← Chapters

ပျက်စီးခြင်း

Vol. 88 Ch. 1152

ပျက်စီးခြင်း

Vol. 88 Ch. 1152

ချင်မူက ဣန္ဒြေဆည်ကာ ကွဲနေသော ရှေးဟောင်းနတ်ဘုရားဥအား ဆက်လက် လေ့လာသည်။ ၎င်း‌အောက်တွင် စက်ဝိုင်းပုံ တွင်းငယ်တစ်တွင်း ရှိနေ၏။

သူ့မှာ ကြောင်အသွားသည်။ ဤသို့ တွင်းမျိုးကို မြင်ဖူးလေသည်။

သွေးသံချေးဇုန်ရှိ ဖန်ဆင်းရှင်များ၏ နယ်မြေတွင် ယဇ်ပလ္လင်ပေါင်းများစွာ တည်ရှိ၏။ ယဇ်ပလ္လင်တိုင်းနီးပါးတွင် စက်ဝိုင်းပုံတွင်းတစ်တွင်းဆီ ရှိခဲ့ကြသည်။

စက်ဝိုင်းပုံတွင်းများသည် ဖန်ဆင်းရှင်တို့၏ ယဇ်ပူဇော်မှုများဆီမှ စွမ်းအားကို စုဆောင်းကြ၏။ ပူဇော်စွမ်းအားက ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေတို့ကဲ့သို့ အံ့မခန်း ပုဂ္ဂိုလ်များနှင့် အသွင်သဏ္ဍာန် အရွယ်အမျိုးမျိုးရှိ‌သော ရှေးဟောင်းနတ်ဘုရားတို့အဖြစ်သို့ ‌ဆင့်ကဲပြောင်းလဲနိုင်ကြသည်။ ယင်းဖြစ်တည်မှုတို့၏ အင်အားသည်လည်း နှိုင်းယှဉ်မရ‌နိုင်အောင် သန်မာကြသည်။

“ဖန်ဆင်းရှင်တွေ ဒီယဇ်ပလ္လင်မျိုးကို တုပခဲ့တာ သူတို့အသိစိတ်အလျဉ်ကို စုစည်းပြီး ရှေးဟောင်းနတ်ဘုရားအသွင်သဏ္ဍာန် စစ်လက်နက်တွေကို မြင်ယောင်ဖန်ဆင်းဖို့များလား”

ချင်မူက ဂရုတစိုက် တွေးနေရင်း ရှေးဟောင်းနတ်ဘုရားဥ၏ ဥခွံနှစ်ခြမ်းဆီသို့ လျှောက်သွားသည်။ ဖန်ဆင်းရှင်တို့သည် ဤရှေးဟောင်းနတ်ဘုရား၏ အကြောင်းနှင့် ပတ်သက်၍ တစ်စိတ်တစ်ပိုင်း သိခဲ့ရသောကြောင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ထိုက်ချီ၏ ပလ္လင်နှင့် ဆင်တူသည့် ယဇ်ပလ္လင်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ဒီဥခွံက ပစ္စည်းကောင်းပဲ… မွေးလာတဲ့ ရှေးဟောင်းနတ်ဘုရားက ဥခွံ ဘယ်လောက်အသုံး၀င်သလဲတောင် မသိခဲ့ဘူး… မွေးပြီးပြီးချင်း ထွက်ပြေးသွားခဲ့တာပဲ”

ယဇ်ပလ္လင်အလယ်ရှိ ဥခွံအနားသို့ သူ ရောက်လာသည်။ ဥခွံမှာ ကြီးမားလွန်းသဖြင့် ဥခွံတစ်ခုလုံးကို အပြည့်အ၀ပင် မမြင်ရချေ။

'ဥထဲက ထွက်လာတဲ့ ရှေးဟောင်းနတ်ဘုရားက ဘယ်များ ရောက်သွားတာ‌လဲ… ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူပြောတဲ့ ကြောက်မက်ဖွယ်ရာဆိုတာ သူများလား’

