← Chapters

ဖျံလူသားမျိုးနွယ်၏ မဲပေါက်ခြင်း

Vol. 8 Ch. 73

ဖျံလူသားမျိုးနွယ်၏ မဲပေါက်ခြင်း

Vol. 8 Ch. 73

လပ်နှင့်အသေးလေးတို့လည်း ဝိုင်ချက်စက်တစ်ခုကို

ဝယ်ယူလိုက်ကြပြီးအားလုံးကိုစု၍သိုလှောင်လက်ပတ်အတွင်းထည့်သွင်းထားလိုက်လေသည်။

ပြခန်းများကိုဆက်လက်ကြည့်လာခဲ့ရာနောက်ဆုံးတွင် ဆေးပညာအာခိမီနှင့်ဆိုင်သောပြခန်းများဘက်

ကိုရောက်ရှိလာကြတော့သည်။

ရှေးဟောင်းဆေးဖော်နည်းများ၊ခေတ်ပေါ်ဆေးဖော်စက်များ၊ဆေးလုံးများကိုပြသထားလေသည်။

အကျိုးအာနိသင်ကိုလည်းစာများချိတ်ထားသောကြောင့်ဘယ်ဟာကဘယ်ဆေးတန်းသိလေသည်။

ဒဏ်ရာပျောက်ဆေးများ၊ချီစွမ်းအားတိုးဆေး၊

အဆိပ်ဖြေဆေး၊အမြုတေအဆင့်မှဝိဉာဏ်စဦး

အဆင့်ကိုဖောက်ထွက်နိုင်သော သေချာခြင်း

ဆေးလုံးများကိုလည်းတွေရလေ၏၊ထိုဆေးလုံးများ

က အဆင့်တက်ရန်၉၀ရာခိုင်နှုန်းသေချာစေသော

ဆေးလုံးများဖြစ်ပြီး၁၂ လုံးသာရှိလေသည်။

စောင့်ရှောက်သူအဆင့်များအတွက်ဝိဉာဏ်အားတိုးဆေးများကိုလည်းတွေ့ရပြီး

တစ်လုံးကိုUM သန်း၅၀ရှိကာမြို့တစ်မြို့ကိုပင်

ဝယ်ယူနိုင်အောင်ဈေးကြီးလှပေသည်။

လပ်တစ်ယောက်သူဟာအလွန်ဆင်းရဲတယ်လို့

စတင်ခံစားနေရပါပြီ။လက်ထဲမှာ UM 3သန်းပဲကျန်

တော့တယ်မှလား။ဆေးလုံများကိုဝယ်ချင်သော်လည်းမတတ်နိုင်ပေ။အမျိုးသမီးအချို့တိုးဝှေ့ကာဝယ်ယူနေသော ရုပ်ပြိုဆေးများကိုလည်း လပ်တွေ့လိုက်တယ် အဲ့ဆေးကသောက်လိုက်တာနဲ့

မူလရုပ်ရည်အတိုင်းနှစ်၃၀လောက်ရပ်နေတယ်

အသက်ကြီးလာတယ်မထင်ရဘူး။ဟုတ်ပေသည်

ဂြိုလ်အသီးသီးတွင်ရောင်းကောင်းဆုံးဆေးဖြစ်ပေ

သည်။

မိန်းမတို့ကား ဘယ်ခေတ်ရောက်ရောက်လှပ

ချင်တာတော့အတူတူပင်။တကယ်တမ်းတော့

ကျင့်ကြံသူများအတွက်မလိုအပ်ပေ။

ကျင့်ကြံသူ၉၀ရာခိုင်နှုန်းက အသားအရည်ကော

ရုပ်ရည်ပါလှပချောမောကြသည်ပင်။

S3အဆင့်ရောက်တာနှင့်အသားအရည်နဲ့ခန်ဓါကို

အချိုးအစားလှပပြောင်းလဲလာတာပါ။

လပ်တို့နှစ်ယောက်သားပြခန်းများကိုကြည့်နေရာက

လမ်းထောင့်တစ်ခုကကွက်လပ်မြေနေရာမှာ

လူတစ်စုကိုတွေ့လိုက်တယ်။

အရိုးခေါင်းမှာပုဆိန်ကန့်လန့်တံဆိပ်ပါတဲ့အဝတ်အစားနဲ့အဲ့လူတွေကသေချာတယ်ပုဆိန်ဂိုဏ်းကပဲ။

