← Chapters

ဈေးရောင်းပွဲတော်

Vol. 8 Ch. 72

ဈေးရောင်းပွဲတော်

Vol. 8 Ch. 72

လပ်တစ်ယောက်စွမ်းအင်ကျင့်လိုက်အစားအသောက်ကောင်းများကိုစားရင်းဂိမ်းဆော့လိုက်ဖြင့်၇ရက်ကြာဖြတ်သန်းပြီးနောက်မနက်၁၀နာရီတွင်ဈေးပွဲတော်စတင်တော့မှာဖြစ်လို့

ပြင်ဆင်ပြီးကြယ်စင်ဖြူမြို့ကိုသွားရန်ထွက်လာခဲ့ပါတော့တယ်။လူလူးဂြိုလ်ရောက်ပြီးနောက်ပထမဆုံး

အကြိမ်သူ့ရဲ့ယာဉ်ပျံကိုပြန်လည်အသုံးပြုတာပဲဖြစ်ပါတယ်။ကြယ်စင်ဖြူမြို့ကမိုင်၇၀၀ကျော်သာဝေးပေမဲ့ဒုံးကျည်အပြည့်ပါတဲ့သူ့ရဲ့ယာဉ်ပျံနဲ့ကပိုပြီး

လုံခြုံတယ်လို့သူတွေးတာပါ။

အသေးလေးကကျွမ်းကျင်စွာမောင်းနှင်လာပြီး

မိနစ်၄၀ လောက်မှာပဲကြယ်စင်ဖြူမြို့ကိုမြင်တွေ့လိုက်ရပါတော့တယ်။ထိုမြို့ကိုမြင်ရတာကြယ်

တစ်လုံးမြေကြီးထဲစိုက်နေသလိုထင်ရပါတယ်။

တကယ်တော့ အုတ်ကာခဲ အသေးတစ်ခုကျဆင်း

လာပြီးတောကြီးကနေချိုင့်ဝင်ပြီးမြေပြန့်ဖြစ်လာတာပါ။ဒါကိုလူသားကျင့်ကြံသူများစွာကလွန်ခဲ့တဲ့နှစ်

ပေါင်း၁၀၀၀ကျော်ကမြို့တည်ထားခဲ့တာပါ။အခု

ဆိုရင်အလွန်တိုးတက်စည်ကားသောမြို့ကြီးဖြစ်လာပြီးဂြိုလ်ရဲ့ နံပါတ်တစ်စီးပွားရေးမြို့တော်ကြီးဖြစ်

နေတာပါ။

မြို့ကို ကာကွယ်ထားတဲ့အစီအရင်က

လည်းဝိဉာဏ်အုပ်စိုးသူအဆင့်တောင်မှမဖျက်စီးနိုင်ပါဘူး။မိုးပျံအဆောက်အဦးများနဲ့လူသွားလမ်းများ

ကားလမ်းများဟာအစီတကျနဲ့လှပနေပါတယ်။

လပ်တစ်ယောက်သူရောက်ဖူးတဲ့တိုကျိုမြို့နဲ့တောင်

တူတယ်လို့သူတွေးလိုက်ပါသေးတယ်။

အာကာသယာဉ်ပျံတွေကိုရပ်နားစခန်းမှာပဲရပ်နားရပါတယ်၊မြို့ထဲပေးမဝင်ပါဘူး၊ဟုတ်တယ်လေ

မသမာသူတွေကယာဉ်ပျံနဲ့တစ်ခုခုလုပ်သွားရင်

ပြသနာဖြစ်မယ်လေ။ယာဉ်ပျံရပ်နားစခန်းကြီးကို

ကမိုင်၅၀လောက်ရှိပါတယ်။အာကာသယာဉ်တွေကလည်းအရွယ်မျိုးစုံမလား၊ကြာကြာနေမဲ့ယာဉ်တွေက

ကားပါကင်ထိုးသလိုအကန့်နဲ့၄ ထပ်စီအထပ်လိုက်

ထိုးထားကြပါတယ်။ယာဉ်ကိုပါကင်ထိုးပြီးနောက်

မြို့ဝင်ကြေး၂၀၀ UM နဲ့ပါကင်ကြေးUM5000

တောင်လပ်ပေးချေလိုက်ရပါတယ်။လပ်၏ယာဉ်ပျံ

မှာအဆင့်မြင့်ဖြစ်တာကြောင့်လုံခြုံရေးပေးရသဖြင့်

ပိုပေးရခြင်းဖြစ်လေသည်။

မြို့အဝင်တွင်စစ်ဆေးရေးဂိတ်များကိုဖြတ်ကျော်ပြီးနောက်လပ်နှင့်အသေးလေးတို့မှာမြို့ထဲရောက်ရှိလာ

