← Chapters

သရုပ်ဆောင်

Vol. 80 Ch. 1199

သရုပ်ဆောင်

Vol. 80 Ch. 1199

လင်းရီ မျက်ခုံးပင့်၍ အီတို တာခူမာကို ကြည့်လိုက်သည်။

“ မင်း ပုံစံကြည့်ရသလောက်တော့ သူတို့ဘက်က ရပ်တည်ပေးဖို့ လာခဲ့တဲ့ပုံပါလား…”

“ မင်းက ငါ့လူတွေကို ထိခိုက်စေတယ်… ဒီတော့ သူတို့ဘက်က ရပ်တည်ပေးရမှာ သဘာဝပဲ မဟုတ်ဘူးလား….”

မူလက အီတို တာခူမာနှင့် ရိုရှီခါ တာအီချီတို့သည် ဟာရူခါတာရို မိန်းကလေးရှိုကိုအား လာရောက်ပို့ပေးမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော် ထင်မှတ်မထားစွာဖြင့် အီတို တာခူမာမှ သူ့လူများ ဆော်ပလော် တီးခံနေရပြီဟူသော သတင်းဆိုးကိုသာ ရရှိလိုက်၏။ သို့နှင့် သူ အလျင်အမြန် အဝတ်အစား ပြန်ဝတ်၍ ဘာဖြစ်နေလဲဆိုတာကို ကြည့်ရှုရန် အပြေးလာခဲ့သော်လည်း အခြေအနေက ဤမျှ ဆိုးရွားနေလိမ့်မည်လို့ သူ လုံးဝ ထင်မထားခဲ့ပါချေ။

အကယ်၍ ဤကိစ္စကိုသာ သင့်တင့်မျှတအောင် မကိုင်တွယ်ဘူးဆိုပါက သူ့မိသားစု၏ နာမည် ဂုဏ်သတင်းအပေါ် ရိုက်ခတ်မှုတချို့ ရှိလာနိုင်ပေသည်။

“ ကောင်းပြီလေ… ဒါဆိုလည်း မင်းနောက်က ဘောဒီဂတ် နှစ်ယောက်ကို လွှတ်လိုက်တော့…”

အီတို တာခူမာ ရယ်သွမ်းပြီး ခေါင်းခါရမ်းလိုက်၏။ ထို့နောက် အထင်သေးသည့် အပြုံးဖြင့်

“ ငါ့ကိုများ မင်းက လက်သီးချင်း ယှဉ်ထိုးမယ်လို့ ထင်နေတာလား…”

အီတို တာခူမာ စကားဆုံးသည်နှင့် ဘော်ဒီဂတ် တစ်ယောက်မှာ သေနတ်ဆွဲထုတ်၍ လင်းရီ၏ ခေါင်းကို ချိန်ရွယ်ထားလိုက်သည်။

ချက်ချင်းဆိုသလိုပဲ ကာစီနိုအတွင်းရှိ လေထုမှာ ပကတိ ဆိတ်သုန်း၍ လေးနက်တည်ငြိမ်သွားခဲ့တော့၏။

ဤနေရာရှိ လူအများစုမှာ ဘဝကို အေးအေးချမ်းချမ်းနှင့်သာ ဖြတ်သန်းနေကြသည့် လူသာမန်များဖြစ်ကြပြီး ယခုလို မြင်ကွင်းမျိုးကို ပြင်ပလောကတွင် ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်ရာ အလွန်အမင်း သွေးပျက် ထိတ်လန့်နေကြတော့သည်။

ထိုအခါမှပဲ အီဇူမိုဂျီဟိုတယ်၏ သူဌေးမှာ သူတို့ထင်ထားသည်ထက်ပင် လုပ်နိုင်စွမ်း ရှိနေကြောင်းကို သတိပြုမိလိုက်ကြတော့၏။

ချိုးယွီလော့နှင့် နင်ချဲ့တို့ အချင်းချင်း ကြည့်လိုက်ကြပြီး သူမတို့၏ အမူအရာသည်လည်း လေးနက် တည်ကြည်လာခဲ့ကြတော့သည်။

အီတို တာခူမာ၏ မျက်နှာအမူအရာသည် အလွန်အမင်း ဘဝမြင့် မောက်မာနေလျက် ၊ သူ၏ မျက်ဝန်းတို့က လှောင်ပြောင်ထေ့ငေါ့မှုတို့ဖြင့် ပြည့်နှက်နေလျက် ရှိပြီး“ မင်း ခုလေးတင် သိပ် မောက်မာနေခဲ့တာ မဟုတ်ဘူးလား… ခုတော့ ဘယ်နှယ့်ရှိစ… ဒါက မင်းကို ငါ အထင်တသေးဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ အရာပဲ… ဟွာရှန့်….”

