နေရာတစ်ခုကိုစဥ်းစားမိသွားသည်

ပိတ်ရက်တိုင်းရှင်ချန်းခရိုင်က ဘိုင်ရှင်ပန်းခြံမှာ ပြေးလေ့ရှိသည်

အဲ့နားကလေကလည်းလတ်ဆတ်ပြီး မြစ်တွေတောင်တွေနဲ့လည်းနီးသည် နေရာလည်းကောင်း၏

ပန်းခြံနားမှာလမ်းမကြီးတွေလည်းရှိသေးသည်

အဆင့်မြင့်ဗီလာတွေပဲရှိတဲ့နေရာလည်းရှိပြီး မရောင်းရသေးတဲ့ ဗီလာတွေလည်းအများကြီးရှိသည်

ဒီအိမ်မှာဆက်ပြီးမနေချင်တော့ဘူး

အိမ်ထဲကထွက်လာတဲ့အထိသာမန်အဝတ်အစားနဲ့ ဖိနပ်ပါးလေးပဲဝတ်ထားတယ် ရာသီဥတုကြောင့် ဒီလိုအဝတ်အစားမျိုးက သာမန်ပါပဲ

အရွက်တွေဝယ်ရင်ဝတ်နေကြအဝတ်အစားတွေ

ဗီလာဝယ်ရတာလည်းအရွက်ဝယ်တာနဲ့သိပ်မကွာပါဘူး

ချင်းယွီစိတ်ထဲမှာတော့ သန်းချီသုံးတာက တစ်ပြားနှစ်ပြားသုံးရသလိုပဲ

နန်ယွမ် ဗီလာ

နန်ယွမ်ဗီလာဆိုတာ နန်ဂျန်းမြို့ရဲ့ ထိပ်တန်းဗီလာနယ်မြေသုံးခုထဲမှာပါသည်

မြို့ထဲက အကြီးဆုံးဗီလာနယ်မြေလည်းရှိ၏

အဲ့နေရာမှာနေတဲ့သူတွေကလည်း လူချမ်းသာအသိုင်းအဝိုင်းထဲကလူတွေကြီးပဲ သာမန်လူတွေအနားမကပ်နိုင်ဘူး

မိသားစုလိုက်နေလို့ရတဲ့ဗီလာတစ်ခုက ကွာတားမီတာတစ်ခုကို ယွမ်၂ထောင်ကျတယ်တဲ့လေ

အဆောက်အအုံတစ်ခုလုံးကိုဝယ်ချင်ရင် ယွမ်.....ကျပြီး ဗီလာထဲမှာဈေးအကြီးဆုံးက ယွမ်.....ကျသည်

ဂျန်ယွမ်ခရိုင်ရဲ့ရှင်ချန်နယ်မြေထဲမှာရှိတာ

ဘေးမှာဘိုင်ရှင်ပန်းခြံလည်းရှိတယ်

ဘေးပတ်ဝန်းကျင်ကလည်းအရမ်းလှသည်

အရောင်းဌာနက ဘိုင်ရှင်...လမ်းပေါ်မှာ ရှိ၏

မြေအနေအထားကလည်းမြင့်တော့မိန်းလမ်းမကြီးတွေနဲ့ နည်းနည်းဝေးသည်

ချင်းယွီဆိုင်ကယ်မောင်းပြီးအရောင်းဌာနကို သွားလိုက်သည်

အရောင်းဌာနထဲဝင်လိုက်တာနဲ့ လုံခြုံရေးယူနီဖောင်းဝတ်ထားတဲ့ဝန်ထမ်းနှစ်ယောက် သူ့ကိုပြုံးပြီးနှုတ်ဆက်တာမြင်လိုက်ရသည်

ချင်းယွီ ခေါင်းငြိမ့်ပြီး

''အရောင်းဌာနက ဝန်ထမ်းတွေကတော့ဆက်ဆံရေးကောင်းတဲ့ပုဲပဲ '' လို့တွေးလိုက်သည်

အစောင့်နှစ်ယောက်လာကြိုမှာကိုပဲစောင့်နေလိုက်သည်

ထင်မထားမိလိုက်တာက လုံခြုံရေးနှစ်ယောက်က သူ့ကိုကျော်ပြီးနောက်ကလူကို သွားဖားနေကြသည်

'' မစ္စတာ ချန် ''

'' ကြိုဆိုပါတယ်ခင်ဗျ ဒီဖက်ပါ ''

'' ငါ့ကိုရောမကြိုဆိုဘူးလား ''

