အပူတက်နေတဲ့ အမျိုးသမီး
Vol. 80 Ch. 1194
" အဲ့တာ ဘာစကားတုန်း... မင်း လေသံက ငါ့ကို ရာဇ၀တ်သား လိုလို ဘာလိုလိုနဲ့... "
လင်းရီ မကျေမချမ်းဖြစ်စွာဖြင့် မှတ်ချက်ပေးလိုက်ရင်း " မင်းဆိုရင်ကော ငါ့လို မကောင်းတဲ့ကောင် ဖြစ်ချင်လား... "
" မဖြစ်ချင်ဘူး... "
" မဟုတ်ဘူး... မင်းဖြစ်ချင်တယ်... " လင်းရီ ပြောလိုက်ပြီး " ဒါပေမယ့် မင်းမှာ ငါ့လိုမျိုး ရုပ်ရည် မရှိဘူးဆိုတော့ ဖြစ်ချင်ရင်လည်း မဖြစ်နိုင်ပါဘူး... အဲ့တာက မင်း ကျရှုံးရခြင်းရဲ့ အဓိက အကြောင်းရင်းပဲ... "
" ဖာ့ခ်... မင်းအဘွားပဲ... "
" အိုး.. မင်းမှာ အဲ့လိုတွေ ကြိုက်တတ်မှန်း ငါ မသိခဲ့ဘူး... မင်း အကြိုက်နဲ့ ကိုက်အောင် ငါ တစ်ယောက်လောက် ရှာပေးရဦးမလား... "
" လစ်စမ်း လစ်စမ်း... ငါ့ဘာငါ သွားပြီးပဲ ပစ္စည်းတွေ သိမ်းတော့မယ်... မင်းက အမျိုးသမီးကောင်းလေးတွေ ရှာထားပေးတယ်ဆိုတော့ ဒီည လွဲချော်သွားလို့ မရဘူး... "
ဆယ်နာရီ မနက်ခင်းတွင် အုပ်စု နှစ်ခုမှာ ကိုယ်စီကိုယ်ငှ ပြင်ဆင်လို့ ပြီးသွားခဲ့ကြပြီး တစ်ယောက်ပြီး တစ်ယောက် ဟိုတယ်အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
ချိုးယွီလော့နှင့် ကျန်နှစ်ယောက်က ခရီးသွား ဧည့်သည် အသွင်ဆောင်ရင်း လင်းရီနောက်မှ ကပ်လျက် လိုက်ပါလာသည်။
" အစ်မချိုး.. အစ်မနင်... အစ်ကိုကြီးလင်းရဲ့ ကောင်မလေးက ဘယ်လိုပုံစံမျိုး ရှိမယ်လို့ ထင်လဲ... " ထိုစကားကိုတော့ ကျန်းချင်မှ ရုတ်တရက် မေးမြန်လိုက်ခြင်းပင်။
" ငါ တခြားတော့ မသိပေမယ့် သူ့ကောင်မလေးက အနည်းဆုံး D cup ရှိမှာတော့ သေချာတယ်... " နင်ချဲ့ သူမ၏ ရင်ဘက်ကို မော်ကြွားစွာ ကော့ပြရင်း ပြောလိုက်၏။
" နင့် အစ်ကိုကြီးလင်းရဲ့ စိတ်က ရိုးရိုးလေးရယ်... နင့်ဘာနင် လှချင်သလိုလှ D cup အောက်ဆိုရင် သူ့မျက်စိထဲ ဘောင် မ၀င်ဘူး..."