ချင်မူ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်မိသည်။ ဟိုးအရင်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် သူ၏ အကျည်းတန်သော အတိတ်ဆိုးကို မြှုပ်နှံရန် ရည်ရွယ်ချက်ဖြင့် ရှေးဟောင်းနတ်ဘုရားအချို့နှင့်အတူ ဘိုးဘေးနန်းတော်အား ချိပ်ပိတ်ခဲ့သည်။ သူသည် ဟင်းလင်းပြင်းသားရဲနှင့် ဆင်တူသော ကြောက်မက်ဖွယ်သားရဲတစ်ကောင်ကို ပိတ်လှောင်ထားလိုခြင်း ဖြစ်ပေလိမ့်မည်။

ဟင်းလင်းပြင်သားရဲတို့သည် ရှေးဟောင်းသားရဲအမျိုးမျိုးကို ပေါင်းစပ်ထားသည့် ထူးဆန်းသော သားရဲများဖြစ်ကြ၏။ ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာခဲ့ဟန်မတူဘဲ တစ်လောကလုံးကို ဖျက်ဆီးရန် လူသားများ ဖန်တီးခဲ့သည့် သားရဲများအလား ထင်ရသည်။

ထူးဆန်းသော သားရဲများကို ဖန်တီးခဲ့သူက ဤဥခွံမှ ထွက်လာခဲ့သည့် ရှေးဟောင်းနတ်ဘုရားများလော။

'ဘာပဲဖြစ်ဖြစ်…. ဒီရှေးဟောင်းနတ်ဘုရားက အမှားတစ်ခု ချန်ခဲ့တယ်’

ချင်မူသည် အားအကုန် ထုတ်ရင်း ဥခွံအား မျက်ခုံးနှစ်ဖက်ကြားသို့ ဆွဲယူကာ ချင်စာလုံးမြေထဲသို့ ထည့်လိုက်သည်။ ဥခွံမှာ ကြီးမားလွန်းသောကြောင့် ချင်စာလုံးမြေ၏ တစ်၀က်လုံးအား နေရာယူသွားတော့သည်။

သူ့တွင် ဥခွံကို သေးငယ်အောင် ပြုလုပ်နိုင်သည့် သိုင်းအဆင့် မရှိသေးပေ။ ထို့ကြောင့် ယခုအတိုင်းသာ သိမ်းဆည်းထားနိုင်၏။

ဥပမာအားဖြင့် သူ ရရှိခဲ့သော ရှေးဟောင်းနတ်ဘုရားဥနှစ်လုံးမှာ မွမ်းမံပြုပြင်ထားပြီး ဖြစ်သည်။ တစ်လုံးကို‌ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က သေးငယ်အောင် ပြုလုပ်ခဲ့ပြီး နောက်တစ်လုံးကိုမူ လိပ်နက်နတ်မင်းက ရတနာအဖြစ် သန့်စင်၍ ဖန်သားကောင်းကင်စေတီ၏ ဗဟိုချက် ဖြစ်လာစေခဲ့သည်။

သူတို့၏သိုင်းအဆင့်သာ ပိုင်ဆိုင်ထားပါက ချင်မူလည်း ဥခွံကို အနည်းငယ် ချုံ့နိုင်လိမ့်မည်။

“ငါ ထိုက်ရှီဥပေါ်က သင်္ကေတတွေကို ဖော်ထုတ်ပြီးပြီ… ဒီဥခွံနဲ့ဆို ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုကို အဖြေထုတ်နိုင်လိမ့်မယ်”