လပ်လည်းအသေးလေးကိုအချက်ပြလိုက်တော့

အသေးလေးကစပ်ဖြဲဖြဲရယ်ပြတယ်။

လပ်နဲ့ပုဆိန်ဂိုဏ်းကရန်ဘက်တွေဖြစ်နေပါပြီ။

ဒါပေသည့်လပ်တို့ကိုမသိတဲ့အတွက်လပ်တို့ကံကောင်းသွားတာပါ။ဟိုတစ်ခါပုဆိန်ဂိုဏ်းက

ကင်းမှီးကောက်နဲ့သူ့အဖွဲ့တွေကိုသတ်ပြီးပစ်စည်း

တွေယူကျွန်တွေကိုလွှတ်ပေးခဲ့တယ်လေ။

ပုဆိန်ဂိုဏ်းသားတွေက ကျွန်တွေရောင်းချနေတာပါ

ကျွန်တွေပုံစံကလည်းမျော်လင့်ချက်ကင်းမဲ့တဲ့

မျက်နှာငယ်လေးတွေနဲ့ မြေကွက်လပ်မှာထိုင်နေကြတာပါ။

လပ်လည်းပြေးပြီးတိုက်ခိုက်ချင်ပေမဲ့

စိတ်ကိုပြန်ထိန်းထားလိုက်ပါတယ်။ယခုခေတ်

စကြာဝဠာအမျိုးမျိုးမှာကျွန်တွေအစေခံတွေရောင်းဝယ်တာကိုတရားဝင်ခွင့်ပြုထားပါတယ်။

ကျွန်တွေကိုလွှတ်ပေးချင်ရင် ပိုက်ဆံနဲ့ဝယ်ဖို့ပဲရှိတယ်။အင်အားကြီးစောင့်ရှောက်သူတွေနဲ့သူ့အထက်

အဆင့်တွေရှိတဲ့ပုဆိန်ဂိုဏ်းကို လပ်တစ်ယောက်ထဲ

မဆန့်ကျင်နိုင်ပါဘူး။လပ်တို့လည်းကျော်ပြီး

တခြားပြခန်းတွေကိုဝင်ကြည့်ကြတယ်။

ရုတ်တရက် လပ်ရဲ့ပုခုံးပေါ်လက်တစ်ဖက်က

လာပုတ်တယ်။ညောင်နာနာအသံတစ်ခုလည်းကြားလိုက်ရတယ်။

" ဟေ့ လပ် မင်းလည်းရောက်နေတာလား"

လပ် လန့်သွားပြီးကြည့်လိုက်တော့ လားလား

စုတ်ချွန်းဖြစ်နေတယ်။

"အေးဟ မင်းကောဈေးဝယ်ပဲလား"

လပ်ပြန်ဖြေလိုက်တယ်။

စုတ်ချွန်းက အဝတ်အစားအကောင်းစားတွေဝတ်ထားတယ်။

"ဈေးဝယ်တင်ဘယ်ကမလည်းကွ

ဟိုဘက်ခြမ်းမှာလောင်းကစားအခန်းတွေရှိတယ်"ဟု

ဆိုကာအဝေးတစ်နေရာကို လက်ညိုးထိုးပြလေတယ်။

"အေးအေး ကြည့်လဲလုပ်

ဟိုတစ်ခေါက်ကရှိတာအကုန်ပြောင်တယ်မလား"

လပ်က ရယ်မောကာပြောလိုက်သည်။

"ဒီတစ်ခါတော့ မရှုံးသေးဘူးဟ

၇၀၀၀ကျော်နိုင်ထားတယ်"

"ဖျံမျိုးနွယ်ရဲ့တရားဝင်လောင်းကစားအခန်းမိုက်တယ် သူတို့ကကံကိုတကယ်ယုံကြည်ကြသလို

လောင်းကစားကို စွဲလမ်းကြတယ်လေ"

စုတ်ချွန်းက ပြုံးရင်းကနေ လပ်ရဲ့လက်ကိုဆွဲပြီး

ပြောလိုက်တယ်

"လာလာ ငါနဲ့လိုက်ခဲ့မင်းလိုချင်တာတစ်ခုခု

   ရနိုင်တဲ့အခွင့်အရေးရှိတယ်"

