← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

င်ရီလည်းစာပို့လာသည်။

ခရရ:မစ္စတာချင်း ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာချင်းအားရင် ညစာလိုက်ကျွေးပါရစေ။

ခယ:ဟုတ်ပြီလေ မှတ်ထားပါ့မယ်နောက်တစ်ခါဖိတ်လိုက်ပါ။

ခရရ:ပြောဖို့မေ့သွားတယ် ကုမ္ပဏီဖက်က မစ္စတာချင်းကိုသုံးနှစ်စာအခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်။

ခယ:ကျေးဇူးပါ။

ခရရ: ရပါတယ် မစ္စတာချင်း

အိမ်ဝယ်ထားတာဆိုတော့ သန့်ရှင်းရေးတို့ပစ္စည်းကူတာလို့လူလိုရင် ကျွန်မကူညီပေးလို့ရပါတယ်။

ခယ: ကျေးဇူးပါ အိမ်ထိန်းသိမ်းရေးကုမ္ပဏီတစ်ခုလောက်သိလား ကလေးထိန်းတစ်ယောက်လောက်ကူရှာပေးပါဦး။

ခရရ: ရပါတယ် အဲ့လိုတွေကမန်နေဂျာဇူပိုသိတယ် မနက်ဖြန်သူ့ကိုမေးလိုက်ပါ့မယ်။

ခယ:အဲဒါဆို နှောင့်ယှက်ရဦးမယ်။

ခရရ:ရပါတယ် မစ္စတာချင်းဘယ်လို အိမ်အကူလို လိုချင်တာလဲ

လိုချင်တဲ့အချက်တွေရောရှိလား

ခယ:အဲ့လိုတော့မရှိပါဘူး လစာများလည်းရတယ်

ခရရ: အသက်နဲ့ပတ်သတ်ပြီးတော့ရော အသက်ကြီးတာလား အသက်ငယ်တာလားရှင့်

ခယ:ငယ်တာ

ခရရ:ဟုတ်ကဲ့နားလည်ပါပြီ မစ္စတာချင်းစိတ်မပူပါနဲ့ ကျွန်မဘာလုပ်ရမလဲသိတယ် မစ္စတာချင်းစိတ်ကျေနပ်မှာပါ

ခယ: ????

ခဏလောက်စာပို့ပြီးတော့ပြောစရာမရှိကြတော့ဘူး ဂျန်ရှန်းပို့ထားတဲ့စာတွေမဖတ်ရသေးတာလည်းအများကြီးပဲ

ဂရ: ကိုကြီးချင်း ဘလက်ကဒ်နံပါတ်ပို့ပေးပါဦး ကျွန်တော်ပိုက်ဆဲလွှဲလိုက်မယ်

ချင်းယွီကဒ်နံပါတ်ပို့လိုက်တယ် ခဏလောက်စောင့်ပြီးတစ်ဖက်က စာမပြန်တော့ ထွက်လိုက်သည်

လီယန်မနေ့ညကပို့ထားတဲ့စာလည်းဝင်ဖတ်လိုက်သည်

လယ: ကိုကြီးချင်းရောက်ပြီလား

ခယ:ရောက်ပြီ

ခဏလောက်စောင့်တာတောင်စာမပြန်ဘူးဆိုတော့လီယန်လိုင်းပေါ်မရှိဘူးထင်တယ်။

တခြားမဖတ်ရသေးတဲ့စာတွေဝင်ဖတ်လိုက်သည်

ဒီတစ်ခုကပို့ထားတာမကြာသေးဘူး

သူ့အတန်ဖော်လီရှီပို့ထားတာ

ကျောင်းပြီးတော့သူကျောင်းထွက်ပြီးဝက်ရှော့မှာ အလုပ်သင်ဝင်လုပ်တာ

အခုတော့ ကားပြင်တဲ့စက်ရုံပိုင်ရှင်ဖြစ်နေပြီ။

နှစ်ယောက်လုံးကမြို့မတူပေမဲ့ ကျောင်းပြီးကတည်းကအဆက်အသွယ်လုပ်ကြသည်။

လရ: ချင်းယွီအဆင်ပြေရဲ့လား စီလုနဲ့လမ်းခွဲလိုက်တယ်ဆို

ခယ:ဘာတတ်နိုင်မှာလဲ စီလုနဲ့လမ်းခွဲလိုက်မှန်းဘယ်လိုလုပ်သိတာလဲ

လရ: ဂရုထဲကစာတွေမဖတ်ဘူးလား

မနှစ်ကသူ့ကိုထည့်ထားတဲ့ အတန်းဖော်ဂရုရှိတာသတိရသွားသည်။

အစကတော့ ဂရုထဲမှာစကားပြောသေးသည်။ ဒါပေမဲ့သူဝင်ပြောတာနဲ့သူများတွေပြောင်းလဲသွားတာသတိထားမိသည်။

