← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

ချန်ဇီဟန် လောင်အိုင်ကီမေးနေတာကိုဂရုမစိုက်ဘဲ ဘလက်ကဒ်ကိုလက်နှစ်ဖက်နဲ့ပြန်ပေးလိုက်သည်

ချင်းယွီကဒ်ပြန်ယူလိုက်ပြီးပြုံးပြုံးလေးနဲ့

'' ဟုတ်တယ် ခင်ဗျားပြောတဲ့ကဒ်ပဲ ''

ပြောပြီး သူ့ဘလက်ကဒ်ကိုငွေရှင်းဖို့ ရှောင်ရီ့ကိုပေးလိုက်သည်

(-) ရာခိုင်နှုန်းလောက်သေချာနေပေမဲ့ချင်းယွီပြောတောကြားတော့ ချန်ဇီဟန် စိတ်မအေးနိုင်ဘူး။

သူလည်း ဒြပ်စင်ငါးခုကတ်ထဲက ပလက်တီနမ်တော်ဝင် ကတ်ကိုလျှောက်ချင်ပေမဲ့ ငွေမလောက်လို့လုပ်လို့မရဘူး။

တော်ဝင်ပလက်တီနမ်ကဒ်ဆိုတာ အဲ့ကတ်ငါးခုထဲမှာအနိမ့်ဆုံးပဲ

ဘုရင်အဆင့်စိန်ကဒ်နဲ့ အင်ပါယာအတင့်ခရမ်းရောင်ကတ်လည်းရှိသေးသည်

ဘယ်သူမှအဲ့ကဒ်တွေကိုကိုယ်တိုင်မမြင်ဖူးဘူး။

အဲ့ကဒ်ကသူ့ဟာမဟုတ်ဘဲ သူများဆီကငှားခဲ့တယ်ဆိုရင်တောင်ဒီလူကတော်တော်ကြောက်ဖို့ကောင်းနေပြီ။

ချန်ဇီဟန် သူနဲ့အဆင့်မတူဘူးဆိုတာသေချာသည်။

ချင်းယွီနံပါတ်၃ဗီလာကိုဝယ်မယ်လို့ပြောတုန်းကမယုံခဲ့မိတာရယ်မိသည်။

ခုန်ရှောင်ရီကဒ်ကိုယူပြီးငွေရှင်းဖို့ကဒ်ဖြတ်လိုက်သည်။

(လျို့ဝှက်နံပါတ် ရိုက်ထည့်ပြီး သိန်း ၁၁၄၂၄ အောင်မြင်စွာပေးချေပြီးပါပြီ)

ရက်ပိုင်းလောက်နေရင် အရောင်းအဝယ်စာချုပ်ရပြီးသော့နဲ့စာချုပ်ကိုချင်းယွီဆီလွဲပေးမှာ...

အဲ့အချိန်ကျရင်သူနံပါတ်သုံးဗီလာကိုပိုင်သွားပြီးကြိုက်တဲ့အချိန်ပြောင်းလာလို့ရပြီ။

ဖုန်းလာလို့ကိုင်လိုက်တော့ ထန်ရှင်ဖြစ်နေသည်

'' အရောင်းဌာနလမ်းထဲရောက်ပါပြီ အထဲဝင်လာရမလားရှင့် ''

ချင်းယွီသူ့ကိုစောင့်နေခိုင်းလိုက်ပြီးစာချုပ်ယူလာပြီးထွက်သွားလိုက်သည်

ချင်းယွီထွက်သွားတော့ဝန်ထမ်းတော်တော်များများနောက်ကလိုက်ပို့ကြသည်။

မျက်နှာရချင်ကြတာလေ

တချို့ကောင်မလေးတွေဆိုရင်သူတို့လုပ်ငန်းကတ်တွေတောင်ထုတ်ပေးသေး၏။

ဘာပဲဖြစ်ဖြစ်ပါ ချင်းယွီနဲ့သိတာ ချန်ဇီဟန် လောင်အိုင်ကီ ဇူယွမ် ခုန်ရှောင်ရီပဲရှိတာလေ

လောင်အိုင်ကီ ချင်းယွီနဲ့ဖုန်းနံပါတ်လှဲလိုက်သေးသည်။

ချင်းယွီပြန်သွားတော့ ချန်ဇီဟန် ကတခြားသူတွေ လမ်းပေါ်မှာအကြာကြီးရပ်နေကြပြီးမှ ပြန်သွားကြသည်။

'' မစ္စတာချန် ကချင်းယွီဘယ်သူလဲသိတာလားဟင် ''

အရောင်းဌာနကိုပြန်ရောက်တော့ ဇူယွမ်သိချင်ပြီးမေးလိုက်သည်။

လောင်အိုင်ကီလည်းသိချင်နေသည်။

သူအတန်းဖော်ဟောင်းကဘယ်လိုလူလဲဆိုတာသူလည်းသိချင်၏။

လုပ်ငန်းစုကြီးကချန်ဇီဟန်တောင့်သူ့ကိုသတိထားနေရတာလေ။

စောစောသိရင်ချင်းယွီဆီပဲကပ်မှာပေါ့ ချင်းယွီကသူ့ကိုလိုက်တောင်လိုက်သေးတာကို..