ချင်းယ်ွီကြောင်သွားသည်

နောက်လှည့်ကြည့်လိုက်တော့ သက်လတ်အရွယ်မုတ်ဆိတ်မွှေးနဲ့ လူတစ်ယောက် အလှလေးတစ်ယောက်ကိုလက်ချင်းချိတ်ပြီးဝင်လာတာတွေ့လိုက်ရ၏

သူ့ကိုလာကြိုတဲ့လုံခြုံရေးကိုခေါင်းငြိမ့်ပြလိုက်သည်

အဲ့လူကြီးတိုက်ထဲဝင်သွားတော့ လုံခြုံရေးနှစ်ယောက်ချင်းယွီကိုကျော်ပြီး ပြုံးပြုံးနဲ့နောက်ကလိုက်သွားကြသည်

'' သောက်ကျိုးနည်း အထင်သေးခံလိုက်ရတယ် ''

ချင်းယွီနည်းနည်းစိတ်ဓာတ်ကျသွားပြီးအရောင်းဌာနထဲဝင်သွားလိုက်၏

'' ကြိုဆိုပါတယ် မစ္စတာချန် ''

အဲ့အချိန်မှာ လော်ဘီထဲက ဝန်ထမ်းတွေအပါအဝင်လူတွေအများကြီးထွက်လာကြသည်

မန်နေဂျာယူနီဖောင်းဝတ်ထားတဲ့သူတစ်ယောက်သူ့ရှေ့မှာဝတ်ထားပြီး

လူ၇ယောက်၈ယောက်လောက်မစ္စတာချန်ကိုလာကြိုကြသည်

''မန်နေဂျာဇူရေ ဆောတီးပါ''

'' မင်္ဂလာပါမစ္စတာချန် ဆရာ့ကိုဒီနေ့လာကြိုရတာ ဝမ်းသာပါတယ် ဝင်ခဲ့ပါရှင်မြေကွက်ကြည့်ဖို့ခေါ်သွားပေးပါ့မယ် ''

'' ကောင်းတာပေါ့ ''

မစ္စတာချန်နဲ့မန်နေဂျာနာ လော်ဘီထဲသွားတော့ အပြင်မှာ ဝန်ထမ်းလေးယောက်စိတ်လှုပ်ရှားပြီးကျန်ခဲ့တယ်

ဆယ်လီတစ်ယောက်ကိုတွေ့လိုက်ရတဲ့အတိုင်းပဲ

'' အဲ့လူက ဟွာရှန်ဆေးဝါးထုတ်လုပ်ရေးက အထွေထွေမန်နေဂျာ ချန်ဇီဟန်လေ အရင်တုန်းကလိုင်းပေါ်မှာပဲတွေ့ဖူးတာ ဒီနေ့တော့ လူကိုယ်တိုင်တွေ့လိုက်ရတာဟ ''

'' ဟွာရှန်ဆေးဝါးထုတ်လုပ်ရေးက လောင်ရှာနိုင်ငံက ထိပ်တန်းထဲမှာပါတယ်လေ ဈေးကွက်တန်ဖိုး သန်းရာချီတန်တယ် မစ္စတာချန်က သန်းချီတန်တယ်ကြားဖူးတယ် ''

'' အဆင့်အတန်းမြင့်လူချမ်းသာမျိုး ဒီနေ့ပစ္စည်းကြည့်ဖို့လာရင်သေချာပေါက်အောင်မြင်မှာ သူ့အတွက်ဗီလာတစ်ခုဝယ်ဖို့က အဲ့လောက်ဖိအားများမှာမဟုတ်ဘူး ''

''အဲ့လောက်ချမ်းသာတဲ့ဖောက်သည်မျိူးရှာနိုင်ရင်ငါတော့ ချမ်းသာပြီပဲ ''

'' သူ့ဘေးကကောင်မလေးကဘယ်သူလဲ မစ္စတာချန်တစ်ယောက်တည်းဖြစ်နေတာကြာပြီလို့ကြားတယ် အဲ့ဘေးကတစ်ယောက်ကသူ့မိန်းမအသစ်မဖြစ်နိုင်ပါဘူး ''

'' ဘာပဲဖြစ်ဖြစ်လေ အဲ့ကောင်မလေးကတအားငယ်တယ် မစ္စတာချန်ကကျအသက်၅၀လောက်ရှိပြီ နှမြောစရာကြီး ''

'' နင်ဘာသိလို့လား မစ္စတာကအရမ်းမိုက်တာ အလှလေးတွေဘယ်လောက်ရှိမလဲတောင်မသိဘူး သူ့မိန်းမလုပ်ဖို့မပြောနဲ့ မယားငယ်လုပ်ဖို့တောင် တန်းစီစောင့်ရမှာ ''

''ရှူးးး သတိထားနော် နင်မစ္စတာချန့်ကိုစော်ကားမိရင် ဒီမှာထပ်နေရဖို့တွေးမနေနဲ့ ''

'' ဒီတိုင်းပြောတာပါဟ ''

လူတိုင်းတိုးတိုးတိုးတိုးပြောနေကြပြီး ချင်းယွီနားကိုတစ်ယောက်မှကပ်မလာကြဘူး....

