← Chapters

တိုင်ကွန်း ဒယ်ဒီ

Vol. 80 Ch. 1189

တိုင်ကွန်း ဒယ်ဒီ

Vol. 80 Ch. 1189

Type R ၏ ခရီးသည်ထိုင်ခုံတွင် ဆေးသတ္တာ တစ်ခု ရှိသည်။

အနက်ရောင် ဝတ်နှင့်လူမှာ သာမန်လျှံကာ လှမ်းယူပြီး သေတ္တာကို ဖွင့်လိုက်၏။ သူ၏ အမူအရာမှာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတို့မှာ မိတ်ကပ်ဖန်တီးထားသည့်နှယ် သူ့အပေါ် မည်သို့မျှ သက်ရောက်မှု မရှိသကဲ့သို့ပင်။

ဆေးသတ္တာအတွင်းတွင် အမည်မသိ အမှုန့်များဖြင့် ပြည့်နှက်နေသည့် ဖန်ပုလင်းများစွာ ရှိနေသည်။

အနက်ဝတ်နှင့်လူမှ ဒုတိယအလွှာကို ဖွင့်လိုက်ပြီး ဆေးထိုးအပ်နှင့် ၁၀ မီလီ ဖန်ပုလင်းကို ထုတ်ယူလိုက်သည်။

ပုလင်း အဖုံးကို လက်ဖြင့် ချိုး၍ အတွင်းရှိ အရည်ကြည်များအား အပ်ဖြင့် စုပ်ယူလိုက်ပြီး ဘက်ဘက် လက်ရုံးကြွက်သားအတွင်းသို့ ထိုးသွင်းလိုက်၏။

ထိုးသွင်းပြီးနောက် သူ အပ်ကို လွင့်ပစ်လိုက်သည်။ ထို့နောက် သွယ်လျသည့် သူ၏ လက်ချောင်းများဖြင့် သွေးတိတ် ပေါင်ဒါအား လှမ်းယူလိုက်ပြီး အနာပေါ် ဂရုတစိုက်ဖြင့် ဖြူးကျဲလိုက်၏။ ထို့နောက် ပိတ်ကျဲ တစ်ချို့ထုတ်၍ ထူထူထပ်ပြီး အနာကို ပိတ်ဆိုထားလိုက်သည်။ ထို့နောက် သေချာစေရန် အနက်ရောင်တိပ်ဖြင့် ပိတ်ကျဲစကို ချုပ်ထားလိုက်၏။

အကြိုကုသမှုပြီးနောက် အနက်ဝတ်နှင့် လူမှာ ပိတ်ကျဲစကို တစ်ဖန် ပြန်သုံး၍ သူ၏ ခန္ဓာကိုယ်တစ်ဝိုက် သုံးလေးထပ် ရစ်ပတ်လိုက်ပြီး သွေးများ ထွက်ကျမလာနိုင်အောင် ပြုလုပ်လိုက်သည်။

ဖြစ်စဉ်တစ်ခုလုံးက ဆယ်မိနစ်ပင် မကြာမြင့်ပေ။

သို့သော် အနက်ဝတ်နှင့်လူကတော့ ထွက်ခွာရန် အလျင်လိုနေခြင်း မရှိဘဲ ထိုအစား လင်းရီထွက်ခွာသွားသည့်ဘက်သို့ လှမ်းမျှော်ကြည့်ရင်း အတွေးထဲ နစ်မြောနေတော့၏။

အပြင်ဘက်ရှိ ကောင်းကင်ယံမှာ လင်းတထက် လင်းစပြုလာနေသည်။ နေရောင်ခြည်က အနက်ဝတ်နှင့်လူ၏ မျက်နှာတည့်တည့်ကို လွှမ်းခြုံလာခဲ့သည်။ သူ၏ နှုတ်ခမ်းပါးတို့ အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း အသံကတော့ ထွက်လို့မလာချေ။

ထိုအခိုက်တွင် သူသည်က နေရောင်အောက်တွင် လှပ အနုပညာဆန်သည့် ပန်းချီကားတစ်ချပ်…

ဝိုင်ကောင်းတစ်ခွက်…..

သို့မဟုတ်

ကဗျာတစ်ပုဒ်ကဲ့သို့ပင်…။

ကလင် ကလင် ကလင်

ရုတ်ချည်း အသံမြည်လာသည့် ဖုန်းက ကားအတွင်း တိတ်ဆိတ်နေမှုကို ဖြိုခွင်းသွားခဲ့၏။

အနက်ဝတ်နှင့်လူမှာ သူ့ဘေးရှိ လက်မောင်းတင်သည့် နေရာနားမှ အဖြူရောင် ဘူးသေတ္တာကို လှမ်းယူလိုက်သည်။ ယင်းက လက်တဖဝါးစာမျှသာရှိသည့် ဖုန်းဘူးခွံပင်။

သူ ဖုန်းကို ညင်သာစွာဖြင့် ထုတ်ယူလိုက်၏။ ဖုန်းသည်လည်း ဝယ်ကာစ အသစ်အတိုင်း လက်ဗွေတစ်ချက်၊ ဖုန်တစ်စက်ပင် တင်ကျံမနေချေ။ ဖုန်း၏ နောက်ကျောတွင် မနှင်းဖြူနှင့် လူပုလေး ခုနစ်ယောက်၏ စတစ်ကာများကို ကပ်ထားပြီး အကုန်လုံးကလည်း ပြုံးရွှင်နေသည့် မျက်နှာထားဖြင့် ဖြစ်၏။

သူတို့အားလုံး ပျော်ရွှင်နေကြသည်။

မိသားစုကဲ့သို့ စည်းစည်းလုံးလုံး ပျော်ရွှင်မှုမျိုးဖြင့် ပျော်ရွှင်နေကြခြင်းပင် ဖြစ်ပါသည်။

အနက်ဝတ်နှင့်လူမှ ဖုန်းကိုင်လိုက်ပြီး ဖုန်းတစ်ဖက်ထံမှ အက်ရှရှ အသံတစ်ခုထွက်လာပေါ်လာခဲ့သည်။ သူ၏ လေသံက ခံစားချက် ကင်းမဲ့နေသည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေတော့၏။

“ မင်း ရခဲ့လား…”

အနက်ဝတ်နှင့်လူက ဘာမျှ ပြန်မပြောဘဲ စခရင် အောက်ခြေရှိ စောင်းဘောက်တည်နေရာကို နှစ်ချက် ခေါက်ပြလိုက်သည်။

ဖုန်းတစ်ဖက်ခြမ်း၌ အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့ပြီး အတော်ကြာပြီးနောက် ထပ်မံ၍ အသံထွက်ပေါ်လာခဲ့သည်။

“ ကောင်းပြီ… ပြန်လာခဲ့တော့…”

သူ ဖုန်းကို ပြန်ချလိုက်ပြီး လက်မောင်းတင်သည့် ခုံထဲမှ ဖြူဖျော့ဖျာ့ သမင် သားရေကိုယူ၍ ဖုန်းကို သေသေချာချာလေး ပြန်သုတ်တော့၏။

သူ့ပုံစံကြည့်ရသည်မှာ အင်မတန် အသန့်ကြိုက်သည့် ရောဂါဝေဒနာ တစ်ဦးအသွင် ပေါက်နေသည်။ အချိန်အတော်ကြာသည်အထိ ပွတ်တိုက်နေပြီး လက်ဗွေတစ်ချက် မထင်တော့မှ ဖုန်းဘူးခွံထဲ သေချာပြန်ထည့်ထားလိုက်၏။

ထို့နောက် ကားစက်နှိုး၍ မောင်းထွက်သွားခဲ့တော့သည်။

……………..

သုံးနာရီကျော်ကြာပြီးသည့်နောက် ဂျပန် စံတော်ချိန်မှာ မနက် ခုနစ်နာရီခွဲ ဖြစ်လို့ နေချေပြီ။

လေဆိပ်အနီး စားသောက်ဆိုင် တစ်ခုတွင် လင်းရီ ထိုင်နေလျက် စားရင်းသောက်ရင်းဖြင့် တစ်ဖက်ကလည်း ဖုန်းပြောနေခဲ့၏။

“ ငါတို့ ခုလေးတင် လေယာဉ်ပေါ်က ဆင်းတာ.. မင်းအခု ဘယ်မှာတုန်း…” လျိုဟုန်၏ အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

“ လေဆိပ်ရဲ့ ဧရိယာ C မှာ … အဲ့မှာ ရှောင်ချွင်ဟော်ဆိုတဲ့ ဆိုင်သေးသေးလေး တစ်ခု ရှိတယ်… လာပြီး အတွင်းဘက် အကျဆုံးကို ထွက်ခဲ့လိုက်… အဲ့မှာ ကျုပ်ကို မြင်လိမ့်မယ်…”

“ ကောင်လေး… မင်းက ဒီလောက် အရေးကြီး ပစ္စည်း ကိုင်ထားတာတောင် စားနိုင် သောက်နေနိုင်သေးတယ်ပေါ့… မင်းရဲ့ စိတ်အခြေအနေက တစ်ခုခုတော့ တစ်ခုခုပဲ…”

“ အစားအသောက်ဆိုတာ မရှိမဖြစ်ပဲလေ…. ခင်များတို့ လာမယ်မှန်းသိလို့ ကျုပ် ကြိုမှာထားပေးတယ်… ဒီကောင် အထက်လူကြီးတောင် ကောင်းကောင်း မဆက်ဆံဘူးဆိုတာတော့ လာမပြောနဲ့…”

“ မလိုဘူး မလိုဘူး.. မင်း ငါ့ကို ဘာမှ လုပ်ပေးစရာ မလိုဘူး… အဲ့မှာပဲ ငြိမ်ငြိမ်လေး ထိုင်ပြီး စောင့်နေပေး…”

မိနစ် နှစ်ဆယ်ခန့်ကြာပြီးနောက် လင်းရီ လျိုဟုန်၊ ချိုးယွီလော့နှင့် နင်ချဲ့တို့ အတူလျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။

သုံးယောက်လုံးက အလွန်သာမန်ဆန်စွာ ဝတ်စားထားခဲ့ကြလေသည်။ နင်ချဲ့၏ အဝတ်အစားများပင် ခြွင်းချက် မရှိချေ။

သို့သော်လည်း သူတို့၏ ကိုယ်ရောင်ကိုယ်ဝါကိုတော့ ဖုံးကွယ်လို့ငှာ မစွမ်းသာကြချေ။

စစ်ကောကဲ့သို့ - သူ၏ အဝတ်အစားကို မည်မျှပင် သာမန်ဆန်အောင် ဝတ်ဆင်ထားစေကာမူ လူတို့မြင်သည်နှင့် တစ်ပြိုင်နက် ရှန်းယာတောင်ထိပ်မှ အကဘုရင် ဖြစ်ကြောင်းကို ချက်ချင်း ပြောဆိုနိုင်သကဲ့သို့ အနှီသုံးယောက်အတွက်လည်း ထိုနည်းလည်းကောင်းပင်။

လျိုဟုန်က အပြာရောင် ရှပ်လက်တိုနှင့် မျှော့ပင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ သို့သော် သူ၏ ကိုယ်ရောင်ကိုယ်ဝါကတော့ ဂျပန်ရှိ နာမည်ကြီး လူကြမ်း အက်ရှင်မင်းသားတစ်ယောက်နှင့် သွားတူနေတော့၏။

သူ့ဘက်က စကား မပြောသရွေ့ အဆီရွှဲသည့် ဗိုက်နှင့် မျက်နှာပေါက်က ဂျပန်တစ်ယောက်အလားပင်။

ချိုးယွီလော့သည်လည်း အပြာရောင်ဂျင်းနှင့် AJ ဖိနပ်ကို စီးနင်ထား၏။ သူမ၏ အသွင်က လောကဓံအကြောင်း ဘာမျှ သိပုံမရသည့် နုနယ်အပြစ်ကင်းစင်သော အထက်တန်းကျောင်းသူလေးတစ်ယောက်ကဲ့သို့ပင်။

နင်ချဲ့ကတော့ အနက်ရောင် ဘောင်းဘီအပွနှင့် ပါးလွှသည့် မီးခိုးရောင်ရှပ်ကို ဝတ်ဆင်ထားပြီး နောက်ကျောဘက်ကတော့ သူမ၏ မို့ကိတ်ပြည့်တင်းနေသည့် တင်ပါးကို ဖုံးကွယ်ပေးထားလေသည်။ သူမကို လှမ်းကြည့်လိုက်သည်နှင့် လုပ်ငန်းကျွမ်းကျင်သည့် အမျိုးသမီး တစ်ယောက်ဖြစ်ကြောင်း သံသယရှိနေစရာ မလိုချေ။

သုံးယောက်သား ဆိုင်ထဲသို့ ဝင်လာသည်နှင့် လူတော်တော်များများမှာ ၎င်းတို့ကို ပေါ်တင်သော်လည်းကောင်း၊သွယ်ဝိုက်၍ သော်လည်းကောင်း အမျိုးမျိုး ငေးကြည့်နေကြသည်။ ထိုမျှမကသေး မနာလိုသည့် မျက်လုံးများဖြင့်လည်း မှတ်ချက် ကိုယ်စီ ပေးလိုက်ကြသေး၏။

