← Chapters

အခန်း (၄၀)

Vol. 3 Ch. 40

အခန်း (၄၀)

Vol. 3 Ch. 40

'' ငွေအပြည့်ချေမယ်ပေါ့ နင်တကယ်ကြီးဗီလာဝယ်လိုက်တာလား ချင်းယွီ ''

လောင်အိုင်ကီလုံးဝမယုံနိုင်ဘူး

'' မစ္စတာချင်း ဘယ်အိမ်ကြည့်လာတာလဲမသိဘူး ''

ဇူယွမ်လည်းအံ့သြ သွားသည်

ချင်းယွီသူ့ကိုစိုက်ကြည့်လိုက်ပြီး

'' နံပါတ်၃ဗီလာပေါ့ဟ ခုန်ရှောင်ရီအခုလေးတင်ခေါ်သွားပေးတာ ''

အကုန်ခဏတိတ်သွားကြသည်

ချင်းယွီကိုလည်းအံ့သြတဲ့အကြည့်တွေနဲ့ကြည့်နေကြ၏

မနာလိုမှုတွေလည်းပါနေတာပေါ့

အထူးသဖြင့်ချင်းယွီကိုအထင်သေးခဲ့တဲ့လူတွေ ယင်ကောင်စားရသလိုမသက်မသာဖြစ်နေကြပြီ

အဲ့အချိန်မှာ အဖြူရောင်ကော်လန်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ဝင်လာခဲ့သည်

လူတွေရဲ့ထူးဆန်းတဲ့အကြည့်တွေကိုသူလည်းမြင်လိုက်ရသည်

ချင်းယွီကိုလည်းကြည့်လိုက်ရောသူပါအံ့သြ သွားသည်

သူကတော့ ဒီအရောင်းကုမ္ပဏီရဲ့ ငွေကြေးမန်နေဂျာပါ

ခုန်ရှောင်ရီဖုန်းခေါ်တော့အပြေးလာခဲ့တာအဆောက်အအုံတစ်ခုကိုဝယ်မှန်းတော့သိပေမဲ့ နံပါတ်၃ဗီလာကိုဝယ်မယ်လို့တော့ထင်မထားဘူး

အဲ့ဗီလာကိုဝယ်သွားတဲ့ကာစတန်မာက သာမန်ဖြစ်ရုံတင်မကဘူး အရမ်းငယ်နေသေးသည်

'' နံပါတ်၃ဗီလာကိုဝယ်ရုံတင်မကဘူး တစ်ခါတည်းငွေချေမယ်ပေါ့? ''

လောင်အိုင်ကီသူ့အတန်းဖော်ကိုလုံးဝနားမလည်နိုင်တော့ဘူး။

ကျောင်းတုန်းကဆိုရင် ချင်းယွီမိသားစုကသာမန်ပဲလို့သိထားတာပါ ပြီးတော့တောကလာတာလေ

နေထိုင်စရိတ်ကာနိုင်တောင်အချိန်ပိုင်းတောင်အလုပ်တွေတောင်ထွက်လုပ်တဲ့သူကလေ

ဘွဲ့ရပြီးသုံးနှစ်ကြာတော့ သန်းချီတဲ့ဗီလာကိုတောင်ဝယ်နိုင်ပြီပေါ့?.

လောင်အိုင်ကီလည်းဘွဲ့ရပြီးတာနဲ့ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့တာပါပဲ

နောက်ခံမရှိတဲ့လူတစ်ယောက်ကငွေအများကြီးရှာရခက်တယ်ဆိုတာသူလည်းသိသည်

အဲ့အချိန်မှာ ရှောင်ရီက အိမ်စာချုပ်ယူလာပြီး ချင်းယွီ ကိုပေးလိုက်သည်

ပြီးတော့ လက်မှတ်မထိုးခင် အချက်အလက်တွေဖြည့်ဖို့စောင့်နေလိုက်၏

ပြီးတော့ငွေချေပြီး ငွေကြေးမန်နေဂျာက တံဆိပ်တုံးထုလိုက်ရင် ပြီးပြီ

ဇူယွန်စာချုပ်ကိုကြည့်ပြီးမနေနိုင်ဘဲ

'' ဝယ်ဈေးက သိန်း(....) တောင်? ''

လောင်အိုင်ကီဒီစကားကြားတော့သိပ်နားမလည်လို့ ချင်းယွီကို

'' နင်တကယ်ကြီးအဲ့လောက်တန်တဲ့အိမ်ဝယ်တာလား ''

ချင်းယွီခေါင်းငြိမ့်ပြီး

''အင်းလေ ဒီဈေးပဲမဟုတ်ဘူးလား ''

'' ဈေးမဆစ်ဘူးလား''

'' အိမ်ဝယ်တာတောင်ဈေးဆစ်ဦးမှာလား ''

လောင်အိုင်ကီပိုဆွံအသွား၏

'' ဈေးဆစ်ရတာပေါ့ အထူးသဖြင့်ဒီလိုအချိန်မျိုးမှာပေါ့ ဒီကအိမ်တွေကရောင်းထွက်ဖို့ခက်တယ် ရောင်းအားမြင့်တဲ့အချိန်လည်းကျော်သွားပြီလေ ဈေးလျော့ပေးတာလည်းအရင်ထက်ပိုများတယ် ''

