← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

'' မန်နေဂျာလား ကျုပ်ကအိမ်ဝယ်ချင်တာကို ဒီကလူတွေကအဝယ်မခံဘူး မေးချင်တာလေးရှိလို့ ခင်ဗျားတို့အိမ်ရောင်းဖို့တောင်လူခွဲထားတာလား ''

'' တောင်းပန်ပါတယ် ဆရာ အိမ်လာဝယ်တာကိုကြိုဆိုပါတယ် ဒီလူတွေကဘာမှမသိလို့ပါ သူတို့အစားတောင်းပန်ပါတယ် ''

ဇူယွမ် တောင်းပန်လိုက်ပေမဲ့ ဘေးကဝန်ထမ်းတွေကိုတော့မကျေနပ်ဘူး

ကာစတန်မာက တကယ်အိမ်ဝယ်ဖို့လာတာမဟုတ်ရင်တောင်အဲ့လောက်ပေါ့ဆနေစရာမလိုဘူးလေ

ကုမ္ပဏီစည်းကမ်းကိုချိုးဖောက်ရုံတင်မကဘူး ကာစတန်မာအကြီးစားရှိနေတာတောင် ဆင်ဆင်ခြင်ခြင်မနေကြဘူး

ချန်ဇီဟန့်ဘေးမှာမြေကွက်ကြည့်နေတဲ့မိန်းမက ဒီဖက်ကို လှမ်းကြည့်လာသည်

ဘောင်းတိုရယ်ဖိနပ်အပါးစီးထားတဲ့ချင်းယွီကိုကြည့်နေတယ် ရယ်တော့ရယ်ရသားပဲ

ချင်းယွီကိုကြည့်နေရင်း သူ့ကိုမြင်ဖူးနေသလိုဖြစ်သွားသည် နည်းနည်းလောက်အနီးကပ်ကြည့်ကြည့်မှ သူဘယ်သူလဲမှတ်မိသွားသည်

''ချင်းယွီလား''

ချင်းယွီသူ့နာမည်ခေါ်လိုက်တာကိုကြားလိုက်၏

'' ဟုတ်တယ် ချင်းယွီပါ ကျွန်တော့်ကိုသိလို့လား ''

'' ငါ့ကိုမမှတ်မိတော့ဘူးပေါ့ မတွေ့ရတာသုံးနှစ်တောင်ရှိပြီ လောင်အိုင်ကီလေ မမှတ်မိဘူး လား ''

'' အာ မှတ်မိပြီ အတန်းဖော်ဟောင်းပဲ ''

ကောလိပ်တုန်းကအချိန်နဲ့ယှဥ်ရင် သူ့အတန်းဖော်အရမ်းပြောင်းလဲသွားပြီ

မိတ်ကပ်ပါးပါးလိမ်း ဒီဇိုင်နာချုပ်အင်္ကျီဝတ်ပြီး လည်ဆွဲတစ်ကုံးလည်းဆွဲထားသည်

စိမ်းသက်မှုတွေပျောက်သွားပြီးတော့ သူ့ပုံစံကလည်းပိုပိုလှလာသလိုပဲ သေချာမကြည့်ရင်မှတ်မိမှာတောင်မဟုတ်ဘူး

'' ကြည့်ရတာသိပ်မမေ့ဘူးထင်ပါတယ် ''.

'' ရှောင်လောင် မင်းအတန်းဖော်လား ''

လောင်အိုင်ကီဒီလူ့ကိုသိတယ်ဆိုတော့ ချန်ဇီဟန်လည်းလာနှုတ်ဆက်လိုက်သည်

'' မစ္စတာ ချန် သူက ချင်းယွီ ကျွန်မအတန်းဖော်လေ

ချင်းယွီ သူက ချန်ဇီဟန် ဟွာရှန်းဆေးဝါးထုတ်လုပ်ရေးကအထွေထွေမန်နေဂျာ ''

'' အဲ့တော့ အတန်းဖော် ချင်း မင်္ဂလာပါ ''

ချင်းယွီ ချန်ဇီဟန် နဲ့လက်ဆွဲနှုတ်ဆက်လိုက်သည်

ဝန်ထမ်းတွေပြောသလောက်တော့နှစ်ယောက်သား ဆက်ဆံရေးကိုချင်းယွှီနားလည်လိုက်၏ ချင်းယွီနည်းနည်းတော့ရင်လေးမိသွားတယ်

လောင်အိုင်ကီဆိုတာ တစ်တန်းလုံးမှာအလှဆုံး

ကောင်လေးတွေတော်တော်များများသူ့ကိုလိုက်ကြတာ

သူတောင်လောင်အိုင်ကီ့ကိုကြိုက်လိုက်သေးသည်

အခုဘီးကြဲ ကြီးနဲ့လက်ထပ်တော့မယ်ဆိုတော့ သူ့အစားစိတ်မကောင်းဖြစ်မိတယ်

''အိမ်ဝယ်ဖို့လာတာလား''

