အစွမ်းပြခြင်း
Vol. 8 Ch. 75
ဘောလုံးကွင်းနှစ်ကွင်းစာလောက်ကျယ်တဲ့
မိုးလုံလေလုံအားကစားကွင်းကြီးအတွင်းသို့လပ်တို့
အဖွဲ့ဝင်ရောက်လာခဲ့ပါတယ်။စစ်ဆေးရေးဂိတ်များကိုကျော်ဖြတ်ခဲ့ပြီးနောက်လူပေါင်း၅သောင်းကျော်
လောက်ပြည့်နှက်နေတဲ့လူပင်လယ်ကြီးကိုဖြတ်သန်း
ပြီးအထူးဗီအိုင်ပီထိုင်ခုံဘက်ကို လပ်ကဦးဆောင်
လာခဲ့ပါတယ်။
စုတ်ချွန်းကအထူးနေရာကိုမဝင်ရဲပါဘူး၊လပ်က
သူတာဝန်ယူတယ်ဆိုပြီးခေါ်လာခဲ့တာပါ။
အထူးနေရာမှာကဂြိုလ်ပေါင်းစုံထိပ်သီးကျင့်ကြံသူ
ဆရာကြီးတွေရှိနေတာပါ။
ဗီအိုင်ပီထိုင်ခုံဘက်ရောက်တယ်ဆိုရင်ပဲမျက်လုံးပေါင်းများစွာကလပ်တို့ကိုဝိုင်းကြည့်နေကြပါတယ်။
ဒီလူတွေကဘယ်သူတွေလဲပေါ့ကြည့်လိုက်တော့လဲ
အဆင့်မြင့်တဲ့သူလည်းမပါဘူးS3နှစ်ယောက်နဲ့
အစေခံတစ်ယောက်၊စက်ရုပ်တစ်ကောင်
တစ်ယောက်ကလည်းစုတ်ချွန်ချွန်းစုတ်တီးစုတ်ပြတ်
နဲ့လေ။လပ်ကဟန့်တားလာတဲ့အစောင့်တွေကို
စကြာဝဠာလုံခြုရေးတံဆိပ်ပြလိုက်တော့
ကြည်ကြည်ဖြူဖြူလမ်းဖယ်ပေးတယ်။
လပ်တို့ကိုအစောင့်ခေါင်းဆောင်ဖြစ်ဟန်တူတဲ့
အသက်၄၀အရွယ်လူကြီးတစ်ဦးကနေရာပေးပြီး
ထိုင်ဖို့လိုက်ပြတယ်။သူ့ရဲ့အနားကိုကပ်လိုက်တယ်
ဆိုရင်ပဲ လပ်အသက်ရှူကြပ်သွားတယ်။ကြီးမားတဲ့
ဖိအားတစ်ခုက လပ်တို့ကိုဖိနှိပ်ထားတယ်။
အိုး ဒီလူ က စောင့်ရှောက်သူအဆင့်ပဲ။
သူက တမင်တကာလုပ်တာမဟုတ်ပေမဲ့စွမ်းအား
ကွာခြားလွန်းလို့အဲ့လိုခံစားရတာပါ။
စကြာဝဠာလုံခြုံရေးအဖွဲ့ဝင်တွေကိုဘယ်သူမှ
အထင်မသေးရဲပါဘူး။
လူအချို့ကအားကျတဲ့အကြည့်တွေနဲ့ကြည့်နေပြီး
တချို့ကလည်းဂရုမစိုက်ဟန်ရှိပါတယ်။
လုံခြုံရေးအဖွဲ့ဆိုတာ ဂိုဏ်းတွေနန်းတော်အဆင့်တွေနဲ့ယှဉ်ရင်တော့ဘာမှမဟုတ်ဘူးလေ။၅မိနစ်ကြာတော့လပ်တို့နေရာရသွားပြီးထိုင်လိုက်ကြတယ်။
ထိုင်ခုံတွေကအကောင်းစားနှစ်၁၀၀၀၀သစ်မာနဲ့လုပ်ထားပြီးရှေ့ကခုံတွေပေါ်မှာလည်းဝိုင်နဲ့စားစရာ
အချို့တင်ထားပါတယ်။အသေးလေးကအိပ်လို့ရအောင်ကျယ်တဲ့ခုံပေါ်ပစ်လှဲလိုက်ပြီး
တနေကုန်ဈေးဝယ်ရတာမောလိုက်တာဟု