" မဖြစ်နိုင်တာ... ဒါဆို ကျွန်မရဲ့ C cup က အခွင့်အရေးမရှိတော့ဘူးပေါ့... "
" နင်က ဘာတွေ စိတ်ဓာတ်ကျနေတာလဲ... " နင်ချဲ့ ချိုးယွီလော့ကို တစ်ချက်ကြည့်၍ " နင့် အစ်မချိုးရဲ့ A cup ဆို သူ့ရဲ့ ရေဒါအတွင်းတောင် မ၀င်နိုင်ဘူး... "
" ချီးပဲ... ငါက A cup လို့ ဘယ် မသာမက ပြောတာလဲ... ငါက B ... " ချိုးယွီလော့ ပြန်ချေပလိုက်၏။
" ဆိုတော့ နင်က B cup ဖြစ်တော့ရော ဘာထူးတုန်း... လင်းရီက နင့် ကြိုက်မှာမို့တဲ့လား... "
" ငါလည်း သူ့ကို လိုအပ်မနေပါဘူး... "
" ချီးတဲ့မှ... " ကျန်းချင်၏ ရုတ်ချည်း ကျိန်ဆဲသံက နင်ချဲ့တို့ နှစ်ယောက်ကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
" အစ်ကိုကြီးလင်း ဘေးနားက ကောင်မလေးကို ကြည့်စမ်းပါဦး... မလှလွန်းဘူးလား... "
ကျန်းချင် ညွှန်ပြသည့်နောက် လိုက်သွားကြည့်တော့ သူမတို့ နှစ်ယောက် လင်းရီ ဘေးနား ရပ်နေသည့် ဒေါင် ကောင်းကောင်းနှင့် အမျိုးသမီး တစ်ယောက်ကို လှမ်းမြင်တွေ့လိုက်ရသည်။
အပြာရောင် tailcoat စကတ်နှင့် ပါးလွှသည့် အဖြူနှင့် အပြာ latern- sleeve အမျိုးသမီး၀တ် အင်္ကျီက ရိုးရှင်းသည့်တိုင်အောင် ကျော့ရှင်းသည့် သွင်ပြင်၊ ကျက်သရေရှိသည့် မျက်နှာပေါက်နှင့် နုထွားဆက်ဆီကျသည့် ကိုယ်လုံးကိုယ်ပေါက်ကို ပြီးပြည့်စုံစွာ လှပနေစေတော့သည်။
သူလေးများ ဆံနွယ်စကို နားနောက်သို့ သပ်လိုက်ပြီ ဆိုလျှင် နင်ချဲ့ကဲ့သို့ အမျိုးသမီးချင်းကိုပင် စိုစွတ်သွားစေတော့၏။
" အဲ့ အမျိုးသမီးက သူ့ကောင်မလေး ဖြစ်လောက်တယ်... " နင်ချဲ့ ပြောလိုက်ပြီး " အခု ငါ့လိင်တိမ်ညွှတ်မှုက ဘာမှန်း မသေချာတော့ဘူး... သူက သိပ်လှတာပဲ... "
" အစ်ကိုကြီးလင်း သူ့နား တံခါးလာခေါက်တဲ့ ကောင်မလေးတွေ အများကြီးကို ငြင်းဆန်ပစ်တာ မဆန်းတော့ပါဘူး.. အိမ်မှာ ဒီလောက်လှတဲ့သူ ရထားတော့ တခြား မိန်းကလေးတွေကို မျက်လုံးထဲ ဘယ်၀င်တော့ပါ့မလဲ... "
" အမှန်ပဲ... ငါဆို သူ့နား ချဉ်းကပ်ကြည့်တာ အကြိမ်ပေါင်း မနည်းဘူး... ဒါတောင် ငါနဲ့ အတူအိပ်ဖို့ စိတ်၀င်စားတာ မဟုတ်ဘူး... ကြည့်ရတာ သူ့မှာ မိန်းမရှိပြီးသားမို့ စိတ်မ၀င်စားတာနဲ့ တူပါတယ်... "
" ဒါပေမယ့် ကျွန်မကတော့ ကျန်တဲ့ အမျိုးသမီး သုံးယောက်က ဘယ်လိုပုံစံ ရှိလဲဆိုတာ သိချင်လိုက်တာ... "
" ငါ အရင်က တစ်ယောက် မြင်ဖူးတယ်... သူ့နာမည်က လီချူးဟန်တဲ့... ဟွာရှန်းဆေးရုံ နှလုံး ခွဲစိတ်ဌာနက ဌာနဒါရိုက်တာလေ .. လှလည်းလှ၊ ပါရမီရှင် ဒေါက်တာမလေးဆိုပြီးလည်း သတင်းမွှေးတယ်... " ချိုးယွီလော့ ပြောလိုက်သည်။
" အဲ့ လီချူးဟန်ဆိုတဲ့ တစ်ယောက်ရဲ့ အရွယ်အစားက ဘယ်လောက်ရှိလဲ... " နင်ချဲ့မှ မေးမြန်းလိုက်သည်။
