အခန်း (၃၈)
Vol. 3 Ch. 38
'' လာနောက်မနေနဲ့ ဒီအိမ်က ယွမ်သန်းချီတန်တယ် နင်ဝယ်နိုင်လို့လား ''
'' ယွမ် (...)က များလို့လား ''
ချင်းယွီမေးလိုက်တော့ လောင်အိုင်ကီဆွံအသွားတယ် ယွမ်(..)ဆိုတာအများကြီးလေ လာနောက်နေတာလား?
'' လာနောက်နေတာလား ''
ချန်ဇီဟန်ကတော့ချင်းယွီဘာတွေတွေးနေလဲလုံးဝမသိတော့ဘူး
ငါပဲနားလည်မှုလွဲသွားတာလား ဒီလောက်ငယ်ငယ်လေးနဲ့ကို...သေချာပေါက်ပြဿနာလာရှာတာပဲ
ချင်းယွီသန်းချီတန်တဲ့ဗီလာကိုဝယ်မယ်ဆိုတော့ ဇူယွမ်စိတ်ညစ်သွားပေမဲ့ ချိုချိုသာသာပဲပြန်ပြောလိုက်သည်
'' ရပါတယ်ရှင့် ဗီလာကြည့်ဖို့ ဝန်ထမ်းတစ်ယောက်ကိုခေါ်သွားပေးပါ ''
'' လီဟိုင်ယန် မစ္စတာချင်းကို ခေါ်သွားပေးပါဦး ''
'' မန်နေဂျာ ဇူ ကျွန်မ....''
အမျိုးသမီးဝန်ထမ်းလည်းနည်းနည်းရှက်သွားမိသည်
'' မန်နေဂျာဇူ ကျွန်မကအဲ့လိုမျိူးလုပ်ပေးရတဲ့ ဝန်ထမ်းမဟုတ်ဘူးလေ တခြားတစ်ယောက်ကိုခိုင်းလို့ရလား ''
''ဟုတ်ပြီ''
ဇူယွမ်ကယ်ရာမရဖြစ်သွားပြီးတော့ဘေးကဝန်ထမ်းတွေကိုလိုက်ကြည့်နေမိတယ် သူကြည့်တိုင်းအကြည့်လွဲသွားတဲ့သူတွေကြီးပဲ...
(ငါတို့ကငတုံးတွေမှမဟုတ်တာ ဒီမှာအလုပ်လုပ်နေတာကြာလှပြီဟိုလူကသူ့အတန်းဖော်အထင်ကြီးအောင်ဟန်ဆောင်နေတာ ဦးနောက်မရှိတဲ့သူပဲသူ့ကိုအိမ်ကြည့်ဖို့လိုက်ပြမှာ)
ဝန်ထမ်းတစ်ယောက်တိတ်တိတ်လေးတွေးလိုက်သည်
'' ဘော့စ်နဲ့ဒီဖက်က မမလေး လက်ဖက်ရည်လေးသောက်ပါဦး ''
ပုခုံးလောက်ရှိတဲ့ဆံပင်နဲ့၁၈နှစ်အရွယ်ကောင်မလေး လက်ဖက်ရည် ခွက်သုံးခွက်ယူလာပြီးပြောလာသည်
ချင်းယွီလည်းရေဆာနေတော့နည်းနည်းလောက်သောက်ပြီးတာနဲ့တစ်ခွက်လုံးမော့ချလိုက်၏
'' နောက်တစ်ခွက်ဖျော်ပေးပါ့မယ် ''
'' ရပါတယ် ''
ချင်းယွီကောင်မလေးကိုကြည့်ပြီးဆက်ဆံရေးမဆိုးဘူးလို့တွေးလိုက်သည်
'' မင်းရောဒီက အရောင်းဝန်ထမ်းလား ''
'' ဟုတ်ပါတယ် ကျွန်မနာမည်က ခုန်ရှောင်ရီပါ အရောင်းဌာနကဝန်ထမ်းပါပဲ ''
ချင်းယွီကောင်မလေးကိုပြုံးပြလိုက်ပြီး ဇူယွမ်ကိုပြောလိုက်သည်
