← Chapters

ချစ်လှစွာသော သူငယ်ချင်း

Vol. 88 Ch. 1149

ချစ်လှစွာသော သူငယ်ချင်း

Vol. 88 Ch. 1149

ချင်မူ ထွက်သွားတော့မည့်အချိန် ကောင်းကင်နတ်အရှင်ကုန်း၏အသံက အနောက်မှ ထွက်လာသည်။ “ငါသာ နင်ဆိုရင် အဲ့ဒီဟင်းလင်းပြင်သားရဲတွေကို သုံးမှာမဟုတ်ဘူး…. ဟင်းလင်းပြင်သားရဲတွေကို ယဉ်‌ပါးလာစေဖို့က မဖြစ်နိုင်တာ မဟုတ်ပေမယ့် သူတို့တွေက အင်မတန် ထူးဆန်းတယ်…. ဟင်းလင်းသားရဲတစ်ကောင်ချင်းဆီက ဦးနှောက်တစ်ခုရဲ့ အစိတ်အပိုင်းလေးတစ်ခုစီ လို့ သဘောထားလိုက်…. သူတို့အားလုံးကို ပေါင်းစည်းလိုက်ရင် ပြီးပြည့်စုံတဲ့ ဦးနှောက်တစ်ခု ဖြစ်လာလိမ့်မယ်…”

ချင်မူ ကြောင်သွား၏။ ထိုမျှ ထူးဆန်းသော သားရဲမျိုး ရှိသည်လော။

ကောင်းကင်နတ်အရှင်ကုန်းသည် ဆက်ပြော၏။ “ဒါ့အပြင် ဟင်းလင်းပြင်သားရဲမိခင်က အဲဒီဦးနှောက်ရဲ့ အတွေးတွေနဲ့ ညီမျှပြီးတော့ ဟင်းလင်းသားရဲမှန်သမျှ ထိန်းချုပ်တယ်… ဟင်းလင်းပြင်သားရဲတွေ ဟင်းလင်းပြင်မှာ ပထမဆုံး ပေါ်လာခဲ့တုန်းက ဖန်ဆင်းရှင်တွေ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြဖူးတယ်… နောက်ပိုင်း သားရဲမိခင် ပေါ်လာတဲ့အခါမှာ အဲ့ဒီဖန်ဆင်းရှင်တွေအားလုံး ဝါးမြိုခံခဲ့ရပြီး တစ်ယောက်မှ မကျန်ရစ်ခဲ့ဘူး”

ချင်မူက ကျေးဇူးတင်ကြောင်း ပြသလိုက်ရင်း ရုတ်တရက် အဓိကကိစ္စတစ်ခုကို တွေးမိသွားသည်။ သူက စကားနှိုက်လေသည်။ “ဟင်းလင်းပြင်သားရဲတွေ ဟင်းလင်းပြင်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်လို့ တာအိုမိတ်ဆွေကုန်း ပြောခဲ့တယ်နော်…. အတိတ်မှာ အဲ့ဒီလိုသားရဲမျိုးရော ရှိခဲ့သလား”

ကောင်းကင်နတ်အရှင်ကုန်းက ခေါင်းရမ်းသည်။ “ဘိုးဘေးနန်းတော်ထဲက ရှေးဟောင်းသားရဲတွေက နှိုင်းယှဉ်မရလောက်အောင် သန်မာပေမယ့်…. ဒီဟင်းလင်းပြင်သားရဲတွေလောက် မထူးဆန်းကြဘူး…. ဒီသားရဲက ဟင်းလင်းပြင်ထဲကနေ မွေးဖွားလာခဲ့တဲ့အပြင် မွေးလာတဲ့အချိန်ကစလို့ ရှေးဟောင်းသားရဲအမျိုးအစားမှန်သမျှကို အနိုင်ယူပြီး ဝါးမြိုခဲ့တာပဲ… ဟင်းလင်းပြင်သားရဲတစ်ကောင်ရဲ့ စွမ်းအားက ရှေးဟောင်းသားရဲတွေနဲ့ယှဉ်ရင် မသန်မာပေမယ့် သူတို့ မျိုးပွားတဲ့နှုန်းက မြန်လွန်းတယ်…. အခြားသားရဲတွေက ဘယ်လောက်ပဲ သန်မာပါစေ… အဖွဲ့လိုက် တိုက်ခိုက်တာကို မခံနိုင်ကြတော့ ဖြည်းဖြည်းချင်း မျိုးသုဉ်းလာခဲ့တာပဲ”

