← Chapters

သေခြင်းတရားက လက်ခံနိုင်ဖို့ ခက်ခဲတဲ့ ရာဇသံ

Vol. 80 Ch. 1190

သေခြင်းတရားက လက်ခံနိုင်ဖို့ ခက်ခဲတဲ့ ရာဇသံ

Vol. 80 Ch. 1190

“ အဲ့လောက်ဆိုရင်ကို လုံလောက်ပြီ…”

လျိုဟုန် လင်းရီကို ထို့ထက်ပိုပြီးလည်း မမျှော်လင့်ထားခဲ့ချေ။ ထိုလူ သုံးလေးယောက်လောက်ကို လင်းရီ အသက်ခြွေနိုင်ခဲ့သည် ဆိုပါက သူ ကျေနပ်၏။

ထို့ပြင် သူ အယ်လက်ဆာ၏ အဆင့်ကိုလည်း ကောင်းကောင်းသိသည်။ သူမက လွယ်လင့်တကူ ကိုင်တွယ်၍ မရသည့်သူပင်။

“ မင်း ဒဏ်ရာတွေ ဘာတွေတော့ မရသွားဘူးမလား…”

လျိုဟုန် မေးမြန်းလိုက်၏။

“ သက်ကြားအိုကြီး… ခင်များ ဒီရောက်တာ ဘယ်လောက်ကြာပြီတုန်း… ခုမှ ဒီစကား မေးရကောင်းမှန်း သိတယ်ပေါ့..” လင်းရီ ပြင်းထန်စွာ ဝေဖန် ပြစ်တင်လိုက်တော့၏။

“ မင်း အတွေးလွန်နေလို့ပါကွာ…” လျိုဟုန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ တကယ်လို့ မင်း ထိခိုက် ဒဏ်ရာတွေ ရသွားတယ်ဆိုရင် ငါ ပထမ အဆင့် သူရသတ္တိတံဆိပ် တောင်းပေးမလို့ပဲ… တကယ်လို့ မရဘူးဆိုရင်တော့ ဒုတိယအဆင့်ပေါ့…”

“ အာ… ဒါပေါ့.. ကျုပ် ဒဏ်ရာ မရဘဲ နေမလား… ကျုပ် ခန္ဓာကိုယ် တစ်ခုလုံးကို အရှိုးရာတွေနဲ့ … ကျုပ်ကို ပထမအဆင့် ဝန်ဆောင်မှုနဲ့မှ မဖြေသိမ့်ပေးဘူးဆိုရင် ကျုပ် သေသွားလိုက်ရုံပဲ… “

“ သောက် ပေါက်တတ်ကရတွေ လာမပြောစမ်းနဲ့…” လျိုဟုန် ကြမ်းပြင်ရှိ အနက်ရောင် လက်ဆွဲသေတ္တာကို လှမ်းယူလိုက်ပြီး “ ခု ဒီလောက်ပဲ… ငါတို့ အရင်ပြန်နှင့်ပြီ… တကယ်လို့ တခြား ကိစ္စတွေ ရှိလာရင် နောက်မှ ထပ်ပြောကြစို့…”

“ ကောင်းပြီလေ… ကျုပ် ဖုန်းဆက်လိုက်မယ်…”

“ ဘော့စ်… ကျွန်မတို့ ဒီလို အပြင်ထွက်ရဖို့လည်း ခဲယဥ်းတယ်… ဒီတော့ ရှင်နဲ့ ပြန်မလိုက်သေးဘူး… ပြီးတော့ ရှင့်ဘေးမှာ လူတွေ အများကြီးလည်း ပါလာတယ်မလား…” နင်ချဲ့ မှ ပြောလိုက်သည်။

လျိုဟုန် သူ့ဖုန်းဖွင့်၍ အချိန်နှင့် ရက်စွဲကို ကြည့်လိုက်ရင်း “ ကောင်းပြီလေ… ဒါပေမယ့် တစ်သက်လုံးတော့ နေမသွားနဲ့ဦးပေါ့… သုံးလေးရက်လောက် ပျော်ပြီးရင် ပြန်လာခဲ့… အခု လူသစ်ခေါ်ယူတဲ့ ပွဲတွေက စနေပြီ… မင်းတို့တွေ ရှိနေဖို့ လိုတယ်…”

“ ပြဿနာ မရှိဘူး.. လိုအပ်ရင် ဖုန်းတစ်ချက်သာ ဆက်လိုက်… အရောက်လာခဲ့ပေးမယ်…”

