လက်ဖက်စိမ်းနံ့( စနှိုက်ကြော်နံ့)
Vol. 80 Ch. 1195
ဟွာရှန့်လူမျိုး အများစုသည် လှုပ်ရှားသက်ဝင်နေသည့် လေထုကို တော်တော်လေး နှစ်ခြိုက်ကြ၏။ အထူးသဖြင့် ခရီးသွားစဉ်အခါတွင်။ လူများရင် များသလောက် ပိုပြီး ပျော်ဖို့ကောင်း၏။
ထို့ပြင် တစ်ဖက်သူက ဂျပန် ဒေသခံ တစ်ဦးလည်း ဖြစ်နေသေးသည်။ အကယ်၍ သူမကသာ တိုးဂိုက်အဖြစ် ကူညီဆောင်ရွက်ပေးမည်ဆိုပါက လည်ရပတ်ရသည်မှာ ပို၍ အဆင်ပြေချောမွေ့သွားပေလိမ့်မည်။
ရှိုကိုနာခါဂျီးမား၏ မိတ်ဆက်ပေးမှုအောက်တွင်ပဲ လူတိုင်းမှာ ဂျပန်ဟင်းလျာ အများအပြားကို နေ့လည်အတွက် မှာယူလိုက်ကြသည်။
ဗိုက်ဖြည့်ပြီးနောက် လူတိုင်းမှာ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်၍ ထွက်ခွာလာခဲ့ကြ၏။
“ မိန်းကလေး ရှိုကို… မင်းက ဒီဒေသခံဆိုတော့ ဒီနေရာနဲ့ တော်တော်လေး ရင်းနှီးတယ်မလား…. ဒီနေ့လည် ခရီးစဉ်ကိုတော့ မင်းလက်ထဲပဲ လွှဲပေးလိုက်တော့မယ်နော…” လျန်ကျင်းမင်မှ ပြောလိုက်သည်။
လင်းရီမှလွဲ၍ ဤနေရာရှိလူတိုင်း ဂျပန်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ရောက်ဖူးကြ၏။
ဤနေရာနှင့် အနည်းငယ် ရင်းနှီးသည်ဆိုသော်ငြားလည်းပဲ စိတ်ထင်ရာ လည်ပတ်နေသည်ထက် ဒေသခံ တစ်ယောက်၏ လမ်းပြပေးမှုအောက်တွင် ပို၍ ခရီးတွင်ပေလိမ့်မည်။
“ ပြဿနာ မရှိဘူး… ကျွန်မလည်း ဒီနေရာကို သုံးလေးကြိမ်လောက် လာလည်ဖူးတယ်… ဒီနေရာနဲ့ တော်တော်ကြီး ရင်းနှီးတယ်လို့ ပြောလို့ရတယ်…” ရှိုကိုနာခါဂျီးမားမှ အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်ပြီး “ ဟူဂျီတောင် တစ်ဝိုက်မှာ လည်ပတ်လို့ ကောင်းတဲ့ နေရာတွေမှ အများကြီးပဲ.... ဒီနေ့တော့ အနီးအနားက ကောင်းတဲ့ နေရာလေးတွေ လည်ပတ်ပြီးမှ မနက်ဖြန်ကျ ဟူဂျီတောင်ကို တက်ကြတာပေါ့…”
လင်းရီ မျက်မှောင်အနည်းငယ် ကြုတ်မိသွားခဲ့၏။ သို့သော်လည်း အလျင်အမြန်ပင် ပြန်ပြေလျော့သွားခဲ့သည်။ မည်သူကမျှ သူ၏ မျက်နှာ အမူအရာ ထူးဆန်းသွားမှုကို သတိမမူမိလိုက်ကြချေ။
“ ကောင်းပြီလေ… မင်း သဘောပဲ…”
ဟိုတယ်က ခါဝါဂူချီ ရေကန်နှင့် နီးကပ်သဖြင့် သူတို့၏ ပထမဆုံး သွားရောက်လည်ပတ်သည့် နေရာက အလိုအလျောက် ထိုနေရာပင် ဖြစ်တော့၏။
ဟူဂျီတောင် ဝန်းကျင်တွင် အဓိက ရေကန်ကြီး ငါးကန်ရှိပြီး ခါဝါဂူချီ ရေကန်သည်မှာတော့ အကြီးဆုံးနှင့် ရေပန်း အစားဆုံး တစ်ခု ဖြစ်၏။
ဟူဂျီတောင်သို့ ရောက်လာကြသူတိုင်း ဤနေရာသို့ ဓာတ်ပုံများ ရိုက်ကူးရန်အတွက် လာရောက်ကြပြီး အုပ်စုလိုက် ဓာတ်ပုံရိုက်ရသည်ကို ကြိုက်နှစ်သက်သည့် အမျိုးသမီးများအတွက်တော့ နှစ်ခြိုက်ဖွယ်ရာ နေရာပါပင်။
လင်းရီနှင့် ကျန်သည့် ယောက်ျားသားများအတွက်တော့ ငြီးငွေ့လို့ နေလျက်ရှိ၏။ သူတို့အတွက်တော့ ဟိုတယ်ခန်းလောက်ပင် စိတ်ဝင်စားဖို့ ကောင်းမနေချေ။
“ မြင်လား… ငါ ရှိုကို နာခါဂျီမားကို ခေါ်လိုက်တာ မှန်သွားတယ်မလား…” လျန်ကျင်းမင် မှတ်ချက် ပြုလိုက်ပြီး “ သူက ဂေးရှားတင် မကသေးဘူး.. ထိပ်တန်း တိုးဂိုက်ဆိုလည်း ဟုတ်တယ်… ငါတို့ဘာငါတို့ သွားတာထက်စာရင်တော့ ကောင်းတာပေါ့..”
