← Chapters

ဓားလမ်းစဉ်၏ မဟာဧကရာဇ်

Vol. 88 Ch. 1138

ဓားလမ်းစဉ်၏ မဟာဧကရာဇ်

Vol. 88 Ch. 1138

ကောင်းကင်နတ်သိုင်းကွက်များအရ ခိုင်ဧကရာဇ်၏ ဓားချက်များသည် အမြန်ဆုံး၊ အသွက်ဆုံး ဖြစ်၏။ တည့်တိုးသမား ဖြစ်သည့်အလျောက် သူ့ဓားကလည်း ထက်သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နတ်သိုင်းကမူ မတူညီ‌ပေ။

ကောင်းကင်နတ်အရှင်ဟောင်သည် ကမ္ဘာခေတ်နှောင်းတာအိုအပေါ် အထင်အမြင်သေးခဲ့သဖြင့် ကမ္ဘာခေတ်ဦးတာအိုကိုသာ ကျင့်ကြံခဲ့၏။

ကမ္ဘာခေတ်နှောင်းတာအိုများမှာ များမြောင်လှပါသော်လည်း အနည်းစုသာ အမြင့်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ကြသည်။ ဥပမာ ချိမင်ခေတ်၏ ဖန်ဆင်းလမ်းစဉ်နှင့် ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်တို့ပင်။

သူတို့အကြား၌ ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်သည် ကောင်းကင်ဘုံ ၃၄ ဘုံအထိ တက်ရောက်နိုင်ခဲ့သောကြောင့် ထိပ်ဆုံးများထဲက ထိပ်ဆုံး ဟု ဆိုရပေမည်။

ချိမင်ခေတ်၏ ဖန်ဆင်းလမ်းစဉ်ပင်လျှင် ဓားလမ်းစဉ် ရောက်ခဲ့သော အမြင့်သို့ ဘယ်တော့မှ မလှမ်းတက်နိုင်ခဲ့ပေ။

သို့သော် ကမ္ဘာခေတ်ဦးတာအိုကမူ ရှေးဟောင်းနတ်ဘုရားတို့ကို ဥပမာအဖြစ် အသုံးချသည်။ ကျင့်ကြံကြသူများလည်း များပြားသည်။ ရှေးဟောင်းနတ်ဘုရားများကို‌ လေ့လာခြင်းမှတစ်ဆင့် များစွာ ဆင်ခြင်တွေးတောနိုင်သောကြောင့် အစ, လွယ်၏။

သမိုင်းကြောင်းတစ်လျှောက်တွင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်အတော်များများသည် ရှေးဟောင်းနတ်ဘုရားများကို တုပခြင်းဖြင့် သူတို့၏ ကိုယ်ပိုင်ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များအား ဖန်တီးခဲ့ကြချေသည်။

‌ကောင်းကင်နတ်အရှင်တစ်ဦးဖြစ်သော ကောင်းကင်နတ်အရှင်ဟောင်အတွက် ဤကျင့်စဉ်များအား ရယူရန် မခက်လှပေ။ ထို့အပြင် နတ်ဘုရားတစ်ပိုင်း သွေးပါခြင်းကြောင့် သင်ယူလေ့လာရသည်ကလည်း များစွာ လွယ်ကူသည်။

ကမ္ဘာခေတ်ဦးတာအိုနှင့် ပတ်သက်၍ သူ၏ တွေးခေါ်နားလည်ထားမှုက ခိုင်ဧကရာဇ်၏ ‌ကောင်းကင်ဘုံ ၃၄ ဘုံတမျှ မထူးခြားသည့်တိုင် အတိုင်းထက်အလွန် မြင့်မားသေးး၏။

သူ၏အနန္တတာအိုနယ်ပယ်က ပေါ်ထွက်လာခဲ့ပြီး ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်နယ်ပယ်ကို ချေမှုန်းလိုက်ချေပြီ။

ဓားနယ်ပယ်နှင့် အနန္တနယ်ပယ်၏ ပြိုကွဲသွားမှုကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် ပတ်ဝန်းကျင်တစ်ခုလုံးအား သိမ်းကျုံးတိုက်ခတ်ရင်း ဖျက်စီးပစ်နေ၏။ မပျက်စီးသွားသော နေရာဆို၍ ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်နောက်၌ မားမားမတ်မတ် ရပ်တည်နေသည့် နတ်ကောင်းကင်ရတနာခန်းမသာ ကျန်ရှိခဲ့သည်။