အကယ်၍ အနက်ဝတ်နှင့် လူသာ ပေါ်မလာခဲ့ဘူးဆိုပါက လင်းရီ နင်ချဲ့ နှင့် ကျန်သူများ ဤနေရာတွင် နေမည်ကို စိတ်ပူမိပေလိမ့်မည်။

သို့သော် လေယာဉ်နှင့် ခရီးထွက်လာတာ ဖြစ်သည့်အတွက် သူ့ဖို့ နောက်တစ်ကြိမ် ပြန်ပေါ်လာရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ထို့ပြင် လျိုဟုန်လည်း ရှိနေမှာ ဖြစ်သည့်အတွက် မျှော်လင့်ထားသည့် တစ်စုံတစ်ရာတို့ ဖြစ်ပျက်လာနိုင်ချေ အင်မတန်နည်းသည်။

အကယ်၍ မတော်တဆ တစ်ခုခု ဖြစ်ပျက်လာခဲ့လျှင်ပင် အနက်ဝတ်လူနှင့် သက်ဆိုင်ခြင်း ရှိမှာ မဟုတ်ဘဲ လင်းရီသည်လည်း အပြစ်မှ လွတ်ကင်းပေမည်။

စားသောက်ပြီးနောက် သူ ငွေရှင်း၍ အပြင်သို့ ထွက်လာခဲ့၏။

ကျုံးဝေ့တပ်ဖွဲ့၏ အခြား အသင်းဝင်များမှာ လေဆိပ်၏ ထွက်ခွာသည့် နေရာ၌ စောင့်ဆိုင်နေကြောင်းကို လင်းရီ မြင်တွေ့လိုက်ရသည်။ သို့သော် အကုန်လုံးက ဟိုနား တစ်ယောက် ၊ ဒီနား တစ်ယောက်နှင့် ပျံ့ကျဲနေပြီး အချင်းချင်း မသိသလို ပြုမူလျက် ရှိကြ၏။

သို့သော် သူတို့ ထွက်လာသည်ကို မြင်တော့ အကုန်လုံးက လှမ်းကြည့်လာကြပြီး နောက်ထပ် ညွှန်ကြားချက် အသစ်ပေးမည်ကို စောင့်ဆိုင်းနေကြလေသည်။

နင်ချဲ့ ကျန်းချင်ကို အကြည့်တစ်ချက် ပေးလိုက်၏။ တစ်ဖက်သူမှာ ခေတ္တမျှ စိတ်ရှုပ်ထွေးသွားပြီး အလျင်အမြန်ပဲ ပြန်လည် တုံ့ပြန်လာခဲ့ကာ နင်ချဲ့ဘေးနား လျှောက်လှမ်းလို့ လာခဲ့သည်။

“ အစ်မနင် … ကျွန်မကို ရှာနေတာလား…”

“ ငါတို့ ပစ္စည်း ရပြီးပြီ… သူတို့ဘာသူတို့ ပြန်ပါလေ့စေ… တို့ကတော့ ဂျပန်ရောက်တုန်း ခေတ္တ ပျော်ပါးသွားကြစို့…”

“ အာ… ဖြစ်ပါ့မလား… ကျွန်မမှာ ပြီးအောင် လုပ်ရမယ့် မစ်ရှင်ကလည်း ရှိသေးတာ.. အဲ့တာ ပြီးမှ ပြန်လာလိုက်မယ်လေ…”

ကျန်းချင်မှာ လူသစ် တစ်ယောက်ဖြစ်သည့်အတွက် နင်ချဲ့ကဲ့သို့ လုပ်ချင်ရာကို မလုပ်ဝံ့ပါချေ။

“ နင့် အစ်ကိုကြီးလင်းက သူ့ဇနီးကို အဖော်လုပ်ပေးဖို့ ဂျပန်ကို အပန်းဖြေ ခရီး ထွက်လာခဲ့တာတဲ့လေ… အဲ့တော့ သူ့နားကနေ အလကား ဂုန်းဆင်းကြစို့… နောင်ကျ ငါတို့ချည်းသပ်သပ် လာပြန်ရင်လည်း ပျော်ဖို့ ကောင်းမှာ မဟုတ်ဘူး…”

“ အစ်မနင်က အစ်ကိုကြီးလင်းနဲ့ လျှောက်လည်ချင်လို့ ဒီလိုတွေ ပြောနေတာမလား…” ကျန်းချင် အပြုံးတစ်ပွင့်ဖြင့် မေးမြန်းလိုက်သည်။

“ ဟုတ်တယ်… နင့်အစ်ကိုကြီးလင်းမှာ လှည့်ကွက်တွေက အများကြီးလေ… သူက ပျော်ဖို့ ပါးဖို့ဆို နင်တို့ထက်ပိုပြီး အတွေ့အကြုံများတယ်…”

ချိုးယွီလော့ “ ….. “

ကျန်းချင် “ ….. “

အချင်းချင်း ဆောင်ရွက်ရမည့် တာဝန်များကို ခွဲဝေပြီးနောက် လူတိုင်းမှာ လမ်းခွဲလိုက်ကြသည်။

သို့သော် မထွက်ခွာမီ လင်းရီ လေဆိပ်မှ ဖုန်းနှင့် ဆင်းကတ်တစ်ကတ် ဝယ်ပြီး ယာယီ အသုံးပြုရန် ရည်ရွယ်ထားလိုက်သည်။

“ ဒါ ဘယ်လို အခြေအနေကြီးတုန်း… ငါတို့က ဆာကူရာမြေ ရောက်နေတာတောင် နင်က ကိုယ်တိုင်မောင်းဖို့ ကားမငှားဘူးပေါ့… တက္ကစီကြီးတဲ့လား…” နင်ချဲ့မှ မေးမြန်းလိုက်သည်။

“ လှုပ်ရှားလို့ အဆင်ပြေအောင်လို့လေ… မဟုတ်ရင် လွယ်လွယ်ကူကူနဲ့ သူများတွေ ရိပ်မိကုန်လိမ့်မယ်…”

လင်းရီ ပြောသည်ကို နားထောင်ပြီးနောက် သုံးယောက်လုံး သတ္တုရိုင်းများအကြောင်း ပြန်အမှတ် ရသွားခဲ့ကြသည်။

“ အစ်ကိုကြီးလင်းက အံ့အားသင့်စရာပဲ.. ဒီတစ်ကြိမ်နဲ့ဆို နောက်ထပ် ဒုတိယအဆင့် သူရသတ္တိ တံဆိပ် တစ်ခု ရတော့မယ်.. ကျွန်မတို့ဆို တစ်သုတ်တည်း လာတာတောင် ရှင်က အခုဆို သူရသတ္တိ တံဆိပ်နှစ်ခုနဲ့ အသင်းခေါင်းဆောင်တောင် ဖြစ်နေပြီ…” ကျန်းချင် လေးစား အားကျ ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“ ငါဆို ဘယ်လိုလုပ်မှာ… တပ်ဖွဲ့ထဲ နေလာတာ သုံးနှစ်ကျော်ပြီ… ဒါတောင် အသင်းခေါင်းဆောင်ပဲ ဖြစ်သေးတယ်… ဆုတံဆိပ်ဆိုတာ ဘယ်ဆီနေမှန်းတောင် မသိသေးဘူး…” ချိုးယွီလော့မှ ထပ်ဖြည့်ပြောလိုက်ပြီး

“ နှိုင်းယှဉ်ကြည့်လိုက်ရင် တကယ်ပဲ သေချင်စိတ်တောင် ပေါက်တယ် သိလား…”

ချိုးယွီလော့ ယခု တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူသစ်ခေါ်ယူမည့် စီမံကိန်းကို ထောက်ခံနေချေပြီ။

သာမန်အခြေအနေအောက်တွင် အကယ်၍ ရန်ကွမ်းရှ၏ ထောက်ခံမှုကြောင့်သာ မဟုတ်ပါက ကျုံးဝေ့တပ်ဖွဲ့မှာ လင်းရီကဲ့သို့ ပါရမီရှင် လူတစ်ယောက်ကို ခေါ်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ယခု တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူသစ်ခေါ်ယူမည့် စီမံကိန်းကြီး စတင်လိုက်တော့ ခေါ်ယူလိုက်သည့် လူများထဲတွင် အရည်အချင်း ရှိသူ မည်မျှ ပါဝင်နေမည်ကို မည်သူက သိနိုင်လိမ့်မည်နည်း။

အကယ်၍ လင်းရီကဲ့သို့ ပါရမီရှိသူ ပါလာခဲ့လျှင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

“ စကားမစပ် ခုလေးတင် ဘော့စ်လျိုပြောတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တပ်သားသစ်တွေ ခေါ်ယူမယ့် ကိစ္စ ပြောတာ ကြားမိပါတယ်.. အခြေအနေ ဘယ်လိုရှိလဲ….”

“ ကြေညာချက်တော့ ထုတ်ပြီးသွားပြီ… ရလဒ်တွေလည်း တော်တော်လေး ကောင်းတယ်လို့တော့ ကြားတာပဲ… ဒါပေမယ့် ခရီးကတော့ ထင်သလောက် လွယ်ကူမနေဘူးပေါ့…” ချိုးယွီလော့ ပြောလိုက်သည်။

“ ဒါက တရားဝင် လုပ်ဆောင်နေတာကိုပဲ ဘာတွေ လွဲချော်စရာ ရှိသေးလို့…” လင်းရီ မေးမြန်းလိုက်ပြီး “ ယှဉ်ပြိုင်မယ့်သူတွေကသာ မငြင်းဆန်သရွေ့ ဘာပြဿနာမှ မရှိဘူး မဟုတ်လား…”

“ အမှန်ပဲ.. ဒါပေမယ့် တိုက်ပွဲ စွမ်းရည်အတွက် တန်းထျန်မူလအားကို လေ့ကျင့်ကြတဲ့ မိသားစုကြီးတွေက အများကြီးပဲလေ… ကျုံးဝေ့တပ်ဖွဲ့က ဒီလိုမျိုး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါ်ယူမယ်ဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားကို အနည်းနဲ့အများ ထိခိုက်စေသလို ဖြစ်တာပေါ့… ဒါကြောင့်မို့လည်း မကျေမနပ် ဖြစ်နေကြတာ…”

“ အဲ့မိသားစုတွေကလည်း အရင်က ကျုံးဝေ့တပ်ဖွဲ့ အဖွဲ့သားဟောင်းတွေပဲ မဟုတ်ဘူးလား..”

“ ၇၀ ရာခိုင်နှုန်းကျော်လောက်ကတော့ ဟုတ်တယ်… မဟုတ်ဘူး ဆိုရင်တောင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ လေ့ကျင့်ရေး သင်တန်းဆင်းတွေချည်းပဲ…” ချိုးယွီလော့ သူမ၏ ဆံပင်ကို ပြုပြင်ရင်း လင်းရီကို ရှင်းပြလိုက်ပြီး “ ဒါပေါ့ … ခြွင်းချက်ဆိုတာတော့ အမြဲတစေ ရှိစမြဲပဲလေ… တချို့ သူတွေရဲ့ အမွေ ဆက်ခံရရှိတဲ့ နည်းစနစ်တွေက တကယ့်ကို သန်မာကြတယ်… နင့်လိုမျိုး ကိုယ့်ဘာကိုယ် လေ့ကျင့်ကြတဲ့ သူတွေပေါ့… အဲ့လူတွေက သိပ်ကို အင်အားကောင်းကြတာ…”

လင်းရီ နှုတ်ခမ်း တွန့်ကွေးသွားပြီး “ ဒီတော့ အရင်တုန်းက ကျုံးဝေ့တပ်ဖွဲ့ ရန်ကျင်းမှာပဲ တပ်သားစုဆောင်းခဲ့တယ်ဆိုတာ မိသားစုကြီးတွေနဲ့ ရန်မဖြစ်ချင်လို့ပေါ့ … ဟုတ်လား…”

“ အင်း… အနည်းနဲ့ အများပေါ့… ငါတိုရဲ့ ဒေသတစ်ခုတည်း ခေါ်ယူတာက ကျုံးဝေ့တပ်ဖွဲ့ရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးဖို့ လောက်ငှပါတယ်… “ ချိုးယွီလော့ ရှင်းပြလိုက်ပြီး “ ဒါပေမယ့် အသင်း ၂ နဲ့ ၃ က တစ်သင်းလုံးနီးပါး အထိနာခဲ့ပြီးမှ နင့် အသင်း ၁ ရဲ့ နှုတ်ထွက်မှုပါ ထည့်ပေါင်းလိုက်တော့ ကျုံးဝေ့တပ်ဖွဲ့က လုံး၀ကို လူအင်အား မရှိဘူး ဖြစ်နေတာ... ဒါကြောင့်မို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တပ်သားသစ်တွေ စုဆောင်းရတော့တာပေါ့..."

" ဒါပေမယ့် အဲ့လိုမျိုး မိသားစုကြီးတွေက ကန့်ကွက်လို့ ရတယ်ပေါ့... " လင်းဂီ နားမလည်စွာ မေးမြန်းလိုက်ရင်း " အဲ့လိုလုပ်တာက နိုင်ငံကို ဆန့်ကျင်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား... "

" သေချာပေါက် ဘယ်ဟုတ်မှာလဲ... နင် နားလည်ထားရမှာက ရေက ကြည်လွန်းနေပြန်ရင်လည်း ငါးတွေ မနေဘူးဆိုတာပဲ... "

