အခန်း (၄၃)
Vol. 3 Ch. 43
ဖုန်းလာလို့ကြည့်လိုက်တော့ထန်ရှင်ဖြစ်နေသည်။
ချင်းယွီ ထန်ရှင်ဂိတ်မှာပိတ်မိနေတယ်ထင်လိုက်သည်။
ဒါပေမဲ့ထန်ရှင်ကတောင်းတောင်းပန်ပန်နဲ့
'' မစ္စတာချင်းတောင်းပန်ပါတယ် ကျွန်မရှင့်ကိုလာမကြိုနိုင်တော့ဘူး ''
'' ဘာလို့လဲ ''
'' ကျွန်မ ဂျန်ယွမ်ဟိုတယ် မှာအလုပ်မလုပ်တော့ဘူး မစ္စတာချင်းမသိဘဲစောင့်နေမှာစိုးလို့ ဖုန်းဆက်လိုက်တာပါ ''
''' ဘာဖြစ်လို့လဲ ဘာလို့ဟိုတယ်မှာ အလုပ်မလုပ်တော့တာလဲ ''
'' အလုပ်ဖြုတ်ခံလိုက်ရတာ ''
'' ဘာတွေဖြစ်နေတာလဲ ပြောပြပါလား ''
ထန်ရှင်ခဏလောက်တိတ်သွားသည်။
'' အဓိကအကြောင်းအရင်းကတော့လူတစ်ယောက်ကြောင့်ပါ
သူ့ကိုအရင်ကတွေ့ဖူးတယ်ပါ မန်နေဂျာမာရဲ့ညီမ မာဝမ်ရှီ လေ
မစ္စလီပေါ့ အခုတော့ကွာရှင်းလိုက်ပြီဆိုတော့ မစ္စလီလို့တော့ခေါ်လို့မရတော့ဘူး ''
'' မန်နေဂျာမာ့ကိုအသုံးချပြီးကျွန်မကိုအလုပ်ဖြုတ်လိုက်တာ ''
'' ဘာမှမလုပ်တာကို မန်နေဂျာမာကအလွယ်လေးအလုပ်ဖြုတ်လို့ရတယ်ပေါ့ ''
ချင်းယွီနည်းနည်းစိတ်တိုသွားသည်။
ထန်ရှင့်တရားမျှတမှုရဖို့တင်မကဘူး
ထန်ရှင်ကသူ့အခန်းမှာဝန်ဆောင်ပေးတဲ့သူလေ။
ထန်ရှင်ပြောတာတော့သူတခြားတစ်ယောက်ပြောင်းရမယ်တဲ့
အခုဟိုတယ်ကလည်းသူ့ကို မဆက်သွယ်သေးဘူး
သူ့လိုကာစတန်မာကြီးတစ်ယောက်ကြောင့်ဟိုတယ်တစ်ခုခုဖြစ်မှာကြောက်နေတာမလား
မနေ့ကမာဝမ်ရှီ့ကိုတော်တော်စော်ကားခဲ့တဲ့ရှေ့နေ့တစ်ယောက်လည်းရှိတယ်
ထန်ရှင်အထုတ်ခံရတာသူနဲ့ဆိုင်နေရင်ဆိုရင်တောင်ဘာဖြစ်သွားလဲသိချင်သည်။
'' သူတို့အတွက်ကအကြောင်းအရင်းရှာရလွယ်တယ် ကျွန်မကသာမန်ဝန်ထမ်းလေးပဲလေအဲ့တော့ဘာမှမတတ်နိုင်ဘဲဝန်ခံလိုက်ရတာပေါ့ ''
ချင်းယွီလည်းတစ်ပုံစံတည်းခံခဲ့ရတာပဲ သူမနေ့ကခံခဲ့ရတဲ့ပုံစံနဲ့တစ်ပုံစံတည်းမလား။
သူဌေးတစ်ယောက်သာမင်းကိုကြိုးကိုင်ချင်နေတယ်ဆိုရင်....အထူးသဖြင့်အထွေထွေမန်နေဂျာပေါ့ ..အဲ့လိုဆိုရင်ရိုးရှင်းမှာတော့မဟုတ်ဘူး