ယင်းအပြင် ကျောက်စိမ်းမြို့တော်မှာလည်း အရှင်းဖျက်စီးခံရလုဆဲဆဲ ဖြစ်နေသည်။

ကောင်းကင်နတ်အရှင်ဟောင်က သူ့ညာလက်ပေါ်ရှိ ဓားဒဏ်ာကို ကြည့်လျက် မျက်နှာထား တင်းမာခက်ထန်သွားသည်။ “ချင်ယဲ့၊ နဂါးဟန်ရဲ့ ရှစ်ယောက်မြောက် ကောင်းကင်နတ်အရှင်ဖြစ်ပြီး မင်းက အားနည်းနေသေးတာပဲ”

ခိုင်ဧကရာဇ်သည် နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်ရင်း အနိမ့်အမြင့်မရှိသော လေသံဖြင့် တုံ့ပြန်လိုက်၏။ “မင်းက ငါ့ထက် နှစ်ပေါင်း ကိုးသိန်းကျော် စောမွေးလာခဲ့တာ‌တောင် ဒီအဆင့်အထိပဲ ကျင့်ကြံနိုင်သေးတယ်... ဟောင်၊ မင်းက အိုနေပြီ ... ဆက်မတိုးတက်နိုင်တော့ဘူး.. ဒါပေမဲ့ ငါကတော့ တိုးတက်နေတဲ့ ကာလမှာပဲ ရှိသေးတယ်”

သူက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ သူ့အနောက်၌ တစ်ခုတည်းသော ဓားကောင်းကင်နန်းဆောင် ဖွဲ့တည်လာသည်။ ထို့နောက် သူ၏ အေးအေးလူလူအသံ ထွက်ပေါ်လာသည်။ “အဲဒီနှစ်တုန်းက .. နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ကောင်းကင်နတ်အရှင်မူက မင်းနဲ့အတူ ပြည်သူလူထုဆီ ‌ဟောကြားပေးခဲ့တယ်... အဲဒီလိုပြောပြီးတဲ့အချိန်မှာ ကောင်းကင်နတ်အရှင်ယွီက ပိုမြင့်မားတဲ့ အဆင့်နောက်တစ်ဆင့် ရှိသေးတယ်လို့ ခံစားခဲ့ရတဲ့အကြောင်း မင်း ပြောခဲ့တယ်... ဒါပေမဲ့ ငါ့အမြင်မှာတော့့ ကောင်းကင်နတ်ဘုံအဆင့်က ပြီးပြည့်စုံနေတဲ့ ပန်းချီကားတစ်ချပ်ကို အပေါစားစုတ်ချက်တွေနဲ့ ဖျက်စီးနေသလိုပဲ”

ကောင်းကင်နတ်အရှင်ဟောင်သည် ခိုင်ဧကရာဇ်၏ ဓားကောင်းကင်နန်းဆောင်ဆီ စိုက်ကြည့်ပြီးနောက် သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။

ကောင်းကင်နတ်အရှင်ချန်းနှင့် ကောင်းကင်နတ်အရှင်ရှောင်တို့လည်း သူ၏ ဓားကောင်းကင်နန်းဆောင်ကို မြင်သည့်အခါ မျက်ဝန်းများ၌ သံသယများ ဖြစ်တည်လာတော့သည်။

ခိုင်ဧကရာဇ်ကား သန်မာအားကောင်းလှသော်လည်း သူ့တွင် ကောင်းကင်နန်းဆောင်တစ်ဆောင်တည်းသာ ရှိနေသည်။ ဤသည်ကား မဖြစ်နိုင်သည့်အရာပင်။

သူ၏ လက်ရှိခွန်အားသည် ကောင်းကင်နတ်အရှင်များနှင့် ယှဉ်နိုင်၏။

ကောင်းကင်နန်းဆောင်တစ်ဆောင်တည်းဖြင့် ထိုမျှအင်အားကြီးမားသော ခွန်အားကို အဘယ်သို့ပြု၍ ပိုင်ဆိုင်ထားပါသနည်း။

