အုမိခိ ၏ ဓါးမိုး
Vol. 8 Ch. 76
ပြိုင်ပွဲကဆက်လက်ကျင်းပနေပြီးနိုင်တဲ့သူများကနောက်တဆင့်တက်သွားကြပါတယ်။S3အဆင့်ခေါ်
အမြုတေအဆင့်ပြိုင်ပွဲများက ရလဒ်ထွက်ဖို့
တစ်ပွဲကိုအချိန်ခဏလေးသာပေးရပါတယ်။အလွန်ဆုံးကြာပါတယ်ဆို့တဲ့ပြိုင်ပွဲတောင်၁၀မိနစ်
မပိုပါဘူး။
ဒါကြောင့်မို့လို့နေ့လည် ၁နာရီစတင်ခဲ့တဲ့
ပညာစွမ်းရည်ဆွေးနွေးပွဲဟာ ညနေ၄ နာရီမှာတော့
S3အဆင့်၂၂ယောက်ထဲက ၁၁ယောက်ပြုတ်သွားပြီး
လပ်အပါအဝင်၁၁ယောက်ကတော့မနက်ဖန်မှာဆက်လက်ယှဉ်ပြိုင်ရမှာပါ။လပ်အတွက်တော့၃၊၄ယောက်လောက်သာသတိထားရမှာဖြစ်ပြီးကျန်တဲ့သူတွေက
ငပျော့တွေပါ။သူတို့ထက်သာတဲ့လူတွေရှိပါတယ်။
သူတို့ကဝင်မပြိုင်ကြပါဘူး။
ဘာလို့ဆိုပိုက်ဆံမရဘူးလေ၊ပ၊ဒု၊တ ကိုဆုပေးပေ
မယ့်၊အကြိတ်အနယ်ယှဉ်ပြိုင်ရင်း
ကိုယ့်အားနည်းချက်ကိုဖော်ပြသလိုဖြစ်မှာ
တစ်ကြာင်းလျှို့ဝှက်သိုင်းကွက်ကိုလည်းလူသိမခံ
ချင်တာကြောင့်ပါ။
နင်လားငါလားချတဲ့သူတွေလည်းရှိပါတယ်
ကျားပျံနှင့်မိန့်မိန့်ပါ၊သူတို့ပွဲကအလွန်ကြည့်ကောင်းပါတယ်။မိန့်မိန့်ရဲ့ကိုယ်ပျောက်နိုင်တဲ့ဓါးပျံတွေ
ပစ်ခတ်မှုနဲ့ ကျားပျံရဲ့ကျားဝိဉာဏ်လက်သည်း
သိုင်းကွက်တို့ရဲ့ထိခိုက်မှုကြောင့်နှစ်ဦးသား
ဒဏ်ရာအတော်လေးပြင်းကာ မိန့်မိန့်က
ချီစွမ်းအားသာလွန်တာကြောင့်ကပ်ပြီးအနိုင်ရသွားပါတယ်။
ချီစွမ်းအားကုန်ခမ်းမှုနှေးတဲ့သူကတပန်းသာပါတယ်။
ဒါကြောင့်လည်းကျင့်ကြံသူများအကြားအဆင့်မြင့်
ချီစွမ်းအားကျင့်ကြံရေးနည်းတွေကအရေးပါနေတာပါ။အဆင့်မြင့်နည်းတွေက အဖွဲ့ကြီးတွေမှာပဲရှိတာပါ
ဒါကြောင့်လည်းအဖွဲ့ကြီးတွေကိုဝင်ချင်တဲ့သူများတာပေါ့လေ။အဆင့်တက်တာလည်းပိုမြန်ပြီးများပြားတဲ့နည်းပညာရပ်တွေကိုလေ့လာနိုင်တယ်လေ။ဒါကြောင့်လည်းစကြာဝဠာအတွင်းကျင့်ကြံမှု
အဆင့်မြင့်နည်းစနစ်များကိုနည်းအမျိုးမျိုးနှင့်
လက်ဝယ်ပိုင်ဆိုင်ရအောင်ကြံစည်နေကြတာပဲဖြစ်
လေသည်။
အခုလည်းမိန့်မိန့်ရဲ့ချီစွမ်းအားနည်းစနစ်ကသာပြီး
ပိုတောင့်ခံနိုင်တာကြောင့်ကျားပျံရဲ့လက်သည်း
သိုင်းကွက်ပျက်ဆီးသွားကာဓါးပျံထိမှန်သွားရလေတော့သည်။
လပ်၏ချီစွမ်းအားကျင့်ကြံမှုနည်းစနစ်မှာသူ့ဆရာ
ရေခဲနတ်ဘုရားပေးထားသည့်စနစ်ဖြစ်ပြီး
စကြာဝဠာပေါင်း၁၀ခုလောက်တွင်ထိပ်တန်းစာရင်း
ဝင်လေသည်။လပ်ကိုယ်တိုင်လည်းမသိပေ။
တခြားသူများသိပါကအတင်းအကြပ်မေးခြင်သူ
တိုက်ခိုက်လုယူချင်သူများလည်းရှိနိုင်ပေသည်။