ကြွားတာတွေ ဖားတာတွေ တစ်ယောက်နဲ့တစ်ယောက်ပြိုင်နေကြတာတွေ

ဘယ်သူကမန်နေဂျာဖြစ်သွားတယ်တို့ဘယ်သူက သူဌေးဖြစ်သွားတယ်ပေါ့ ဘယ်သူ့က အိမ်ဝယ်တယ် ကားဝယ်တယ်

အဲ့နောက်တော့ချင်းယွီအဲ့ဂရုကို mute ထားပြီးတော့ စာတွေလည်းဘလော့ထားလိုက်သည်

သိချင်စိတ်နဲ့ အခုလည်း လွတ်လပ်သွားပြီဆိုတော့ဂရုချက်ထဲဝင်ကြည့်လိုက်သည်

ဂရုထဲကိုဝင်လိုက်တာနဲ့ဟိုပြောဒီပြော ပြောထားတာတွေတွေ့တယ် ပြီးတော့သူ့ကို နှိမ်ခဲ့တဲ့သူတွေကိုကြည့်မိတယ်

ဂရုထဲမှာ စီလုပုံတွေရော စီလုရည်းစားသစ်လို့ထင်ရတဲ့သူရဲ့ပုံတွေတွေအများကြီးရှိသည်

နောက်ခံဓာတ်ပုံကတော့ အဆင့်မြင့် ဟိုတယ်ခန်းထဲက အဆင့်မြင့်ညစာပုံ

ဓာတ်ပုံထဲမှာစီလုပုံကထင်းနေတယ် ဘေးကသူကတော့ဖန်ယွမ်ပေါ့

'' ခွေးအတွဲ ''

ချင်းယွီတိတ်တိတ်လေး ဆဲလိုက်သည်

စီလုမနေ့ကသူ့ဆီပြန်လာဖို့လုပ်တာတွေးမိလိုက််တော့ ဒီလိုအကြံကြီးတဲ့မိန်းမ မျိုးကို ရွံမိသည်

ပုံတွေထွက်လာတာနဲ့ ဂရုထဲကလူတွေအကုန်လန့်သွားကြသည်

ပြောနေကြတာတွေတော့အများကြီးပဲ

အမေးအများဆုံးကတော့ချင်းယွီနဲ့စီလုလမ်းခွဲလိုက်ပြီလားဆိုတာပဲ

စီလု့အဖြေကတော့ရှင်းသည်

သူချင်းယွီလိုငမွဲနဲ့တွေ့ပြီးချင်းယွီကသူ့အတွက်ဘာမှလုပ်မပေး ဘာမှဝယ်မပေး ရိုမန့်တစ်ဆန်ဆန်ပိုက်ဆံသုံးရမယ်မှန်းလဲမသိဘူး တဲ့

ချင်းယွီ ကြေညာ ကုမ္ပဏီမှာအလုပ်မလုပ်တော့ ဘူးလို့လည်း ပြောသည် ပြီးတော့ ဟိုတယ်တစ်ခုမှာထူးဆန်းတာတွေလုပ်နေတယ်တဲ့

အဲ့တော့အတန်းဖော်တွေအကုန်ဝိုင်းလှောင်ကြသည်

ပြီးတော့ သူ့ရည်းစားအသစ်လေးကဘယ်လောက်ချစ်ကြောင်းကြွားနေသည်

ဒီဇိုင်နာ အိတ်တွေ အဆင့်မြင့်ကားတွေပေးရုံတင်မကဘူး အိမ်ပါဝယ်ပေးတယ်တဲ့

နှစ်ယောက်လုံး မင်္ဂလာပွဲကျင်းပကြမှာ ပြီးတော့ သူ့အတန်းဖော်တွေကိုလည်းဖိတ်မယ်ဆိုလားပဲ