တော့တယ်။

ဝိုး ကြည့်ရတာကောင်းလိုက်တာ

သန့်ရှင်းသပ်ရပ်သောမြိုကိုကြည့်ပြီးလပ်ရေရွတ်လိုက်တယ်။နိုင်ငံတကာသုံးစာသားများကို

ရေးထားသဖြင့် ကြိုဆိုပါ၏ဆိုင်းဘုတ်ကိုနားလည်သွားလေတယ်။အဲ့နောက်ဈေးပွဲတော်အတွင်းရှိ

အရောင်းဆိုင်ခန်းများ၊စမ်းသပ်ခန်းများ

အလဲထပ်နေရာများ၊ငွေလဲလှယ်ရေးဝန်ဆောင်မှုနှင့်

စားသောက်ခန်းများ၊တည်းခိုခန်းနှင့်နည်းပညာပြခန်းများစသည်ဖြင့်နေရာများကိုဒစ်ဂျစ်တယ်ဆိုင်းဘုတ်များဖြင့်လမ်းညွှန်ပြသထားလေတယ်၊သွားလာကြည့်သူများကိုလမ်းညွှန်ပေးရန်ဒေသခံများကလည်း

ဂိုက်အဖြစ်လုပ်ကိုင်ကာငွေရှာကြလေသည်။

ယခုလိုနည်းပညာခေတ်ကြီးတွင်နည်းတစ်ခုအစမ်းထွင်နိုင်ပါကလူကြိုက်များသရွေ့ငွေရမှာပဲဖြစ်သည်။

လူသားများစွာက ကိုယ်နဲ့ကိုက်ညီသောအလုပ်တစ်ခု

တော့လုပ်ကြရတာပဲဖြစ်သည်။

ဈေးပွဲတော်ဒေသနေရာတစ်ခုလုံးလူပင်လယ်ကြီးသဖွယ်ဖြစ်နေလေသည်။စည်ကားလှသဖြင့်လူများ

တိုးဝှေ့နေသောကြောင့်

ပေ၈၀ကျယ်သောလမ်းတစ်ခုတွင်ဖြည်းဖြည်းမှန်မှန်တာသွားလာနိုင်သည်။

"တို့တွေဆိုင်ခန်းတွေဘက်သွားကြည့်ရအောင်"

လပ်ကပြောလိုက်တယ်။

ပြခန်းများ၊ဆိုင်ခန်းများဘက်ကို လပ်တို့မကြာခင်ရောက်လာကြတယ်။

ပြခန်းတစ်ခုရှေ့တွင် လပ်ရပ်လိုက်ပြီးထိုပြခန်းကို

ကြည့်လိုက်တယ်အသက်၄၀၊၅၀ကျော်အမျိုးသမီး

တွေဝိုင်းအုံနေတယ်၊လာဝယ်သူတွေကိုရှင်းပြနေတာ

ကအသက်၂၀အရွယ်အမျိုးသမီးတစ်ယောက်ပါ

သူ့လက်ထဲမှာလည်းချစ်စရာကြောင်ရုပ်လေးကို

ကိုင်ထားပါတယ်။ကြောင်ရုပ်လေးကမျက်လုံး

ဝိုင်းကလေးနဲ့ တကယ့်ကိုချစ်စရာလေး

ရီမုတ်နဲ့ရွှေ့လို့ရတယ် လမ်းလျောက်တယ်

ဟိုကြည့်ဒီကြည့်ကြည့်တယ် အမြှီးယမ်းပြတယ်

တကယ်အရေကြီးတာက အခုမှလာမှာ

အဲ့ဒီ့ကြောင်ရဲ့မျက်လုံးတွေက cctv အကြီးစားပါ

တစ်အိမ်လုံးကိုလျှောက်သွားပြီးဓါတ်ပုံရိုက်လို့ရတယ်။Live ကြည့်နိုင်သလို record လည်းလုပ်လို့ရတယ်။လပ်လည်းဒီကောင်မလေးရဲ့တီထွင်မှုကို