“ငါ ‌ကောင်းကင်နန်းဆောင်တစ်ဆောင်တည်းကို ကျင့်ကြံခဲ့တယ်.... ကောင်းကင်နတ်အရှင်ဆယ်ပါးလို့ ခေါ်တဲ့ မင်းတို့တတွေနဲ့ ယှဉ်နိုင်ဖို့ ငါ့အတွက် နှစ်လေးသောင်းပဲ ကြာခဲ့တယ်”

ခိုင်ဧကရာဇ်သည် ခနဲ့သလို ပြုံးလိုက်၏။ “ကောင်းကင်နန်းဆောင် ၃၆ ဆောင်၊ ပလ္လင်ခန်းမ ၇၂ ခုက ကောင်းကင်နတ်ဘုံကို တည်ဆောက်ပေးတယ်... မင်းတို့ ရှိသမျှ စွမ်းအင်အကုန် ထုတ်သုံးရင်တောင် အဲဒီအဆင့်ကို ကျင့်ကြံနိုင်မှာ မဟုတ်ဘူး... ကောင်းကင်နတ်ဘုံအဆင့်ဆိုတာ ကောင်းကင်နတ်အရှင်ယွီရဲ့ စိတ်ကူးယဉ်အတွေးလေးတစ်ခုပဲ... ငါ့အမြင်အရ တည်တောင် မတည်ရှိဘူး... တကယ်တော့ နတ်ဘုရားအဆင့်ဆိုတာလည်း မတည်ရှိပါဘူး ... ကောင်းကင်ရတနာတွေပြီးရင် အဆင့်တစ်ဆင့်ပဲ ရှိတယ်... အဲဒါ တာအိုအဆင့်ပဲ.... ဟောင်၊ ချန်း၊ ရှောင်၊ မင်းတို့အားလုံး လမ်းမှားကို လျှောက်နေကြတာ”

ကောင်းကင်နတ်အရှင်ဟောင်က လှောင်သည်။ “မင့်ဒဏ်ရာတွေကိုလည်း ကြည့်ကြည့်ပါဦး... ငါ့ထက်တောင် ပြင်းထန်နေတာတောင် ဘာစကားတွေ ပြောနေတာလဲ”

ကောင်းကင်နတ်အရှင်ရှောင်သည် အတွေးထဲ နစ်မျောသွားပြီးနောက် ခပ်ရေးရေးမျှ ပြုံးလိုက်၏။

ကောင်းကင်နတ်အရှင်ချန်းက မျက်ခုံးများ တွန့်ချိုးလျက် လေးလေးနက်နက် တွေးနေပြီးနောက် ခေါင်းယမ်းလိုက်သည်။

ခိုင်ဧကရာဇ်က ဓားကို တောက်လိုက်ရာ ချွင်ခနဲ အသံတစ်ချက် ထွက်လာသည်။ သူက အေးအေးဆေးဆေး ဖြေသည်။ “ကောင်းကင်တံတားအတိုင်း ဆက်သွားရင် အဆုံးမှာ ဘာရှိလဲ.... ကောင်းကင်နန်းဆောင်အဆင့်နဲ့ ကောင်းကင်နတ်ဘုံအဆင့်လား... ကောင်းကင်နတ်အရှင်ယွီတစ်ယောက် ကောင်းကင်တံတားအဆုံးကို ရောက်သွားလို့ အဲဒီအလွန်မှာ အဲဒီအဆင့်နှစ်ဆင့် ရှိတယ် ထင်ခဲ့တာ... ဒါပေမဲ့ ကောင်းကင်တံတားအဆင့်က မတည်ရှိနေရင်ရော”

နတ်ဘုရင်လန်ဝူမှာ မျက်တောင်လေး ပုတ်ခတ်လိုက်ပြီး သိချင်စိတ်များဖြင့် သူ့ဆီ လှမ်းကြည့်မိသည်။ သူမ ရင်ထဲတွင် လှုပ်ရှားသွားချေသည်။

ကောင်းကင်နတ်အရှင်ချန်း၊ ရှောင်နှင့်‌ ‌ဟောင်တို့မှာ ပို၍ပင် လှုပ်ရှားလာကြသည်။

အဝေးတွင် ချင်မူမှာ ဓားလမ်းစဉ်နှင့် အနန္တတာအို ထိတိုက်မှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းဂယက်များအကြား နဂါးချီလင်နှင့် ယန်အာနှင့်အတူ ရှောင်တိမ်းနေသည်။ ခိုင်ဧကရာဇ်၏ စကားကို ကြားလျှင် သူလည်း ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားတော့၏။