တစ်ခုကံကောင်းတာက အကြိတ်အနယ်တိုက်ခိုက်ပြီးကြာလာမှသာနည်းစနစ်ပိုကောင်းသည်ကိုသိနိုင်မှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်သူတွေက ပြိုင်ကွင်းအဆောက်အဦးရှိ
နားနေခန်းတွင်ဒီရက်ပိုင်းကိုအနားယူယှဉ်ပြိုင်ရမှာဖြစ်လို့ လပ်တို့လည်းနားနေခန်းကိုပြန်ကြသည်။
နားနေခန်းမှာဟိုတယ်အကောင်းဆုံးအခန်းများထက်ကျယ်ကာပိုမိုကောင်းမွန်ပေတော့သည်။
စုတ်ချွန်းကလည်းသူ့အတွက်တစ်ခန်းရသဖြင့်
ခပ်သွက်သွက်ပဲအခန်းအတွင်းဝင်သွားလေသည်။
ဘာအကြံအစီရှိလဲတော့မသိပေ။လပ်တို့အဖွဲ့နားကို
တကောက်ကောက်လိုက်နေသောသူကချက်ခြင်းဆိုသလိုအခန်းထဲအောင်းနေပြန်သည်။
နားနေအခန်းမှာအခန်းကြီး၂ခန်းပါသောကြောင့်
လပ်ကတစ်ခန်းနေလိုက်ပြီးကျန်အခန်းကိုအသေးလေးနှင့်တုန်တုန်ကနေလိုက်ကြပါတယ်။
ခနနေတော့ အသေးလေးက ပါလာသည့်
တက်ပလက်ဖြင့် ဖျံဖက်တီးမလေးကိုဂိမ်းဆော့နည်း
သင်ပေးနေလေသည်။ဖျံဖက်တီးမလေးလည်း
မျက်လုံးလေးအဝိုင်းသားဖြင့်အသေးလေး၏
သင်ကြားမှုများကိုကြည့်ရှုကာခေါင်းတညိတ်ညိတ်လုပ်နေသည်။
လပ်ကိုမြင်သောအခါတွင် အမြန်ပြောတော့သည်။
"သခင်လေးဗိုက်မဝသေးဘူး စားစရာမှာပေးလို့ရမလား"
လပ်က အသေးလေးကိုပြောလိုက်တယ်
"အသေးလေးရေ သူကြိုက်တာကိုအရမ်းဈေးမကြီးရင်မှာပေးလိုက် အဝစားပါစေ"
"Yes sir"
စားသောက်ပြီးနောက် လပ်သူ့အခန်းကိုပြန်ကာ
သတင်းကြည့်လိုက်ပြီးနောက် နိုရာဆီကိုဖုန်းခေါ်လိုက်သည်။ဖုန်းမကိုင်ပေ ။စာတစ်စောင်တော့ပြန်ရောက်လာသည်။ဒီရက်ပိုင်းအတွင်းကန့်သတ်နယ်မြေကိုရောက်ရှိနေတာကြောင့်နောက်၅ရက်နေမှဖုန်းပြန်ဆက်မယ်ဟူသောမက်ဆေ့ကြောင့်
လပ် စိတ်အေးသွားလေသည်။
သိုင်းကွက်များကိုပြန်လည်လေ့ကျင်နေပြီး
ဂါထာအသစ်များကိုလည်းလေ့လာနေလိုက်သည်။
ဒီလိုနဲ့နောက်နေ့မနက်ကိုရောက်လာတော့သည်။
ဒီနေ့က ပြိုင်ပွဲကို မနက်၈နာရီစတင်မှာဖြစ်ပြီးတစ်ယောက်၂ပွဲဆီယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မနက်၇နာရီကျော်ကတည်းကပင် ပွဲကြည့်ပရိတ်သတ်များတဖွဲဖွဲရောက်လာနေသည်။
တချို့ကလည်း လောင်းကြေးဒိုင်ဖွင့်သောနေရာများကိုအပြေးအလွှားလောင်းနေကြသည်။
မနက်၈ နာရီထိုးခါနီးတွင် လပ်နှင့်ယှဉ်ပြိုင်သူများမှာ
ပွဲကြည့်နေရာတွင်ရောက်နေပြီဖြစ်လေသည်။
ဒင်
ဘဲလ်သံမည်သွားသည်။
ဒစ်ဂျစ်တယ်ဘုတ်ပြားတွင် ပြိုင်မည့်သူစာရင်းပေါ်လာလေပြီ။
အုမိခိ နှင့် လပ်
ဟေး
ပရိတ်သတ်လည်းပွဲဆူသွားသည်၊(သူတို့နှစ်ယောက်