ဆိုင်၏ အတွင်းဘက်ကျဆုံး နေရာကို ရောက်လာတော့ လျိုဟုန် လင်းရီကို ရှာတွေ့သွားခဲ့တော့သည်။

“ ကောင်လေး.. မင်းကိုယ်မင်း ဘယ်လို ပုန်းရမလဲ ဆိုတာတော့ ကောင်းကောင်းသိသားပဲ… မင်း ဒီရောက်နေတယ်ဆိုတော့ ငါတောင် တော်တော်လေး အံ့ဩသွားတယ်..” လျိုဟုန် ပြုံးစစဖြင့် ပြောလိုက်သည်။

“ အဓိကကတော့ ဂျပန်ကကောင်တွေက ကမ္ဘာကြီးကို မမြင်ဖူးကြတဲ့ကောင်တွေမို့လို့… အထူးသဖြင့် ကျုပ်ကို ငေးကြည့်နေကြတဲ့ ကောင်မလေးတွေပေါ့… ခုနလေးတင် ကျုပ်နဲ့ အတူ ထမင်းစားဖို့ဆိုပြီး ဖုန်းနံပါတ်တောင် လာပေးသွားကြသေးတယ်… အမှန်အတိုင်း ပြောရရင် တော်တော်လေး ဒုက္ခရောက်တယ်… ဒါကြောင့်မို့ ဒီဘက် ရွေ့လာလိုက်တာ…”

“ အမှန်ပဲ… ဒီကောင်တွေ ကြည့်ရတာ ရေတွင်းထဲက ဖားသူငယ်ကျနေတာပဲ…” လျိုဟုန် ဘေးနားဖြတ်သွားသည့် လူများကို ကြည့်လျက် မှတ်ချက်ပြုလိုက်ရင်း “ ငါ ဒီထဲ လှမ်းလာပါပြီ ဆိုကတည်းက ငါ့ကို စိုက်ကြည့်နေကြတာ ငါတောင် ဖိန်းတိန်းတိန်းဖြစ်လာပြီ… ကြည့်ရတာ အရွယ်သာ အိုသွားတယ် ငါ့ဆွဲဆောင်နိုင်စွမ်းတွေကတော့ မကျသွားသေးတဲ့ပုံပဲ…”

ချိုးယွီလော့ ထို အဘိုးကြီးကို မျက်လုံးလှန်ကြည့်လိုက်၏။

သောက်အဘိုးကြီးကတော့ ကိုယ့်ငါးချဉ်ကို ချဉ်နေပြန်ပြီ…

“ အဲ့စကားမပြောနဲ့ … ကျုပ်တို့ချင်းက တူတာမဟုတ်ဘူး..”

“ ဘယ်လို မတူတာ…”

“ အဲ့လူတွေ ကျုပ်ကို ငေးကြည့်တယ်ဆိုတာ ကျုပ်က ခန့်ညားလို့ …. သူတို့ ခင်များကို ငေးကြည့်နေကြတယ်ဆိုတာ ခင်များက ချမ်းသာလို့ပဲ…”

“ သောက်ရေးမပါတာ… ငါ့ ဘောင်းဘီနဲ့ အင်္ကျီဒီဇိုင်းကိုလဲ သေချာကြည့်ဦး… အကုန်လုံးပေါင်းလို့ ယွမ်တစ်ထောင်တောင် မရှိတာကို ငါလချီးကို ချမ်းသာပါလား…”

“ ကျုပ် ပြောချင်တာ အဲ့သဘောမျိုး မဟုတ်ဘူးလေ…”

လင်းရီ ချိုးယွီလော့နှင့် နင်ချဲ့ကို လက်ညိုးညွှန်ပြလိုက်ပြီး “ ဒီဆိုင်ထဲက လူတွေ ခင်များကို တိုင်ကွန်း ဒယ်ဒီကြီးလို ကြည့်နေကြတာ… ခင်များက အလှလေးနှစ်ယောက်ကို ခြံရံပြီး လာခဲ့တော့ ဆိုလိုချင်တာ ခင်များက ချမ်းသာတဲ့လူဆိုတာပဲ…”

“ ခစ်ခစ် ခစ်ခစ်….”

နင်ချဲ့ ဆိုင်ထဲတွင် ကျယ်လောင်စွာ ရယ်မောပစ်လိုက်၏။ သူမ၏ ရင်ဘက်ကြီးများဆို တုန်ချိချိ ဖြစ်လို့နေသည်။

“ ဘော့စ်လျိုကို ကြည့်လိုက်ရင် တကယ်ကြီး ချမ်းသာတယ်လို့ ထင်ရတယ်.. ဟားဟား….”