" အာ..... " ချိုးယွီလော့ စက္ကန့်အနည်းငယ်မျှ အတွေးနက်သွားပြီး " အနည်းနဲ့အများတော့ D ပဲ... မဟုတ်လည်း အဲ့ထက် ပိုကြီးရင် ကြီးမှာပေါ့... "
" တွေ့လား... ငါ ဘာပြောထားလဲ... လင်းရီရဲ့ စိတ်က ရိုးရိုးလေးပါလို့... နင့်ဆိုဒ်က D cup မရောက်သေးသရွေ့ သူ့အမြင်ကို ဖမ်းစားနိုင်ဖို့ စိတ်ကူးတောင် မယဉ်နဲ့... "
" တော်လောက်ပြီ... နင် သူများ စိတ်ထိခိုက် ဖြစ်သွားမှာကို မစိုးရိမ်ဘူးလား... " ချိုးယွီလော့ ပြောလိုက်ပြီး " မြန်မြန် ကားငှားတော့... ငါတို့ ခဏကျရင် သူတို့နောက်က လိုက်ရဦးမှာ... "
" ဘာတွေလောနေတာ... ငါတို့ ဂျပန်ကိုရောက်ဖူးတာ သုံးလေးခေါက် မကတော့ပါဘူး...လိုအပ်ရင် ငါ့ဘာငါ လမ်းရှာလို့ရပါတယ်... "
ထိုသို့ ပြောလိုက်သည် ဆိုသော်ငြား နင်ချဲ့ ကျန်းချင်ကို ကားငှားဖို့ ပြောလိုက်စဲပင်။ သူမတို့ အဖို့ အတူခရီးသွားရသည်က ပိုပြီး စိတ်၀င်စားဖို့ ကောင်းပေသည်။
လင်းရီ ဘက်ခြမ်းရှိ လူခုနစ်ယောက်ကလည်း ဟိုတယ်မှ Lexus 570 နှစ်စင်း ကို ငှားပြီး ဟူဂျီတောင်သို့ ထွက်လာခဲ့ကြ၏။
နင်ချဲ့နှင့် ကျန်သူများလည်း နောက်မှ လိုက်ပါလာခဲ့ကြသည်။
သို့သော် ကျီချင်းရန်၏ တည်ရှိမှုကြောင့် သူမတို့က ကားတစ်စီးသပ်သပ်ဖြင့် လိုက်ပါလျက်ရှိပြီး အခြေအနေက ပေးသောအခါမှသာ အများနှင့် ၀င်နှော ပျော်ရွှင်ခဲ့ကြ၏။
ဟူဂျီတောင်သည် တိုကျိုမြို့ထဲမှ ကီလိုမီတာ တစ်ရာခန့် ဝေးကွာသည်။
ဟွာရှ လူမျိုးများ အတွက်တော့ ကီလိုမီတာ တစ်ရာ ခရီးက ထမင်းစား ရေသောက် ရှိသော်လည်းပဲ ဂျပန် လူမျိုးများ အတွက်တော့ ထိုအကွာအဝေးက အတော်လေးကို ရှည်လျားသည့် ခရီးတစ်ခုပင် ဖြစ်ပါသည်။
တက္ကသိုလ် ဘွဲ့ရပြီးနောက် နှုတ်ဆက်ပွဲ အခမ်းအနား ညစာစားပွဲတွင် လင်းရီ အပါအ၀င် အတန်းဖော်တိုင်းက အရက်ကို လူမှန်းသူမှန်း မသိအောင် သောက်ခဲ့ကြ၏။ အမျိုးသားနှင့် အမျိုးသမီး အပေါင်းတို့ကလည်း အချင်းချင်း ဖက်လဲတကင်းပြု၍ ငိုကြ ပြုကြ၏။
သူနှင့် ရန်ငြိုးရန်စ နက်ရှိုင်းခဲ့သူ သုံးလေးယောက်လောက်ကိုပင် အဆိုပါ ၀မ်းနည်းငိုကြွေးဖွယ် လေထုအောက်၌ ပြီးခဲ့သည်များအား ပြီးပါစေဟု ဆိုကာ စိတ်မှပင် ခွင့်လွှတ် သင်ပုန်းချေပေးလိုက်သေးသည်။
အဘယ်ကြောင့်ဆိုသော် လူတိုင်းက ဘွဲ့ရပြီးသည်နှင့် မတူညီသည့် ဘ၀လမ်းကြောင်းများကို ကိုယ်စီ လျှောက်လှမ်းကြရမည်ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် ဘယ်သောအခါမှ ပြန်မတွေ့နိုင်တော့သည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ထိုအချိန်တုန်းက လင်းရီ၏ အတန်းဖော်တစ်ဦးဖြစ်သူ တောင်ရေးနီးယားနိုင်ငံသားသည် လူတိုင်းက ငိုကြွေးနေကြသည်ကို မြင်ရင်း နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
ဒီတိုင်း တက္ကသိုလ် ဘွဲ့ရတာပဲလေ.. အဲ့လောက်ထိ လိုလို့လား...