''ဒါပေါ့ မဟုတ်ရင်လာလည်းအလကားပဲကို နောက်ကျအိမ်နီးချင်းတွေတောင်ဖြစ်လာနိုင်တယ်နော်''

''အဆင်ပြေတာရှိမရှိကြည့်ကြတာပေါ့''

ကုပ္မဏီကြီးရဲ့ဘော့စ်ဆိုတော့ချန်ဇီဟန်အများကြီးလျှောက်ကြည့်ဖူးတေ့ာအဲ့တော့လူတွေကိုဝေဖန်တဲ့အကျင့်လေးကရှိနေတုန်းပဲ

ချင်းယွီတစ်ချက်မှမကြောက်ဘဲအိမ်ဝယ်မယ်ပြောတာဆိုတော့ တကယ်ဝယ်နိုင်ရင်ဝယ်နိုင် မဟုတ်ရင် ဘာမှနားမလည်ဘဲခေါင်းမာနေတဲ့လူငယ်လေးသာသာပဲ

ကြည့်လို့တော့ကောင်းပေမဲ့သူလိုတစ်ယောက်အမြင်မှာတော့ချင်းယွီကသာမန်လူတစ်ယောက်ပါပဲ

စိတ်ဝင်စားဖို့တော့ကောင်းတာပေါ့

'' တူတူကြည့်ကြတာပေါ့မြန်မြန်တော့လုပ် ဗိုက်ဆာနေပြီ ''

ချင်းယွီပြောလိုက်သည်

လောက်အိုင်ပီရယ်ပြီး

'' ချင်းယွီအိမ်လာကြည့်တာကလည်းအရွက်လာဝယ်တာကျနေတာပဲ ဗီလာတွေဆိုတာသိန်းချီတန်တာလေသေချာကြည့်ရမှာပေါ့ မလောပါနဲ့ ''

အဲ့လိုပြောတာကြားရတော့ချင်းယွီပြုံးလိုက်သည်

'' ဗီလာတစ်ခုလုံးရဲ့အသေးစားနမူနာလေးပါဆရာ အရင်ဆုံးနမူနာကြည့်ပြီးသဘောကျရင် ခေါ်သွားပေးပါ့မယ် ''

ဇူယွမ် ဖိတ်ခေါ်တဲ့အမူအရာနဲ့ပြုံးပြပြီးဦးဆောင်လိုက်၏

အရောင်းဌာနတစ်ခုလုံးက ကွာတားမီတာ ၃၀၀ ကျော်ကျယ်သည်

နမူနာကြီးကလည်းဌာနတစ်ခုလုံးရဲ့တစ်ဝက်လောက်ရှိပြီး

နမူနာတင်ထားတဲ့ စားပွဲခုံလေးက ပတ်လျှောက်နေရင်ကိုအထက်တန်းဆန်သလိုခံစားရသည်

''နန်ယွမ်က စတုရန်းမီတာ ၁၃ ကျော်ကျယ်ပါတယ် အိမ်တစ်ရာကျော် ဗီလာအသေးစား ၂၅ခု နဲ့ သာမန်ဗီလာ ဗီလာအကြီးစားတွေပါပါတယ််

အကုန်လုံးက မိသားစုလိုက်နေလို့ရတဲ့ဗီလာတွေပါ

ဒါကတော့ဂိတ်ဖက်ကိုသွားလို့ရတဲ့တောင်ဖက်ဂိတ်ပေါက်ပါ ဒါကတော့ မြောက်ဖက်ပေါက်က အဝင်အထွက်နဲ့ ကားပါကင်ထိုးတဲ့နေရာပါ ဒီဖက်မှာတော့ ရေကန်နဲ့ ကစားကွင်းရှိပါတယ် ''

ဇူယွမ်နမူနာပေါ်ကနေရာတစ်ခုကိုလက်ညိုးထိုးပြီးရှင်းပြနေသည်

နေရာတိုင်းကိုရှင်းပြပြီးတော့ အိမ်ကိစ္စထပ်ပြောကြ၏

'' ဗီလာတစ်ရာကျော်ရောင်းထွက်သွားပါပြီ အမှတ်အသားမှတ်ထားတဲ့အိမ်တွေကတော့ ရောင်းမထွက်သေးပါဘူး ဒါပေမဲ့ဒီဖက်ကနေရာတွေကတော့ အလယ်အလတ်ဆိုဒ်ဗီလာတွေပါ တစ်ချက်ကြည့်ပြီး ဘယ်တိုက်ခန်းကိုသဘောကျလည်းရွေးလို့ရပါတယ် ပြီးရင်တော့ သွားကြည့်လို့ရပါပြီ ''