'' ထန်ရှင်မင်းအခုဘယ်မှာလဲ ''
'' ဟိုတယ်ထဲမှာပဲ ငွေကြေးဌာနမှာလုပ်စရာလေးတွေရှိလို့ လစာရတာနဲ့သွားတော့မှာ ''
''အင်းဟိုတယ်ထဲကမထွက်နဲ့ဦး လာခဲ့မယ် ''
ဖုန်းချပြီးချင်းယွီဗီလာထဲမှာဆက်မနေတော့ဘူး မနက်စာတောင်မစားဘဲထွက်သွားလိုက်သည်။
ဗီလာနယ်မြေထဲကလမ်းလျှောက်ထွက်ရတာနည်းနည်းတော့ကြာသည်။
တက်စီငှားတဲ့နေရာလည်းရောက်ရော တက်စီတစ်စီးငှားလိုက်သည်။
လမ်းမှာ ချင်းယွီဆုံးဖြတ်ချက်ချလိုက်သည်။
ကားတွေထက်ဝယ်ပြီးဒရိုက်ဘာတွေငှားထားရမယ်အဲဒါမှတစ်နေရာရာသွားမယ်ဆိုရင်အလုပ်မရှုပ်တော့မှာ
တစ်ခုရှိသေးတာ အတွင်းရေးမှူးလည်းရှာရမဲ့အချိန်ရောက်နေပြီ
နောက်ကျရင်လုပ်စရာတွေများလာမှာ အဲဒါတွေအကုန်လုံးကို လိုက် လုပ်နေဖို့ကမဖြစ်နိုင်ဘူး
သေချာစီစဥ်ဖို့အတွင်းရေးမှူးရှာရမယ်
ပြီးတော့ သူ့ဝင်ငွေလည်းတိုးလာမှာဆိုတော့ ရင်းနှီးမြုပ်နှံတာတွေကိုလည်းအတွင်းရေးမှူးကစီစဥ်ရမှာ
အတွင်းရေးမှူးရွေးရတာတအားအရေးကြီးတယ်
အရည်အချင်းအများကြီးရှိစရာမလိုပါဘူး ဒါပေမဲ့ဗဟုသုတတော့ရှိရမယ်လေ။
ထန်ရှင်က ရှန်ဟိုင်းတက္ကသိုလ်ကနေ ငွေကြေးမေဂျာနဲ့ဘွဲ့ရထားတာဆိုတော့ ငွေကြေးဌာနမှာလည်းအဆင့်ကောင်းသည်။
ရက်ပိုင်းလောက်အဆက်အဆံလုပ်ကြည့်တော့ သူ့ပုံစံကိုအနည်းနဲ့အများတော့နားလည်ပါသည်
အခုလောလောဆယ်တော့ သူ့အတွင်းရေးမှူးလုပ်ဖို့ ထန်ရှင်ကအသင့်တော်ဆုံးပဲ။
သိမ်မကြာခင်ဂျန်ယွမ်ဟိုတယ်ကိုကားရောက်လာသည်။ ပြီးတော့ထန်ရှင်ဟိုတယ်ဝင်ပေါက်မှာသာမန်အဝတ်အစားလေးနဲ့ရပ်စောင့်နေတာတွေ့လိုက်သည်။
'' ဒီမှာပဲ ရပ်မနေနဲ့လေ ဟိုတယ်ထဲဝင်ပြီးစောင့်နေပေါ့ ဘာလို့ထွက်လာတာလဲ ''
ထန်ရှင်မဲ့မဲ့လေးပြုံးပြပြီးသူ့နောက်ကလုံခြုံရေးကို လက်ညိုးထိုးပြလိုက်သည်။
'' ဟိုတယ်ထဲအနေမခံဘူးလေ အဲဒါကြောင့်ထွက်စောင့်နေတာ ''