“ ကြားကောင်းအောင် ပြောမနေစမ်းနဲ့ … မင်းဘေးနားမှာ ကောင်မလေး တစ်ယောက်လောက်မှ မရှိဘူးဆိုရင် မနေတတ်လို့မလား… အဲ့တာကြောင့် မင်းခေါ်လိုက်တယ်ဆိုတာ ငါ မသိရင်ခက်မယ်…” ကောင်းကျုံးယွမ်မှ လျန်ကျင်းမင်၏ လည်ပင်းကို တံတောင်ကွေးဖြင့် ညစ်ထားရင်း ပြောလိုက်သည်။
“ ငါချီးတွေ လာပြောနေတာလား… ငါ့ရဲ့ ဩဇာတိက္ကမက သူ့ကို ဆွဲဆောင်သွားတာမျိုးရော မဖြစ်နိုင်ဘူးလား…” လျန်ကျင်းမင် မကျေမချမ်း ဆန္ဒပြလိုက်ပြီး “ ပြီးတော့ ပြောရဦးမယ်… ရှိုကို နာခါဂျီးမားက တကယ်ကောင်းတဲ့ မိန်းကလေးကွ…. မနေ့ညက ငါတို့ ဘဝရဲ့ ဒဿနိကတွေ၊ ကဗျာစာပေတွေ အကြောင်း စကားလက်ဆုံကျလိုက်တာ ပြန်တောင် မပြန်ချင်ဘူး…. သူ့ရဲ့ နောက်ခံလေးသာ နည်းနည်းကောင်းလိုက်လို့ကတော့ ငါ ဟုန်းရမ်း ရိုက်မိတယ်…”
“ စောက်ပေါက်တတ်ကရတွေ ပြောမနေစမ်းနဲ့… သူက လင်းကောကို ကြွေနေတာကွ… မင်းနဲ့ သောက် ဘာမှမဆိုင်ဘူး..”