ချင်မူလည်း အလားတူ တွေးမိသည်။

၁၉ ခုမြောက်ဟင်းလင်းပြင်ရှိ ဟင်းလင်းပြင်သားရဲဥများမှာ သူ့အတွက် ကြောက်မက်ဖွယ်အကောင်းဆုံးအရာများ ဖြစ်ကြပေသည်။

“ဟင်းလင်းပြင်သားရဲတွေအားလုံး ပေါင်းစည်းလိုက်ရင် ဦးနှောက်တစ်ခု ဖြစ်တည်လာတယ်ဆိုတော့ အဲ့ဒီသားရဲတွေက သဘာ၀အတိုင်း မွေးဖွားလာတာလား… ဖန်တီးခံရတာလား” ချင်မူက မေးသည်။

ကောင်းကင်နတ်အရှင်ကုန်းသည် တခဏ တုံ့ဆိုင်းနေပြီးနောက် ဖြေ၏။ “ငါ့နောက်လိုက်ခဲ့”

ချင်မူလည်း သူမနှင့်အတူ သတ္ထုကျောက်တွင်း၏ အနောက်သို့ လိုက်သွားသည်။ မြေပြင်အနေအထားမှာ အရိုးဖြူများ မရေမတွက်နိုင်အောင် ပြည့်နှက်နေသည့် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်တည်နေ၏။

ထိုအရိုးစုများသည် တောင်တန်းများနီးပါး မြင့်မားပြီး ဟင်းလင်းသားရဲခြေထောက်တစ်ဖက်ကပင်လျှင် ကိုက်တစ်ထောင်ကျော် ရှည်လျား၏။

“အရင်က ငါ့ရှင်းမျိုးနွယ်ဟာ မိန်းမတွေကသာ မြင့်မြတ်တဲ့သူတွေ ဖြစ်တဲ့ အမျိုးသမီးကြီးစိုးတဲ့ အသိုင်းအဝိုင်းတစ်ခု ဖြစ်ခဲ့တယ်… ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်အင်အားက ‌ယောက်ျားအညံ့တစ်ယောက်ထက်တောင် လျော့ကျတယ်လေ”

နတ်ဘုရင်ကုန်းယွင်သည် သူ့အား ချိုင့်ဝှမ်းဆီသို့ ခေါ်သွား၍ ဧရာမသားရဲအရိုးကြီးများအပေါ်တွင် ရပ်နေ၏။ သူမက အားတုံ့အားနာဖြင့် ဆက်ပြောသည်။ “နင့်ကို ပြောတာလို့တော့ မထင်ပါနဲ့... ဒါကြောင့် ငါတို့ရှင်းမျိုးနွယ်ဟာ တိုက်ခိုက်ဖို့ သားရဲတွေကို မွေးမြူခဲ့ကြတယ်…. ဒီနေရာက ရှင်းမျိုးနွယ်ရဲ့ ဧရာမသားရဲတွေ မြှုပ်နှံထားတဲ့နေရာပဲ… ဒါကို လာကြည့်ချေ”

ချင်မူ ခေါင်းငုံ့ကြည့်လိုက်ရာ ဤသားရဲအရိုးစုသည် တောင်တန်းများအလား ထူထဲသော ခြေထောက်ကြီးခြောက်ချောင်းရှိသည်ကို တွေ့လိုက်ရ၏။