ညည်းတွားလိုက်တယ်။စုတ်ချွန်းကတော့ရှေ့ကဝိုင်ခွက်ကိုဆွဲယူလိုက်ပြီးတစ်ချက်ထဲမော့လိုက်တယ်။
"ဆင်ဆင်ခြင်ခြင်နေကြစမ်း
ပြိုင်ကွင်းထဲရောက်နေတာ"
လပ်ကသတိပေးလိုက်တယ်။စုတ်ချွန်းကစပ်ဖြဲဖြဲ
ပြုံးလိုက်ပြီးလပ်ကိုပြောလိုက်တယ်။
"မင်း ငါ့ကိုအရက်တိုက်မယ်ဆိုတာ ဒါလား
အကျုံးမဝင်ဘူးနော် နောက်နေ့သပ်သပ်ကိုတိုက်ရမယ်"
ဖျံဖက်တီးမလေးက လပ်ကိုမဝံ့မရဲကြည့်ပြီးနောက်
"သခင်လေးအရက်ငှဲ့ပေးရမလား"ဟုဆိုကာ
ဝိုင်ခွက်တစ်ခွက်ကိုဖြည့်ကာလပ်ရှေ့ကိုချထားပေးလိုက်တယ်။
"မင်းလည်းစားလို့ရတယ် ဒါပေသည့်တော်သင့်ရုံလုပ်
ကွင်းထဲကထွက်မှမင်းကိုအဝကြွေးမယ်"ဟု
လပ်အမြန်ပြောလိုက်ရလေသည်။
ဟုတ်တယ်လေ
တော်ကြာလူ၁၀၀စာ တဝတပြဲထိုင်စားနေရင်
လပ် အရှက်ကွဲရမှာလေ။
ဟုတ်ကဲ့ သခင်လေးဟုဆိုကာလျှင်မြန်သောလက်တစ်ဖက်က ဘဲပေါင်တစ်ခုကိုနှိုက်ယူလိုက်ပြီး
ပါးစပ်ထဲထိုးထည့်လိုက်တော့တယ်။
လပ်တို့ရဲ့ဘေးပေ၅၀လောက်အကွာမှာ
ငယ်ရွယ်တဲ့သခင်လေးများလည်းရှိပေသည်။
သူတို့သည်မိန်းကလေးအချို့နှင့်ဝိုင်းဖွဲ့ပြောဆိုနေပြီး
လပ်တို့အဖွဲ့ရဲ့အပြုအမူကိုကြည့်ကာ
တောဂြိုလ်က တောသားအရိုင်းကောင်လေးတွေဟု
ပြောဆိုကာလှောင်ပြောင်နေကြလေတော့သည်။
လပ်က တည်ငြိမ်စွာဖြင့် ဝိုင်တစ်ခွက်သောက်လိုက်ပြီး ရှေ့ကပြိုင်ကွင်းအတွင်းကိုအာရုံစိုက်လိုက်လေသည်။မီအလင်းရောင်များနှင့်လှပသောပြိုင်ကွင်းကို
ပေ၁၀၀ပတ်လည်စင်မြင့်အဖြစ်တည်ဆောက်ထား
လေသည်။
ပြိုင်ပွဲစင်မြင့်ကိုမာကျောသောကျောက်တစ်မျိုးဖြင့်ပြုလုပ်ထားကာ ဘေးနားပတ်လည်ကိုစွမ်းအင်
အစီရင်ဖြင့်ကာထားလေသည်။အထဲကတိုက်ခိုက်မှုများအပြင်ဘက်ကိုမရောက်နိုင်ပေ။
လက်ရည်ပညာစမ်းပွဲသာဖြစ်ပြီးအသေအကြေတိုက်
ပွဲကွင်းပြင်မဟုတ်ပေ။
လပ်ကြည့်လိုက်တော့ Sအဆင့်ကလေးတစ်ချို့
ယှည်ပြိုင်နေကြတယ်။
၁၅,၁၆ ကလေးများကလည်းခေသူမဟုတ်ပေ
လပ်တစ်ယောက်ကြည့်ကာသဘောကျနေမိတယ်။
ယား ဝှစ် ဘိုင်း
မကြာခင် ခပ်ပိန်ပိန် လူငယ်လေးအသာစီးရကာ
နိုင်သွားလေတယ်။
S အဆင့်များပြီးရင်ပိုမြင့်တဲ့အဆင့်တွေပြိုင်ရမှာပါ
S3 အဆင့်ရောက်လို့စိန်မခေါ်ခံရပါက လပ်က