“ အဲ့တာက အရေးမကြီးပါဘူး..” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဒါနဲ့ ငါ သူပြောတာ ကြားမိတာတော့ ဒီနားမှာ နိုင်ငံခြား ဧည့်သည်တွေအတွက် ဖွင့်ထားပေးတဲ့ ကာစီနို အကြီးစားကြီး တစ်ခု ရှိတယ်ဆိုပဲ.. ညပိုင်းမှာ ရေပူစမ်းသွားပြီး အဲ့ကို ဒုတိယ တစ်ချီ သွားကြတာပေါ့… ဒါပေမယ့် ကောင်မလေးတွေမှ မရှိဘူးဆိုရင်တော့ ပျင်းစရာပဲ…”
“ လင်းကြီး တစ်ယောက်လုံး ပါနေလျက်သားနဲ့ ကောင်မလေး မရမှာကို မင်းက စိတ်ပူနေတာလား…”
“ သောက်ကျိုးနည်းတွေ လာပြောနေတာလား… မင်းပုံစံက မသိရင် ငါကပဲ အေဂျင်စီ ဖွင့်ထားနေသလိုလို…”
“ နေစမ်းပါဦး… ဘာတွေ ဖြစ်နေတာလဲ… ဧကန္တ မင်းတို့အကုန် ပြင်ဆင်ထားပြီးကြတာများလာ…” လျန်ကျင်းမင် အံ့အားသင့်သည့် လေသံဖြင့် မေးမြန်းလာခဲ့သည်။
ချင်းဟန် ချိုးယွီလော့နှင့် ကျန်နှစ်ယောက်ကို လက်ညိုးထိုးပြရင်း “ ဟိုမှာကြည့်လိုက်…. ကန်ဘေးနား ရပ်နေတဲ့ ကောင်မလေး သုံးယောက်က လင်းကြီး ခေါ်ထားတဲ့ သူတွေပဲ…”
ချင်းဟန်၏ ညွှန်ပြမှုနောက် လိုက်သွားကြည့်လိုက်တော့ လျန်ကျင်းမင် ချိုးယွီလော့နှင့် ကျန်နှစ်ယောက်ကို မြင်တွေ့သွားခဲ့တော့သည်။
“ မဆိုးဘူးပဲ… သာမန် အင်တာနက် ဆယ်လီတွေထက် အများကြီးသာတယ်…”
“ မင်း အစ်ကိုကြီးလင်းပြောတာ သူတို့ထဲက တစ်ယောက်တောင် မရှိဘူးဆို အနည်းဆုံး ယွမ်တစ်ဘီလီယမ် ချမ်းသာတယ်တဲ့နော်.. မိသားစုကြီးထဲက ကောင်မလေးတွေကွ… မဆိုးဘဲ နေမလား…”
“ သောက်ကျိုးနည်း… အစ်ကိုကြီးလင်း…. ကျေးဇူးပြုပြီး ကျုပ် တောင်းပန်တာကို လက်ခံပေးပါ… ကောင်မလေး လိုက်တဲ့ နေရာမှာတော့ အစ်ကိုကြီးလင်းက နတ်ဘုရားပါပဲ…” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဒီညတော့ တော်တော်ကြီး စိတ်လှုပ်ရှားဖို့ ကောင်းတော့မှာပဲ… ဟီးဟီး…”
ခါဝါဂူချီ ရေကန်တစ်ဝိုက်တွင် လမ်းပတ်လျှောက်ကြပြီးနောက် အုပ်စုမှာ အိုရှီတိုကီ ဟွန်ကိုင်သို့ မောင်းနှင်လာခဲ့ကြ၏။
ကြားရသည်မှာတော့ တခမ်းတနား နိုင်လှသည်။ သို့သော် အမှန်စင်စစ်တွင်မူ ယင်းက ဟူဂျီတောင်မှ တစ်ဆင့် စီးဆင်းဖြာကျနေသည့် ရှစ်သွယ်စမ်းချောင်းမျှသာ ဖြစ်၏။
ဤနေရာ၏ အဓိက ဆွဲဆောင်မှုက စမ်းချောင်းများမှာ ကြည်လင် သန့်ရှင်းသောကြောင့် ဖြစ်ပြီး
နေရာရှိ ဝန်ထမ်းများ၏ ပြောစကားများ အရတော့ စမ်းချောင်းထဲရှိ ရေကို စစ်ထုတ်ရန်ပင် မလိုဘဲ တိုက်ရိုက် သောက်သုံးနိုင်သည်ဟု ဆိုလေသည်။
လျန်ကျင်းမင်လည်း မနေနိုင်ဘဲ တစ်ငုံသောက်ကြည့်လိုက်တော့ ….