“ဒီထူးဆန်းသားရဲမျိုးနွယ်ကို တောင်အော်ကောင် လို့ခေါ်တယ်… သူတို့တွေက ‌လျှောက်သွားနေတဲ့ တောင်တန်းကြီးတွေနဲ့ တူပြီးတော့ တရှူးရှူးအသံတွေကို ထုတ်လွှတ်တတ်တယ်…. သူတို့မှာ ခြေထောက်ခြောက်ချောင်း ရှိပြီး ဟင်းလင်းပြင်သားရဲတွေရဲ့ ခြေထောက်တွေနဲ့ ဆင်တူတယ်…. ဒါပေမဲ့ တောင်အော်ကောင်မှာ ဟင်းလင်းပြင်သားရဲတွေလို ချွန်ထက်တဲ့ လက်သည်းစွယ်တွေ မရှိဘူး”

နတ်ဘုရင်ကုန်းယွင်သည် သားရဲအရိုးစုကြီးနောက်တစ်စုထံ လျှောက်သွား၏။ ၎င်း၏ခြေထောက်များ၌ တံစဉ်းများအလျား ချွန်ထက်သည့် ခြေစွယ်များ ရှိနေကာ ခြေတစ်ဖက်ဆီတွင် ခြေစွယ်ရှစ်စွယ်၊ ကိုးစွယ်ခန့် ရှိသည်။

“ဒါက ဆန်းပြားကောင်ပဲ”

နတ်ဘုရင်ကုန်းယွင်က ပြောသည်။ “သူ့ခန္ဓာကိုယ်ကို သစ်ပင်တွေ ရေညှိတွေနဲ့ ဖုံးအုပ်ထားတယ်…. သူ မြေပြင်မှာ တွားသွားနေတဲ့အခါကျရင် လူတွေက တောင်တစ်လုံးအဖြစ် အမြင်မှားတတ်ကြတယ်… ဒါပေမဲ့ သူ့လက်သည်းစွယ်တွေက ဟင်းလင်းပြင်သားရဲရဲ့ လက်သည်းစွယ်တွေလိုပဲ နှိုင်းမရလောက်အောင် ချွန်ထက်တယ်”

ချင်မူက ဆန်းပြားကောင်၏ လက်သည်းစွယ်များကို ကြည့်လိုက်ရင်း ၎င်းတို့မှာ အမှန်တကယ်ပင် သာမန်နှင့်မတူအောင် ချွန်နေကြောင်း တွေ့လိုက်ရသည်။ ပိုမိုသေးငယ်သည်မှလွဲ၍ ဟင်းလင်းပြင်သားရဲများ၏ လက်သည်းစွယ်များနှင့် ဆင်တူလေသည်။

“ဒီသားရဲအရိုးစုက ကြောင်ပျံကောင်ပဲ… သူတို့က ထော့နဲ့ထော့နဲ့ နဲ့ လမ်းလျှောက်တတ်ကြပေမယ့် တကယ်တော့‌ တောင်တွေကနေ လေခိုစီးလို့ရတဲ့ အသားတောင်ပံတွေ ရှိကြတယ်… ဒီအသားတောင်ပံတွေက ဟင်းလင်းပြင်သားရဲတွေရဲ့ အသားတောင်ပံတွေနဲ့ တူတူပဲ”

နတ်ဘုရင်ကုန်းယွင်က ဧရာမသားရဲကြီးအလောင်းနောက်တစ်လောင်းဆီသို့ လျှောက်သွားကာ ပြောသည်။ “ဒီဆန်းကြယ်သားရဲကိုတော့ ဒေါသကောင်လို့ခေါ်တယ်…. သူ့မှာ မျက်လုံးတစ်လုံးတည်း ရှိပြီးတော့ အသိစိတ်အလျဉ်က အင်မတန် သန်မာတယ်…. သူက ‌လူတွေကို လှည့်စားတဲ့နေရာမှာ တော်တယ်…. ဟိုက ဧရာမသားရဲကတော့ လေရှူကောင် လို့ခေါ်တယ်… မျက်လုံးမရှိဘူး…ခေါင်းပေါ်မှာ ဧရာမတောင်ကြီးတစ်လုံးပဲ ရှိတယ်’

ချင်မူ့ရင်ထဲတွင် လှုပ်ခတ်သွားပြီး သူက တည်ကြည်စွာ မေးလိုက်၏။ “ဟင်းလင်းပြင်သားရဲတွေက ဖန်တီးခံထားရတာလို့ ပြောချင်တာလား”