''သူပဲငါ့ကိုအိမ်လိုက်ပြရမယ် ''
'' အိုကေ ရှောင်ရီ မစ္စတာချင်းကို အိမ်လိုက်ပြပေးလိုက်ပါဦး ''
'' ကျွန်မလား? ''
ခုန်ရှောင်ရီသူ့ကိုယ်သူလက်ညိုးထိုးပြလိုက်တယ် တအားမြန်နေသလိုပဲ
'' မင်းလည်းလိုက်မပြချင်ဘူးပဲ ''
'' မဟုတ်ပါဘူး ဆရာ အရမ်းပျော်ပါတယ် ဒါပေမဲ့ကာစတန်မာတစ်ယောက်ကိုအိမ်ကြည့်ဖို့ လိုက်မပြဖူးလို့ပါ ကောင်းကောင်းမလုပ်နိုင်ရင် ဆရာအဆင်မပြေဖြစ်မှာဆိုးလို့ပါ ''
'' အာအဲ့လိုလား ''
'' ရပါတယ် ဒီတိုင်းသော့ယူပြီးသာလိုက်ပြပေး ဘာမှရှင်းပြစရာမလိုဘူး ဒီတိုင်းအိမ်ကြည့်ရုံပဲ ''
'' ဟုတ်ကဲ့ ဘော့စ်ရဲ့စောင့်ရှောက်မှုအတွက်ကျေးဇူးတင်ပါတယ် ''
ခုန်ရှောင်ရီလည်းပြုံးလိုက်သည်
ချင်းယွီဒီကောင်မလေးအပေါ် နည်းနည်းသဘောကျမိသွားသလိုပဲ အထူးသဖြင့် ကာစတန်မာတစ်ယောက်ကို အိမ်ကြည့်ဖို့မခေါ်ဖူးဘူးလို့ပြောတော့ ပိုတောင်ရင်ခုန်သွားသေး။
'' မန်နေဂျာ ဇူ ကျုပ်ဗီလာဝယ်ရင် ကော်မရှင်ခကိုဒီကောင်မလေးပဲရမယ် ဘာလို့ဆိုကျုပ်ဒီဗီလာကိုဝယ်နိုင်တာ သူ့ကြောင့်မလို့ပဲ ''
ပြောလိုက်တာတော့မဆိုးဘူး
လူတွေသူ့အပေါ်ဆက်ဆံတဲ့ပုံကနေကြည့်ရရင်တော့ တော်တော် စိတ်ပျက်နေကြတာ...
ပြီးတော့ငါ့ကိုလည်းအိမ်လိုက်ကြည်ဖို့မပြကြဘူးလေ
ဒီနေရာက တကယ့် ဗီလာတွေရောင်းတဲ့နေရာ မဟုတ်ဘူး ကြည့်ရတာသိပ်မဝေးတဲ့နေရာမှာ တကယ့်အဆင့်မြင့်တိုက်တန်းတွေရောင်းတဲ့ အရောင်းဌာနတစ်ခုရှိတယ်ထင်တယ်
'' ကိစ္စမရှိပါဘူး မစ္စတာချင်းသာ နံပါတ်၃ကိုဝယ်ရင် ကော်မရှင်ခက ခုန်ရှောင်ရီရမှာပါ ''
ဇူယွမ်ပြုံးပြုံးလေးပြောလိုက်သည်
သူလိုက်ပြရမဲ့နေရာက နံပါတ်သုံးဗီလာဆိုတာလည်းသိလိုက်ရော ခုန်ရှောင်ရီပိုတောင်စိတ်လှုပ်ရှားမိသေးသည်
နမ်ယွမ်ဗီလာမှာ ဗီလာအကြီးစားငါးခုရှိပြီး
နံပါတ်၃ဗီလာက အဲ့ထဲကတစ်ခု...
မိုးနတ်မင်းကသူ့ကိုတကယ့်ကာစတန်မာကြီးပေးလိုက်သလိုပဲ
ဒီဗီလာသာတကယ်ရောင်းထွက်သွားရင် ကော်မရှင်ခဘယ်လောက်တောင်ရမှာလဲ ?