'' မစ္စတာချင်းကမင်းထက်သာတယ်ဆိုတာသိထားသရွေ့အများကြီးထပ်သိစရာမလိုပါဘူး ''

ချန်ဇီဟန် ဘလက်ကဒ်အကြောင်းဘာမှမပြောဘူး အဲ့လိုအဆင့်မျိုးကိုသူမခန့်မှန်းရဲပါဘူး။

ဇူယွမ်ခေါင်းငြိမ့်ပြီးစကားလမ်းကြောင်းလွဲလိုက်သည်။

'' ဒါဆိုအိမ်နံပါတ်၅၁ဝယ်တာကူညီပေးပါရစေ ''

'' မန်နေဂျာဇူခဏလေး ''

'' ဘာဖြစ်လို့လဲ မစ္စတာချန် ''

'' အဲ့ဗီလာက သွားပြီ ''

ဇူယွမ်တောင့်ခဲသွားပြီး ချန်ဇီဟန့်ကိုမေးခွန်းဆန်ဆန်ကြည့်လိုက်သည်။

'' မစ္စတာချန်? ''

လောင်အိုင်ကီ တစ်ခုခုပြောချင်ပေမဲ့ ချန်ဇီဟန် တားလိုက်ပြီး

'' မန်နေဂျာ ဇူ

ချင်းယွီရဲ့ဗီလာနဲ့ဘယ်ဗီလာနီးလဲသိချင်တယ် ''

'' ဗီလာနံပါတ်နံပါတ်(..)ရှိပါတယ်

ဗီလာနံပါတ်၃နဲ့တစ်လမ်းပဲကွာပါတယ် မြေကျယ်လို့ဈေးကတော့ဘမစ္စတာချင်းဝယ်တဲ့အိမ်နဲ့သိပ်မကွာပါဘူး

သိန်း ၉၅၀၀ ကျပါတယ် မစ္စတာချန်ဝယ်မယ်ဆိုရင် သိန်း၄၀၀ လျော့ပေးပါ့မယ် ''

'' ဟုတ်ပြီဒီအိမ်ပဲဝယ်တာပေါ့ တခြားအိမ်တွေမကြည့်နဲ့တော့ လက်မှတ်ထိုးလိုက်တော့ ''

ချန်ဇီဟန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

ဗီလာနံပါတ် (...) ကိုဝယ်တာက ချင်းယွီနဲ့ရင်းနှီးချင်လို့ပေါ့

ချင်းယွီကသူ့ထက်အဆင့်တွေအများကြီးသာပြီးသား။

လောင်အိုင်ကီကလည်းသူ့အတန်းဖော်ဟောင်းလေ။

အိမ်နီချင်းဆိုတဲ့ဆက်ဆံရေးနဲ့သာဆိုရင် အခွင့်အရေးတွေအများကြီးရလာနိုင်သည်။

လောင်အိုင်ကီကသူ့အတန်းဖော်အကြောင်းမသိဘူး ချန်ဇီဟန် သူ့ကို့အရမ်းတန်ဖိုးထားပေမဲ့သူ့ကိုလက်ထပ်မဲ့ရည်ရွယ်ချက်တော့ပြောင်းသွားပြီ။

....

ချင်းယွီကားထဲဝင်ပြီးညစာစားဖို့ အနီးနားကစားသောက်ဆိုင်ကိုသွားလိုက်သည်။

စားသောက်ပြီးတော့ဖုန်းဆိုင်တစ်ဆိုင်ထဲသွားပြီးဖုန်းဝယ်လာလိုက်သည်။

ပြီးတော့အထူးအဆင့်မြင့် ပရိဘောဂတွေရောင်းတဲ့ဆိုင်ထဲဝင်ပြီးဗီလာအတွက်လိုတာတွေဝယ်လာလိုက်သည်။

အလုပ်သမားတွေပစ္စည်းတွေကိုဗီလာထဲထိ ယူလာပေးတာကိုစောင့်ပြီးထွက်လာလိုက်သည်။

တန်ရှင်လည်းကူရှင်းပေးရှာ၏။

ပြီးတော့နှစ်ယောက်လုံးစားစရာမှာ ပြီး ပြနလာကြသည်။

မှာထားတာစားပြီးတော့ ဟိုတယ်မှာညမအိပ်ဖို့ဆုံးဖြတ်လိုက်သည်။

ဟိုတယ်အဆင့်မြင့်ခန်းမှာနေတာကအများကြီးပိုကောင်းပြီး အဆင်မြင့်ဆားဗစ်တွေခံစားလို့ရပေမဲ့