နတ်ဘုရင်ကုန်းယွင်က ခေါင်းရမ်းသည်။ “ငါလည်း သေချာမသိဘူး…. ဒါပေမဲ့ ဟင်းလင်းပြင်သားရဲရဲ့ ခန္ဓာကိုယ်ကို တစ်ခါ ခွဲကြည့်ခဲ့တုန်းက သူ့ခန္ဓာကိုယ်ထဲမှာ အခြားဧရာမသားရဲတွေရဲ့ ကလီစာတွေကို တွေ့ခဲ့ရတယ်…. ပိုပြီးထူးဆန်းတာက ဟင်းလင်းပြင်သားရဲတွေမှာ လိင်ရော၊ မျိုးပွားအင်္ဂါရော မရှိဘူး”

ချင်မူမှာ ကြောင်အသွားသည်။

နတ်ဘုရင်ကုန်းယွင်က မေး၏။ “မထူးဆန်းဘူးလား”

ချင်မူ ခေါင်းညိတ်၍ ဖြေလိုက်သည်။ “အထီးနဲ့ အမကြားမှာ ဘာထူးခြားမှုမှမရှိဘူး… တခြားနည်းနဲ့ပြောရရင် ဟင်းလင်းပြင်သားရဲမိခင်က လိင်မရှိဘဲ မျိုးပွားနိုင်တယ်…. ဒါပေမဲ့ ကျွန်တော်တို့ ဟင်းလင်းပြင်သားရဲမိခင်ကို သတ်လိုက်တဲ့အခါကျရင် သူတို့ကို တစ်သက်လုံး ရှင်းလင်းပြီးသား ဖြစ်မယ်မဟုတ်လား”

နတ်ဘုရင်ကုန်းယွင်က ‌ခေါင်းရမ်းသည်။ “ဟင်းလင်းပြင်သားရဲမိခင်ကို အရင်က သတ်ခဲ့ဖူးတယ်… သတ်ပြီးတော့ အသန်မာဆုံးဟင်းလင်းပြင်သားရဲက ဟင်းလင်းပြင်သားရဲမိခင်အသစ် ဖြစ်လာတယ်”

ချင်မူမှာ ကြောင်သွားတော့သည်။ “နတ်လက်နက်တစ်ခုကိုတောင် သတိရစေတယ်..”

“ဖန်ဆင်းကောင်းကင်လက်နက်”

နတ်ဘုရင်ကုန်းယွင်က ပြော၏။ “ငါလည်း ဖန်ဆင်းကောင်းကင်လက်နက်ကို တွေးမိပေမယ့် ကောင်းကင်နတ်အရှင်လင် တည်ဆောက်ခဲ့တဲ့ ဖန်ဆင်းကောင်းကင်လက်နက် မြင်ခဲ့ဖူးပြီးပြီ…. အဲ့ဒီလက်နက်က သက်ရှိတွေ မဖန်ဆင်းပေးနိုင်ဘူး”

ချင်မူက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ “ဒါဆို မဟာဧကရာဇ် ဖန်ဆင်းခဲ့တာများလား”

ကုန်းယွင်သည် ခေါင်းရမ်းသည်။ “မဟာဧကရာဇ်မဟုတ်ဘူး… မဟာဧကရာဇ် ထိန်းချုပ်ထားတဲ့ ဟင်းလင်းပြင်သားရဲမိခင်က မျိုးဆက်ခုနစ်ဆက်မြောက် ဟင်းလင်းပြင်သားရဲမိခင်ပဲ…. ပထမဆုံး ဟင်းလင်းပြင်သားရဲမိခင် ပေါ်လာတုန်းက သူက ငယ်သေးတယ်…. အဲ့ဒီလိုသိုင်းအဆင့်မျိုး မရှိသေးဘူး…”