သူ့လိုအခြေခံလစာ(...)ပဲရတဲ့သူအတွက်ကတော့ ကောင်းကင်ဘုံကိုတက်မဲ့လှေကားတစ်ထစ်လိုပဲ
ပြီးတော့ ဒီဗီလာကရောင်းမထွက်တာရက်ပိုင်းလောက်ရှိပြီ တစ်ယောက်ယောက်သာရောင်းနိုင်လိုက်ရင် ကော်မရှင်ခက ရှယ်ပဲ
ဗီလာစရောင်းတဲ့ အချိန်အခါလည်းမဟုတ်ဘူး ဗီလာ လာဝယ်နဲ့ဧည့်သည်တွေအများကြီးရှိပေမဲ့ ကော်မရှင်ခက တအားနိမ့်တယ် ၁ရာခိုင်နှုန်းတောင်မရှိဘူး
သူ့ကိုပြူးပြဲပြီးကြည့်နေတဲ့လုပ်ဖော်ကိုင်ဖက်တွေကိုကြည့်လိုက်နေလိုက်သည် သူတို့နားမလည်ပါဘူး
နားမလည်ရင်နားမလည်တာပဲပေါ့
ခုန်ရှောင်ရီ နံပါတ်၃အိမ်သော့ကိုမြန်မြန်ယူပြီး ချင်းယွီဆီလာလိုက်၏
'' အခုချက်ချင်း နံပါတ်၃ ဗီလာကိုလိုက်ပို့ပေးပါ့မယ် ''
''ကောင်းတာပေါ့''
ချန်ဇူဟန်နဲ့သူ့အတန်းဖော် မန်နေဂျာဇူနဲ့ထွက်သွားတာကိုကြည့်ကြီးသူလည်း အရောင်းဌာနကနေထွက်လာလိုက်သည်
အရောင်းဌာနက နမ်ယွမ်ဗီလာနယ်မြေထဲမှာဆိုပေမဲ့ နံပါတ်၃ ဗီလာနဲ့တော့နည်းနည်းဝေးတယ်
နှစ်ယောက်သားလည်းလမ်းလျှောက်လာကြ၏
'' မစ္စတာချင်း နံပါတ်၃က တကယ့်ဗီလာကြီးထဲကတစ်ခုပါ သိန်း (...)လောက်တန်တာကိုတကယ်ကြီးဝယ်ချင်တာလားဟင် ''
သူချင်းယွီနာမည်ကိုလည်း အရောင်းဌာနထဲမှာမေးခဲ့သေးသည်
ကာစတန်မာက လွယ်လွယ်လေးတွေးနေတာလို့သူထင်လိုက်၏ အဝေးကြီးလျှောက်စရာလည်းလိုသေးတယ်လေ ပြောစရာလည်းမရှိဘူး။
'' မင်းနာမည်က ခုန်ရှောင်ရီမလား
အိမ်ကြည့်ပြီးဘာမှမဖြစ်ရင်သေချာပေါက်ဝယ်မှာပါ ''
ချင်းယွီလမ်းလျှောက်ရင်းဖြေလိုက်ပြီးကောင်မလေးကိုစလိုက်သည်
'' ငါဗီလာဝယ်နိုင်တယ်ဆိုတာ ဘာလို့မယုံတာလဲ ''
'' မဟုတ်ပါဘူး မစ္စတာ ချင်းကိုယုံပါတယ် ''
ခုန်ရှောင်ရီမြန်မြန်ပဲပြန်ဖြေလိုက်သည်
'' ကာစတန်မာတွေကိုအိမ်လိုက်မပြဖူးပေမဲ့ အိမ်ရောင်းထွက်အောင်လည်းမလုပ်ဖူးသေးဘူး မစ္စတာချင်းကျွန်မကိုမလိမ်ဘူးဆိုတာ ယုံပါတယ် မစ္စတာချင်းကိုမယုံတာမဟုတ်ပါဘူး ဒီနေ့ကံကောင်းနေတာကိုမယုံနိုင်တာပါ သန်းချီတန်တဲ့ ဗီလာကိုရောင်းရင်ရောင်းလိုက်နိုင်မှာလေ ''
'' မပူပါနဲ့ ဒီအိမ်ကိုမကြိုက်ရင်တောင်တခြားသင့်တော်တဲ့အိမ်တွေရှိဦးမှာပါ ဘယ်တစ်ခုဝယ်ဝယ်ကော်မရှင်ခမင်းရမှာပါ ''
'' ကျေးဇူးပါ မစ္စတာချင်း ''
''' အရင်ကအိမ်မရောင်းဖူးတော့ လစာလည်းများမှာမဟုတ်ဘူး ''
'' ဟုတ်ပါတယ် ကျွန်မတင်မကပါဘူးတခြားဝန်ထမ်းတွေလည်းအဲ့လိုပါပဲ မနှစ်ကမှဖွင့်ထားပေမဲ့ လာဝယ်တဲ့ကာစက ကာစတန်မာတွေများတော့ ဝန်ထမ်းအရေအတွက်က နှစ်ဆဖြစ်သွားပြီး
ရောင်းအားမြင့်တဲ့အချိန်ပြီးသွားတာနဲ့ဝယ်နိုင်သမျှဝယ်ထားလိုက်သေးတယ် မတတ်နိုင်တာမဝယ်ပါဘူး ပြီးတော့ ရောင်းအားမြင့်တဲ့အချိန်တုန်းကလည်းကာစတန်မာတစ်ယောက်မှမရဘူး ထားလိုက်ပါတော့ ''
Andrea: