← Chapters

ဖော်ကာရဲ့အံ့မခန်းလှံအစွမ်း

Vol. 8 Ch. 77

ဖော်ကာရဲ့အံ့မခန်းလှံအစွမ်း

Vol. 8 Ch. 77

အုမိခိနှင့်ပွဲပြီးနောက် လပ်တစ်ယောက်ကော့တေးလေးသောက်လိုက် စိတ်၀ိဥာဏ်သစ်သီးများစားလိုက်နှင့်အတော်ဇိမ်ကျကာ အခြားသူများရဲ့

တိုက်ပွဲများကိုဆက်လက်ကြည့်နေလိုက်တယ်။

ဖော်ကာနှင့် ဂျရတ် ဆင်ဒီနှင့်မိန့်မိန့်တို့က

အသီးသီးနိုင်ပွဲရသွားကာအကြိုဗိုလ်လုပွဲကို

ညနေယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။

ရုတ်တရက်မီးခိုးငွေ့များအနားတွင်ပေါ်လာသောကြောင့်လပ်တစ်ယောက်လှည့်ကြည့်လိုက်ရာ

စုတ်ချွန်းဖြစ်နေတော့သည်။

လပ်က နှာခေါင်းရှုံကာ ပြောလိုက်သည်

" ခင်ဗျားကလည်း မီးခိုးခေါင်းတိုင်ကြီးပဲ

ရောက်ရာနေရာမှာ တလူလူနဲ့"

စုတ်ချွန်းကစပ်ဖြဲဖြဲပြုံးကာ

" အဲ့ဒါအရေးမကြီးဘူး အီဖေကိုတော့ပြုတ်သွားပြီ

၂သောင်းတော့ရလိုက်တယ်"

"မင်း အကြံလေးမေးကြည့်တာ

ဘယ်သူ့ကိုဆက်လောင်းရမလဲ"

"နေပါဦး ခင်ဗျား က ကျနော်ပြောတဲ့အတိုင်းလောင်း

မှာမို့လို့လား"

"ဘယ်ဟုတ်မလဲ"

"မင်းကဘာမှမသိတာ ငါကမင်းပြောတာရဲ့

ပြောင်းပြန်လုပ်မလို့ကွ"ဟူ၍ပြောင်ချော်ချော်မျက်နာ

ဘေးဖြင့်ဆိုလေသည်။

"ဖော်ကာနဲ့ဆင်ဒီကိုသာ လောင်း သူတို့နိုင်မှာ"

လပ်ကမျက်နှာတည်တည်ဖြင့်ပြောလိုက်လေသည်။

ဟုတ်ပြီဆိုကာစုတ်ချွန်း တစ်ယောက်ဒိုင်များရှိရာဘက်ကိုခပ်သွက်သွက်လျောက်သွားလေတော့သည်။

ကျင့်ကြံသူများအဖို့ရွှေအမြုတေအဆင့်S3အဆင့်

ရောက်သွားလျှင် အစာစားဖို့နှင့်အညစ်အကြေး

စွန့်စရာမလိုတော့ပေ။အရေပြားမှတဆင့်

လေထုထဲသို့အော်တိုစွန့်ထုတ်သွားတော့လေ၏။

၆လ၁ခါ၁နှစ်၁ခါလောက်ကျမှသန့်ရှင်းရေးလုပ်ကြလေသည်။ကျင့်ကြံသူတို့ရဲ့အသားအရေများမှာ

စိုပြေ၀င်းမွတ်ကြပြီး၊သင်းပျံ့တဲ့အနံ့တစ်ခုရှိတတ်ကြလေသည်။သူတို့ကျင့်ကြံသည့်ပညာရပ်ပေါ်တွင်

လည်းမူတည်လေသည်။ထိုကဲ့သို့ကျင့်ကြံသူများသည် နေ့စဥ်အညစ်အကြေးစွန့်ထုတ်ရသော

သာမန်လူသားများအနီးတွင်မနေလိုကြပေ

လူသားများ၏ကိုယ်အနံ့များမှာသူတို့အတွက်

အလွန်ပုပ်စော်နံသောကြောင့်ဖြစ်လေသည်။

ထို့ကြောင့်ကျင့်ကြံမှုအဆင့်မြင့်သူများသည်

သာမန်လူသားများကို အိမ်ထောင်ဖက်အဖြစ်မရွေးချယ်ကြပေ။မိမိအသက်ကရှည်နေပြီး

သာမန်လူများကတော့ တဖြည်းဖြည်းအိုစာလာမယ်

မှာလား ၊မိမိချစ်သူများတဖြည်းဖြည်းအိုမင်းသေဆုံး

သွားရသည်ကိုကျင့်ကြံသူများကလည်းမတတ်နိုင်ပဲ

လက်ပိုက်ကြည့်နေရတာပဲဖြစ်ပါတယ်။

လူတိုင်းကမကျင့်ကြံနိုင်ကြဘူးလေ။

ထို့ကြောင့် မဖြစ်သေးသည့်သံယောဇဥ်ကို

မဖြစ်အောင်သာမန်လူများနှင့်ရင်းနှီးမိတ်ဖွဲ့ခြင်းများ

မလုပ်ကြတော့ပေ။

ထို့အတူ အတတ်နိုင်ဆုံးသာမန်လူသားများကို

လည်းရန်ပြုခြင်းမလုပ်ကြပေ။

ဒါကကျင့်ကြံသူများကြားထဲတွင်ရှိသောစည်းတစ်ခု

ဖြစ်လေတော့သည်။

ညနေ၃နာရီအချိန်ရောက်လာခဲ့ပေပြီ။

ညနေပိုင်းပွဲစဥ်အတွက်ယှဥ်ပြိုင်မည့်သူနှစ်ဦးကို

ဒစ်ဂျစ်တယ်ဘုတ်ပြားများတွင်ပြသထားလေသည်။

ဖော်ကာ နှင့် လပ်

လာရောက်ကြည့်ရှုသူများကလည်းသကြားခဲကို

ပုရွက်ဆိတ်များခဲသလို အုံးအုံးကျက်ကျက်

ဖြစ်နေလေ၏

လောင်းကစားဒိုင်များဘက်တွင်လည်းလူများစွာ

လောင်းကြေးတင်နေကြ၏။နာရီ၀က်ကြာရင်ပွဲစတော့မှာဖြစ်လေသည်။

ခပ်၀၀ဖျံမျက်နှာရှိသောမိန်းကလေးတစ်ဦးနှင့်

သူ့မပခုံးပေါ်တွင်ထိုင်နေသော

၈လက်မခန့်လူသေးသေးလေးတစ်ဦးလောင်းကြေး

ဒိုင်အခန်းတစ်ခုတွင်စာရင်းပေးနေသည်။

"လပ်နိုင်တဲ့ဘက်က UM200000 တင်တယ်

ရော့ဒီမှာပိုက်ဆံ" ဖျံဖက်တီးမလေးက စိတ်လှုပ်ရှားစွာအော်ဟစ်ပြောလိုက်သည်။

အသေးလေးနှင့်ဖျံဖက်တီးမလေးတို့မှာလပ်မသိ

အောင်တိတ်တိတ်ခိုး၍လာလောင်းကြခြင်းဖြစ်လေသည်။

ခနကြာတော့ ပွဲကြည့်စင်များတွင်လူများအပြည့်ဖြစ်နေပေပြီ။

လပ်သာအနိုင်ရရှိပါက ထိုးကြေး၏သုံးဆရရှိမှာဖြစ်ပါတယ်။ဖော်ကာရဲ့ကျင့်ကြံမှုကမြင့်မားပြီး

လှံအစွမ်းကလည်းထက်မြက်တာကြောင့်

အားလုံးကဖော်ကာနိုင်မည်ဟုထင်ကြေးပေးကြလေသည်။၃ဆကိုမက်မောကာ လပ်ဘက်ကလောင်းသူ

အနည်းငယ်ရှိလေ၏

ဒင် ဒင်

ပွဲစရန်အချက်ပေး ဘဲလ်သံမြည်လာသည်။

ရိပ်ခနဲ အရိပ်နှစ်ခုမှာစင်မြင့်ပေါ်တွင်ပေါ်လာသည်။

လပ်နဲ့ဖော်ကာတို့ ရောက်ရှိလာကြပေပြီ။

စလို့ရပြီ ဒိုင်ရဲ့အသံထွက်လာသည်။

ဒီတစ်ခေါက်လပ်က အရင်စတင်တိုက်ခိုက်လိုက်သည်

ချလပ် ၀ုန်း

ကြီးမားတဲ့ရေခဲလှိုင်းလုံးကြီးကဓါးမောက်ဖြတ်ခုတ်

လိုက်တဲ့နေရာမှထွက်ပေါ်လာကာ ဖော်ကာထံတိုး၀င်

သွားသည်

ဖော်ကာကတစ်ချက်ပြုံးလိုက်ပြီး သူ့၏လက်ထဲမှ

ရွှေရောင်လှံကိုအပေါ်သို့မြောက်ကာထိုးလိုက်သည်ရွှေရောင်မီးတောက်ကြီးတစ်ခုထွက်လာပြီး

ရေခဲ​လှိုင်းကိုတစဆီဖြစ်သွားစေပြီး

လပ်ရဲ့ ဓါးမောက်ကိုလှံအသွားနှင့်ထိုးမိသွားသည်

အုန်း

မိုးကြိုးပစ်သကဲ့သို့အသံကြီးဖြစ်သွားကာ

ကြည့်ရှုသူများရဲ့နားတွင်ထပ်တလဲလဲပေါ်ထွက်ဘာသည်။

ငရဲမင်းရဲ့နှုတ်ဆက်သံ

ဖော်ကာကသူရဲ့အစွမ်းထက်ဆုံးလှံသိုင်းကွက်ကိုထုတ်ဖော်လိုက်လေရာ လက်ထဲမှလှံမှာပျောက်သွားပြီး လပ်ရဲ့ဂွကြားအောက်မှပြန်ထွက်လာကာအပေါ်ကိုထောင်တက်တက်လာလေသည်။

လပ်သတိရှိနေ၍ပင်တော်တော့သည်။အမြန်ရှောင်

လိုက်သော်လည်း မေးဖျားကိုမဆိုစလောက်လေးခြစ်မိသွားပီးလပ်တစ်ယောက်မိုက်ခနဲဖြစ်ခါပေ၂၀ခန့်

အပေါ်ဘက်လွင့်တက်သွားလေသည်။

၀ှစ် ချလစ် အား

အမလေး လပ်သေပါပြီ

ပရိသတ်ထဲမှလပ်ကိုအားပေးသူများကစိုးရိမ်တကြီး

ဝိုင်းအော်ကြသည်။

လပ်ရဲ့မျက်စိထဲတွင် အမှောင်ဖုံးသွားသည်မှာ

၃စက်ကန့် ကြာသွားချိန်တွင် လေထဲတွင် မြောက်နေသောလပ်ကိုဖော်ကာကထပ်မံတိုက်ခိုက်လိုက်သည်။ထိုလှံချက်မှာအလွန်မြန်ဆန်သည်၊

လပ်၏ဘယ်ဘက်ဒူးကိုဖြတ်သွားတော့မည့်အချိန်တွင် လပ်၏ဘယ်ဘက်ရင်ဘတ်အတွင်းမှာအေးစိမ့်သည့်စွမ်းအားတစ်ခုထွက်လာလေသည်။ထိုစွမ်းအားသည်အလွန်

ကြောက်မက်ဖွယ်ကောင်းပြီး မမြင်ရသောလက်ကြီးကအနီးရှိလူများကိုခေါင်းမှဖိနင်းထားသလိုခံစားရလေသည်။လပ်ကိုတိုက်ခိုက်လိုက်သည့်ဖော်ကာမှာ

ရေခဲရုပ်ထုဖြစ်သွားကာတောင့်တောင့်ကြီးဖြစ်နေသည်။

"ဆရာကြီးသနားပါ ခွင့်လွတ်ပါ"

