← Chapters

အခန်း (၄၅)

Vol. 3 Ch. 45

အခန်း (၄၅)

Vol. 3 Ch. 45

ချင်းယွီ ဟန်ရွမ်တွန့်နေတာမြင်တော့ '' မပူပါနဲ့ထွေထွေထူးထူးမဟုတ်ပါဘူး ဖုန်းခေါ်ရုံပဲ''

ဟွာရွမ် သူ့အတွက်ရိုးရိုးသားသားလုပ်ပေးချင်တယ်ဆိုတာချင်းယွီသိသည်။သူ့အတွက်လည်းလုပ်ပေးဖို့အကြောင်းပြချက်လိုတယ်

'' ခဏစောင့် ''

သူထရပ်ပြီးမာစတာခန်းကိုထဲဝင်သွားလိုက်တယ်ပြီးတော့ဂျန်ယွမ်ဟိုတယ်ရဲ့ရှယ်ယာ၃၅ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်းလက်မှတ်ယူလာလိုက်သည်

'' ကျုပ်ကဒီဟိုတယ်ရဲ့ရှယ်ယာ ၃၀ ရာခိုင်နှုန်းပိုင်တယ် အဲ့တော့ မင်းရဲ့ဘော့စ်လို့သတ်မှတ်လို့ရတယ် ''

''၃၀ ရာခိုင်နှုန်း?''

ဟန်ရွမ်ရော ထန်ရှင်ရောလန့်သွားကြသည်

'' မစ္စတာချင်းလာနောက်နေတာလား ဟိုတယ်ရဲ့ရှယ်ယာရှင်သုံးယောက်ကိုကျွန်မသိပြီးသား

တစ်ယောက်ကရှယ်ယာ ၄၀ ရာခိုင်နှုန်းပိုင်တဲ့ ဥက္ကဌယွမ်ဇန်ဂန်

နောက်တစ်ယောက်က ၂၀ ရာခိုင်နှုန်း ပိုင်တဲ့ မစ္စတာဂျင်ဟွာ

ကျန်တဲ့၃၀ ရာခိုင်နှုန်းက လောင်ရှင်ဘဏ်မှာ

အဲ့တော့မစ္စတာရှင်းရဲ့ ၃၀ ရာခိုင်နှုန်း က ဘယ်ကလာတာလဲမသိဘူး ''

ချင်းယွီပြုံးလိုက်၏ ဘာမှရှင်းမပြဘဲနဲ့သူ့လက်ထဲကစာချုပ်ကို ပေးလိုက်သည်

'' မန်နေဂျာဟန်မယုံမှတော့ကျွန်တော်လည်းသိပ်ရှင်းမပြချင်ဘူးကိုယ့်ဘာသာကြည့်ပေါ့ ''

ဟွာရွမ်သိပ်မယုံဘဲ ယူကြည့်လိုက်သည်

'' တကယ်ကြီး ရှယ်ယာပိုင်ဆိုင်ကြောင်းလက်မှတ်ပေါ်မှာမစ္စတာချင်းနာမည်ရေးထားတာပဲ ''

'' မင်းလက်ထဲကဟာက လောင်ရှင်ဘဏ်က ၃၀ ရာခိုင်နှုန်းရောမဖြစ်နိုင်ဘူးလား ''

''မစ္စတာချင်းနောက်နေပါပြီဟိုတယ်ရှယ်ယာ၃၀ ရာခိုင်နှုန်းတောင်ရထားတာဆိုတာကိုဘယ်လိုလုပ်ယုံရမှာလဲ ''.

'' အဲဒါဆိုဒီကိစ္စကူပေးနိုင်လား ''

'' ကျွန်မဘော့စ်ပဲလေ ကူညီပေးရမှာပေါ့ ''

ဟွာရွမ် ထန်ရှင်ကိုကြည့်ပြီး

'' မစ္စတာချင်းကိုယ်ဘယ်သူလဲဆိုတာထုတ်ပြောတာ ထန်ရှင်ကြောင့်လား ကျွန်မလည်းသူ့ကိုဒီမှာထပ်ပြီးနေစေချင်တယ် ရှင်းပါတယ် မန်နေဂျာမာသာ မစ္စတာချင်းက ရှယ်ယာရှင်မှန်းသိရင် မစ္စတာချင်းကိုဆန့်ကျင်ပြီးဘာမှလုပ်ရဲမှာမဟုတ်ဘူး ''

ထန်ရှင်ရှက်သွားမိသွားသည်။ မန်နေဂျာဟန်ပြောတာမှန်မမှန်သူလည်းသိချင်သည်

'' ထန်ရှင့်အတွက်ကစီစဥ်ထားတာတွေရှိပြီးသား ယွမ်ဇန်ဂန်ဒီနေ့လာတာက ရှောင်ဂျင်ဟွာ့ထဲက ရှယ်ယာလွဲယူဖို့လာတာ