ဝင်ပြိုင်မည်မဟုတ်ပေ။
တဖြည်းဖြည်းနှင့်ပြိုင်ပွဲများပြီးသွားပြီး
သူ့အဆင့်လိုက် ဗိုလ်စွဲသူတွေထွက်လာပါတယ်
Sအဆင့် လူလူးဂြိုလ်က မာတာ
S1 အဆင့် ခရုဂြိုလ်က ဆီဆီ
S2 အဆင့် ရှေးဟောင်းဂြိုလ်က ချောင်ဖုန်း
နောက်ဆုံးတော့အားလုံးစောင့်နေတဲ့S3 အဆင့်ကိုရောက်ပါပြီ။ဂြိုလ်တိုင်းရဲ့ အင်အားကို
လူငယ်S3အဆင့်တွေဘယ်လောက်စွမ်းလည်းဆိုတာ
ကြည့်ပြီးဆုံးဖြတ်ကြပါတယ်။
အစီအစဉ်ကြေငြာသူက ကွင်းရဲ့အပေါ်ထောင့်နားမှာ
လူတစ်ရပ်စာခြေနင်းယာဉ်ပျံလေးနဲ့လှည့်ပတ်ကာ
ကြေငြာနေပါတယ်။
"S3 အဆင့်စွမ်းရည်ပြိုင်ပွဲကို မကြာခင်စတင်ပါ တော့မယ်၊ ရွေးချယ်ထားတဲ့စွမ်းအားကြီးS3အဆင့်
၂၂ယောက်ရှိပါတယ်။
အဲ့လူတွေကတော့
ရမ်းဘဲလ်
ချောင်ချောင်
ကတ္တား
မိန့်မိန့်
ကျားပျံ
လုံးချော
ဂျရတ်
ဖော်ကာ
လပ်
အုမိခိ
ဆင်ဒီ.....
ရုတ်တရက်ကြားလိုက်ရင်ပဲ လပ်တစ်ယောက်
တွေးလိုက်ပါတယ်
(အမ် ငါက စွမ်းအားကြီးတဲ့အထဲဘယ်လိုပါသွားရတာလဲ၊ဒါ လုံခြုံရေးအဖွဲ့ကတစ်ယောက်ယောက်
ငါ့ကိုစာရင်းပေးလိုက်ပုံရတယ်)
၂၂ယောက်စာရင်းကိုကြေငြာပြီးနောက် နောက်ဆုံး
နာမည်တွင် ဖရီးဖောဟူ၍ပါရှိလေရာ လပ်က
စုတ်ချွန်းကိုကြည့်ပြီး အမ်ဒီကောင်လည်းပါတာလား
ဟုရေရွတ်လိုက်လေသည်။
ကြည့်ရှုသူပရိတ်သတ်များစွာကလည်းS3 အဆင့်
ဂြိုလ်အသီးသီးရဲ့နာမည်ကျော်များကိုတွေ့မြင်လိုသောကြောင့်အုတ်အော်သောင်းနင်းတိုးဝှေ့ကြည့်ရှုကြလေသည်။
ကလင်
ခေါင်းလောင်းတီးသံထွက်ပေါ်လာပြီး
ဒစ်ဂျစ်တယ်ဘုတ်ပြားများပေါ်တွင်ယှဉ်ပြိုင်ရမည့်
လူနှစ်ဦးအမည်ကိုဖော်ပြထားလေသည်။
ဆင်ဒီနှင့်လုံးချော
မကြာမီပညာဖလှယ်ရန်နှစ်ဦးသားကွင်းအတွင်းရောက်လာလေသည်။ဆင်ဒီက အရပ်မြင့်မားသော
ထွားကြိုင်းတောင့်တင်းတဲ့အမျိုးသမီးဖြစ်ပြီး
လည်သာသားရေကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ထားလေရာပုရိသတို့အကြိုက်မွန်းလိုက်ဖြစ်နေတော့သည်။
လုံးချောကမျက်ပေါက်ကျဉ်းကျဉ်းဂင်တိုတိုနဲ့
လက်ဝှေ့သမားတစ်ဦးပုံဆန်ရှိလေသည်။
လုံးချောစပြီးတိုက်ခိုက်လိုက်တယ်။
ယား ဝှစ်
