စောင့်ရှောက်သူအဆင့်ထက်ကျော်လွန်နေသော ပျားဘုရင်မ
Vol. 8 Ch. 71
တရားခံ ဘလက်နှင့် ဂျက် တို့ကိုလုံခြုံရေးအဖွဲ့များကခေါ်ဆောင်သွားကြပြီးတဲ့နောက်မြို့နေလူထုလည်း
အဖြစ်ပျက်ကိုသိသွားကြပါတယ်။
"မေနိုးကောင်တွေ ပျားတုပ်တာနဲ့ပဲဗုံးနဲ့ပစ်ရလား"
"မင်းတို့သိကြပြီလား အဲ့ဒါလူဆိုးကောင်ဘလက်တဲ့"
"အဲ့ကောင်ကလည်း ဆော်သွားလုပ်တာကို
ကျောက်ဂူထဲသွားလုပ်တယ်"
"နောက်တစ်ခါ မြွေကိုက်လိမ့်မယ် အဲ့ကောင်"
မိန်းမပျိုလေးများကလည်း ဘလက်တုံးလုံးကြီးနှင့်
မည်ကဲ့သို့လျောက်ပြေးနေကြောင်းချဲ့ကား၍
ပြောဆိုနေကြတော့လေသည်။ဘလက်ကလည်း
သူ့ခေတ်နဲ့သူဆယ်လီမဟုတ်ပါလား။
သူကမိန်းကလေးအပေါ်တွင်အလွန်လက်ဖွာသူ
ရက်ရောသူဟူ၍နာမည်ကြီးနေတာမလား၊သူ့ရဲ့
ဦးလေးကလည်းနာမည်ကြီးမြိုစားကြီးပင်။
ထိုကိတ်စအတွက်မြို့စားကြီးဘစ်ဘလက်တစ်
ယောက်ခေါင်းကိုက်နေလေသည်။သူ့တူက
ခုခံကာကွယ်သည်ဟုဆိုရသော်လည်းအလွန်အကျွံ
တွေဖြစ်ကုန်ပြီ၊အုပ်ချုပ်ရေးအဖွဲ့က ပျားဘုရင်မကို
ဝိုင်းတောင်းပန်ရာတွင်ပါဝင်ရမည်ဟုစာပို့ထားလေသည်။ပျားဘုရင်မကဘာတွေတောင်းဆိုမလည်း
မသိသေးပေ။ရရှိထားသောသတင်းများအရ
ပျားဘုရင်မကဂြိုလ်၏အနက်ပိုင်းမှထွက်လာနေပြီး
အလွန်ဒေါသထွက်နေတယ်လို့လဲဆိုပါတယ်။
လပ်၏ဘက်ခြမ်းကိုပြန်သွားရသော်
လပ်တစ်ယောက်ပေါက်ကွဲရာနေရာမှပြန်ရောက်လာပြီးသူ့အဖွဲ့အစည်းကိုဖြစ်စဉ်များသတင်းပို့နေလေသည်။
ဒီ၂လအတွင်းအဖြစ်အပျက်များကိုသတင်းပို့ပြီးနောက်အပျင်းပြေလမ်းလျောက်ရန်ပြင်ဆင်နေချိန်တွင်ဧည့်သည်ရောက်လာကြောင်းအသေလေးက
သတင်းပို့လေ၏ထိုသူမှာစရောက်သည့်နေကတွေ့တဲ့
ကျားသစ်လူသားမလေးပင်ဖြစ်သည်။
ဧည့်ခန်းတွင် ထိုင်စောင့်နေရင်း သတင်းများကို
တက်ပလက်ဖြင့်ကြည့်နေလိုက်တယ်။
၅မိနစ်အကြာမတော့ ကျားသစ်လူသားမလေးဝင်လာတယ်။အပြုံးနဲ့လပ်ကိုနှုတ်ဆက်လိုက်တယ်။
"မတွေ့တာကြာပြီဆရာလပ် နေရတာအဆင်ပြေရဲ့ လား"
"အိုးအရမ်းပြေပါတယ်"
ကျားသစ်မလေးက ခပ်ညုညုအကြည့်ဖြင့်လပ်ကို
ပြောလိုက်သည်။
"အဓိကလာရတဲ့အကြောင်းအရင်းက လာမဲ့
တစ်ပတ်ကြာရင်အထူးဈေးရောင်းပွဲကျင်းပမှာမို့လို့
ဆရာလပ်ကိုအထူးဧည့်သည်အဖြစ်လာဖိတ်တာပါ"
"ဟုတ်လား ဘယ်မြို့မှာလဲ လာခဲ့မယ်လေ"
"ဒီကနေမိုင်၇၀၀ ပဲဝေးတယ် ကြယ်ဖြူမြို့မှာပါ"
ကျားသစ်မလေးက ထပ်ပြောလိုက်တယ်
"ပြီးတော့ လက်ရည်စမ်းပွဲလည်းလုပ်အုံးမယ်
ဂြိုလ်အသီးသီးကလာတဲ့ပညာရှင်တွေပြိုင်ကြမှာ