ဒိုင်လူကြီးမှာ အထိတ်တလန့်အော်ဟစ်လိုက်ပြီး

ဖော်ကာဆီသို့ပြေးသွားလေသည်။

လပ်ဆီက ထွက်လာသည့်စွမ်းအားမှာ၅စက်ကန့်ခန့်သာကြာမြင့်သော်လည်း

တိုက်ရိုက်ထိမိသည့် ဖော်ကာမှာတော့

ရေခဲများဖုံးလွှမ်းနေပြီးမလှုပ်ရှားနိုင်တော့ပေ။

၈စက်ကန့် အကြာတွင်လပ်

သတိပြန်၀င်လာပြီးကြည့်လိုက်သောအခါ

ဒိုင်က အော်ဟစ်လိုက်သည်

" လပ်နိုင်တယ်"

"မြန်မြန် ဖော်ကာကို ကုဖို့လူအမြန်ခေါ်ကြစမ်း"ဟု

ဘေးမှစည်းကမ်းထိန်းအဖွဲ့ကိုအော်ဟစ်ပြောဆိုလိုက်လေတော့သည်။

ညနေ တိုက်ပွဲများပြီးဆုံးသောအခါ

ဆင်ဒီနှင့်ဂျရတ်အနိုင်ရရှိပြီးနှစ်ဦးစလုံးဒဏ်ရာပြင်းထန်သောကြောင့်ဆက်မတိုက်နိုင်တော့ပေ

ဖော်ကာမှာလည်းသတိလစ်နေသောကြောင့်

လပ်တစ်ယောက်သာ အကောင်းတိုင်းကျန်နေတော့၏။

ဒိုင်နှင့်ကျင်းပရေးကော်မတီအဖွဲ့များ၏ဆုံးဖြတ်မှု

ဖြင့်လပ်တစ်ယောက်ကြောင်တောင်တောင်ဖြင့်

ပထမရရှိသွားလေတော့သည်။

လက်ရည်စမ်းပွဲ ပထမ

မာစတာလပ်

လူအများလည်းအငြင်းပွားဖွယ်ရလဒ်များကို

ဆွေးနွေးအော်ဟစ်နေကြပါတယ်။

"ဖော်ကာက အားလုံးထက်သာတာအသိသာကြီးပဲ"

"ဆင်ဒီက ဒဏ်ရာပြင်းလို့ကွ နို့မို့ဆိုသူနိုင်မှာ"

"ငါတို့ လပ်ရဲ့လျှို့ဝှက်စွမ်းအားကကြောက်စရာကြီး

အားလုံးခေါင်းတွေလေးပြီးဖိနှိပ်ခံလိုက်ရတာ

မင်းမတွေ့ဘူးလား "

"ဘာလိုဖြစ်ဖြစ် လပ်ဘက်ကငါလောင်းတာ

၅သိန်းရတယ် ဟားဟား

ထုတ်ပြီးရင် တိုက်ခန်းတစ်ခန်းသွား၀ယ်မလို့"

နိုင်သူပြုံး၍ ရှုံးသူများကတော့မျက်နှာပျက်နေကြလေတော့သည်။

လပ်လည်း ညနေပိုင်းတွင် ကျင်းပရေးအဖွဲ့မှ

ပေးအပ်သည့် ဆုငွေUM၂သန်းနှင့်S4 အဆင့်သို့

ရောက်ရှိရန်အထောက်အကူပြုသည့်စွမ်းအင်

သိပ်သည်းဆေး၁လုံးရရှိခဲ့လေသည်။

တကယ်တော့ လပ်ကိုကူညီခဲ့တာက သူ့ဆရာသွင်းပေးထားတဲ့သက်စောင့်စွမ်းအားသာဖြစ်လေသည်။သူဆိုးဆိုးဝါးဝါးထိခိုက်နိုင်သည့်အခြေနေတွင်