သူ့အကြည့်သည် လင်းလက်တောက်ပလာပြီး ဥနောက်တခြမ်းကို ဆွဲယူ‌နေစဉ် သူက တွေးနေ၏။ ‘ငါ ရတနာနယ်မြေတစ်ခု ရှာပြီး ခြေကုပ်ယူထားမှ ဖြစ်မယ်… ပြီးရင် ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို နားလည်အောင်လုပ်ပြီး အစ်ကိုကြီးကို ကယ်မယ်’

သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး၏ မြင်ကွင်းကို မကွယ်စေရန် ဥခွံနှစ်ခြမ်းကို ထပ်ထားလိုက်သည်။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ ဥခွံနှစ်ခြမ်းအား သိမ်းဆည်းပြီးနောက် မြေပြင်မှာ ရုတ်တရက် တုန်ခါလာချေသည်။

ချင်မူ့တစ်ကိုယ်လုံးရှိ ကြက်သီးတဖြန်းဖြန်း ထလာတော့သည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ ယန်အာနှင့် နဂါးချီလင်ကို ဖြတ်ကျော်ရင်း သူတို့အား ဖန်သားကောင်းကင်စေတီထဲ ထည့်ကာ ပြေးထွက်သွားလေသည်။

ဖန်သားကောင်းကင်စေတီသည် ထွန်းလင်းစွာ တောက်ပလာပြီး ရောင်စုံအလင်းတန်းများ ဖြန့်ကျက်လိုက်၏။ ဖန်သားကောင်းကင်စေတီ အတွင်းရှိ ရတနာများမှာ နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့၏ အကြမ်းဖျင်း သန့်စင်ခံထားခြင်း ဖြစ်သည်။ လက်ရာမှာ မကောင်းမွန်လှသဖြင့် ချင်မူ့အမြင်တွင် အရင်းအမြစ်များကို ဖြုန်းတီးရာ ကျသည်။

သို့သော် ဖန်သားကောင်းကင်စေတီထဲတွင် ရတနာများစွာ ရှိသည့်အပြင် တစ်ခုစီတိုင်းမှာ ဘိုးဘေးနန်းတော်၏ ရှားပါးသော ရတနာများမှ ပြုလုပ်ထားခြင်း ဖြစ်ချေသည်။ သွန်းလုပ်သန့်စင်ထားသော နည်းလမ်းက အကြမ်းစားဆန်သော်လည်း စွမ်းအားက ထူးကဲပြောင်မြောက်နေသေးသည်။

ချင်မူက ဖန်သားကောင်းကင်‌စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံကို ဖြန့်ကျက်လိုက်ရင်း ပြေးထွက်သွားသည်။

ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော ဖရိုဖရဲကျောက်တုံးများသည် ကမ္ဘာဦးကျောက်တုံးတွင်းအပေါ်မှ လိမ့်ဆင်းလာကြ၏။ ကျောက်တုံးတစ်ခဲချင်းစီတွင် အဆုံးမရှိသော ဖရိုထရဲချီများ ကိန်းဝပ်နေသဖြင့် နှိုင်းယှဉ်မရလောက်အောင် လေးလံကြသည်။ ၎င်းတို့ ဖန်သားကောင်းကင်စေတီနှင့် တိုက်မိသွားသည့်အခါ ဆန်းကြယ်ရတနာများမှ အလင်းရောင်တို့က အဆက်မပြတ် ထွက်ပေါ်လာသည်။ အလင်းရောင်တို့က ဖရိုဖရဲကျောက်တုံးတို့၏ စွမ်းအားကို ခုခံနိုင်သည့် တာအိုအင်းကွက်တစ်ကွက်အသွင်အား ဖွဲ့တည်လိုက်သည်။

ချင်မူသည် မာန်သွင်းဟစ်အော်လျက် သူ၏လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အားကုန် အသက်သွင်းလိုက်၏။ သူ၏ ပြေးနှုန်းက မြန်သော်လည်း ကျဆင်းလာသည့် ဖရိုဖရဲကျောက်ဆုံးများမှာ ပို‌၍ လေးလံလာကြသည်။ ၎င်းတို့က ကောင်းကင်ဘုံအလွှာများကိုပင် ဖောက်ထွက်စ ပြုလာချေပြီ။