သူမက ချင်မူ ထိန်းချုပ်ထားသော ဟင်းလင်းပြင်သားရဲဆီသို့ လာ၍ ၎င်းခန္ဓာကိုယ်ပေါ်ရှိ တာအိုအမှတ်အသားများအား ခပ်ဖွဖွ ထိတွေ့လိုက်၏။ “ဒီ အမှတ်အသားတွေကိုကြည့်… မဟာတာအိုသင်္ကေတစ်ခုနဲ့ တူသလား”

ချင်မူ့ရင်မှာ တဒိန်းဒိန်း ခုန်သွားတော့သည်။ ဟင်းလင်းပြင်သားရဲ၏ ကိုယ်ပေါ်ရှိ တာအိုအမှတ်အသားများမှာ အင်မတန် လှပပြီး မဟာတာအိုသင်္ကေတများနှင့် ဆင်တူသည်ကို သူ သိရှိပြီးဖြစ်လေသည်။ ထို့ကြောင့် ဟင်းလင်းပြင်သင်္တေကများကို အချိန်ပေးလေ့လာ ကြည့်ရှုရန် ပြင်ဆင်ထားပြီးဖြစ်၏။

“မဟာတာအိုသင်္ကေတလို အသိပညာမျိုးက ဖန်ဆင်းရှင်တွေ မပိုင်ဆိုင်တဲ့အရာပဲ… အရင် ငါတို့ခေတ်က ဒီအသိပညာက အင်မတန် ရှေ့ပြေးလွန်းခဲ့တယ်”

နတ်ဘုရင်ကုန်းယွင်က ပြော၏။ “တာအိုကနေ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတွေပဲ ဒီလိုသင်္ကေတမျိုး ရှိကြတာ…. ဒါပေမဲ့ ဖန်ဆင်းရှင်တွေက အဲ့သင်္ကေတတွေကို နားမလည်နိုင်ဘူး”

ချင်မူမှာ တခဏ တစ်ယောက်တည်း ရေရွတ်နေပြီးနောက် မေးလေသည်။ “ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က မဟာတာအိုမှန်သမျှမှာ ကျွမ်းကျင်တယ်… သူကများ ဟင်းလင်းပြင်သားရဲတွေကို ဖန်တီးခဲ့တာလား”

“သူလည်း မဟုတ်ဘူး… သူက ဟင်းလင်းပြင်သားရဲတွေကို မထိန်းချုပ်နိုင်သလို အနန္တတန်ခိုးရှင်လည်း မဟုတ်ဘူး”

နတ်ဘုရားကုန်းယွင်သည် ကောင်းကင်သို့ မော့ကြည့်၍ ပြော၏။ “ဒီဘိုးဘေးနန်းတော်ထဲမှာ ငါတို့နဲ့ ဟင်းလင်းပြင်‌သားရဲတွေချည်းပဲ မဟုတ်ဘူး”

ချင်မူမှာ တုန်လှုပ်သွားသည်။ “ကျွန်တော်တို့ပဲ ဘိုးဘေးနန်းတော်ထဲမှာ ရှိတာမဟုတ်ဘူးတဲ့လား”

ဤသည်က မည်သည့်အဓိပ္ပာယ်နည်း။

ဘိုးဘေးနန်းတော်ထဲ၌ ကမ္ဘာဦးခေတ်မှ ရှေးဟောင်းနတ်ဘုရားများ ချိပ်ပိတ်ထားခဲ့သည့် အရာတစ်ခုခု ရှိနေသည်လော။

“ကောင်းကင်နတ်အရှင်မူ၊ သတိထားပါ… ဒီနေရာက အန္တရာယ်တွေက ဟင်းလင်းပြင်သားရဲတွေနဲ့‌ ကောင်းကင်နတ်အရှင်တွေပဲ မဟုတ်ဘူး”

နတ်ဘုရင်ကုန်းယွင်မှာ သူ့အား ထွက်သွားစေလိုပြီး ချင်မူကလည်း နားလည်သည်။ သူက ဟင်းလင်းပြင်သားရဲ၏ ဦးခေါင်းနောက်ရှိ အရိုးတောင်တန်းပေါ်သို့ တက်ကာ နတ်ဘုရင်ကုန်းယွင်အား ပြောလိုက်သည်။