အမြဲထွက်လာနေကြပင်။

လပ်သင်ခန်းစာရသွားလေပြီ။

"အင်း ငါပေါ့ပြီးသတိလွတ်သွားတာပဲ

ဖော်ကာတို့မျိုးနွယ်ရဲ့လှံအစွမ်းက အံ့မခန်းပါလား"

"အခုကစပြီးသတိထားရတော့မယ်"

"ငါ့ရဲ့ဆရာအစွမ်းကိုလည်းစောင့်ရှောက်သူအဆင့်တွေက သတိထားမိသွားလောက်ပြီ"

လပ်တစ်ယောက် ရေရွတ်လိုက်မိတယ်။

တီတီ

[ဘကြီးဖြိုးဖုန်းဆက်လာပါတယ်

ကိုင်မလား ငြင်းမလား]

လပ်၀မ်းသာစွာနဲ့စနစ်ကိုဖွင့်လိုက်သည်။

"ဘကြီးဖြိုး နေကောင်းလား"

"အောင်မလေး ငါ့တူလေးဘယ်တွေရောက်

မင်းအဆင်ပြေတယ် ငါကြားရတယ်

၀မ်းသာလိုက်တာကွာ"

"ဟုတ်ကဲ့ ဘကြီးအဆင်ပြေပါတယ်

"ကျနော်ကျင့်ကြံသူဖြစ်နေပြီ

"နောက်ပိုင်းဂြိုလ်အနှံ့ခရီးတွေသွားနေရလို့

ကမ္ဘာမြေကို ဘယ်အချိန်ပြန်ရောက်မလဲမသိတော့ဘူး ဘကြီးရေ ဂရုစိုက်နော်"

"ကျနော် ပေးခဲ့တဲ့အသက်ရှုနည်းလည်းလေ့ကျင့်အုံး

အဲ့တာက နှစ်၅၀လောက်အသက်ပိုရှည်နိုင်တယ်ဗျ"

အေးပါကွာ လုပ်ပါတယ် ဒါပေမဲ့ မင်းဟာကြီးက

ခက်တယ်ကွ

ဘယ်ပဲရောက်ရောက်သတိအမြဲရှိပါစေငါ့တူ

နောက်ပြီး မိန်းမတော့ယူဖြစ်အောင်ယူကွာရှေးက

တရုတ်စကားပုံတစ်ခုရှိတယ်ကွာ

ငယ်တုန်းမိန်းမတစ်ယောက်ယူဖြစ်အောင်ယူပါတဲ့

ကောင်းတဲ့မိန်းမနဲ့တွေ့ရင်စိတ်ချမ်းသာမယ်

ဆိုးတဲ့မိန်းမနဲ့ရရင် မင်းပညာရှိဖြစ်လိမ့်မယ်တဲ့

ဟား ဟား

ဟုတ်ကဲ့ ဘကြီးရေ

တစ်ခုခုဆို ကွန်ယက်ကနေဆက်သွယ်လိုက်ပေါ့

ဘကြီးဖြိုးနှင့်၁၅မိနစ်ခန့်ပြောဆိုပြီးနောက်

အသေးလေးနှင့်ဖျံဖက်တီးမလေးတို့ဘာများလုပ်နေ

သနည်းသွားကြည့်ရာ လားလား အခန်းအတွင်း

များပြားသော စားသောက်ဖွယ်ရာများအကြားတွင်

ဖျံဖက်တီးမလေးမှာတစ်ခုပြီးတစ်ခုပါးစပ်ထဲ

ထိုးထည့်နေကာ အသေးလေးမှာတော့

ဂိမ်းခလုပ် ကိုကိုင်ကာခွေခွေလေးအိပ်ပျော်နေကြောင်းတွေ့ရလေတော့သည်။

လပ်လည်း good tomorrow ဟုရေရွတ်လိုက်ပြီး

အိပ်ခန်းဘက်လှည့်ကာအိပ်ရာ၀င်ခဲ့တော့လေသည်။

စာစဥ်၈ပြီး

၉ မကြာမှီလာမည်

[အခုထိသည်းခံအားပေးနေသောပရိတ်သတ်များကို

အထူးကျေးဇူးတင်ပါတယ်နော်]

All Chapters