ချင်မူက အတွေးတစ်ချက်ဖြင့် ကောင်းကင်ဘုံ ၂၈ ဘုံကို ပြောင်းပြန်လှန်လိုက်ရာ ကောင်းကင်ဘုံတို့၏ အနေအထားသည် ဆက်တိုက် ပြောင်းလဲရင်း ထိုးဖောက်လာသော ဖရိုဖရဲကျောက်တုံးများကို သူ့အနောက်သို့ ပို့လွှတ်နေ၏။

သူက ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို သူ့ခန္ဓာကိုယ်ထဲသို့ စေလွှတ်နေသဖြင့် ရုပ်ခန္ဓာမှာ ကြီးထွားလာ၍ အဆုံးအစွန်အထိ သန်မာလာသည်။

သူ့ခန္ဓာကိုယ်၏ မွေးညင်းပေါက်တိုင်းမှ ရောင်စုံအလင်းတန်းတို့ စိမ့်ထွက်လာ၏။ ထိုအလင်းရောင်များတွင် တာအို၏ ခမ်းနားကြီးကျယ်သော အသံကိုပင် ကြားရနိုင်သည်။ သူ့ခေါင်းပေါ်တွင် ကောင်းကင်နယ်စားမင်း၏ ပုံရိပ်ယောင် ဖွဲ့တည်လာသည်။ သူ့မျက်ခုံးနှစ်ဖက်ကြားတွင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်ဘုံ၌ ထိုင်နေတော်မူသည်။ သူ့ခြေထောက်အောက်တွင်အား အဆုံးသတ်မြို့ပျက်၏ အမြွှာပန်းပွင့် တည်နေ၏။ မြေအောက်ဘုံအရှင်သခင်က သူ၏တျန်းထန်ထဲ၌ နေရာယူထားပြီး အမိကမ္ဘာမြေက နှလုံးနှင့် အဆုတ်တွင် နေရာယူထားသည်။

သူ့ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်တိုင်းကမူ အမျိုးမျိုးသော ကြယ်တာရာ‌နတ်ဘုရားတို့၏ ပုံရိပ်တို့ကို ဖော်ဆောင်ထားသည်။ မျက်လုံး‌တို့က နေနှင့်လ၊ လက်ချောင်းများက ဓာတ်ကြီးငါးပါးအသွင် ရှိကြ၏။ ကောင်းကင်ခုနစ်စဉ်ကြယ်၏ ပြောင်းလဲမှု ၃၆ ပါးနှင့် မြေအရှင်၏ လမ်းစဉ် ၇၂ ခုက သူ့ရင်ဘတ်ကို ဖုံးလွှမ်းထားသည်။

အရှေ့ကောင်းကင်နန်းဆောင်တွင် မိုးပြာရောင်နဂါးက ‌အရှေ့ကောင်းကင်ကြယ်တာရာများကို ထိန်းချုပ်နေ၏။ အနောက်ကောင်းကင်နန်းဆောင်တွင် ကျားဖြူက အနောက်ကောင်းကင်ကြယ်တာရာများကို ခြယ်လှယ်သည်။ တောင်ကောင်းကင်နန်းတောင်တွင် မီးငှက်က တောင်ကောင်းကင်ကြယ်တာရာတို့ကို စိုးမိုးထား၏။ မြောက်ကောင်းကင်နန်းတော်တွင် လိပ်နက်က မြောက်ကောင်းကင်ကြယ်တာရာတို့ကို ချုပ်ကိုင်ထားချေသည်။