“ ဖွီး… ဖွီး… ငါချီး ဒါဘာကြီးတုန်း…. သောက်ရမ်း ရွံဖို့ကောင်းတယ်… မြင်းသေးလားကျနေတာပဲ…”
“ ဒါဆို မင်းအရင်က မြင်းသေး မြည်းဖူးတယ်ပေါ့…” ကောင်းကျုံးယွမ် ဘေးမှ လက်ညိုးထိုးရင်း တဟားဟားရယ်လျက် ပြောလိုက်၏။
“ လစ်စမ်း…” လျန်ကျင်းမင် မကျေမနပ် တွန်းထုတ်လိုက်ကာ “ ငါတော့ အဲ့သောက်ဘိုးတော် ကြွားပြောသွားတယ်လို့ပဲ ထင်တယ်… ဒါပေမယ့် နည်းနည်းလေးတော့ ချိုတယ်… ဒါပေမယ့် သေချာလေး အရသာခံကြည့်မှရမှာ…”
“ ဆီးချိုဖြစ်နေတဲ့ မြင်းများ ဖြစ်နေမလား…” ချင်းဟန် ဝင်နောက်လိုက်သည်။
“ ငိုးပဲ… မပြောစမ်းနဲ့…”
“ မင်း၀မ်းသာသင့်တယ်… ဆီးချိုဆိုရင် သိပ်ပြဿနာ မရှိဘူး… မြင်းကျောက်ကပ်ထဲက အရည်တွေဆိုရင်တော့ ချက်ချင်း ဆေးရုံပြေးပြီး အစာအိမ် စုပ်ရုံပဲ…”လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
အိုရှီတိုကီ ဟွန်ကိုင်ကိုလည်း လှည့်ပတ်ကြည့်ရှုကြပြီးနောက် လူတိုင်းက အာဆာမာ ပန်းခြံသို့ ဦးတည်လိုက်ကြ၏။
အာဆာမာ ပန်းခြံ၏ အဓိက ဆွဲဆောင်မှုက စိုက်ပျိုးထားသည့် ချယ်ရီပန်းများ ပင်လယ်သဖွယ် ပွင့်လန်းနေမှုကြီးပင်..။
အုပ်စုမှာ ပန်းခြံထဲ လျှောက်သွားကြရင်း ပွင့်လန်းနေသည့် ချယ်ရီပန်းများ၏အောက် ဘဝ၏ လှပမှုကို မျက်မြင်ကြုံတွေ့နေရသကဲ့သို့ ခံစားနေရကာ စိတ်ဘဝင်သည်လည်း ငြိမ်းအေးနေလျက်ရှိ၏။
သူတို့ နေရာသုံးခုကို ကောင်းကောင်း လည်ပတ်ပြီးနောက် ကောင်းကင်သည်ပင် မှောင်စ ပြုနေချေပြီ။ သူတို့၏ နောက်လာမည့် အစီအစဉ်ကတော့ အရင်ဆုံး ညစာစားကြမည်။ ထို့နောက်တွင်မှ ရေပူစမ်းသို့ သွားကြမည်ဖြစ်၏။
သို့သော်လည်း လင်းရီနှင့် ကျန်သူများကတော့ ကာစီနို ခဏသွားဦးမည်ဟု ဆင်ခြေပေးကာ လစ်ထွက်လာကြ၏။ ထိုအချိန်မှ စ၍ အမျိုးသားနှင့် အမျိုးသမီးတို့မှာ ကိုယ်စီ လမ်းခွဲလိုက်ကြတော့သည်။
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ကတော့ များများ စဉ်းစားမနေချေ။
သူမတို့က လောင်းကစား လုပ်ရသည်ကို စိတ်မဝင်စားသော်လည်းပဲ လင်းရီနှင့် ကျန်သူများကိုတော့ မပိတ်ပင်ချင်ကြပေ။
မွန်းလွဲပိုင်း ခရီးစဉ်က ငြီးငွေ့ဖွယ်ကောင်းသည့်တိုင်အောင် အမျိုးသားများက အဆုံးထိ ရှိပေးခဲ့ကြ မဟုတ်လော။
အပြန်အလှန် နားလည်လေးစားမှုဆိုသည်ကလည်း အမျိုးသားနှင့် အမျိုးသမီးတို့ သင့်မြတ်ချစ်ကြည်ရေးတွင် အင်တန်မှ အရေးကြီးပါသည်။
သို့သော် သူမတို့ မသိခဲ့သည်က သကောင့်သားများမှာ ကာစီနိုသို့ မသွားကြပဲ ထိုအစား တခြားသော ဧည့်သည်တော်များနှင့် ရေပူစမ်းသို့ ထွက်လာကြခြင်းပင်။
ချိုးယွီလော့မှာ ရှေးရိုးဆန်သည့် အမျိုးသမီး တစ်ယောက် ဖြစ်ပြီး အချိန်တိုင်းနီးပါးလောက်က လင်းရီ အနားတွင်သာ ရှိနေခဲ့၏။