ကျုပ်သိသလောက်တော့ ယွမ်ဇန်ဂန်က နောက်ထပ်ရှယ်ယာ၂၀ ရာခိုင်နှုန်းလိုချင်နေတာဖြစ်မယ် ''

'' အဲ့တော့မစ္စတာချင်းက ဥက္ကဌယွမ်ကရှေ့က အစာကိုလုဖို့လုပ်နေတာပေါ့ ဂျန်ယွမ်ဟိုတယ်က အစကတည်းက ယွမ်မိသားစုက ပိုင်တာလေ ဒါပေမဲ့အရင်က နှစ်ခါလောက်စီးပွားပျက်ဖူးတယ် ပထမတစ်ယောက်က ဟိုတယ်ရဲ့ရှယ်ယာ၃၀ ရာခိုင်နှုန်းကိုငွေချေးဖို့ လောင်ရှင်ဘဏ်ကိုပေးလိုက်ရတာ

ဒုတိယတစ်ခေါက်ကျ ခွဲရင်းနဲ့မစ္စတာရီ့ဆီရောက်သွားတာ

ဂျန်ယွမ်ဟိုတယ်က အဆင့်အတန်းလည်းမြင့်သလို အမြတ်လည်းများတယ် အဲ့တော့ယွမ်မိသားစုက ဟိုတယ်ကိုမလိုအပ်ဘဲ လွယ်လွယ်နဲ့ လွဲပေးမှာမဟုတ်ဘူး

ဘဏ်ကရှယ်ယာတွေမစ္စတာချင်းဆီရောက်နေမှန်းသိရင် ပြန်ဝယ်ဖို့လုပ်မှာပဲ ''

ချင်းယွီခေါင်းငြိမ့်ပြီးဟွာရွမ်ပြောတာကို သဘောတူလိုက်သည်

'' မန်နေဂျာဟန်အဲ့ကိစ္စတွေတွေးစရာမလိုပါဘူး ယွမ်ဇန်ဂန်းကိုကျွန်တော့်အစားစောင့်ကြည့်ပေးရင်ရပြီ

ဂျင်ဟွာဟိုတယ်ထဲရောက်တာနဲ့ဆက်သွယ်ပေးပါ ''

ခဏနားပြီးသူကတိပေးလိုက်သည်

'' ဂျင်ဟွာ လက်ထဲကရှယ်ယာတွေယူလိုက်နိုင်ရင် မင်းကိုအထွေထွေမန်နေဂျာအဖြစ်ရာထူးတိုးပေးမယ် ''

'' တကယ်ကြီးလား?''

'' မင်းကိုလိမ်စရာမှမလိုတာ မစ္စတာချန့်ကိုတော်တော်စိတ်ပျက်နေပြီ သူ့နေရာကိုအစားထိုးဖို့မင်းကအသင့်တော်ဆုံးပဲ ''

'' ဒါဆိုမစ္စတာချင်းဘယ်လိုအောင်မြင်မလဲ မသိတော့ဘူး ''

'' ဟွာဂျန်နဲ့တွေ့လို့ရပြီးသူ ယွမ်ဇန်ဂန်းနဲ့မတွေ့ရသေးရင် အောင်မြင်မှာပါ''

'' ဟုတ်ကဲ့ မစ္စတာချင်းတောင်ဒီလိုပြောမှတော့ မစ္စတာချင်းပြောသလိုလုပ်ပါ့မယ် ''

'' ကျွန်တော့်ကိုကူညီပေးလို့ကျေးဇူးပါ မန်နေဂျာဟန် ''

ချင်းယွီပြုံးလိုက်ပြီးဟန်ရွမ့်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်

နည်းနည်းလောက် စကားထပ်ပြောပြီး မန်နေဂျာအခန်းထဲကထွက်သွားတယ် ချင်းယွီနဲ့ထန်ရှင်ပဲကျန်ခဲ့၏

အခုချင်းယွီသူ့ကိုဝန်ဆောင်မှုပေးတဲ့သူလို့မထင်တော့လို့ ထန်ရှင် ရင်ခုန်မိသည်

ချင်းယွီဟိုတယ်ရှယ်ယာရှင်ဆိုတာလည်းသိသွားတော့ ထန်ရှင့်စိတ်ထဲကပိုက ပိုပြီးဆန်းကြယ်လာသေးသည်

'' ထန်ရှင် ငါလက်ထောက်လိုတယ် အတွင်းရေးမှူးလိုမျိုး ငွေကိုင်ပေးဖို့လိုတာ မင်းကိုလုပ်စေချင်တယ် သဘောတူပေးမလား ''