အနာဂတ်ကျ တစ်ယောက်နဲ့ တစ်ယောက် ပြန်မတွေ့နိုင်တာလည်း မဟုတ်...။
ဤသည်ကလည်း နိုင်ငံချင်း အခြေအနေ ကွာခြားမှုနှင့် ယဉ်ကျေးမှု ထုံးတမ်းတို့ ကွဲပြားမှုတို့ကြောင့် ဖြစ်ပါလိမ့်မည်။
လမ်းခရီးတွင် လင်းရီ နှုတ်ဆိတ်လျက်သာ လိုက်ပါလာခဲ့၏။ သူ လက်တစ်ဖက်ဖြင့် မေးထောက်ထားရင်း အပြင်ဘက်ရှိ ရှုခင်းများကို ငေးမောရှုစားနေလျက် ရှိသည်။
မစ်ရှင်ကလည်း ပြီးမြောက်သွားပြီ ဖြစ်သဖြင့် လင်းရီ၏ စိတ်မှာ သက်တောင့်သက်သာနှင့် အနားရနေလေသည်။
ကားမှာ မြို့အတွင်း ဖြည်းဖြည်းချင်း မောင်းနှင်လာရင်းဖြင့် အထင်ကရ အဆောက်အဦးတစ်ခုဖြစ်သည့် 'ကောင်းကင်သစ်ပင်အနား' ဖြတ်မောင်းလာခဲ့၏။
လင်းရီ ရုတ်ချည်းဆိုသလို ခံစားချက် အပြည့်ဖြင့် သက်ပြင်းချမိလိုက်သည်။
အဲ့ဒီ သိမ်မွေ့တဲ့ မကောင်းဆိုးရွား အသေးလေးတောင် အာထရာမန်းရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရသေးတာပါလား...
ခရီးက မရှည်သော်ငြားလည်း မြို့အတွင်း ယာဉ်ကြော ကြပ်တည်းမှုကြောင့် ဟူဂျီတောင်သို့ ရောက်ရန် နှစ်နာရီကျော်မျှ ကားစီးလိုက်ရသည်။
ခါဝါဂူချီ ရေကန်သည် ဟူဂျီတောင်ခြေတွင် အရေးပါဆုံး ဆွဲဆောင်မှုရှိသည့် နေရာတစ်ခုဖြစ်ပြီး ရှုခင်းတောင်တန်းများအား ငေးမောရန် နေရာကောင်းတစ်ခုလည်း ဖြစ်၏။
ကားထဲမှ ထွက်လာပြီးနောက် လင်းရီတို့ အနီးနားရှိ သစ်တော ရေပူစမ်း ဟိုတယ်သို့ ရောက်ရှိလာခဲ့ကြသည်။
တစ်ခန်းချင်းစီတိုင်းတွင် ကြမ်းပြင်နှင့် မျက်မှာကြက် ထိစပ်နေသည့် မှန်ပြတင်းပေါက် အကျယ်ကြီးများ ရှိထားပြီး ပြတင်းပေါက်မှတဆင့် ဟူဂျီတောင်ကို အဝေးမှ လှမ်းမြင်နိုင်ရုံတင်မက ချယ်ရီများ ဖူးပွင့်နေသည်ကိုပါ ရှုစားရင်း ရာသီ၏ အလှတရားကို ပို၍ တောက်ပသွားစေပါလိမ့်မည်။
ကျီချင်းရန် သူမ၏ ခရီးဆောင်အိတ်ကို ချလိုက်ရင်း ထိန်းမနိုင် သိမ်းမရသည့် ခပ်ဆိုးဆိုး အမူအရာဖြင့် ကုတင်ပေါ် လဲချလိုက်၏။
" ငါ အရင်ကလည်း ဒီတစ်ခေါက် ရောက်ဖူးပါတယ်... ဒါပေမယ့် ဘာလို့ နေရာက ခုလောက်ထိ မလှဘူးလို့ ခံစားနေရလဲ မသိဘူး... "
" ငါနဲ့မို့ ထူးခြားသွားတာ နေမှာပေါ့... "
ကျီချင်းရန် ခိုးခိုးခစ်ခစ် ရယ်မောလိုက်ရင်း ကြီးမားလှပသည့် မျက်၀န်းရွှဲကြီးများက တလက်လက်တောက်ပနေလျက်ရှိကာ လင်းရီ အနောက်တွင် မတ်တပ်ရပ်ရင်း နောက်မှနေပြီး ခါးကို သိုင်းဖက်ထားလိုက်၏။
" တကယ်ပဲ ဖြစ်နိုင်တယ်... "
ထို့နောက် နှစ်ယောက်သားမှာ အခန်းထဲတွင် ပွေ့ဖက်တိုးဝှေ့နေကြပြီး ဟော်ယွမ်ယွမ်မှ ထမင်းစားဖို့ လာခေါ်သည့် အခါမှသာ ရပ်တန့်လိုက်ကြ၏။
အုပ်စုမှာ ဟိုတယ်၏ စားသောက်ဆိုင်တွင် ဆုံစည်းကြသည်။ ဇိမ်ကျ ခမ်းနားမှုပိုင်းတွင်တော့ အိုမန် ဟိုတယ်နှင့် မနှိုင်းယှဉ်နိုင်ချေ။
သို့သော် ထိုအချက်ကပင် တမူထူးခြားချက် တစ်ခုဖြစ်၏။ မည်သို့ပင်ဆိုစေ အကုန်လုံးက ခရီးထွက်လာကြခြင်းဖြစ်ပြီး ထပ်ခါတလဲလဲ တူညီသည့် ခံစားချက်ကို ရရှိနေမည်ဆိုပါက အဓိပ္ပာယ် မဲ့သွားလိမ့်မည်။
စားသောက်ဆိုင်တွင် လူတိုင်း စုစည်းချိန်၌ တစ်ယောက်သောသူကို လင်းရီ မြင်တွေ့လိုက်ရတော့ သူ အံ့အားသင့်မိသွားခဲ့၏။
ရှိုကိုနာခါဂျီးမား...