"အေးလေသွားကြည့်ကြတာပေါ့"ဟုဆိုကာ

စုတ်ချွန်းခေါ်ရာကိုလိုက်သွားလေတော့သည်။

မကြာခင်ပဲ လောင်းကစားခန်းမများရှိရာသို့

လပ်တို့ရောက်လာကြလေသည်။

ဖဲဝိုင်းများ၊ကတ်ကစားသူများ၊ကာစီနိုလောင်းကစားခန်းများ။ဘဲဥလေးကိုတူနဲ့ထုပြီးအထဲက

အရာကိုလောင်းကြသူများ၊အကြွေစေ့စက်များ

ပိုက်ဆံကြေးဆော့သည့်ဂိမ်းဆက်များတွင်

လူတော်တော်များများဝိုင်းအုံနေကြလေသည်။

ဒီစက်အားလုံးရဲ့၈၀ရာခိုင်နှုန်းကို

ဖျံလူသားမျိုးနွယ်စုကတီထွင်ထုတ်လုပ်ကာရောင်းချခြင်းဖြစ်သည်။စကြာဝဠာအနှံ့ကိုပြန့်ကျက်ထားသော လောင်းကစားမိသားစုဖြစ်သည်။

သူတို့မိသားစုက အကုန်လုံးကိုအပေါင်ခံသည်။

လောင်းကစားလုပ်ချင်သူများ ဘယ်လိုလောင်းချင်လဲ သားရဲတိုက်ပြီးလောင်းသည်။ဒီနေ့လေထိုးမထိုးကအစ မိန်းမကအိမ်ရောက်ရင်ဘာစကားပြောမလဲ

လောင်းကြသည်။ဖျံမိသားစုဆီမှာလောင်းလို့မရတာ

မရှိဘူး ဒါကသူတို့ရဲ့ဆောင်ပုဒ်။

မိန်းမနဲ့ကလေးတွေတောင်အပေါင်ထားလောင်းကြ

သေးသည်။

စည်းကမ်းလည်းအလွန်လိုက်နာပေသည်။

ကလိမ်ကကျစ်လုံးဝမလုပ်ပေ၊လာလုပ်လျှင်လည်း

တစ်ခါတည်းဇတ်သိမ်းပေးလိုက်လေသည်။

ဖျံမျိုးနွယ်စုသည်အင်အားကြီးပြီးဘိုးဘေးက

လောင်းကစားနတ်ဘုရားဟုခေါ်တွင်သောသူဖြစ်၏

ဝိဉာဏ်အုပ်စိုးသူထက် မြင့်သောအဆင့်

စဦးနတ်ဘုရားအဆင့်ရှိသူဖြစ်လေရာ ဘယ်သူမှ

သွားမရှုပ်ရဲပေ၊စကြာဝဠာအတွင်းရှိမျိုးနွယ်ကြီးများ

တွင်သာထိုကဲ့သို့အကြီးအကဲများရှိလေသည်။

ဖျံလူသားများသည်နှဖူးပြောင်ပြောင်၊သွားလေးများ

ငေါထွက်နေပြီးမျက်လုံးဝိုင်းလေးများဖြင့်

ချစ်စရာမျက်နှာထားရှိကြလေသည်။ကိုယ်လုံးကိုယ်ပေါက်ကတော့လူသားများအတိုင်းပင်ဖြစ်လေတော့သည်။လပ်လည်းတအံ့တသြကြည့်ရှုနေပြီး လူအများအဓိကဝိုင်းအုံနေတဲ့နေရာကိုလျှောက်သွားလိုက်ပါတယ်။

အဲ့ဒီ့မှာ ခပ်၀၀ဖျံလူသားတစ်ယောက်ကအော်ဟစ်နေတယ်

"လာနော်ကံစမ်းကြည့်လိုက် ကံကောင်းရင်

စောင့်ရှောက်သူအဆင့်ဆေးလုံးတွေ၊လက်နက်တွေ

အင်းကွက်တွေရမယ်၊အနည်းဆုံးနေရောင်ခြည်စွမ်းအင်သုံးထမင်းပေါင်းအိုးနဲ့ရေချိုးဆပ်ပြာရည်

အကောင်းစားတွေရမယ်"လို့ထပ်တလဲလဲအော်နေတယ်

ကြည့်လိုက်တော့ နာရီပုံစက်ဝိုင်းကိရိယာကြီးမှာ

ပေါက်မဲနာမည်တွေရေးထားတယ်။ခလုတ်နှိပ်လိုက်ရင်အလယ်ကမြှားကလည်သွားမယ်၊မြှားရပ်တဲ့နေရာကပစ်စည်းကိုလှည့်တဲ့သူကရမယ်။