အစောကြီးတွေ့တာပဲ ကြည့်ကောင်းမယ်ဟေ့)
လပ်နှင့်အုမိခိ တို့ကွင်းအတွင်းရောက်လာကြတယ်။
ဒီတစ်ခါတော့နှစ်ယောက်စလုံးလမ်းလျှောက်လာကြ
တာပါ။ဒိုင်လူကြီးက စလို့ရပြီလို့အော်လိုက်တယ်။
လပ်ကတော့အေးဆေးပဲမတ်တပ်ရပ်နေတယ်
အုမိခိက စတင်လိုက်ပါတယ်
ယား ဝှစ်
စိမ်းပြာရောင်စွမ်းအင်အလုံးကြီးကအုမိခိဆီက
ထွက်ပေါ်လာတယ် အဲ့အလုံးကြီးထဲမှာ ၂ပေ၃ပေ
၄ပေအစားစားရှိတဲ့ဓါးတွေအများကြီးကတွန်းကန်
လှုပ်ရှားနေပါတယ်။အဲ့ဓါးတွေဟာရုတ်တရက်
မိုးပေါ်ထောင်တက်သွားပါတယ်ပြီးတာနဲ့ချက်ချင်း
ကြီးမားတဲ့ဖိအားအစွမ်းနဲ့အတူ ဓါးတွေဟာ
လပ်၏ကိုယ်ပေါ်ကိုမိုးပေါက်များကျသလို
အစွမ်းကုန်ဆင်းချလာပါတယ်။
လပ်လည်းဂါထာရွတ်ပြီးရေတံတိုင်းနဲ့ကာလိုက်
တယ်။
ဝှစ် ဖတ်
ဖြောင်းဖောင်းဖောင်း
ဒါပေမဲ့ ၃ စက္ကန့်လောက်ကြာရင်ပဲ လပ်ရဲ့ရေတံတိုင်းဟာပြိုကွဲသွားလပ်ရှိရာကိုဓါးမိုးကြီးကဆင်းချလာပါတယ်။
ဝုန်း ချလွမ်
ကွင်းပြင်ရဲ့ကြမ်းပြင်ဟာအပေါက်ကြီးဖြစ်သွားပါတယ်၊လပ်ကိုကြည့်လိုက်တော့နေရာမှာမရှိတော့ပါဘူး၊ဟုတ်ပါတယ် လပ်ကမြေလျှိုးလိုက်လို့လွတ်သွားတာပါ။အုမိခိရဲ့ဓါးမိုးကရှေးဟောင်းဂျပန်လူမျိုးတို့ရဲ့နည်းစနစ်ပါ တော်တော်စွမ်းပါတယ်။
ဒါပေသည့် လပ်ကိုမမြင်တော့တာကြောင့်
အုမိခိက ဓါးအလင်းတစ်ခုကိုဖန်တီးပြီးလေထဲကို
ပစ်လွှတ်လိုက်ပါတယ်။
ယား ဝှစ် ကျလမ်ကျလမ်
လေထဲမှာစွမ်းအား၂ခုတိုက်သွားပြီး လပ်ပုန်းနေတဲ့နေရာလည်းပေါ်လာပါတယ်။လပ်က S4အဆင့်
ဓါးမောက်ကိုထုတ်ကာပြန်တိုက်လိုက်တာပါ။
အာကာသပိုင်းချက် လပ်ရဲ့နာမည်ကြီးအကွက်ပါ
ဓါးမောက်အရိပ်ကြီးက ဝှီးကနဲဖြတ်သွားကာ
လေထုကိုအလယ်ကနှစ်ပိုင်းခွဲလိုက်သလိုဖြစ်သွားပြီး
လမ်းတလျောက်မှာရှိတဲ့အရာအားလုံးအေးခဲသွားပါတယ်။အုမိခိက ဓါးရှည်တစ်ခုနဲ့အမြန်ကာလိုက်ပါတယ်။ချလတ် အား...
ဒါပေသည့်ထိုဓါးပါနှစ်ပိုင်းပြတ်သွားပြီး
သူရဲ့ရင်ဘတ်မှာကန့်လန့်ပြတ်အစင်းရာကြီးဖြစ်သွား
ဒူးထောက်ကျသွားပါတယ်။
"လပ်နိုင်တယ်"
ဒိုင်ကအမြန်အော်လိုက်ပါတယ်။အုမိခိက
ဂျပန်ရှေးဟောင်းလူမျိုးတို့ရဲ့ မျော်လင့်ချက်ပါ
သေသွားလို့မဖြစ်ပါဘူး။
"ဟေး လပ် လပ်ကွ"
"ငါပြောတယ် လပ်နိုင်မှာလို့ "
"အမ် အုမိခိက အစွမ်းကုန်မထုတ်သေးဘူးလေ"
"အမ် အစွန်းကုန်အသေအကြေပွဲကြည့်ချင်ရင်
စကြာဝဠာစာရင်းအဆင့်တင်ပွဲသွားကြည့်လေ"
အားပေးသည့်ပရိတ်သတ်များလည်း အချင်းများ
ငြင်းခုံနေကြလေတော့သည်။
ဆက်ရန်