← Chapters

ပါးစပ်တစ်ရာတိုးလာခြင်း

Vol. 8 Ch. 74

ပါးစပ်တစ်ရာတိုးလာခြင်း

Vol. 8 Ch. 74

"ဘယ်လို မဲက မင်းသမီးလည်းဖောက်တာလား"

"လူကိုမဲဖောက်တာလား အဆန်းကြီးဟ"

"ဆော်လေးအပိုင်ရမယ်ဆို ငါလည်းနှိုက်ချင်တယ်"

လူအတော်များများက စိတ်ပါဝင်စားစွာအော်ဟစ်

လိုက်ကြလေသည်။

ဖျံလူသားဖက်တီးက ပြုံးရွှင်စွာဖြင့်ရှင်းပြလိုက်တယ်။

"ဟုတ်ပါတယ် အစိမ်းရောင်ဖျံပုံလေးမဲကျရင်

ဖျံမျိုးနွယ်ရဲ့လှပချောမောတဲ့ မင်းမျိုးနွယ်

မိန်းကလေး၃ယောက်ကိုမဲဖောက်ပေးမှာပါ

သူတို့ဟာအပျိုစင်လေးတွေဖြစ်ပြီး ကြိုက်တာခိုင်းလို့ရပါတယ်။စီးပွားရေးအမြင်ရှိပြီး၊မာဆတ်တို့

ဟင်းချက်တာတို့အလွန်ကျွမ်းကျင်ပါတယ်"

"လူကြီးမင်းတို့အတွက်မယားကောင်းဖြစ်နိုင်သလို

အစေခံကောင်းတစ်ယောက်လည်းဖြစ်ပါတယ်"ဟု

ထပ်မံရှင်းပြလေသည်။

လပ်တစ်ယောက် တုန်လှုပ်ခြောက်ခြားသော

လေသံဖြင့်

"မဟုတ်ဘူးလေ ငါကဆေးလုံးပေါက်ရမှာမလား

ဟေ့ဒီမှာ ငါမင်းတို့ ဆုကိုမယူဘူး

မိန်းမလည်းမလိုချင်ဘူး" ဟုအလန့်တကြားအော်လိုက်လေတော့သည်။

"မဲပေါက်ရင်ယူရမယ် မကြိုက်ရင်တခြားနေရာမှာ

ပြန်ရောင်းဒါကသဘောတူညီချက်တစ်ခုပဲ"

ဖျံမျိုးနွယ်များက တင်းမာသည့်အကြည့်ဖြင်လပ်ကို

ကြည့်နေရာလပ်ကစိတ်လျှော့လိုက်ပြီးအမြန်ပြောလိုက်တယ်။

"ငါကအစေခံအဖြစ်ပဲထားနိုင်မယ်ဆိုရင်ကော"

ဖျံဝတုတ်ကပြန်ပြောလိုက်သည်။

"ရတယ်လေ သူတို့ကအပြစ်လုပ်လို့

မျိုးနွယ်ရဲ့ဒဏ်ပေးတာခံရတာ

အစာမှန်မှန်ကျွေးပြီးကျင့်ဝတ်စောင့်ထိန်းဆက်ဆံပေးဖို့ပဲလိုပါတယ်"

"အဲ့ဒါဆိုရင်တော့ အဆင်ပြေတယ် "

လပ်သဘောတူလိုက်တယ်။သူ့မှာလည်းအသေးလေးကိုကူမည့်သူလိုနေတာပါ။ပြီးတော့

ဇက်ကြောလေးပါလေးဆွဲခိုင်းမယ်လို့တွေးလိုက်ပါတယ်။

"ကဲ ဖျံမျိုးနွယ်ရဲ့ မင်းသမီးဟောင်းကို

ခေါ်လိုက်ကြတော့ " ဝတုတ်ကအမိန့်ပေးလိုက်လေ

သည်။မကြာမီ ဖျံလူသားမိန်းကလေးတစ်ယောက်ကို

လပ်ရှေ့ကိုခေါ်လာတော့တယ်။မိန်းကလေးကအသက်၂၀အရွယ်ရှိကာ မျက်လုံးပြူးပြူး

မျက်နှာဝိုင်းဝိုင်းနှင့်ချစ်စရာရုပ်ရည်လေးနဲ့ဖြစ်တယ်။

ကိုယ်လုံးကိုယ်ပေါက်က ၀၀လုံးလုံးဖြစ်နေတယ်။

လပ်ကြည့်လိုက်တော့ ပစ်တိုင်းထောင်လေးအလားပဲ

စိုးရိမ်ကြောက်လန့်တဲ့မျက်ဝန်းလေးနဲ့လပ်ကိုကြည့်နေလေတယ်။ဒီဖျံဖက်တီးမလေးကိုကြည့်ပြီး