ကြီးမားတဲ့အမြုတေစွမ်းအားဖြင့် မီးတောက်နေသော
၁၀ပေခန့်လက်သီးပုံရိပ်ကြီးလေထဲမှာပေါ်လာကာ
ဆင်ဒီထံသို့တိုးဝင်သွားလေတယ်။
ဟင့်
ဆင်ဒီကနှုတ်ခမ်းမဲ့လိုက်ပြီးပြောလိုက်တယ်
"ဒီလောက်ပဲဆိုရင်တော့သွားနားလိုက်တော့"
ရုတ်တရက်လေထဲကိုဆင်ဒီ ခြေသုံးချက်ဆင့်ကန်လိုက်တယ် ကြီးမားတဲ့လေလှိုင်းကြီးပေါ်လာပြီး
လုံးချောရဲ့လက်သီးကြီးဟာအစိတ်စိတ်အမွှာမွှာ
ကွဲသွားကာပြင်းထန်တဲ့ခြေကန်ချက်ကြီးဟာ
လုံးချောမျက်နှာပေါ်ကျရောက်သွားပါတယ်။
အား ဝုန်း
လုံးချောလည်းပေ၂၀လောက်လွင့်သွားကာ
မျက်နှာမှာလည်းဖိနပ်ရာကြီးအထင်းသားပါ
နောက်တစ်ချီပြန်ချမယ်ထလိုက်တော့
အနားမှာရှိတဲ့ဒိုင်ကအော်လိုက်ပါတယ်။
"စွမ်းအားကွာလို့ ဒီပွဲ ဆင်ဒီ နိုင်တယ်"
ပရိတ်သတ်ကလည်းဆင်ဒီကိုအော်ဟစ်အားပေးကြတယ်လေ။နောက်တစ်ပွဲလပ်အလှည့်ရောက်ပြီ
လပ်နဲ့ရမ်းဘဲလ်
လပ်ကိုယ်ကိုတစ်ချက်လှုပ်လိုက်တာနဲ့ကွင်းထဲမှာပြန်ပေါ်လာတယ်။ရမ်းဘဲလ်က လေပေါ်လမ်းလျောက်ပြီးကွင်းထဲဝင်လာတယ်။လက်နှစ်ဖက်နောက်ပစ်ပြီး
အေးအေးလူလူပုံစံနဲ့ လပ်ကစတိုင်ဖမ်းနေတယ်။
ဝှစ်ခနဲအမြန်နှုန်းနဲ့ရမ်းဘဲလ်က
လပ်ရှေ့ရောက်လာပြီး ဖြူလွှလွှမိုးကြိုးသွားတစ်ခုကို
လပ်ရဲ့ခေါင်းပေါ်ပစ်ချလိုက်တယ်။ပြောရင်တော့ကြာမယ် လပ်ရဲ့ကိုယ်ကို ရေနံရံတစ်ခုကကာထားလိုက်ကာ၊လပ်ရဲ့နာမည်ကျော်ဝိုက်လက်သီးက
စွမ်းအားအပြည့်နဲ ရမ်းဘဲလ်ရဲ့ညာဘက်နံရိုးကြားကို
ဝင်သွားလေပြီ ဝှစ် အား
အွတ် ဖုတ် ဝုန်း အား..
ရမ်းဘဲလ်တစ်ယောက်နံရိုးကျိုးသွားပုံရပြီး
ခွေခွေလေးဖြစ်ကာအကာကွယ်နံရံကိုဝင်ဆောင့်သွားတယ်။
ဒိုင်လူကြီးက ချက်ချင်းကြားဝင်လာတယ်။ပြီးတော့ကြေငြာလိုက်တယ်။
"လပ်နိုင်တယ်"
ဟုတ်ပါတယ်အသေအကြေတိုက်ပွဲမှမဟုတ်တာ
ဘယ်သူ့ကိုမှအထိခိုက်မခံနိုင်ပါဘူး၊အနိုင်အရှုံး
သိသွားရင်ပြီပဲလေ။
လပ်ရဲ့နိုင်ပွဲကြောင့်ပရိတ်သတ်တစ်ချို့တောင်ရလာပါတယ်၊လူနည်းနည်းလေးပါ ဒီဂြိုလ်မှာတော့ လပ်အကြောင်းသိတဲ့သူမရှိသလောက်ပါပဲ။
တချိန်ကသူ့နာမည်က တစ်ချက်ထိုးလေ ရေခဲ မင်းသားလို့လဲခေါ်ကြတယ်ပေါ့။
ဆက်ရန်