ဆုတွေကလည်းတကယ်ကိုရှယ်တွေ"
"စောင့်ရှောက်သူအထက်ပညာရှင်တွေကဆုပေးမှာ"
"ဆရာ လပ် ဝင်စမ်းကြည့်သင့်တယ်နော်
ကျမတို့ ဗာရာနန်းတော်ကိုယ်စားဝင်ပြိုင်ပါလား"ဟု
ပြောရင်းလပ်ကိုမျော်လင့်သည့်အကြည့်ဖြင့်ကြည့်နေလေသည်။
"ကျနော်ကအဲ့ဒါကိုအခုမပြောနိုင်သေးဘူး
ဈေးပွဲတော်ကတော့ သေချာပေါက်လာမှာပါ"
ဟုတ်တယ်လေသူကလွတ်လပ်စွာလျောက်သွားချင်တာ၊ဒီလိုလာချုပ်လို့ဘယ်ရပါ့မလဲ
" စကားကောင်းနေတာဧည့်မခံရသေးဘူး
"မက်မန်းဝိုင်တစ်ခွက်လောက်သောက်သွားပါအုံး"
" ဟိ ဟိ တစ်ခွက်တော့သောက်မယ် ခုကတာဝန်ချိန်ကြီး လေ" ဟုကျားသစ်မလေးကဆိုလေသည်။
ရှလွတ် ဂလု
ထို့နောက် လိုအပ်တာရှိရင်အချိန်မရွေးခေါ်နိုင်ကြောင်းပြောဆိုပြီးပြန်သွားလေသည်။
အင်း ဈေးပွဲတော်မှာရှားပါးပစ်စည်းတွေရနိုင်တယ်
လပ်တွင်စောင့်ရှောက်သူအဆင့်လက်နက်တစ်ခုမှ
မရှိပေ နောက်ပိုင်းသွားရမဲ့ခရီးအတွက်လိုအပ်တာတွေကြိုစုထားရပေမည်။
လူလူးဂြိုလ်သည် စကြာဝဠာတွင်အလယ်နားကျရောက်သောကြောင့်စကြာဝဠာအသီးသီးက
ခရီးသွားများ၊မျိုးနွယ်များ၊ဂိုဏ်းအသီသီးမှအဖွဲ့ဝင်များကစုရုံးလာရောက်ကြပြီးလိုအပ်သည်များကို
ရှာဖွေဝယ်ယူကြလေသည်။ထို့ကြောင့်လည်းမြို့ကြီး
အချို့တွင် ဈေးရောင်းပွဲတော်များ၊လေလံပွဲများကို
နှစ်အလိုက်ကျင်းပလေ့ရှိလေတော့သည်။
လူများလျှင်ပြသနာများသည်ဟုဆိုသည့်အတိုင်း
လုံခြုံရေးအတွက်စောင့်ရှောက်သူအဆင့်များက
ကိုယ်တိုင်စောင့်ကြပ်ပေးနေတာလည်းဖြစ်သည်။
နောက်လအတွင်းမုန်တိုင်းကလည်းလာဦးမည်
လူလူးဂြိုလ်တာဝန်ရှိသူများကလည်း လိုအပ်သည်များကိုပြင်ဆင်နေပါသည်။
လပ်တစ်ယောက် သွေးခဲပန်းပွင့်ပေါ်လာတာကို၆လလောက်စောင့်ရအုံးမယ်၊သွေးခဲပန်းပွင့်ကိုလက်ဝယ်ရမှ ပန်းပွင့်အတွင်းရှိသွေးခဲသစ်သီးကိုထုတ်ယူနိုင်မည်
ဒါကလည်းကံကောင်းအုန်းမှသွေးခဲပန်းပွင့်က
ပေါ်လာပြီး၅ မိနစ်အကြာတွင်ညိုးခြောက်သွားလေသည်။ကံကောင်းပြီးကိုယ့်ရှေ့ပေါ်လာတာကို
အမြန်ခူးနိုင်မှရမည်။
လပ်တစ်ယောက် လူလူးဂြိုလ်တွင်ဆက်လက်နေထိုင်ပြီးကံကြမာကောင်းခြင်းများစုဆောင်းရန်ဆုံးဖြတ်ထားသည်။
ကျားသစ်မလေးပြန်သွားပြီနောက်အရက်သောက်ရန်
လပ်တစ်ယောက်စိတ်ကူးသော်လည်းနဲနဲစောသေး
သဖြင့် သိုင်းလေ့ကျင့်ရန်ပြင်ဆင်လိုက်သည်။
ဝုန်း ဒုန်း ဝှီး
ရုတ်တရက် ကျယ်လောင်သောအသံကြီးထွက်ပေါ်လာတယ်၊မြေကြီးတွေလည်းပြင်းထန်စွာတုန်ခါ
လာပါတယ်။