လပ်သနားသွားတယ်။ပြီးတော့ပြောလိုက်တယ်

"လာလာငါ့နားကို  မကြောက်နဲ့ မင်းကိုဘယ်သူမှ

  အနိုင်မကျင့်စေရဘူး"

ဟုတ်တယ်လေဒီအသက်၂၀အရွယ် ကလေးမလေးကဘာအပြစ်တွေများလုပ်မိလို့ ဒီလိုရောင်းစားခံရတာလဲတွေးမိတယ်။

မိန်းကလေး ကအနားကိုမဝံ့မရဲကပ်လာတယ်

လူတွေကလည်းဝိုင်းကြည့်နေကြတယ်။

အသက်၆၀အရွယ်လူကြီးတစ်ဦးက လပ်ကို

မေးလိုက်တယ်။

"ဒီကလူငယ်လေး မင်းအစေခံလေးပြန်ရောင်းမလား"

အဲ့လူကြီးရဲ့အကြည့်တွေမကြိုက်လို့လပ်ကမရောင်းဘူးပြောလိုက်တယ်

ဘေးနားက စုတ်ချွန်းကတော့သဘောကျစွာ

ရယ်မောရင်း

"လပ်တစ်ခုခုတော့ မင်းမြတ်မယ်ဆိုတာမှန်တယ်နော်

ငါပြောသားပဲ"

လပ်ကစုတ်ချွန်းကို ဘုကြည့်ကြည့်လိုက်ပြီး

"သွားကြမယ်ဟေ့

တခြားဘက်သွားကြည့်ရအောင်"

လပ်တို့လည်းအမြန်ထွက်လာခဲ့ကြတယ်။

စုတ်ချွန်းက သူ့ကိုအရက်တိုက်မယ်ပြောပြီးထဲက

လပ် ဘေးကမခွာတော့ပါဘူး

ပြခန်းတွေကိုညွှန်ပြရင်းရှင်းပြနေသေးတယ်

ဘယ်ဟာကောင်းတယ်၊မကောင်းဘူးပေါ့

လပ်သတိရပြီးနောက်ကနှစ်ယောက်ကို

လှည့်ကြည့်လိုက်တော့ အံမယ် အသေးလေးနဲ့

ဖျံဖက်တီးမလေးတို့က စကားတပြောပြောနဲ့ပါ

အသေးလေးပြောတာကို ခေါင်းတညိတ်ညိတ်နဲ့

နားထောင်နေလေရဲ့။

လပ်က ဖျံဖက်တီးမလေးကို ပြောလိုက်တယ်။

"မင်း ရဲ့အဖြစ်အပျက်တွေကိုသွားရင်းနဲ့ပြောသွား

အားလုံးသိရအောင်ပေါ့"

စုတ်ချွန်းကဆေးပြင်းလိပ်ကိုအငွေ့မှုတ်ထုတ်ရင်း

အေးဟ ငါလည်းသိချင်နေတာ ဟုစိတ်ဝင်တစား

ဝင်ပြောလေတော့တယ်။

ဖျံဖက်တီမလေး၏ကိုယ်အနည်းငယ်တုန်ခါသွားပြီး

"ကျမနာမည် တုန်တုန်ပါ

ကျမ က ၁၉နှစ်ရှိပါပြီ"

"လွန်ခဲ့တဲ့၂နှစ်ကပေါ့ "ဟု အစချီကာသူမရဲ့အဖြစ်

အပျက်များကိုပြောပြလေတော့သည်။

ဖျံဖက်တီးမလေးရဲ့နာမည်က တုန်တုန်လို့ခေါ်ပါတယ်၊ငယ်ငယ် ကသူမဟာသာမန်မိန်းကလေးတစ်ယောက်လိုကြီးပြင်းခဲ့ပြီးဖျံမင်းမျိုးနွယ်ရဲ့မင်းသမီး

လေးတစ်ပါးဖြစ်ခဲ့ပါတယ်။သူ့ရဲ့ဘဝကအရမ်း

အဆင်ပြေနေခဲ့တာပေါ့။ဒါပေမဲ့သူမအသက်၁၆နှစ်

အရောက်မှာအမေသေသွားခဲ့ပါတယ်။

အသက်၁၇နှစ်မှာသူမက မောင်းမတွေနဲ့ရေကူးရင်း

ပြန်အတက်မှာဘေးနားကချောက်ထဲပြုတ်ကျသွားပါတယ်။ကယ်တဲ့လူရှိလို့မြို့တော်ပြန်ရောက်တော့ပြန်သတိရလာပါတယ်။အဲ့မှာနိုးလာလာခြင်း