တစ်ခါလှည့်ရင်ရင်UM ၁သိန်း ကံကောင်းရင်ဆုကြီး

ရမယ်၊ကံဆိုးရင်တော့ ဆပ်ပြာရည်နဲ့ညားမှာပေါ့။

လပ်လည်းရှေ့ကလူတစ်ယောက်လှည့်တာကြည့်လိုက်တယ်။

တွီ

မြှားလေးက S4 အစီရင်တစ်ခုမှာရပ်သွားတယ်။

"လူကြီးမင်းကံကောင်းလိုက်တာ"

ဖျံလူသားဝတုတ်က ပြုံးရွှင်နေတဲ့မျက်နှာဖြင့်ထိုလူကိုပြုံးရင်းနဲ့ ပြောလိုက်တယ်။ပြီးတော့S4 အကာကွယ်အစီရင်တစ်ခုထုတ်ယူလိုက်ပြီးပေါက်သူကို

ပေးလိုက်တယ်။လူတွေလည်းအုံးအုံးကြွက်ကြွက်ဖြစ်သွားပြီးအသံတွေထွက်လာတယ်။

"ဟာတကယ်ကြီးရတယ်ဟ S4ကြီးနော်"

"ဟုတ်တယ်ဟေ့ ငါလည်းလှည့်မယ်"

" ဟေ့ လူတွေ  မကျော်နဲ့ငါအရင်ရောက်တာ"

လူတွေလည်းတိုးဝှေ့လာကြပါတယ်။

ဖျံလူသားဝတုတ်ကရွှင်ပြုံးသောမျက်နှာဖြင့်

"ဖြည်းဖြည်းတန်းစီကြပါ ရမဲ့ကံပါရင်ရကိုရမယ်နော်"

ဟုဆိုကာ ၁သိန်းဆီလက်ခံပြီးမြှားတွေလှည့်ခိုင်းပါတယ်။

တစ်ယောက်ထမင်းပေါင်းအိုးပေါက်တယ်

စောဒကတက်ချင်ပေမဲ့ ဘေးနားကအစောင့်တွေရဲ့

ခပ်တင်းတင်းအကြည့်ကြောင့်ထမင်းပေါင်းအိုးလေးယူပြီးထွက်သွားတယ်။

နောက်တစ်ယောက်လှည့်တယ် S3 အဆင့်ဒဏ်ရာပျောက်ဆေးရသွားတယ်။သူကမရှုံးဘူးပေါ့

နောက်တစ်ယောက် အလှည့် မြှားကစောင့်ရှောက်သူ

အဆင့်ဆေးလုံးကိုကပ်သီလေးကျော်သွားပြီး

စိတ်ငြိမ်ဆေးပါတဲ့ခေါင်းလျော်ရည်မှာရပ်သွားတယ်

"ဟာ ကွာ နည်းနည်းလေးကို ယီးမှပဲ"

အားမလိုအားမရသံတွေထွက်လာတယ်။

ခနကြာတော့ လပ်အလှည့်ရောက်လာတယ်။

ပိုက်ဆံ ၁သိန်းပေးပြီးနောက် ရှေ့ကလှည့်စက်ရဲ့

ခလုတ်ကို ဖိလိုက်တယ်။

တင် တင် ကျလစ်ဆိုပြီးမြှားလေးလှည့်သွားကာ

စက္ကန့်သုံးဆယ်အကြာမှာမြှားလေးကရပ်သွားတယ်။

ဒါဘာဆုကြီးလဲဟ

ပေါက်မဲနေရာကို လပ်အပါအဝင် အားလုံးက

ဝိုင်းကြည့်လိုက်ကြတယ်။အဲ့ဒါက အစိမ်းရောင်ဖျံရုပ်လေးကနှင်တံလေးကိုင်ထားတဲ့ပုံလေးပါ

ဖျံလူသားဝတုတ်ရဲ့မျက်နှာကတည်ကြည်သွားပြီးအခုလိုပြောလိုက်တယ်။

"ဂုဏ်ယူပါတယ် လူကြီးမင်း

ခင်ဗျား ပေါက်မဲကတော့ ဖျံလူသားမျိုးနွယ်ကွဲရဲ့

  မင်းသမီးလေးပါပဲ"

အားလုံးရဲ့အသံများတိတ်သွားကာ လပ်ကို

ဝိုင်း၍ကြည့်နေကြပါတော့တယ်။

ဆက်ရန်

All Chapters