သူ့ပတ်ပတ်လည်ရှိ ကြယ်တာရာတို့၏ အစီအစဉ်မှာ လက်ရှိလောကနှင့် မတူညီပေ။ ၎င်းသည် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ်ကို လေ့လာခြင်းမှတစ်ဆင့် သူကိုယ်တိုင် ပြန်လည်တည်ဆောက်ခဲ့သော ကြယ်တာရာနတ်ဘုရားတို့၏ သိုင်းကွက်ဖြစ်သည်။

သို့သော် မဟာဧကရာဇ်သည် သူ့အသိစိတ်အလျဉ်ဖြင့်သာ ရုပ်ခန္ဓာကို သန်မာစေခဲ့၏။ ချင်မူကမူ ရုပ်ခန္ဓာကို သန်မာစေရန် အသိစိတ်အလျဉ်ရော ချီစွမ်းအင်ကိုပါ အသုံးပြုထားသည်။

ဤသည်က သူ၏ရုပ်ခန္ဓာခွန်အားကို အဆုံးအစွန်အထိ မြှင့်တင်သည့် ပထမဆုံးအကြိမ် ဖြစ်၏။

သူ၏ ရုပ်ခန္ဓာထဲတွင် ခွန်အားမည်မျှ သိုလှောင်နိုင်သလဲ မသိသလို သူ၏ ဧကရာဇ်ပလ္လင်အဆင့် အသိစိတ်အလျဉ်ကို သုံး၍ ရုပ်ခန္ဓာကို သန်မာလာစေပါက မည်မျှသန်မာလာလိမ့်မည်ကိုလည်း မတွေးခဲ့ဖူးချေ။

သို့သော် သူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့် ယခုအချိန်တွင် ချင်မူသည် ‌ကောင်းကင်နှင့်မြေကြီးကို ခွဲခြမ်းပစ်နိုင်သည့် အင်အားကို ဆုပ်ကိုင်ထားမိသော ရှေးဟောင်းနတ်ဘုရားတစ်ပါးအလား ခံစားနေရ၏။ သူ၏လှုပ်ရှားမှုတိုင်းက ကြယ်တာရာများကို ရွေ့လျားသွားစေနိုင်ပြီး ကြယ်တာရာအစုအဝေးများကို ပြောင်းလဲစေကာ လကို သိမ်းပိုက်စေနိုင်သည်။

ဤခွန်အားကို ထုတ်လွှတ်လိုက်ပါက အခြားအရာများ မဆိုထားနှင့်… နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်ပင် သူ၏သိုင်းကွက်ကို ခုခံနိုင်မည်မဟုတ်ချေ။

သူ၏ချီစွမ်းအင်အဆင့်ကမူ ခွန်အားကို များများစားစား မြှင့်မတင်ပေးချေ။

သူ၏ချီစွမ်းအင်အဆင့်မှာ နတ်ဘုရားစီရင်ရာစင်မြင့်နှင့် ကျောက်စိမ်းမြို့တော်အဆင့်ကြား တစ်နေရာတွင်သာ ရှိချေသည်။ သို့သော် ချီစွမ်းအင်ကို အသုံးပြု၍ မဟာတာအိုသင်္ကေတအားလုံး ဖန်တီးရင်း သူ့ရုပ်ခန္ဓာတွင် ခတ်နှိပ်လိုက်လျှင် သူ၏ရုပ်ခန္ဓာသည် သန်မာလာကာ ခွန်အား ကြီးထွားလာလိမ့်မည်။

သူက ကျဆင်းလာနေသည့် ဖရိုဖရဲကျောက်တုံးများအကြား ကျားသစ်တစ်ကောင်လို ပြေးလွှားနေပြီး တစ်ချိန်တည်းမှာပင် ဖန်သားကောင်းကင်စေတီကို ထိန်းချုပ်နေ၏။ အမျိုးမျိုးသော ကောင်းကင်ဘုံများက တရစပ်ပြောင်းလဲနေပြီး ထိုးဖောက်လာနေသည့် ဖရိုဖရဲကျောက်တုံးများအား နေရာလွှဲပြောင်းနေချေသည်။