လင်းရီ ခေါင်းညိမ့်လိုက်သည်။ ထို သဘောတရားကို သူ နားလည်သည်။

သမိုင်းကို ပြန်လှန်ကြည့်လိုက်မည် ဆိုပါက ကျုံးဝေ့တပ်ဖွဲ့ထံမှ လေ့ကျင့်ပြီး သူတိုင်းသည် နိုင်ငံအတွက် သေခြင်းရှင်ခြင်း အတွေ့အကြုံများကို ဖြတ်ကျော်၍ အကျိုးပြုပေးလာခဲ့သူချည်းသာ ဖြစ်သည်။

ကမ္ဘာကြီးနှင့်အတူ လိုက်လျောညီထွေ နေထိုင်ပြီး ခေတ်ရေစီးကြောင်းအတိုင်း မျှောလိုက်သွားသည်ကသာ ရှေ့သို့ တက်လှမ်းရမည့် မှန်ကန်သည့် နည်းလမ်းပင်။

" သူတို့ရဲ့ ကန့်ကွက်မှုက အကြုံးမ၀င်ဘူးဆိုပေမယ့်လည်း ကန့်ကွက်တာတော့ ကန့်ကွက်ရမှာပဲလေ.. ဒါက သူတို့ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်သလို ဖြစ်နေတာကိုး... ဒီတော့ ကိုယ့်အတွက်ကိုယ် တိုက်ခိုက်ရမှာပဲ... "

" ဒီတိုင်း အသေးစား အဖျက်အမှောင့်တွေလောက်ပဲ လုပ်ရဲမှာပါ... လွန်လွန်ကျွံကျွံကြီးတွေတော့ မလုပ်ရဲလောက်ကြပါဘူး... "

" အဲ့တာတော့ သေချာတယ်... သူတို့လည်း ကျုံးဝေ့တပ်ဖွဲ့က ဘယ်လို ရပ်တည်နေပြီး အခြေအနေက ဘယ်လို ပြင်းထန်နေလဲဆိုတာကို နားလည်တယ်... " ချိုးယွီလော့ ပြောလိုက်ပြီး " ဒါပေမယ့် ခက်တာကလည်း ကျုံးဝေ့တပ်ဖွဲ့က အသေအပျောက်များတဲ့ တပ်ဖွဲ့ ဖြစ်နေတယ်... လူ ငါးဆယ်ရာခိုင်နှုန်းအောက်ကပဲ ရှင်လျက် ပြန်လာနိုင်ချေရှိတယ်... ဒါကလည်း လူသစ်တွေကို ခေါ်ယူတဲ့နေရာမှာ ပိုပြီး ခက်ခဲသွားစေတာပဲ... "

" အင်း... မှန်တာပဲလေ.. ဘယ်သူက သေချင်မှာမို့လို့... " လင်းရီ ခေါင်းညိမ့်လိုက်ပြီး " ငါတို့တုန်းက စစ်ဆေးမှု အောင်မြင်တဲ့ လူ ၁၂ ယောက်ရှိတာကို နောက်ဆုံးကျ လေးယောက်တည်း ကျန်ခဲ့တာ မလား... သေခြင်းတရားဆိုတာ မလွှဲဖယ်သာပေမယ့် လူတိုင်းက လက်ခံဖို့ ခက်ခဲကြသာချည်းပဲ..."

" အမှန်ပဲ... ဒီလိုမျိုး တိုက်ခိုက်ရေး နည်းစနစ်ကို တတ်ကျွမ်းသူတိုင်းက တမူထူးခြားတဲ့ နောက်ခံကနေ ဆင်းသက်လာကြတဲ့သူတွေ ခပ်များများဆိုတော့ သက်တောင့်သက်သာ နေထိုင်တဲ့ ဘ၀ကို နေသားကျနေကြပြီ...စွန့်လွှတ်စွန့်စား ပြုရမယ့် ကိစ္စတွေကိုကျ မဝံ့ရဲကြတော့ဘူး... "

" ဒါ ပုံမှန်ပါပဲ... ဘ၀မှာ ၀မ်းနည်းဖို့ အကောင်းဆုံးက ကိုယ်ရှာထားသမျှ ပိုက်ဆံတွေ ကုန်အောင် မသုံးလိုက်ရဘဲနဲ့ သေသွားရတာမျိုးလေ... " လင်းရီ ပြောလိုက်ပြီး " ကိုယ့် အနာဂတ်က တောက်ပနိုင်မယ့် အခွင့်အရေး ရှိတယ်ဆိုဦးတော့ အသက်ရှက်လျက်မှ ပြန်မလာနိုင်ဘူးဆိုရင် အလကားပဲ... “

All Chapters