သူမ၏ အ၀တ်အစားများက ရိုးရှင်း၍ နိမ့်ချနေပြီး ယမန်နေ့ကနှင့် တူညီစွာပင် ဆင်ယင်ထားခဲ့သည်။
" လျန်ကြီး... မင်း ဘာလို့ သူ့ကို ဒီခေါ်လိုက်တာလဲ... "
ရှိုကို နာခါဂျီးမားကို မြင်တော့ ချင်းဟန်မှ မေးမြန်းလိုက်၏။
" မင်းတို့ အကုန်လုံးက စုံတွဲတွေနဲ့လေ... ဒီတော့ ငါလည်း အဖော်တစ်ယောက်လောက် ရှာရတော့တာပေါ့ဟ... မဟုတ်ရင် ပျင်းလို့ သေလိမ့်မယ်... "
လျန်ကျင်းမင်၏ စိတ်နေစရိုက်က မိန်းကလေးများကို အထည်လဲ တွဲတတ်သည့် အကျင့်မျိုးပင် ။ သူ့ဘေးနားတွင် ကောင်မလေးတစ်ယောက် မရှိဘူးဆိုပါက သူသည် မီးခြစ် မရှိသည့် ဆေးလိပ်သမားကဲ့သို့ ဖြစ်နေပါလိမ့်မည်။
" ဟယ်လို ... အားလုံးပဲ... ကျွန်မ နာမည် ရှိုကို နာခါဂျီးမားပါ... အားလုံးနဲ့ တွေ့ရသာ ၀မ်းသာပါတယ်.... "
ရှိုကို နာခါဂျီးမား ကျီချင်းရန်နှင့် ကျန်သူများကို လေးလေးနက်နက် ဦးညွှတ်ပြီး နှုတ်ဆက်လိုက်၏။
သို့သော် လင်းရီနှင့် ကောင်းကျုံးယွမ်တို့ အထင်လွဲခံရမှု မရှိစေရန်အတွက် သူမ သူတို့ နှစ်ယောက်ကိုတော့ အကြည့်မပေးခဲ့ချေ။
" အို... အဲ့လောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး.. နင်က လျန်ကျင်းမင်ရဲ့ မိတ်ဆွေဆိုတော့ ငါတို့ရဲ့ မိတ်ဆွေပါပဲ... အတူ ပျော်ကြတာပေါ့နော်... "
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်မှာ ထိုကဲ့သို့ နှုတ်ဆက်မှုမျိုးကို နေသားမကျသည့်အပြင် မခံယူဝံ့သည့်အတွက် လျင်လျင်မြန်မြန်ပဲ ပြန်တည့်မတ်ပေးလိုက်ကြတော့၏။
ရှိုကိုနာခါဂျီးမား လင်းရီတို့ အုပ်စုထဲသို့ အောင်မြင်စွာဖြင့် ၀င်ရောနိုင်သည်နှင့် စားသောက်ဆိုင်၏ ထောင့်တစ်နေရာတွင် ထိုင်နေသည့် ခန်းဂျိ တာခါယာမမှ သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရင်း မှာထားသည်များကို တိတ်ဆိတ်စွာဖြင့် ဆက်လက် သုံးဆောင်လိုက်တော့သည်။