လျိုဟုန်၏ မျက်နှာ အနည်းငယ် နီရဲသွားခဲ့ပြီး စကားလမ်းကြောင်း လွှဲလိုက်တော့၏။ “ ပစ္စည်းက ဘယ်မှာလဲ…”

စားပွဲအောက်တွင် လင်းရီ လက်ဆွဲသေတ္တာကို ကန်၍ လျိုဟုန်ထံ တွန်းပို့ပေးလိုက်သည်။

လျိုဟုန် ထိလည်း မထိသလို ချက်ချင်းလည်း ကောက်မယူသေးချေ။

ဤသည်က လူအများ သွားလာသည့် နေရာဖြစ်သဖြင့် သူတို့ကို ထောက်လှမ်းနေကြသူများ မရှိဟု မပြောနိုင်ပေ။

“ ရွှေနက်ကော်ပိုရေးရှင်းကလူတွေ ဂျပန်လာမယ်ဆိုတာ မင်း ဘယ်လိုလုပ်ပြီး သိလဲ… “ လျိုဟုန် လေသံဖျော့ဖျော့ဖြင့် မေးမြန်းလိုက်၏။ တစ်ချိန်တည်းတွင် သူ စားသောက်ရင်းဖြင့် သူ၏ အပြုအမူများကို ဖုံးကွယ်လျက်ရှိသည်။

“ ဒီတိုင်း တိုက်ဆိုင်သွားရုံပါပဲ..”လင်းရီ ပြောလိုက်ပြီး “ အရင် ကျုပ်တို့ သုံးယောက် ဂျင်မီကို စစ်ဆေးမေးမြန်းတုန်းက အရေးပါတဲ့ သတင်း အချက်အလက် တစ်ချို့ ရခဲ့တယ်လေ… အမေရိကားကလွဲရင် ဒီလူတွေ အလဲအလှယ်ပြုဖို့ ဖြစ်နိုင်ချေ အများဆုံးက ဂျပန်ပဲ… လတ်တလော အမေရိကားက တော်တော်လေး တင်းကြပ်ထားတော့ ဒီကောင်‌တွေ ဂျပန်လာရုံကလွဲပြီး ရှိမှာ မဟုတ်ဘူး… “

“ အဲ့ဒီအချိန် ဖြစ်ချင်တော့ ကျုပ်ရဲ့ ကုမ္ပဏီကလည်း ဂျပန်ကို ခရီး သွားဖို့ စီစဉ်ထားတယ်… အဲ့တာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဒီလိုက်လာခဲ့တာ တကယ်ကြီး ဒီကောင်တွေနဲ့ ပက်ပင်းလာတိုးမယ်လို့တော့ ထင်မထားဘူး..”

“ ကျုပ်ထင်တာ မမှားဘူးဆိုရင် ဒီရဲ့ ကျောက်တုံးက အသင်း ၁ ဆီကနေ ယူသွားတဲ့ ကျောက်တုံးပဲ ဖြစ်လောက်တယ်… ကျုပ် ချိန်ကြည့်ပြီးပြီ… တကယ်ကြီး နှစ်ကီလိုလောက်ရှိတယ်…”

သုံးယောက်လုံး၏ အမူအရာမှာ ချက်ချင်း အေးစက်သွားခဲ့တော့သည်။ လျိုဟုန်ဆို ပို၍ပင် အကျည်းတန်လာခဲ့တော့၏။

“ မင်း အဲ့ ရွှေနက်ကော်ပိုရေးရှင်းကကောင်တွေကို ဘယ်လို လုပ်လိုက်လဲ…”

“ ဒီတစ်ခေါက် အသင်းကို ဦးဆောင်လာတဲ့သူက အယ်လက်ဆာနဲ့ သူ့ရဲ့ နောက်လိုက် လေးယောက်… ကျုပ်လည်း အစကတော့ သူတို့ကို မသတ်ချင်ပါဘူး… ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တွေးကြည့်လိုက်ရင် တစ်ဖွဲ့တည်းသားချင်းတွေပဲလေ… အဲ့တာနဲ့ပဲ ကျုပ် လက်စတုံးပေးလိုက်တယ်…”

“ အယ်လက်ဆာအတွက်ကတော့…. အဲ့မိန်းမက တကယ် မလွယ်ဘူး… ကျုပ် သူ့ကို အနိုင်ပဲ ယူလို့ရတယ်… မသတ်နိုင်ဘူး… နောက်ဆုံး ထွက်ပြေးသွားခဲ့တာပဲ…”

All Chapters