'' နင်ဝယ်တဲ့ဗီလာ၃ကတအားဈေးများတယ် ဈေးမဆစ်ရင်တောင် နည်းနည်းတော့လျော့ခိုင်းရမှာလေ ''

'' အာ အဲ့လိုကိုး ''

'' တောင်းပန်ပါတယ် မစ္စတာချင်း ဈေးကိစ္စပြောဖို့မေ့သွားတယ် စာချုပ်ပြန်ပြောင်းပြီး ဈေးညှိ့ရင်ရော.. ''

ရှောင်ရီအရမ်းရှက်သွားမိသည်

စိတ်လှုပ်ရှားလွန်းပြီးဒီကိစ္စကိုမတွေးလိုက်မိဘူး

'' ဘယ်လောက်ဈေးလျော့ပေးလို့ရလဲ ''

ခုန်ရှောင်ရီတွက်ချက်ပြီးရှက်ရှက်နဲ့

'' သိန်းသုံးရာထိပဲအများဆုံးလျော့ပေးလို့ရပါတယ် ''

တကယ်တော့ဒီမှာလျော့ပေးတာတအားနည်းသည်

သိန်း(...)တန်ဗီလာတစ်ခုအတွက်သိန်း(....)ပဲလျော့ပေးတယ်တဲ့လေ

ဒါပေမဲ့ ကော်မရှင်ခက (...) ဆိုတော့ ရှောင်ရီသူ့ကော်မရှင်လတစ်ဝက်စာလျော့ပေးလိုက်တာ

'' မစ္စတာချင်း ဒီလိုဆိုရင်ရော့ ကျွန်မရော ရှင့်ကိုသိန်းတစ်ရာလျော့ဈေးပေးပါ့မယ် စိတ်ကျေနပ်ရဲ့လားရှင့် ''

ဇူယွမ်လည်းချင်းယွီမဝယ်မှာကြောက်ပြီး ဈေးလျော့ပေးလိုက်၏

ခုန်ရှောင်ရီ့နာမည်ရဲ့ရောင်းလိုက်မှာဆိုပေမဲ့သူလည်း သူ့လုပ်ဆောင်ချက်အတွက်ဘောနပ်စ်ရမှာပဲ

ပြီးတော့ချင်းယွီနဲ့မိတ်ဆွေဖြစ်ခွင့်ဂအောင်လုပ်တာလည်းပါသည်

သူတစ်ဖက်လူကိုအထင်သေးပြီး ပထမဆုံးအမြင်လည်းမကောင်းဘူလေ

'' အဲ့တော့ သိန်း၄၀၀ လျော့ဈေးပေးလို့ရပါတယ် ''

ချင်းယွီခဏလောက်တွေးပြီးမေးလိုက်သည်

'' ငါ့ကိုလျော့ပေးရင် ကော်မရှင်ခနှုတ်ခံရမှာလား ''

ခုန်ရှောင်ရီဘာမှမဖုံးကွယ်ဘဲခေါင်းငြိမ့်လိုက်သည်

'' အဲဒါဆိုစာချုပ်ပြောင်းစရာမလိုဘူး အရင်ဈေးပဲထားလိုက် သိန်းလေးရာထဲကို အဲ့လောက်ပိုက်ဆံလေးနဲ့အချိန်ဖြုန်းရတာမတန်ဘူး ''

ချင်းယွီဒီတိုင်းပဲပြောလိုက်၏။

အဲ့အချိန် လူတိုင်း စိတ်ထဲမှာ သူ့ကို ငွေကိုရေလိုသုံးတဲ့ လူချမ်းသာတစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြသည်

ဇူယွန် ခုန်ရှောင်ရီ့ကိုတွေ့တော အရမ်းမနာလိုမိ၏

သူချန်ဇီဟန့်ကိုအိမ်ကြည့်ဖို့အာပေါက်အောင် ရှင်းပြခဲ့ရတာတွေကိုတွေးမိတယ် သူ့ကော်မရှင်ခ လည်းဖြတ်ပြီးရင်းဖြတ်ခံရသည်

လက်ကျန်ကော်မရှင်ခက သိပ်မဆိုးပေမဲ့ ခုန်ရှောင်ရီရတာနဲ့တော့မယှဥ်နိုင်ဘူးး

ချင်းယွီအိမ်ဝယ်မယ်ပြောတုန်းကယုံခဲ့ရင် အခုခုန်ရှောင်ရီ့နေရာကသူ့နေရာဖြစ်နေမှာ

အဲ့လိုသာဆို နှစ်သိန်းသုံးသိန်းကသူ့အပိုင်ပဲ။

'' အာ...''