သူ့ခြေလှမ်းများသည် အင်မတန် သွက်လက်ပြီး ကျောက်တုံးတွင်းထဲမှ ထွက်လမ်းအတိုင်း ပြေးနေ၏။

ထိုအခိုက်အတန့်တွင် သူတို့အရှေ့ရှိ လမ်းမှာ ရုတ်တရက် ပြိုကျသွားသည်။ ဝုန်းခနဲ အသံကြီးနှင့်အတူ ကျောက်တုံးတွင်းကား ပြိုကျလာကာ လမ်းအား ပိတ်ဆို့လိုက်ချေပြီ။

ကျောက်တုံးများက ဆက်လက် လျှောကျလာသဖြင့် ချင်မူမှာ ခေါင်းနပန်းကြီးသွား၏။ သူက ဖန်သားကောင်းကင်စေတီကို မှီကာ အော်ဟစ်လိုက်သည်။ ‌”ကျေးဇူးပြုပြီး စွမ်အားအကုန် ထုတ်ပေးပါ”

သူ ထိုသို့ပြောလိုက်သည်နှင့် သူ ရှိနေသည့် ကျောက်တုံးတွင်းမှ ပြိုကျသွားတော့သည်။

မရေမတွက်နိုင်သော ဖရိုဖရဲကျောက်တုံးများက ဖန်သားကောင်းကင်စေတီအပေါ်မှ ဖိချ၍ ကောင်းကင်ဘုံ ၂၈ ဘုံကို ကျုံ့သွားစေသည်။ ချင်မူ့အရိုးများမှာလည်း ဖိအားကြောင့် ကွဲအက်လာ၏။ သူ့ရုပ်ခန္ဓာ၏ အရေပြားမှာလည်း စုတ်ပြဲလာကာ အရေပြားအောက်ရှိ သွေးကြောများ ပေါက်ထွက်ကုန်သည်။

သူ့အရေပြားပေါ်တွင် ခတ်နှိပ်ထားသော ချီစွမ်းအင်သင်္ကေတအမျိုးမျိုးလည်း ပေါက်ကွဲလွင့်ပြယ်ကုန်ကြသည်။

ချင်မူက ရဲရဲနီနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်၏။ “ကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းတစ်တွင်း ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ပြီးတော့ ခင်ဗျားက ဒီရှေးဟောင်းနတ်ဘုရားရဲ့ မွေးရပ်မြေက ကျောက်ခဲတွေကိုတောင် မခုခံနိုင်ဘူးလား”

သူ ထိုသို့ပြောလိုက်သည်နှင့် ဖန်သားကောင်း‌ကင်စေတီ၏ ကောင်းကင်စက်လုံးသည် ထွန်းလင်းတောက်ပလာပြီး ကောင်းကင်ဘုံ ၂၈ ဘုံက အရှိန်အဟုန်ပြင်းစွာ လည်ပတ်လာ၏။ နဂါးချီလင်နှင့် ယန်အာမှာ အပေါ်အောက် လှန်ထားသလို ခံစားနေရပြီး တစ်ခါတရံ ဘယ်ညာ လိမ့်နေကြသည်။ သူတို့မှာ မည်သည့်နေရာကို ဦးတည်နေမှန်း မပြောနိုင်ကြဘဲ ရုန်းရင်းဆန်ခတ် ဖြစ်ကြသည်။

ကျောက်တုံးတွင်း၏ အပေါ်မှ ကျလာသည့် ကျောက်တုံးကြီးများမှာ လွင့်ထွက်သွားပြီး ထွက်ပေါက်လမ်းတစ်လမ်း ပွင့်လာသည်။

ချင်မူက ချက်ချင်းပင် ဖန်သားကောင်းကင်စေတီနှင့်အတူ ထိုလမ်းမှ ပြေးထွက်သွား၏။

All Chapters