ထိုစဉ် နင်ချဲ့နှင့် ကျန်းချင်တို့ကတော့ စိတ်သဘောထား ပွင့်လင်းလှကာ ချင်းဟန် အပါအဝင် ကျန်သူများနှင့်အတူ အလွန်လျင်မြန်စွာ ရင်းနှီးကျွမ်းဝင်သွားခဲ့ကြသည်။
ရှိုကိုနာခါဂျီးမားကတော့ ပံ့ပိုးကူညီပေးသည့် တစ်ထောင့်တစ်နေရာမှ တာဝန်ယူရင်း အရာအားလုံးကို အသေးစိတ်ကျစွာ စီစဉ်ပေးနေတော့၏။
“ မစ္စတာလင်းရော သူတို့နဲ့ သွားမကစားဘူးလား…” ရှိုကို နာခါဂျီးမား လင်းရီ အနား ချဉ်းကပ်လာပြီး ညင်သာစွာ မေးမြန်းလိုက်၏။
“ ဆူလွန်းတယ်… ရှားမှရှား နားရတဲ့ အခိုက်အတန့်လေးကို ငြိမ်းငြိမ်းချမ်းချမ်းလေး အနားယူရတာ မကောင်းဘူးလား… ရေပူစိမ်ရင်း တရေးတမော အိပ်ရင်းပေါ့…”
အနီးအနားတွင် ထိုင်နေလျက် ရှိသည့် ချိုးယွီလော့မှ လင်းရီကို ကရုဏာ သက်စွာ ကြည့်လိုက်မိသည်။ ထိုသူက အပြင်ဘက်တွင် ခက်ထန်ကြမ်းတမ်းသည့် ပုံစံပေါက်နေသော်လည်း အတွင်းစိတ်ကတော့ နူးညံ့ပျော့ပျောင်းလှ၏။ ကျန်သူများကို ညစ်ပတ်သည့် စကားတို့ဖြင့် ဆိုချင်ဆို၊ ဆဲချင် ဆဲလိမ့်မည်။ သို့သော် အခက်ခဲဆုံး ဆိုသည့် အလုပ်များကို သူကချည်းသာလျှင် တာဝန်ယူခဲ့၏။ ယင်းက ကွမ်တမ် သင်္ဘောပေါ်ရှိ ပထမဆုံး မစ်ရှင်နှင့် ယခု ဂျပန် ခရီးစဉ်တွင် ပိုမှန်ပါသည်။
သူ့အဖို့ ဆိတ်ငြိမ် အေးချမ်းမှုက လူတို့ပြောသည့် နိဗ္ဗာန်သဖွယ် ဖြစ်သဖြင့် ထိုလူများနှင့် သွားမရောနှောသည်မှာ သဘာဝပင်။ ယင်းက အိမ်အပြန် ကားထဲတွင် စီးကရက်တစ်လိပ်ကို အလျင်အမြန်ရှိုက်ပြီး အပေါ်ထပ်သို့ တက်လာသည့် အမျိုးသားတစ်ယောက်ကဲ့သို့ - အဆိုပါ မိနစ်အနည်းငယ်ချင်းစီတိုင်းက သူ့အတွက်သူသာ ပိုင်သည်။ အခြား မည်သူ့အတွက်မျှ မဟုတ်ချေ။
ယခု လင်းရီသည်လည်း ထိုကဲ့သို့ စိတ်အခြေအနေမျိုးတွင် ဖြစ်နေခဲ့၏။
“ မစ္စတာလင်း တစ်ခုခု စားချင်လား… ကျွန်မ သွားပြင်လာခဲ့ပေးမယ်လေ…”
“ မလိုဘူး… မင်းလည်း တစ်နေ့လုံး လမ်းလျှောက်ထားရတာ နားလိုက်တော့…”
“ ကျွန်မ မပင်ပန်းပါဘူး…” ရှိုကို နာခါဂျီးမားမှ ပြောလိုက်သည်။
“ ဒါဆိုလည်း ငါ့ကို လျစ်လျူရှုထားလိုက်… ငါတို့ အတူလာတယ်ဆိုတာ ပျော်ရွှင်ကြဖို့… ငါတို့ကို အလုပ်အကျွေးပြုဖို့ မဟုတ်ဘူး…”
“ အိုး… အိုကေ မစ္စတာလင်း…”
ရှိုကို နာခါဂျီးမားမှ ချင်းဟန်တို့ဘက် ကူးသွားပြီး သူတို့နှင့် ဆော့ကစားရင်း စကားပြောနေတော့၏။
“ နင် အဲ့ တစ်ယောက်ကို စိတ်၀င်စားနေတာလား…” ချိုးယွီလော့ သာမန်လျှံကာ လေသံဖြင့် မေးမြန်းလိုက်သည်။
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… အဆင်ပြေပြေရှိနေတာကို ဘာလို့ ကောက်ကာငင်ကာကြီး လာထမေးနေတာ…”
“ လက်ဖက်စိမ်းမရဲ့ လက်ဖက်စိမ်းနံ့က သိပ်ပြင်းလွန်းနေလို့လေ… မခံစားနိုင်ဘူး…”