" ကြည့်ရတာစောင့်ရှောက်သူအဆင့်ထက်ပိုတဲ့ စွမ်းအားပဲ ဘယ်သူများပါလိမ့်"
"အဖိုးကြီးလင်းထွက်ခဲ့စမ်း"
ရုတ်တရက်ခေါ်သံကြီးထွက်ပေါ်လာပြီးထိုအသံမှာ
အေးစက်စက်ဖြစ်နေကာဝဲတဲတဲဖြစ်နေသည်။
"ငါ့သားတွေ ကိုဗုံးနဲ့ပစ်တာဘယ်ကောင်လဲ
တော်တော် သတ္တိ ရှိနေတယ်ပေါ့"
တစ်ရက်ခံပျားတို့ရဲ့မိခင်ပျားဘုရင်မကြီးကား
ရောက်ရှိလာခဲ့ခြေပြီတကား။၁၂ပေခန့်အရွယ်ရှိပျားကြီးတစ်ကောင်ပင်မြို့ပြင်ရှိလေထုထဲတွင်ဝဲနေလေသည်။
မြို့နေလူထုလည်းအထိတ်တလန့်ဖြစ်သွားချေပြီ။
ဤကားစောင့်ရှောက်သူအဆင့်ထက်မြင့်သည့်
ဝိဉာဏ်အုပ်စိုးသူအဆင့်ပေ သူတစ်ချက်လုပ်လိုက်သည်နှင့်ဤဂြိုလ်တစ်ဝက်က ပျက်စီးသွားနိုင်သည်။
ပျားဘုရင်မက ဟင့်ကနဲအသံတစ်ချက်ပြုလိုက်ပြီး
နောက် " အဖိုးကြီး ရှောင်နေဖို့လုပ်တယ်ပေါ့
ရှင့်လုပ်နေတာကျမမြင်နေရတယ်
ဒီဂြိုလ်ကိုဆုံးရှုံးခံနိုင်ရင်ပြေးလိုက်စမ်းပါ" ဟု
ထမ်မံအော်ဟစ်လိုက်သည်။ခနအကြာတွင်
လျောက်မလုပ်စမ်းနဲ့ငါလာပြီ ဟူသောအက်ကွဲကွဲ
အသံကြားရပြီးကောင်းကင်ထက်တွင်
အစိမ်းရောင်ဝတ်စုံရှည်ဝတ်ထားသောစောင့်ရှောက်သူ လင်း ရိပ်ခနဲပေါ်လာသည်။ထို့နောက်စကားစလိုက်တယ်
"အေး ဆေးဆွေးနွေးလို့ရပါတယ် ဆုန်ဆုန်ရယ်
လာ လာမြို့ရဲ့အစည်းအဝေးခန်းမကိုသွားကြ
ရအောင်"
ပျားဘုရင်မလည်းနှာတစ်ချက်မှုတ်လိုက်ပြီး၁၂ပေရှည်တဲ့သူ့ရဲ့ကိုယ်ကြီးကိုဝှီးခနဲပျံသန်းရင်းအဖိုးကြီးလင်း အနောက်ကိုလိုက်ပါသွားလေတော့တယ်။
S4 အဆင့်တွင်သားရဲများသည်လူသားအသွင်ကို
ပြောင်းနိုင်လေသည်၊သို့ရာတွင်အစွမ်းကုန်တိုက်ခိုက်ပါကသု့ရဲ့မူလသားရဲအသွင်ကိုပြောင်းမှသာတိုက်နိုင်လေသည်။ယခုလည်းပျားဘုရင်မကြီးမှာသူ့ရဲ့လူသားအသွင်ဖြင့်မလာပဲသားရဲကိုယ်ဖြင့်လာကာ
တမင်ခြိမ်းခြောက်သည့်သဘောဖြစ်လေသည်။
၂နာရီကြာအောင်မြို့တွင်းရှိစောင့်ရှောက်သူအဆင့်များဖြင့်ဆွေးနွေးကြပြီးနောက်ခုခံကာကွယ်မှု
သဘောသက်ရောက်သောကြောင့် ပျားဘုရင်မကြီးက တရားခံများကိုမသတ်တော့ဘဲလျော်ကြေးသာ
တောင်းလေသည်။မြို့စားကြီးဘစ်ဘလက်က
လျော်ကြေးအဖြစ် ပျားဘုရင်မကြီးကိုစိတ်ဝိဉာဏ်
ပန်းခင်းဧက ၅၀ စိုက်ပျိုးပေးရန်သဘောတူလိုက်ရပေတော့သည်။
မကြာမီသတင်းများထွက်လာပြီးအားလုံးပြေလည်သွားကြောင်းလူထုကိုအသိပေးချက်ထွက်လာသည်။
နောက်ထပ်သတင်းမှာဘလက်ကို၂နှစ်အတွင်းမြို့ပြင်မထွက်ရန်တားမြစ်လိုက်တဲ့သတင်းပင်ဖြစ်တော့သည်။
ဆက်ရန်