လင်းရီ‌ နေရာတွင် မတုန်မလှုပ် ရပ်နေသည်။ သူ၏ မျက်နှာတွင်လည်း အပြုံး တစ်ခုက ဖြစ်ပေါ်နေလျက်ရှိ၏။ သူ စကားပြောတော့မည့်စဲစဲမှာပဲ တံခါးဝသို့ လှမ်းလာနေသည့် ခြေလှမ်းသံများက တိတ်ဆိတ်နေသည့် ကာစီနိုအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

သာမန် အဝတ်အစားများနှင့် လူသုံးယောက် အထဲသို့ ဝင်လာခဲ့ကြ၏။

“ ဟမ် - ဘာတွေ ဖြစ်နေတာတုန်းဟ…”

ကာစီနိုအတွင်းရှိ အခြေအနေကို မြင်တော့ ဦးဆောင်လာသူမှ အံ့အားသင့်စွာဖြင့် နှုတ်မှလွှတ်ကနဲ မေးလိုက်မိ၏။

ထိုသူကတော့ ယူရှီမစ်ဆူ၏ လူယုံတော် ခန်းဂျိတာခါယာမပင် ဖြစ်ပါသည်။

ခန်းဂျိ တာခါယာမ ဝင်လာသည်ကိုမြင်တော့ အီတို တာခူမာ၏ မျက်လုံး သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားခဲ့သည်။

ထိုငနဲက ယာမဂူချီဂိုဏ်း၏ အာဏာရှိ ပြယုဂ်များထဲမှ တစ်ယောက်ဖြစ်ပြီး ဩဇာလွှမ်းမိုးမှုပိုင်းအရ သူ၏ မိသားစုမှာ သကောင့်သားကို မယှဉ်ပြိုင်နိုင်ချေ။

ဤလူ ယနေ့ ဒီနေရာသို့ ရောက်ရှိလာလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။

“ မစ္စတာ တာခါယာမ….. ဆိုင်းမဆင့် ဗုံမဆင့်ကြီးပါလား… လာမယ်ဆိုလည်း ကြိုပြောရောပေါ့….”

“ အင်း… ကိုယ်ရေးကိုယ်တာ ကိစ္စလေးရှိလို့ ကိုင်တွယ်ဖို့ လာခဲ့တာ.. အချိန်ကလည်း တအားနောက်ကျနေပြီ ဆိုတော့ မနက်ဖြန်မှ ပြန်သွားတော့မလို့… လမ်းကြုံတာနဲ့ ခဏ ကစားမယ်ဆိုပြီး ဒီလှည့်ခဲ့လိုက်တာ မင်းကြည့်ရတာ အခြေအနေမကောင်းဘူးနဲ့ တူတယ်..”

“ ဒီ ဟွာရှန့်တွေက ငါ့နေရာကိုလာပြီး ညစ်ကစားကြတယ်လေ… သူတို့ကို မိတော့ ဝန်မခံတဲ့အပြင် ငါ့လူတွေကိုပါ ရိုက်နှက်လိုက်သေးတယ်… ခု သင်ခန်းစာ ပေးတော့မလို့…”

ခန်းဂျိတာခါယာမ အေးစက်စွာ ဟမ့်ခနဲ ပြုလိုက်ပြီး

“ အဲ့လို ကိစ္စမျိုး ရှိသေးတယ်ပေါ့.. ဒါဆိုရင်တော့ သင်ခန်းစာပေးမှကို ဖြစ်မှာ… ဒီနေရာက သူတို့ မောက်မာသင့်တဲ့ နေရာမျိုး မဟုတ်ဘူး…”

“ မစ္စတာ တာခါယာမ…”

ထိုအခိုက် ရှိုကို နာခါဂျီးမား၏ အံ့အားသင့်နေသည့် လေသံမှာ အခန်းထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ မိန်းကလေး ရှိုကို… မင်းလည်း ဒီရောက်နေတာပဲလား…”

အီတို တာခူမာ ကြက်သေသေသွားခဲ့တော့၏။

“ မစ္စတာ တာခါယာမ… မင်းတို့ နှစ်ယောက်က အချင်းချင်း သိနေကြတာလား…”