ချင်းယွီဝေ့ဝိုက်မနေတော့ပဲပြောလိုက်သည်

'' အာ ''

ရုတ်တရက်ကြီးဆိုတော့ထန်ရှင်ကြောင်သွား၏

ချင်းယွီရဲ့အတွင်းရေးမှူးလုပ်ဖို့က...အံ့သြရမှာလားစိတ်လှုပ်ရှားရမှာလားကိုမသိတော့ဘူး

မကောင်းတာတော့မဟုတ်ပါဘူး

ချင်းယွီတအားချမ်းသာကိုထန်ရှင်လည်းသိသည်

သူ့အတွက်ကတော့အခွင့်ရေးကြီးပဲလေ

'' ဘာလို့လဲ သဘောမတူဘူးလားဟင် ''

'' မစ္စတာချင်းကိုကူညီပေးရတာ ဂုဏ်ယူစရာတစ်ခုပါ တကယ်ပြောတာပါ ''

ထန်ရှင်အခုမှပုံမှန်စိတ်ပြန်ဖြစ်သွားသည်

'' အဲဒါဆိုမစ္စတာချင်းကိုအခုကစပြီး မစ္စတာချင်းမဟုတ်ရင် ဘော့စ်လို့ခေါ်တော့မယ်နော် ''

ထန်ရှင်ပြုံးလိုက်သည်

'' ဘော့စ်လို့ပဲခေါ်ပါ ''

ချင်းယွီတစ်ချိန်က ကုမ္ပဏီကြီးရဲ့သူဌေးကြီးလုပ်ပြီးဝန်ထမ်းတိုင်းကသူ့ကိုဘော့စ်လို့ခေါ်တာကို အိမ်မက်မက်ခဲ့ဖူးတယ်

အခုတော့အဲ့အိမ်မက်က အလွယ်လေးဖြစ်လာပြီ။

'' လစာဘယ်လောက်ပေးမလဲတောင်မပြောရသေးဘူး သဘောတူလိုက်တာပဲ ''

'' အခုကျွန်မကအလုပ်လက်မဲ့ပဲလေ ချက်ချင်းအလုပ်တန်းရတော့ပျော်ပါတယ် ပြီးတော့မစ္စတာချင်းကရက်ရောတယ်လေ ဝန်ဆောင်မှုပေးတဲ့လစာထက်တော့မလျော့လောက်ပါဘူး ''

'' အဲဒါတော့ပြောရခက်တယ် ''

ချင်းယွီစနောက်ပြီးပြောလိုက်သည်။

'' အတွင်းရေးမှူးအနေနဲ့အလုပ်ကြိုးစားလားမကြိုးစားလားကြည့်ရမှာပဲ အဆင်မပြေရင်တော့လစာတိုးဖို့စိတ်ကူးယဥ်မနေနဲ့ ''

'' အာ မစ္စတာချင်း ကြိုးစားတယ်ဆိုတာကိုဘယ်လိုတိုင်းတာ တာလဲ တီဗီမှာပါသလိုလားဟင် ''

ထန်ရှင်ရှက်ချင်ယောင်ဆောင်ပြီး အသံတိုးတိုးလေးနဲ့ပြောလိုက်သည်

ချင်းယွီလည်းရှက်သွား၏

'' အခြေခံလစာက သိန်း၃၀၀ ပြီးတော့ဘောနပ်စ်တွေ ကော်မရှင်ခတွေလည်းရှိမယ် မင်းအလုပ်လုပ်နိုင်စွမ်းအပေါ်လည်းမူတည်တယ်

အလုပ်ကြိုးစားရင်ကော်မရှင်ခက မင်းလစာထက်တော့မနည်းပါဘူး ''

'' သိန်း၃၀၀ ကမများလွန်းဘူးလား အဲ့လောက်လစာအများကြီးပေးပြီးအလုပ်မလုပ်နိုင်ရင်ရော ''

ထန်ရှင်ကြောင်သွားတယ် အခြေခံလစာ သိန်း၃၀၀နဲ့အဲ့ထက်မနည်းတဲ့ကော်မရှင်ခတဲ့ ဒါကြီးကအတွင်းရေးမှူးလစာမှမဟုတ်တာ သူဌေးလစာဖြစ်နေပြီ။

'' မပူပါနဲ့ မင်းတာဝန်ယူရမှာက အရင်တုန်းကလုပ်ရသလိုပါပဲ ကျွန်တော့်ကိုနည်းနည်းကူပေးရုံပဲ ''

ထန်ရှင်ဒီလိုပြောတာကြားတော့ပိုတောင်ကြောင်သွားသေးသည်။

'' မစ္စတာချင်းအတွက်အရေးကြီးကိစ္စတွေသေချာမလုပ်နိုင်မှာစိုးတယ် ''။

All Chapters