“နတ်ဘုရင်၊ ကျွန်တော် ခင်ဗျားကို ကျွန်တော့်ဆီမှာ ကျေးဇူးကြွေးထပ်တင်စေချင်တယ်…. ဘယ်လိုလဲ”

နတ်ဘုရင်ကုန်းယွင်က သူ့ကို မော့ကြည့်ကာ ဖြေသည်။ “ဒါက နင့်သတင်းက တန်၊မတန်အပေါ်မှာ မူတည်လိမ့်မယ်”

ချင်မူက ပြုံးလျက် အေးအေးလူလူ ပြော၏။ ‘“ခင်ဗျားနဲ့ ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ဆက်ဆံရေးက သိပ်အဆင်မပြေဘူးလို့ ကြားခဲ့ရတယ်”

နတ်ဘုရင်ကုန်းယွင်မှာ မျက်နှာအမူအရာ အေးစက်သွား၏။ “ငါ သူ့ကို တိုက်ခိုက်ခဲ့ပေမယ့် အသေမသတ်ခဲ့ပါဘူး… ဘာလို့ ဒီအ‌ကြောင်းကို ပြောရတာလဲ”

“ကောင်းကင်နတ်အရှင်ဟုန်က မဟာဧကရာဇ် မဟုတ်ဘူး”

ချင်မူ ပြုံးလိုက်မိသည်။ “ခင်ဗျားရဲ့ ချစ်လှစွာသော သူငယ်ချင်း နတ်အရှင်မချန်းက မဟာဧကရာဇ်ပဲ”

နတ်ဘုရင်ကုန်းယွင်မှာ မှင်သက်သွားတော့သည်။ “မဖြစ်နိုင်တာ”

ချင်မူက ကျယ်လောင်စွာ ရယ်မောလျက် ပြော၏။ “အဲ့ဒီ မိန်းကလေးက ခင်ဗျားနဲ့ ရင်းနှီးတယ်မလား… ခင်ဗျားကို အကြောင်းပြချက်မရှိဘဲ လာရှာတတ်တယ်မလား”

နတ်ဘုရင်ကုန်းယွင်သည် ခေါင်းညိတ်၏။ “ကောင်းကင်နတ်အရှင်ဟုန်က ခင်ဗျားကို တွေ့တာနဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာ ပုန်းတယ်မလား’

ကုန်းယွင်မှာ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားတော့သည်။ သူမက အံကြိတ်လျက် ပြောသည်။ “မဟာဧကရာဇ်က ငါ့ကို တွေ့ရင် ပုန်းမှာမဟုတ်ဘူး… အနားကပ်လာမှာ…. ငါ သူ့ကို ရက်ရက်စက်စက် ရိုက်နှက်ရင်တောင် သူက ထွက်သွားမှာမဟုတ်ဘူး…. ချီးပဲ…သူက မိန်းမပျက်တစ်ယောက် ဖြစ်လာတာပေါ့လေ”

သူမမှာ အမျက်တစ်ချောင်းချောင်း ထွက်လာမိသည်။ နတ်အရှင်မချန်းသည် သူမကို အတူတူ အိပ်ရန် လာခေါ်ခဲ့ဖူးသည်။ ညီအစ်မနှစ်ဦးမှာ တစ်ခုတင်တည်းတွင် လှဲ၍ ဟိုဟိုသည်သည် စကားပြောတတ်ကြ၏။ ယခု ပြန်တွေးမိသည့်အခါ ကုန်းယွင်မှာ ကြက်သီးမွေးညင်းများ ထလာတော့သည်။

ချင်မူက ပြုံးလျက် ပြောသည်။ “ရှင်းမျိုးနွယ်ရဲ့ ရှေးဟောင်းကျောက်တုံးတွင်း… ထုတ်လုပ်တဲ့ နတ်ကျောက်တုံးတွေရဲ့ ဆယ်ရာခိုင်နှုန်းကို ကျွန်တော် လိုချင်တယ်…. ကျွန်တော့်သတင်းက ဆယ်ရာခိုင်နှုန်း တန်ရဲ့လား”

All Chapters