“ အင်း… ဟုတ်တယ်… ငါလည်း မိန်းကလေး ရှိုကိုရဲ့ ဖျော်ဖြေမှုတွေကို နားဆင်ရတာ နှစ်သက်တယ်လေ… ဒီတော့ သူ့ဆီသွားပြီး မကြာခဏ အားပေးဖြစ်တယ်…”

“ အိုး… အဲ့လိုလား…”

အီတို တာခူမာ၏ မျက်နှာ အမူအရာမှာ ရှုပ်ထွေးသွားခဲ့၏။ သို့သော် ဘာမျှတော့ မပြောပေ။

“ မိန်းကလေး ရှိုကို … ဘာတွေ ဖြစ်နေတာလဲ… မင်းကရော ဘာလို့ ဒီ ဟွာရှန့်တွေနဲ့ တစ်အုပ်စုတည်း ဖြစ်နေတာ…” “ သူတို့က ကျွန်မ မိတ်ဆွေတွေလေ… ကျွန်မတို့ အတူ ဒီနေ့ ဟူဂျီတောင်ကို လာလည်ကြတာ…” ရှိုကို နာခါဂျီးမားမှ အနည်းငယ် ပြုံးလျက် ပြောလိုက်ပြီး “ ဒါပေမယ့် သူတို့တွေက ညစ်ပြီး ကစားပါတယ်ဆိုပြီး စွပ်စွဲနေကြလို့… အဲ့တာ မဟုတ်ဘူး… သူတို့က မတရားစွပ်စွဲနေကြတာ… မစ္စတာ တာခါယာမ … ကျေးဇူးပြုပြီး ကူညီပေးဖို့ တောင်းဆိုပါတယ်ရှင့်…”

ခန်းဂျိ တာခါယာမ၏ အမူအရာမှာ ဒေါသဘက် ပြောင်းလဲသွားခဲ့ပြီး သူ အီတို တာခူမာကို ကြည့်လျက် “ မိန်းကလေး ရှိုကို ပြောတာ အမှန်ပဲလား…”

အီတို တာခူမာ၏ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေတော့သည်။ အဆုံးတွင် သူ တုံ့ဆိုင်းစွာ ခေါင်းညိမ့်လိုက်၏။ “ ဒီ ဟွာရှန့်တွေက သိပ်မောက်မာလွန်းတော့ ငါလည်း သင်ခန်းစာပေးချင်တာနဲ့ ဒီလို ဖန်လိုက်တာပဲ… “ “ အဲ့လိုလား….” ခန်းဂျိတာခါယာမမှ လေးနက်သည့် လေသံဟန်ပန်ဖြင့် “ မိန်းကလေး ရှိုကိုက ငါ့မိတ်ဆွေပဲ… ပြီးတော့ ဒီကိစ္စက စကတည်းကရင် မင်းရဲ့ အမှားဆိုတော့ ဒီကိစ္စ ဒီတိုင်းထားလိုက်ရင် ဘယ်လိုလဲ…”

“ မစ္စတာ တာခါယာမက ပြောလာပြီဆိုမှတော့ ဒီကလည်း မျက်နှာသာပေးပြီး ဒီမှာပဲ ရပ်လိုက်တော့မယ်…”

ခန်းဂျိ တာခါယာမ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်၏။

“ မိန်းကလေး ရှိုကို… ဒီကိစ္စ အဆင်ပြေပြီနော်… ကျေနပ်ရဲ့လား….”

ရှိုကို နာခါဂျီးမား ခန်းဂျိ တာခါယာမထံ ဦးညွှတ်လိုက်ပြီး “ မစ္စတာ တာခါယာမကို ကျေးဇူးတင်ပါတယ်ရှင့် … နောက်တစ်ကြိမ် ကျွန်မဆီ ရောက်ဖြစ်ရင် ကျိန်းသေပေါက် အပေါ်ထပ် ဖိတ်လိုက်ပါ့မယ်…”

“ ကျေးဇူးပါပဲ မိန်းကလေး ရှိုကို…”

“ မစ္စတာလင်း… ဒီကိစ္စ ဖြေရှင်းပြီးပြီ ဆိုတော့ သွားကြစို့လေ…” ရှိုကို နာခါဂျီးမားမှ သိမ်မွေ့စွာ ပြောလိုက်၏။