အရမ်းဆာတာပါ ။ရှိသမျှအစားအစာတွေ

အကုန်စားပစ်ပါတယ်၊နန်းတော်မှာရှိတဲ့စားစရာ

မှန်သမျှစားလို့ကုန်သွားပြီး အယောက်၁၀၀စာ

စားပြီးသွားတော့မှဗိုက်ဝသွားပါတယ်။

အဲ့ဒီ့အချိန်ကစပြီးအစာစားတိုင်းအယောက်၁၀၀စာကိုတစ်နေ့၃ကြိမ်စားပါတော့တယ်။

အားလုံးကအံ့သြပြီးမင်းသမီးလေးမဟုတ်တော့ဘူး

ဖုတ်ဝင်တယ်လို့ပြောကြပါတော့တယ်။

သူမရဲ့ စားသောက်မှုကိုသူ့အဒေါ်ကမကြည်ဖြူတော့ပါဘူး၊အဲ့ဒါကြောင့်အကြီးအကဲတစ်ချို့ကိုပြောပြီး

မြို့တစ်မြို့ရဲ့စီးပွားရေးကိုကြီးကြပ်ခိုင်းပါတယ်။

ဘာမှမလုပ်တတ်တဲ့ဖျံမလေးဟာသူများအကြံပေးတဲ့အတိုင်းလုပ်ရင်းနဲ့မြို့ရဲ့ငွေကြေးတွေ၅သန်းကျော်

ဆုံးရှုံးသွားပါတယ်။အပြစ်ပေးတဲ့အနေနဲ့မျိုးနွယ်က

ယောက်ကျားပေးစားတယ်လေ၊ပွဲနေ့မတိုင်ခင်ထွက်

ပြေးခဲ့ပါသေးတယ်၊၁လကြာတော့ပြန်ဖမ်းမိသွားပြီး

ဘိုးဘေးအကြီးအကဲက အတော်လေးစိတ်ဆိုးကာ

မင်းသမီးအဖြစ်ကရုတ်သိမ်းလိုက်ပါတယ်။

၂လကြာပြီးနောက်မှာတော့တုန်တုန်ကိုUM

၁သိန်းနဲ့ရောင်းစားဖို့ မျိုးနွယ်ကသဘောတူခဲ့တယ်။ ဖျံမျိုးနွယ်ကငွေပဲကြည့်တဲ့မျိုးနွယ်လေ

တုန်တုန်လိုအိမ်ထောင်ဖြုန်းကို ကန်ထုတ်ကြတာပေါ့။

နောက်ဖြစ်တဲ့ဟာကတော့ ထူးဆန်းစွာ လပ်က

သူ့မကိုမဲပေါက်တာပါပဲ

လပ်တစ်ယောက်နားထောင်ရင်းမျက်နှာရှုံမဲ့သွားပြီး

မင်းအဲ့ရောဂါမပျောက်သေးဘူးလားဟုမေးလိုက်တယ်

"ဆရာဝန်တွေနဲ့ပြကြည့်ပြီးပြီ "

"သူတိုလည်းမကုနိုင်ကြဘူး "

ဖျံဖက်တီးမလေးက ငိုမဲ့မဲ့နဲ့ပြောရှာတယ်။

စုတ်ချွန်းကလည်းဆေးလိပ်လေးဖွာရင်း

"တယ်ထူးဆန်းပါလား "လို့ဝင်ထောက်လိုက်တယ်။

အသေးလေးက

တုန်တုန် မပူနဲ့ငါတစ်ယောက်လုံးရှိတယ် လို့

ဝင်ပြောတယ်။လပ်က ရှုံမဲ့ကာပြောလိုက်တယ်

"အားယား အခုပါးစပ်အပေါက်၁၀၀ တိုးလာပြီဟေ့

ငွေပိုရှာမှဖြစ်မယ်"

ဖျံမလေးလည်းပျော်ရွှင်သွားရှာတယ်။

လပ်ကသဘောကောင်းတာသူသိတယ်လေ။

နာရီဝက်ကြာတော့ လပ်တို့အဖွဲ့  အားကစားရုံလို

နေရာကိုရောက်လာကြတယ်။

ဒါပညာဆွေးနွေးပွဲကွင်းပဲဖြစ်မယ်။

ဆွေးနွေးပွဲလို့သာပြောတာ ကမ္ဘာအသီသီးက

ကျင့်ကြံသူတွေယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့နေရာပါ။

ဆက်ရန်

All Chapters