ဆက်ကြည့်နေတယ်။

ကောင်မလေးက သူ့ရဲ့ကြောင်စက်ရုပ်အကြောင်းရှင်း

ပြအပြီးမှာ အခုလိုဆက်ပြောလိုက်တယ်။

"အစ်မတို့ရဲ့အိမ်ကို ပိုလုံခြုံသလို အစ်မတို့အမျိုးသားတွေရဲ့ခြေလှမ်းကို ဒီမြောင်လေးကစောင့်ကြည့်ပေးမှာနော် ဟုတ်ကဲ့ အားပေးချင်ရင် ရပြီ

၁၀၀၀ ပါတစ်ခုကို UM ၁၀၀၀ပဲကျမယ်နော်"

"ပေးပေး အစ်မကိုတစ်ခုပေး"

"ဘယ်ဟုတ်မလဲ ငါ့ကိုနှစ်ခုပေး ခယ်မလေးကိုပါ

ပေးထားရမယ်"

ချက်ချင်းဆိုသလိုပင်

မြောင်စက်ရုပ်လေးများလည်းလက်မလည်အောင်

ရောင်းရလေတော့၏

အခု၁၀၀ကျော်ရောင်းအပြီးတွင်အမျိုးသမီတစ်ဦး

ကခပ်ကျယ်ကျယ်အသံဖြင့်

"ညီမလေးရယ် အစ်မ ကသူတို့လို အိမ်ကလူတွေ

စိတ်မချလို့မဟုတ်ဘူးနော်

မြောင်လေးကိုချစ်လို့ ၃ခုဝယ်မယ်"

ဟုဆိုကာဝယ်ယူသွားလေသည်။လပ်လည်း

တစ်ခုဝယ်လိုက်တယ်။အားပေးတာပေါ့

ဖွန်ကြောင်တာလည်းပါတယ်ပေါ့

ပြီတော့လပ်က ရယ်မောကာပြောလိုက်တယ်

"မင်းရဲ့တီထွင်မှုကို ဂုဏ်ယူပါတယ်

ဒါပေမဲ့ တစ် ကမ္ဘာလုံးက အမျိုးသားတွေရဲ့အမုန်း ကိုမင်းခံရတော့မယ် ဟား ဟား"

ထိုမိန်းကလေးကပြုံးကာဖြင့်ပြန်ပြောလိုက်တယ်။

"ကျမရဲ့တီထွင်မှုကြောင့်ပိုက်ဆံရတယ်လေ "

လပ်လည်းပြခန်းများကိုဆက်လက်ကြည့်ရှုနေတယ်။

အရောင်အသွေးမျိုးစုံသောဆက်သွယ်ရေးငှက်များ

ပန်းကန်ဆေးစက်၊ကြက်ကိုအကောင်လိုက်သွင်းလိုက်တာနဲ့ပြန်ထွက်လာရင်ကြက်အူချောင်း

ထုတ်ပေးသောစက်များ၊အာကာသယာဉ်များကို

သန့်ရှင်းရေးလုပ်ပေးသောရေညှိကပ်ပါးကောင်

ကမ္ဘာကိုကာကွယ်နိုင်သောအစီရင်များနှင့်

တိုက်ခိုက်ရေးဒုံကျည်များ၊ချီစွမ်းအားသုံးကာ

တိုက်ခိုက်နိုင်သောစောင့်ရှောက်သူအဆင့်လက်နက်များကိုလည်း လပ်တစ်ယောက်အလွန်သဘောကျနေလေရဲ့။သို့ပေသည့် ပိုက်ဆံမတတ်နိုင်၍UM10000

တန် သန့်ရှင်းရေးရေညှိကပ်ပါးကောင်ကိုသာ

ဝယ်ခဲ့လေတော့တယ်။

စာအုပ်တန်းဘက်ရောက်သောအခါတွင်လည်း

အဆင့်မြင့် အင်းကွက်များကိုရေးသားထားသော

စုတ်တစ်ချက်ဖြင့် ကောင်းကင်ကိုသိမ်းပိုက်ခြင်း

စာအုပ်ကို၂သန်းပေးပြီးဝယ်ခဲ့လေသည်။

ဝိုင်ပြခန်းဘက်ရောက်တဲ့အခါမှာတော့

လပ်တစ်ယောက် အသီးများကိုစုထည့်ပြီးဝိုင်ချက်

လုပ်နိုင်သောစက်ကိုသဘောကျသွားပြီး

" အသေးလေး ဒီဝိုင်ချက်စက်က သေချာပေါက်

ဝယ်ရမှာ နောက်ပိုင်း စီပွားရေးမကောင်းရင်

ဝိုင်ချက်ရောင်းလို့ရတယ်" ဟုပြောလိုက်လေသည်။

ဆက်ရန်

All Chapters