'' သေချာအလှဆိုင်ထားပြီးတော့ နေရာကျယ်တဲ့ဗီလာမျိုးရှိလား ''

လောင်အိုင်ကီမေးလိုက်သည်

'' မရောင်းရသေးတဲ့ အဆင့်မြင့်ဗီလာနှစ်ခုတော့ရှိပါသေးတယ် နံပါတ်၃ ဖူကန်လမ်းမပေါ်ကဗီလာပါ ''

ဇူယွမ် နံပါတ်သုံးလမ်းပေါ်က ဗီလာကိုလက်ညိုးထိုးပြီးရှင်းပြလိုက်၏

'' ဒီအိမ်ပါရှင့် စတုရန်းမီတာတစ်ထောင်ကျော် ဥယျာဥ်အသေးစားလေးနဲ့ အိမ်ယာအသေးစားလေးတစ်ခုလည်းရှိပါတယ် ''

'' နောက်တစ်ခု ကတော့ ဖူကွန်နံပါတ်သုံးလမ်းက အိမ်အမှတ်၅၁ပါ စတုရန်းမီတာ ၄၃၀

ဥယျာဥ်တော့မရှိပါဘူး နောက်ဘေးမြေကွက်လပ်လေးတစ်ခုပဲရှိပါတယ် မြေကျဥ်းပေးမဲ့ အိမ်ကတော့ကျယ်ပါတယ် ''

'' ဈေးကရောဘယ်လောက်လဲ ''

'' ပထမ အိမ်ကတော့ သိန်းတစ်သောင်းပါ ဒုတိယ နံပါတ်၅၁ဗီလာကတော့ နေရာကောင်းတာရော သေချာပြင်ဆင်ထားတာရောမလို့ သိန်း၄၈၀၀ ကျသင့်ပါတယ် ''

ဈေးကြားတော့ လောင်အိုင်ကီလန့်သွားသည် ဒီလောက်ဈေးနဲ့ဗီလာမျိူးကို ဘာအရှုပ်အရှင်းမှသိပ်မရှိဘဲရမှာမဟုတ်ဘူးဆိုတာသူသိသည်

နည်းနည်းလောက်ဆွေးနွေးပြီးတော့

လောင်အိုင်ကီ သေချာပြင်ဆင်ထားတဲ့ နံပါတ်၅၁ကိုရွေးလိုက်ရသည်

ဒီအိမ်ဘေးမှာဘာမှပြင်ဆင်မထားတဲ့အိမ်သေးသေးလေးရှိသေးတယ်လို့လည်းကြားသည်

ဆွေးနွေးပြီးတော့ အိမ်သွားကြည့်ဖို့ စောင့်နေလိုက်သည်

ချန်ဇီဟန့်ကိုသူ့ကိိုလိုက်တဲ့သူတွေအများကြီးထဲကရွေးခဲ့တာအဲ့တော့သူဝယ်တဲ့အိမ်မှာနေရမဲ့သူက လောင်အိုင်ကီဆိုတာရှင်းနေတာပဲ

'' ရှင်းယွီ ဘယ်ဗီလာကြိုက်လဲ ကြိုက်ရောကြိုက်ရဲ့လား ''

သူကြိုက်တဲ့ဗီလာကိုရွေးပြီးလောင်အိုင်ကီခဏနားလိုက်၏

'' မစ္စတာချင်း ဘယ်ဗီလာကြိုက်လဲရှင့် ကျွန်မ မိတ်ဆက်ပေးပါရစေ ''

ဇူယွမ် လည်းပြုံးလိုက်သည်

'' တအားအလုပ်ရှုပ်မခံပါနဲ့မင်းသေချာရှင်းပြပေးတာနားထောင်ပြီးပြီပဲ ဒီတစ်ခုကြိုက်တယ် အဲ့တစ်ခုမရောင်းရသေးဘူးထင်တာပဲ ဘာပြဿနာမှမရှိရင်အဲ့တစ်ခုဝယ်မယ် ''

ချင်းယွီ နံပါတ်၃ကိုလက်ညိုးထိုးပြလိုက်သည်

'' မစ္စတာချင်းက ဗီလာနံပါတ်၃ကိုဝယ်မယ်ပေါ့ ? ''

ချန်ဇီဟန်ကြောင်သွားသည်

'' စတုရန်းမီတာ ၂၀၀လောက်ကျယ်တဲ့မြေနဲ့ဗီလာအသေးစားလေးမဟုတ်ဘူးလား ''

'' အင်းလေး အလှဆင်လို့ကောင်းမယ်ထင်တယ် ''

ချင်းယွီရှင်းပြလိုက်သည်။

All Chapters