အမျိုးသမီးဝန်ထမ်းတစ်ယောက်တအားလန့်ပြီး မေ့လဲသွား၏

သူလန့်သွားတာချင်းယွီရဲ့ငွေတွေကြောင့်မဟုတ်ပါဘူး

ရှောင်ရီရမဲ့ကော်မရှင်ခကြောင့်ပါ

မေ့လဲသွားတဲ့ဝန်ထမ်းကတော့ လီဟိုင်ယန် ပါ

သူမယုံနိုင်ဘူး

ချင်းယွီလျော့ဈေးမယူဘဲ ဗီလာဝယ်မယ်ဆိုရင် ခုန်ရှောင်ရှီကော်မရှင်ခ ဘယ်လောက်တောင်ရမှာလဲ

သူတွက်ကြည့်လိုက်တယ်

စုစုပေါင်း သိန်း၂၁၀...

မန်နေဂျာဇူသာသူ့ကိုဗီလာလိုက်ပြခိုင်းရင်အဲ့သိန်း၂၁၀ကသူ့အပိုင်ဖြစ်မှာမလား

သူအိမ်မက် မက်နေခဲ့တဲ့ ကံကောင်းမှုက ဒီလိုပဲ ပျက်ဆီးသွားခဲ့ပြီ

တအားစိတ်တိုဒေါသထွက်ပြီး မေ့လဲသွားပြီး

တစ်ယောက်ယောက်သူ့ကိုဆိတ်လိုက်မှ နိုးလာသည်

အဲ့အချိန်မှာချင်းယွီက ကိုယ်ရေးကိုယ်တာအချက်အလက်တွေဖြည့်ပြီးနေပြီ

လက်မှတ်ထိုးပြီးငွေချေဖို့စောင့်နေလိုက်၏

စုစုပေါင်းငွေက သိန်း (....)တင်မကဘူး

အခွန်ရောတခြားအပိုကြေးတွေရောပါသေးသည်

ငွေချေတာကတော့ကတ်နဲ့ပဲပေါ့

ချင်းယွီသူ့ဘလက်ခ်ကဒ် ထုတ်လိုက်တော့ တစ်ချိန်လုံးငြိမ်နေတဲ့ ချန်ဇီဟန် လှုပ်လာသည်

သူချင်းယွီ့ကဒ်ကိုပဲစိုက်ကြည့်နေပြီ ချင်းယွီနားကိုလျှောက်လာသည်

ယဥ်ယဥ်ကျေးကျေးနဲ့

'' မစ္စတာချင်းကျွန်တော့်ကိုအဲ့ကတ်လေးပြလို့ရလား ''

'' အာ ဒါလား ကြည့်လေ ''

ချန်ဇီဟန် ရုတ်တရက်ကြီးယဥ်ကျေးသွားတော့ချင်းယွီမနေတတ်ချေ။

'' ဟုတ်ကဲ့ကျေးဇူးပါဗျ မစ္စတာချင်း ''

ချန်ဇီဟန် ကတ်ကိုလက်နှစ်ဖက်နဲ့ယူပြီးသေချာကြည့်လိုက်သည်

ဒြပ်စင်ငါးခု လိုဂိုကိုမြင်တော့ပိုသေချာသွားသည်

'' မစ္စတာချန် ဒီကတ်ထဲမှာတစ်ခုခုရှိလို့လား ''

ချင်းယွီ ဘလက််ခ်ကဒ်ကိုထုတ်လိုက်တော့ ချန်ဇီဟန် ချင်းယွီအပေါ်လေးလေးစားစားဖြစ်သွားသည်

ငါများအမြင်မှားတာလား

ငါလည်းမမေးဘဲမနေနိုင်ဘူး

ဘေးကလူတွေလည်းကြောင်နေကြ၏

ချန်ဇီဟန်က ဟွာရှန်းဆေးဝါးထုတ်လုပ်ရေးကမန်နေဂျာလေရှယ်ယာတွေလည်းရှိသည်

နန်ဂျန်းမှာနာမည်ကြီးပဲ တီဗီထဲမှာလည်းခဏခဏပါသေးသည်

အဲ့လိုလူမျိုးကလူငယ်လေးတစ်ယောက်အပေါ် လေးလေးစားစားဆက်ဆံတယ်ပေါ့လေ။

အဲ့တော့ဒီလူကဘယ်သူများလဲ

သိန်း(...) ကျော်မျက်တောင်တစ်ချက်မခတ်ဘဲဝယ်သွားတာမဆန်းဘူး။

အဲ့အချိန်မှာအားလုံးလည်းမသက်မသာဖြစ်နေကြသည်

ချင်းယွီအိမ်မဝယ်နိုင်ပါစေနဲ့လို့ပဲဆုတောင်းနေကြ၏

ကတ်ထုတ်လိုက်တယ်ဆိုတာကလည်းဟန်ဆောင်တာပဲဖြစ်ပါစေပေါ့။

အကုန်လုံးဆုတောင်းနေကြတုန်းမှာ

'' မစ္စတာ ချင်း ကတ်ဖြတ်တာအောင်မြင်သွားပါပြီ

တစ်ခုလောက်မေးပါရစေ

ဒီကတ်က ဒြပ်စင်ငါးခုကဒ်ထဲက ထိပ်ဆန်းရွှေရောင်ဘလက်ခ်ကဒ်လားမသိဘူး ''

All Chapters