ခိုင်ဧကရာဇ် အဘယ်ကြောင့် ဤစကားအား ပြောလိုက်မှန်း သူ ချက်ချင်း သိသွားသည်။

ကောင်းကင်တံတားအဆင့် မတည်ရှိခဲ့လျှင် အဘယ်သို့ဖြစ်မည်နည်း။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ကောင်းကင်တံတားအဆင့် မတည်ရှိခဲ့ပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတို့က ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာဖြင့် ကောင်းကင်တံတားနေရာတွင် အစားထိုးခဲ့ကြသည်။

ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာဆိုသည်မှာ ရှုရှန်းဟွာနှင့် ချင်မူတို့ ဖွင့်လှစ်ခဲ့သော ကောင်းကင်ရတနာတစ်ခုဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ဆက်လက်ပျံ့နှံ့ခဲ့၏။ ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာမှ ထွက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခွင် လှည့်လှည်သွားလာခဲ့စဉ်အခါတွင် သူသည် အတွေ့အကြုံများမှတစ်ဆင့် သိသိသာသာ စိတ်နှလုံးလှုပ်ခတ်သွားခဲ့ကာ ပြုပြင်ပြောင်းလဲနေသူများနှင့်အတူ ရှေ့ဆက်သွားလိုစိတ် ဖြစ်ပေါ်လာခြင်းဖြစ်မည်။

ချင်မူမှာ စိတ်လှုပ်ရှားလာတော့သည်။ ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုသည် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်လှစ်ပြီးနောက် ရပ်တန့်သွားခဲ့ပြီး ‌ကောင်းကင်နန်းဆောင် ကျင့်စဉ်စနစ်အား ပြောင်းလဲရန် မကြိုးစားခဲ့ကြပေ။

သို့သော် ယခုတွင် ခိုင်ဧကရာဇ်ကား ထိုခြေလှမ်းကို လှမ်း၍ လမ်းနောက်တစ်လမ်း ထပ်ဖွင့်ကာ ပြုပြင်ပြောင်းလဲမှုအား ဆက်လက်လုပ်ဆောင်ခဲ့ချေပြီ။

ချင်မူမှာ ဤဆရာသခင်၏ အတွေးအမြင်နှင့် တာအိုအဆင့်အကြောင်း ကြားချင်လာသည်။

“နတ်ဘုရားအဆင့်လို့ ခေါ်တဲ့အဆင့်က ကောင်းကင်နန်းဆောင်အဆင့်ပဲ... ကောင်းကင်နန်းဆောင်အဆင့်ကတော့ ကောင်းကင်နတ်ဘုံကို ပုံစံတူကူးထားပြီး အတုကို အစစ်သယောင် ထင်စေတဲ့ အဆင့်ပဲ ဖြစ်တယ်”

ခိုင်ဧကရာဇ်သည် ဟက်ခနဲ ရယ်လိုက်ရင်း ဆက်ပြော၏။ “နဂါးဟန်‌ကောင်းကင်နတ်ဘုံ ဖျက်စီးခံလိုက်ရင် ဘယ်လိုလုပ်မလဲ... အစစ်က မတည်ရှိမှတော့ အတုက တည်ရှိနိုင်ပါဦးမလား... တာအိုတစ်ခုတည်းပဲ စစ်မှန်တာ....ဒါကြောင့် တာအိုအဆင့်ပဲ ရှိတယ်... ‌ကောင်းကင်နန်းဆောင်အဆင့် မရှိဘူး”

“ပေါက်ကရတွေ”

ကောင်းကင်နတ်အရှင်ဟောင်က မျက်နှာကြီးမည်းမှောင်လာပြီး အေးစက်စက် ပြောလေသည်။ “မိစ္ဆာဒိဌိအတွေးတွေ”

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးသည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ သူ ဆက်ပြောတာ နားထောင်လို့ အသားပဲ့ပါမသွားပါဘူး”

ခိုင်ဧကရာဇ်က ပြောသည်။ “တာအိုအဆင့်မှာ ၃၆ ထပ် ရှိတယ်... အဲဒါတွေက ကောင်းကင်ဘုံ ၃၆ ဘုံပဲ... အမြင့်ဆုံးအထပ်က ဓားလမ်းစဉ် မဟာခြုံလွှမ်းကောင်းကင်ဘုံ.... လောလောဆယ်မှာ ငါက ၃၄ ဘုံမြောက် ကောင်းကင်ဘုံအထိ ကျင့်ကြံပြီးသွားပြီ”

သူက ကောင်းကင်နတ်အရှင်ဟောင်ကို ကြည့်သည်။ ထို့နောက် ကောင်းကင်နတ်အရှင်ချန်းနှင့် ရှောင်ကို ကြည့်ပြီးနောက် အဝေးတွင် ကြောင်ဖြူလေးတစ်ကောင်အား ပွေ့လျက် ရပ်နေသော ကောင်းကင်နတ်အရှင်ယန်ဆီ လှမ်းကြည့်လိုက်၏။ သူက ခပ်အေးအေး ပြုံးလိုက်ရင်း ဆက်ပြောသည်။ “ငါ ၃၅ ဘုံမြောက် ကောင်းကင်ဘုံဆီ ရောက်ရင် ကောင်းကင်နတ်အရှင်ဟောင်၊ ငါတို့သိုင်းအဆင့်နဲ့ ခွန်အားတွေက မကွာတော့ဘူး.... ငါ ဓားလမ်းစဉ် မဟာခြုံလွှမ်းကောင်းကင်ဘုံဆီ ရောက်ရင်‌တော့.. မင်း ငါ့ကို မင်းရဲ ပြီးပြည့်စုံတဲ့ ‌ကောင်းကင်နတ်ဘုံအဆင့်နဲ့ ပြိုင်ရင်တောင် မနိုင်တော့ဘူး”

သူသည် ဓားကို ခပ်သာသာ ခါလိုက်၏။ ဓားပေါ်၌ ရှိနေခဲ့သော သွေးတို့က မြေကြီးထဲ စိမ့်ဝင်သွားပြီးနောက် ပန်းပွင့်နီနီများကဲ့သို့ အကွက်လိုက် ထင်ကျန်ရစ်ခဲ့သည်။

“အဲဒီအချိန်‌ရောက်ရင် မင်းတို့ ကောင်းကင်နတ်အရှင်ဆယ်ယောက် တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးတဲ့ အံ့ဖွယ်အရာကို မြင်တွေ့ရလိမ့်မယ်”

ခိုင်ဧကရာဇ်က ပြုံးလိုက်သည်။ “ကမ္ဘာခေတ်နှောင်း သတ္တဝါတစ်ယောက်က ဓားလမ်းစဉ်ရဲ့ ထာဝရရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်”

အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်။

ကောင်းကင်နတ်အရှင်‌ရှောင်က အက်ကွဲနေသောအသံဖြင့် ရုတ်တရက် မေး၏။ “မင်းက မဟာဧကရာဇ်နောက်တစ်ယောက်၊ ဓားလမ်းစဉ်ရဲ့ မဟာဧကရာဇ် ဖြစ်လာချင်တာပဲ”

ကောင်းကင်နတ်အရှင်ဟောင်မှာ အပြင်းအထန် တုန်လှုပ်သွားပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ခိုင်ဧကရာဇ်ဆီ လှမ်းကြည့်သည်။

ကောင်းကင်နတ်အရှင်ရှောင်မှာ မပြောခဲ့သင့်သော စကားကို ပြောလိုက်မှန်း သဘောပေါက်သွားသော်လည်း ဟန်မပျက်ပေ။

ခိုင်ဧကရာဇ်က အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “မဟာဧကရာဇ်တဲ့လား... မဟာဧကရာဇ်က အဲဒီအဆင့်တောင် ရောက်နေပြီပေါ့... ဒါဆို သူက ငါ့ရဲ့ တာအိုမိတ်ဆွေပဲ”

ကောင်းကင်နတ်အရှင်ရှောင်သည် မဆိုစလောက် ပြုံးလိုက်၏။ “မဟာဧကရာဇ်က သေသွားပြီ ကြားပေမယ့် နတ်အသိစိတ်အလျဉ် မဟာခြုံလွှမ်းကောင်းကင်ဘုံကို ကျင့်ကြံထားပြီးသားမလို့ အပြီးတိုင် မသေသေးဘူးလို့ ကြားတယ်.... သူက သူ့အသိစိတ်အလျဉ်ကို အဆင့်မြင့်ဟင်းလင်းပြင်အပေါ်မှာ ထာဝရ ခတ်နှိပ်ထားပြီးပြီ... ချင်ယဲ့ မင်းလည်း အဲဒီလမ်းကို လျှောက်နေတာပဲ... ဒါပေမဲ့ မဟာဧကရာဇ်ရဲ့နတ်အသိစိတ်အလျဉ်ဆိုတာ သူ့ဘာသာ ကျင့်ကြံထားတာမဟုတ်ဘဲ ဖန်ဆင်းရှင်တွေ ယဇ်ပူဇော်ပေးထားတဲ့ဟာမလို့ မင်းက ပိုထူးခြားနေတာ.... သူ့ရဲ့နတ်အသိစိတ်အလျဉ်က မသန့်ရှင်းတော့ နတ်အသိစိတ်အလျဉ် မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ပိုင်းလို့ပဲ သတ်မှတ်နိုင်တယ်”

သူက ချီးကျူးလိုက်သည်။ “မင်း ဒီအဆင့်ကို ရောက်ရင် တာအိုကို ရရှိသွားတဲ့ ပထမဆုံး ကမ္ဘာခေတ်နှောင်းသတ္တဝါ ဖြစ်လာလိမ့်မယ်... ငါက မဟာလေဟာနယ်ထဲက ဖန်ဆင်းရှင်တွေနဲ့ ဆုံတွေ့ဖူးပြီး သွေးသံချေးဇုန်လည်း ရောက်ဖူးတာကြောင့် မဟာဧကရာဇ်ရဲ့ လျို့ဝှက်ချက်တွေကို သိနေတာပါ”

‌ကောင်းကင်နတ်အရှင်ဟောင်၏ မျက်ဝန်းများ လက်သွားသော်လည်း သူက မည်သည်ကိုမျှ မပြောပေ။

ခိုင်ဧကရာဇ်၏ အတွေးများ ပြန့်ကြဲသွားသည်။ “ဒီမဟာဧကရာဇ်က တွေ့သင့်တဲ့သူပဲ... ဒါပေမဲ့ အဲဒီမတိုင်ခင်...”

သူက ပတ်ဝန်းကျင်ကို ဝိုက်ကြည့်လိုက်ပြီးနောက် တစ်ချက် ရယ်လိုက်သည်။ “ကောင်းကင်နတ်ဘုံကို ဖျက်စီးပစ်ကြတာပေါ့.... လူသားတွေရဲ့ ရင်ဘတ်ထဲက နတ်ဘုရားကို ဖျက်စီးဖို့ ခက်ပေမယ့် ကောင်းကင်နတ်ဘုံကို ဖျက်စီးဖို့ကတော့ မခက်ဘူး”

အဝေးတွင် ချင်မူမှာ မျက်နှာအမူအရာပြောင်းလဲသွားပြီး အလေးအနက် အော်လိုက်၏။ “သွား၊ မြန်မြန် သွားကြ... ‌ကောင်းကင်နတ်ဘုံကနေ ထွက်သွားကြမယ်”

ကျောက်စိမ်းမြို့တော်ထဲ၌ ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်၊ နတ်ဘုရာလန်ဝူနှင့် ကောင်းကင်နတ်အရှင်ချန်း၊ ကောင်းကင်နတ်အရှင်ယန်တို့အား တစ်ပြိုင်တည်း တိုက်ခိုက်ကြချေပြီ။

တစ်ချိန်တည်းမှာပင် ကောင်းကင်က တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တောက်ပလင်းထိန်လာပြီး ကောင်းကင်နတ်ဘုံ၏ မြေပြင်သည် အနန္တအမှောင်ညထဲ ဆင်းသက်သွားသကဲ့သို့ မည်းမှောင်လာတော့၏။

“ကောင်းကင်နယ်စားမင်း”

“မြေအောက်ဘုံအရှင်သခင်”

ကောင်းကင်နတ်အရှင်ချန်းနှင့် ‌ကောင်းကင်နတ်အရှင်ယန်တို့ တုန်လှုပ်သွားကြသည်။ သူတို့က ကပျာကယာ ရပ်၍ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို အလျင်အမြန် ထိန်းချုပ်လိုက်ကြသည်။

ခိုင်ဧကရာဇ်ကား အေးစက်စွာ ရယ်မောရင်း အားကုန်ထုတ်‌ဖော်လိုက်ချေပြီ။

All Chapters