'' ဘာတွေဖြစ်နေတာလဲ ''
ထန်ရှင်မြန်မြန်ပဲရှင်းပြလိုက်သည်။
သူအလုပ်ဖြုတ်ခံပြီးတော့ချင်းယွီနဲ့ဖုန်းပြောပြီး လော်ဘီထဲမှာ ချင်းယွီရောက်လာတာစောင့်နေတာ။
ဒါပေမဲ့မာဝမ်ရှီလုံခြုံရေးတွေနဲ့ရောက်ချလာပြီး သူ့ကိုဆွဲထုတ်ခိုင်းတယ်တဲ့လေ
ထန်ရှင်က ဒီကဝန်ထမ်းလည်းမဟုတ်ဘူးဧည်သည်လည်းမဟုတ်တော့ဟိုတယ်ထဲမှာမနေသင့်ဘူးတဲ့
ထန်ရှင့်ကိုသိတဲ့လုံခြုံရေးတချို့ကမာဝမ်ရှီပြောတာကိုနားမထောင်ဘဲနဲ့ထန်ရှင့်ဖက်လိုက်ပေးကြသေးသည်
မာဝမ်ရှီစိတ်တိုသွားပြီးလုံခြုံရေးမန်နေဂျာ ဇန်စုန်ကိုခေါ်လိုက်သည်
နောက်ဆုံးကျဇန်စုန်လုံခြုံရေးနှစ်ယောက်ကိုခေါ်ပြီးထန်ရှင့်ကိုဆွဲထုတ်ခိုင်းသည်။
'' အဲဒီ မာဆိုတဲ့မိန်းမကြီးကမင်းကိုတအားမကျေနပ်နေတာလဲ အရင်ကတစ်ခုခုဖြစ်ဖူးလို့လား ''
'' အဲ့လိုပြောလို့ရပါတယ် ဝေဂျာအလှကုန်မှာအလုပ်လုပ်ဖူးတယ်လေအဲဒီကအထွေထွေမန်နေဂျာက မာဝမ်ရှီရဲ့ ယောင်္ကျား
အဲ့လူက ကျွန်မကိုလိုက်ကြူတာ မာဝမ်ရှီအဲ့ကိစ္စသိသွားတော့ ကုမ္ပဏီကိုပြဿနာလာရှာတယ် အဲ့ကတည်းက မာကတ်တင်းမန်နေဂျာအနေနဲ့ အလုပ်ထွက်လိုက်ရတာမစ္စတာလီလိုက်နှောင့်ယှက်လို့ အလုပ်ဆက်မလုပ်ချင်တော့တာလည်းပါပါတယ် အလုပ်ရှာရတာသာမခက်ရင် အစောကြီးကတည်းက ထွက်လိုက်ပြီ ဂျန်ယွမ်ဟိုတယ်မှာလာလုပ်မိတာလည်း တိုက်ဆိုင်တာပါပဲ မာဝမ်ရှီနဲ့ဒီနေရာနဲ့ဆက်စပ်မှုရှိနေတာပဲ သူ့ယောင်္ကျားနဲ့ကွာရှင်းလိုက်ရတာဆိုတော့ ကျွန်မကိုပိုတောင်မုန်းဦးမှာ ပြီးတော့မနေ့က မစ္စတာချင်းနဲ့တူတူညစာတူတူစားတယ်လေ ဒီနေ့ထွက်လိုက်ရတာ ကျွန်မအတွက်တော့တကယ့်ဆုံးရှုံးမှုကြီးပဲ ''
ချင်းယွီခေါင်းငြိမ့်ပြီးပြုံးရင်း
'' အဲ့တော့ဒီကိစ္စမှာကျွန်တော်လည်းပါနေတာပေါ့ ''
'' မစ္စတာချင်းကတော့နောက်နေပါပြီ မစ္စတာချင်းမရှိတောင် မာဝမ်ရှီ့စိတ်ဓာတ်မျိုးနဲ့ ကျွန်မဒီမှာအလုပ်လုပ်နေတာသိတာနဲ့ အလုပ်ထွက်ရအောင်လုပ်မှာပဲ ''