အခုလေးတင် ဗီလာ ဝယ်ထားတာလေ။

အိမ်အသစ်ကိုလျှောက်ကြည့်ရမှာပေါ့

တန်ရှင့်ကိုမနက်မှလာကြိုဖို့ပြောလိုက်တော့ တန်ရှင်ဟိုတယ်ကိုတန်းပြန်သွားသည်။

ချင်းယွီသားရေဆိုဖာပေါ်မှာလဲလိုက်သည်။

သူဒီနေ့ဖုန်းသစ်ဝယ်ပြီးဖုန်းကတ်ပြောင်းထားတာသတိရတော့

ဖုန်းနှစ်လုံး လုံးကိုထုတ်လိုက်သည်။

ပြီးတော့ဖုန်းဟောင်းထဲက ဝေဝေ App ထဲဝင်လိုက်သည်။

စာပို့ထားတဲ့သူရှိမရှိကြည့်ကြတာပေါ့

App မသုံးတာကြာပြီ။

ကြည့်လိုက်တော့ Friend request သုံးခုရှိနေတယ်

တစ်ယောက်က ခုန်ရှောင်ရီ

နောက်တစ်ယောက်က တန်ရှင်

ချင်းယွီတစ်ယောက်ပြီးတစ်ယောက်လက်ခံလိုက်သည်။

'' မောင်လေးက အလုပ်များနေတာပဲ အခုမှလက်ခံတယ် ''

ယွမ်ချောင်တင်ခဏနေတော့စာပို့လာသည်။

ချင်းယွီ: တောင်းပန်ပါတယ်အစ်မယွမ် အခုမှဝင်ကြည့်မိပြီး လာအပ်ထားတာသိလိုက်လို့

ယွမ်ချောင်တင်:ဒီညတော့တိမ်တွေထဲမဆော့ဘူးမလား

ချင်းယွီ:မဆော့ဘူး အိမ်မှာ

ယွမ်ချောင်တင်: ငါ့မောင်လေးက အိမ်မှာနေရတာကြိုက်တာပဲ ညဖက်အပြင်မထွက်ချင်ဘူးလား

အိမ်ပုံရိုက်ပြီးတင်ပါ့လား မယုံလို့

ချင်းယွီ:ဟုတ်ပြီလေ

ချင်းယွီမတတ်နိုင်ဘဲပုံရိုက်ပြီးတင်လိုက်ရသည်။

ယွမ်ချောင်တင်: ငါနားလည်မှုလွဲသွားတာပဲ မင်းဂျန်ရှန်းနဲ့ထွက်သွားတယ်ထင်သွားတာ ဒါနဲလေ မင်းညီလေး ကားလွဲယူတာဒီနေ့ ပြီးသွားပြီ

အရမ်းလှတဲ့လိုင်စင်ကဒ်လည်းတွေ့ထားတယ် ကားမှာလည်းတပ်ပြီးပြီ ပုံပို့ပေးရမလား ''

ချင်းယွီစိတ်ဝင်စားသွားသည်

ချင်းယွီ: ပို့လိုက်လေ ကြည့်လိုက်မယ်

ယွမ်ချောင်တင်: ခဏနော်

ခဏနေတော့ ညနက်လေပြေကားပုံရောက်လာသည်

လိုင်စင်ကဒ်နံပါတ်က '' ဂျန်နမ် ၉၉၉၉၉၉ ''

ကားကတအားလှပေမဲ့လိုင်စင်ကဒ်ကပိုလှနေသည်။

ယွမ်ချောင်တင် စာထပ်ပို့တဲ့အထိချင်းယွီ အံ့သြနေမိသည်

ယွမ်ချောင်တင်: လိုင်စင်ကဒ်မြင်တော့အံ့သြ သွားလား

ချင်းယွီ: အရမ်းသဘောကျတယ် အစ်မရွယ် အဲ့တာဘယ်ကရတာလဲ

ယွမ်ချောင်တင်: သူငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းလိုက်တာ

ချင်းယွီ: သူငယ်ချင်းကဘယ်သူလဲ ဒီလိုကဒ်မျိုးရှာရတာ ပိုက်ဆံအများကြီးကုန်မှာပဲ ပြောပြပါ ပိုက်ဆံလွဲလိုက်မယ်

ယွမ်ချောင်တင်: မပူပါနဲ့ ဘာမှမဟုတ်တာလေးကို သိပ်လည်းမကုန်ပါဘူး မောင်လေးအတွက်ဆိုဖရီးပဲ အစ်မကိုသာလာတွေ့

ချင်းယွီ: ရတာပေါ့ အားမနာတော့ဘူးနော်

ယွမ်ချောင်တင်: ဟုတ်ပါပြီ ဒီနေ့လာယူလို့ရပြီနော် လိုတာတွေအကုန်ယူပြင်ပြီးပြီ

ချင်းယွီ: ဟုတ်အစ်မယွမ်

ယွမ်ချောင်တင်: ဖုန်းချပြီနော်တာ့တာ

ချင်းယွီကတော့အိုကေဆိုပြီးလုပ်ပြလိုက်သည်။

နှစ်ယောက်သားစကားပြောတာဒီမှာတင်ပြီးသွား၏။

All Chapters