ချင်းယွီသူတို့ပြောနေတာကိုဂရုမစိုက်ပေမဲ့ ဘယ်သူမှသူ့ကိုဂရုမစိုက်လို့ ပိုစိတ်ဓာတ်ကျသွားသည်

'' ဆရာဘာများလိုအပ်လို့လဲရှင့် ''

ချင်းယွီဆိုင်ထဲဝင်လာတော့ ပေါင်၁၅၀လောက်ရှိမဲ့အရပ်ရှည်ရှည်ခပ်ဝဝ ဝန်ထမ်းတစ်ယောက်သူ့ကိုသတိထားမိသွားသည်

'' ဘာလို့ရမှာလဲ ဘာလုပ်ဖို့လာတယ်မှတ်နေလဲ အိမ်ဝယ်ဖို့လာတာပေါ့ဟ ''

ချင်းယွီမကျေမနပ်နဲ့ပြောလိုက်၏

'' အိမ်ဝယ်ဖို့လာတယ်? ''

သူ ချင်းယွီကိုခေါင်းစခြေဆုံး မကောင်းဆိုးသားတစ်ကောင်ကိုကြည့်သလိုကြည့်နေ၏

'' အဲ့လူဆိုင်ကယ်စီးပြီး ခြေညှပ်ဖိနပ်နဲ့ဝင်လာတာတွေ့လိုက်တယ် ဗီလာဝယ်ဖို့လာတယ်လို့ပြောရင်မရယ်ကြနဲ့နော် ''

'' ဆရာရေ အားနာပေမဲ့ ဒီနေရာက အဆင့်မြင့်မိသားစုဗီလာနယ်မြေပါ အဆောက်အအုံတစ်ခုက အနည်းဆုံး သိန်းဆယ်ချီကျပါတယ်နော် အိမ်ဝယ်ဖို့နေရာမှားလာတာလားဟင် ''

''ဘာလို့တအားစကားတွေများနေတာလဲ တောဖက်ကလာတာထင်တယ် ဒီမှာတစ်ပေလောက်ကုန်ကျစရိတ်ကို နှစ်ချီရှာမှရမှာ ''

ဟာသလုပ်ပြီးရယ်နေကြသည်

'' မင်းတို့တွေငါသာမန်အတိုင်းဝတ်ထားလို့ ဗီလာမဝယ်နိုင်ဘူးထင်နေကြလား ''

ချင်းယွီစိတ်တိုပြီးဆက်ပြောလိုက်သည်

'' မင်းတို့အရောင်းသမားတွေက ကာစတန်မာကိုဒီလိုဆက်ဆံတာလား ''

အစကတော့သူစိတ်ဓာတ်ပဲကျတာ အခုကျ စိတ်တိုပြီးအသံပါကျယ်လာ၏

နောင်တလည်းနည်းနည်းရမိသွားသည်

ဒီလိုဖြစ်မယ်ဆိုတာသိသားပဲ

ဒီလိုအရောင်းဝန်ထမ်းတွေကလူတွေကိုအထင်သေးနေကြတာ

'' မင်္ဂလာပါဆရာ ဖြစ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ် ဘာများကူညီပေးရမလဲ ''

အရောင်းဌာနမန်နေဂျာ ဇူယွမ်ပြောလိုက်သည်

သူချန်ဇီဟန့်ကိုမြေကွက်အသစ်တွေလိုက်ပြရင်း ချင်းယွီမကျေမနပ်ပြောနေတာတွေကြားလိုက််ရ၏

နောက်လှည့်ကြည့်လိုက်တော့သူနားလည်သွားသည်

လူ့လက်ထဲကဧည့်သည်ချင်းယွီကြောင့်စိတ်အဆင်မပြေဖြစ်သွားမှာကြောက်တာကြောင့်မို့ ယဥ်ယဥ်ကျေးကျေးမေးလိုက်ပြီးတော့ ချင်းယွီနဲ့ပြောနေတဲ့ဝန်ထမ်းတွေကိုစိုက်ကြည့်လိုက်သည်။

All Chapters