“ ဘာလို့ ပြန်မှာ… ပြန်ရင်လည်း ငါတို့ ဘာလုပ်စရာ ရှိလို့…” လင်းရီ ပေါ့ပါးစွာ ပြောလိုက်သည်။

“ ဒါပေမယ့်…”

လင်းရီ ဘာမျှ မဖြေ။ ထိုအစား သူ အီတို တာခူမာကို ကြည့်လိုက်ပြီး “ မင်း ဘယ်သူ့ကိုမှ မျက်နှာသာ ပေးစရာ မလိုဘူး… မင်း ဒီကိစ္စ ဘယ်လိုဆက်ပြီး ကိုင်တွယ်မလဲဆိုတာ ငါသိချင်တယ်…”

အီတို တာခူမာ နှင့် ခန်းဂျိ တာခါယာမတို့ အမူအရာ ပြောင်းလဲသွားခဲ့ကြတော့၏။

သူတို့ထဲ မည်သူကမျှ လင်းရီ ထိုစကားမျိုး ပြောလာလိမ့်မည်လို့ ထင်မထားခဲ့ကြချေ။ ရှိုကို နာခါဂျီးမားသည်လည်း ထပ်တူထပ်မျှ အံ့အားသင့်သွားခဲ့၏။

ချင်းဟန်နှင့် ချိုးယွီလော့တို့ အုပ်စုသာလျှင် လင်းရီ ယခုလို ပြုမူရခြင်းကို နားလည်သည်။ အကယ်၍ လင်းရီသာ တိတ်စိတ်စွာဖြင့် လှည့်ထွက်သွားခဲ့မည် ဆိုပါက လင်းရီ မဟုတ်တော့ချေ။

သူဆိုသည်မှာ မိတ်ဆွေ အပေါင်းအသင်းတို့အတွက် အသက်ကိုပင် ရင်းဝံ့သည့် လူစားမျိုးဖြစ်၏။ အလားတူစွာ ရန်သူများနှင့် ရင်ဆိုင်ချိန်တွင်လည်း ညှာတာမှု ကင်းမဲ့သည့် လမ်းကြိတ်စက်ကြီးသဖွယ် မည်သည့်အခွင့်အရေးကိုမျှ ပေးလိမ့်မည် မဟုတ်ချေ။

အီတို တာခူမာ၏ အမူအရာ အေးစက်သွားခဲ့ပြီး သူ၏ လေသံကို နိမ့်၍ “ ငါမင်းကို မစ္စတာ တာခါယာမကြောင့် လွှတ်ပေးလိုက်ပြီးပြီ… ထပ် လွန်မလာနဲ့…”

လင်းရီ ပခုံးတွန့်လိုက်ပြီး “ ငါ မပြောဘူးလား…. မင်း ဘယ်ကောင့်ကိုမှ မျက်နှာသာပေးစရာ မလိုဘူးလို့…”

အီတို တာခူမာ ၊ ခန်းဂျိတာခါယာမကို ကြည့်လိုက်သည်။

“ မစ္စတာ တာခါယာမ .. ငါ မင်းကို မျက်နှာသာပေးလို့ မင်းဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးပြီးပြီနော်… ဒါပေမယ့် ဒီကောင်က သိပ်မောက်မာလွန်းနေတယ်… ငါ့အထင်တော့ မှတ်သားလောက်တဲ့ သင်ခန်းစာ တစ်ခုတော့ ပေးမှ ဖြစ်တော့မယ်ထင်တယ်…”

ခန်းဂျိတာခါယာမ မျက်မှောင်ကြုတ်လျက်သား ရှိ၏။

ဤသို့ ဖြစ်လာလိမ့်မည်လို့ သူ မျှော်မှန်း မထားခဲ့ပါချေ။

မူလက သူ စဉ်းစားထားခဲ့သည်မှာ ရှိုကို နာခါဂျီးမားနှင့် လက်ဝါးရိုက်ပြီး နောက်အစီအစဉ်တစ်ခုကို ဆက်လက် အကောင်အထည်ဖော်မည်ဟု ကြံရွယ်ထားခဲ့သည်။

သို့သော် သူ လင်းရီ၏ ရဲတင်းလွန်းမှုကို လျော့တွက်မိခဲ့လေသည်။

ခန်းဂျိတာခါယာမ သူ၏ ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးနေပြီး သူ့ ရှေ့ရှိ အခြေအနေများကို ဆက်တိုက် တွက်ချက်နေတော့၏။