'' ဘာမှပူမနေနဲ့ ကျွန်တော်ကူညီပေးမယ် သူ့အစ်ကိုကအထွေထွေမန်နေဂျာမလို့ အဲ့မိန်းမအဲ့လောက် အာဏာရှိနေတာ ဝန်ထမ်းတစ်ယောက်ကို အလုပ်ဖြုတ်နိုင်ရုံတင်မကဘူး လုံခြုံရေးဌာနက မန်နေဂျာကိုတောင်အမိန့်ပေးနိုင်တယ် ''
ခဏရပ်ပြီးဆက်ပြောလိုက်သည်။
'' ဟိုတယ်ထဲကိုကျွန်တော်နဲ့တူတူသွားရအောင် မင်းနဲ့ဆွေးနွေးစရာရှိတယ် ''
လွန်ခဲ့တဲ့နှစ်ရက်အတွက် ဝန်ဆောင်မှုပေးနဲ့လူတစ်ယောက်အနေနဲ့ သူချင်းယွီဘယ်လောက်ချမ်းသာလဲသိပြီးသွားပြီ။ သူ့နောက်ခံရမရိုးရှင်းဘူးဆိုတာလည်းသိသည်
မန်နေဂျာမာသူ့ကိုအလုပ်ဖြုတ်ပြီး စာရင်းမမှန်ဘူးလို့ပြောတော့ သူချင်းယွီကိုပဲအားကိုးမိသည်
အနည်းဆုံးတော့မာဝမ်ရှီ့ကိုအရှက်ခွဲတဲ့နေရာမှာကူညီမယ်လို့တော့မျှော်လင့်မိသည်
သူအရမ်းလည်းကျေးဇူးတင်မိသည်
ချင်းယွီနဲ့ တူတူဟိုတယ်ထဲဝင်သွားလိုက်သည်
'' မစ္စတာချင်းအထဲဝင်လို့ရပေမဲ့ ဒီဖက်ကမိန်းကလေးကတော့ဝင်လို့မရပါဘူး ''
ကြည့်ရတာ လုံခြုံရေးက မာဝမ်ရှီ့စကားကို နားထောင်တဲ့ပုံပဲ
သူဌေးကိုစိတ်ချမ်းသာအောင်သူ့မျက်နာသူတောင်မထောက်တော့ဘူး
ဒေါသထိန်းပြီး
'' သူကငါ့သူငယ်ချင်း ဘာလို့ဝင်လို့မရတာလဲ ပြောပါဦး ''
'' အားနာပေမဲ့ အထက်ကအမိန့်အရပါ ''
'' ဟိုတယ်အထွေထွေမန်နေဂျာကိုပြောတာလား သူကအဲ့လောက်တောင်အာဏာရှိတယ်ပေါ့? ဟိုတယ်အဆင့်မြင့်ခန်း ဧည့်သည်အနေနဲ့ငါ့သူငယ်ချင်းငါခေါ်လာတာတောင်မင်းကလာတားနေတယ် ''
အဆင့်မြင့်ခန်းကဧည့်သည်လို့လည်းကြားရော လုံခြုံရေးကြောက်သွားသည်
ထန်ရှင်အဆင့်မြင့်ခန်းကဧည့်သည်နဲ့သိတယ်လို့ထင်မထားဘူး
မန်နေဂျာဒီကိစ္စကိုပြောမထားဘူးလေ
ဒီဧည့်သည်ကိုသွားစမိရင်သူမခံနိုင်မှာလည်းသိသည်
'' သွားမယ် အထဲဝင် ''
ချင်းယွီ ထန်ရှင့်ကိုကြည့်ပြီး လုံခြုံရေးကိုလျစ်လျူရှုလိုက်သည်
ပြီးတော့ ဟိုတယ်ထဲကိုတူတူဝင်သွားကြသည်။