ကျောင်းသားတော်တော်များများမနာလိုဖြစ်ကြပြီး ချင်းယွီနဲ့စီလု လမ်းခွဲလိုက်တာ တစ်ယောက်အကြောင်းတစ်ယောက်သေချာ သိသွားလို့တဲ့ စီလုကချင်းယွီကိုတအားနိုင်တယ်

ချင်းယွီလစာနည်းတာကိုလည်းညီးလို့မပြီးနိုင်ဘူး။

စာတွေကိုမြင်တော့ချင်းယွီသူ့ကိုယ်သူတောင်မေးခွန်းပြန်ထုတ်မိသွားတယ်

ငါတစ်ကိုယ်ကောင်းဆန်လာတာအဲ့လောက်တောင်ဆိုးလား

ဆက်ဖတ်တော့ ပြိုင်တာဆိုင်တာတွေ အတင်းပြောတာတွေ ရော လူတွေအများကြီးသူ့အကြောင်းပြောနေကြတာ

နောက်ဆုံးတော့ ဂူရှန်ရှီဆိုတဲ့အတန်းဖော်တစ်ယောက်ဝင်လာပြီး ဘာတွေဖြစ်နေလဲဆိုပြီးမေးသည်

ဂူရှန်ရှီ့ကိုပြန်ဖြေတဲ့စာတစ်ကြောင်းကလွဲလို့ ကျန်တဲ့စာတွေကဂူရှန်ရှီ့်ကြောင်းမေးတာတွေ.

လီဂျွန်ကောင် နာမည်တောင်ပါလာသေးသည်

ဂူရှန်ရှီရောက်လာတော့လည်းချင်းယွီစာဝင်မပို့ပါဘူး

ဂရုချက်ထဲကထွက်ပြီး လီရှီကိုစာပြန်လိုက်တယ်ပြီးတော့ App ထဲကထွက်လိုက်တယ်

'' လီဂျွန်ကောင် ''

သူတိတ်တိတ်လေးအဲ့နာမည်ကိုရေရွတ်လိုက်သည်

အရင်တုန်းကတော့သူလိုက်မယှဥ်နိုင်တဲ့သူပေါ့

အခုတော့လီဂျွန်ကောင်လိုက်မယှဥ်နိုင်တာသူပဲ

'' စနစ်အဆင့်မြင့် ''

[ လက်ခံသူအား အောင်မြင်စွာ အဆင့်မြင့်ခြင်းအတွက် ဂုဏ်ပြုပါသည် သန်း၅၀ ရရှိပါသည် ငွေသားသန်း၅၀ အားလက်ကျန်ငွေထဲသို့ထည့်သွင်းပြီး ]

သန်း50? မဆိုးပါဘူး

ဒီနေ့ဂျန်ဟွာဟိုတယ်ကိုဝယ်နိုင်ပါစေကွာ ပြီးတော့လည်း အဆင့်မြင့်ရဦးမယ် အဆင့်ငါးအဆင့်မြင့်ရမှာ

ဂျန်ယွမ်ဟိုတယ်ကိုဝယ်တဲ့အကြောင်းတွေးလိုက်ပြီးစနစ်က လေးထောင့်ကွက်လေးကိုဖွင့်လိုက်သည်

လက်ခံသူ ချင်းယွီ

အသက် ၂၅

ကိုယ်ခန္တာကြံခိုင်မှု - ၅၀ ပုံမှန်

စိတ်စွမ်းအား -၅၀ ပုံမှန်

အရည်အချင်း မရှိ

အဆင့်မြင့်ခြင်းလုပ်ငန်းစဥ် - မရှိ

တာဝန် - ဂျန်ဟွာဟိုတယ်အားဝယ်ခြင်း (မပြီးမြောက်သေး)

အဆင့်မြင့်ခြင်းအမှတ် - 5ကြိမ်

လက်ကျန်ငွေ ၁၅၀ ဘီလီယမ်

ကျော်ပိုးအိတ် - နှစ်ခု

စနစ်ထဲကလက်ကျန်ငွေသန်း၁၅၀ကိုဘလက်ကတ်ထဲထည့်လိုက် အဲ့လောက်ဆိုဂျန်ဟွာဟိုတယ်တစ်ခုလုံးကိုတောင်ဝယ်လို့ရပြီ

ချင်းယွီစနစ်ကိုပိတ်ပြီး တွေးနေလိုက်လိုက်သည်။

All Chapters