အီတို တာခူမာက လင်းရီကို အမှန်ပင် သင်ခန်းစာ‌ ပေးချင်နေပြီး လင်းရီကလည်း ထွက်ခွာရန် ဆန္ဒမရှိချေ။

အပြင်လူ တစ်ယောက်ဖြစ်သည့် သူက ၎င်းတို့နှစ်ဦးကြား ကိုယ်ရေးကိုယ်တာ ကိစ္စတွင် ဝင်စွက်ဖက်လို့ မသင့်သည်မှာ အမှန်ပင်။ အကယ်၍ သူသာ နောက်တစ်ကြိမ် ဝင်ပါလိုက်မည်ဆိုပါက တစ်ဖက်သူကို သံသယ များသွားစေနိုင်ပြီး သူ မည်သူ မည်ဝါဆိုတာ ဖော်ထုတ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

သူ့တစ်ကိုယ်ရေ လုံခြုံမှုအတွက် မည်သို့မျှ သံသယပွားစေလို့ငှာ ခွင့်ပြုလိုက်လို့ မရချေ။

“ ဒီကိစ္စက မင်းတို့နှစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ… ငါ ဝင်မပါတော့ဘူး… ဘယ်လိုလုပ်မလဲဆိုတာ မင်းတို့ဘာသာ ဆုံးဖြတ်ကြ…”

ခန်းဂျိ တာခါယာမ စိတ်ထဲတွင် တွက်ချက်ပြီး ဖြစ်သည်။ အီတို တာခူမာ၏ စိတ်ဓာတ်ဖြင့်တော့ လင်းရီကို မည်သို့မျှ သတ်ဖြတ်ဝံ့မည် မဟုတ်ချေ။ အလွန်ဆုံးရှိလှ ဒုက္ခိတ ဖြစ်စေရုံလောက်သာ ဖြစ်၏။ သူကပင် ကြားထဲမှ အမြတ်ထွက်သွားနိုင်သေးသည်။

“ မစ္စတာ တာခါယာမရှင့်… မစ္စတာလင်းက ကျွန်မမိတ်ဆွေမို့ပါ.. ကျေးဇူးပြုပြီး သူ့ကို နောက်တစ်ကြိမ်လောက် ကူညီပေးပါဦးနော်.. တောင်းဆိုပါတယ်ရှင်…” ရှိုကို နာခါဂျီးမား တစ်ဖန်ဦးညွှတ်၍ တောင်းပန်လိုက်ပြန်သည်။

“ မိန်းကလေး ရှိုကို… ငါမင်းကြောင့်နဲ့ တစ်ခါ ဝင်စွက်ဖက်ပြီးပြီ… သူ့ဘက်က ဆန္ဒမရှိမှတော့ ငါ တတ်နိုင်တာလည်း ဘာမှ မရှိတော့ဘူး… “ ခန်းဂျိ တာခါယာမမှ အေးစက်စွာပြောရင်း သူ့တွင် ကူညီပေးမည့် အရိပ်အယောင်မျိုး လုံးဝ ရှိမနေချေ။

ရှိုကို နာခါဂျီးမား ကြက်သေသေသွားခဲ့တော့၏။ တာခါယာမ ဘာဖြစ်ချင်နေမှန်းကို သူမ နားမလည်နိုင်တော့ချေ။

အကယ်၍ လင်းရီသာ တစ်ခုခု ဖြစ်သွားမည်ဆိုပါက သူတို့၏ မူလအစီအစဉ် လမ်းကြောင်းမှ သွေဖည်သွားလိမ့်မည် မဟုတ်ပါလော။

ထိုအခိုက်တွင် အီတို တာခူမာ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း “ မင်းမှာ ဒီက ထွက်သွားနိုင်တဲ့ အခွင့်အရေး ရှိပါလျက်နဲ့ တန်ဖိုး မထားချင်မှတော့ မင်း ကိုယ့်ဆုံးဖြတ်ချက်ကိုယ် နောင်တမရဖို့ မျှော်လင့်တယ်…”

လင်းရီ၏ နှုတ်ခမ်း ထောင်စွန်းတို့ ကွေးညွှတ်သွားခဲ့ပြီး အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့၏။ ထို့နောက် သူ့ခေါင်းသူ ညွှန်ပြ၍ လှောင်ပြောင်ထေ့ငေါ့သံ ရောစွက်လျက် အသံနိမ့်ပြီး “ မင်းလူကို ဒီနေရာ တည့်တည့် ပစ်ဖို့ ပြောလိုက်…”

All Chapters