← Chapters

ကောင်းကင်ဘုံသည် ငဲ့ညှာခြင်းမရှိ

Vol. 010 Ch. 997

ကောင်းကင်ဘုံသည် ငဲ့ညှာခြင်းမရှိ

Vol. 010 Ch. 997

စစ်မြေပြင်၌ ရာသီဥတုများပင် ပြောင်းလဲ လာခဲ့သည်။ တစ်ယောက်အား သတ်ဖြတ်ခဲ့ပြီးနောက် ရီဖူရှင်းက တခြားသော တန်ခိုးရှင် ရှစ်ယောက်အား စိုက်ကြည့်သည်။ တစ်ချိန်တည်းမှာပင် ရာရာနှင့် ယူချင်းတို့ကလည်း ထိုနေရာသို့ ရောက်လာပြီး ရန်သူများအား အေးစက်စွာ ကြည့်ကြသည်။ ဖိအားများ ကျဆင်းလာလျှင် ထိုလူများမှာ အရိုးကွဲမတတ် အေးစက်မှုကို ခံစားကြရ၏။

သူတို့အားလုံးက ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား စိုက်ကြည့်ကြသည်။ သူတို့က ဤနှစ်ယောက်အား သတ်ဖြတ်နိုင်ဦး မည်လား။ သူတို့အားလုံးက အချင်းချင်း ကြည့်လိုက်ကာ တူညီသော အတွေးတစ်ခု ဖြစ်လာဟန် ရသည်။ သူတို့က တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြကာ လျှပ်တစ်ပြက် ပင်အပ်ဓားများအား ရီဖူရှင်းထံသို့ ဦးတည် လိုက်ကြသည်။ အဆုံးအစမဲ့သော အလင်းတန်းများသည် လေထုကိုခွင်းလျက် ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့သည်။

ဟွာဂျီယူကား ရီဖူရှင်း၏ နောက်၌ရှိနေဆဲ ဖြစ်သည်။ သူတို့၏ စိတ်စွမ်းအားများက ပေါင်းစပ်သွားကာ ရွှေရောင် လျှပ်စီးတန်းအဖြစ် ပြောင်းလဲသွားသည်။ ထိုလျှပ်စီးတန်းက တန်ခိုးရှင် ရှစ်ယောက်ထံသို့ နတ်ဘုရား ပြစ်ဒဏ်အလား တိုးဝင်သွား၏။ အချိန်နှင့် လေဟာနယ်လှံမှ အလင်းများ ခွဲဖြာလာခဲ့ကာ လေထုကို အေးခဲစေသည်။ တန်ခိုးရှင် ရှစ်ယောက်မှာ သူတို့၏ လှုပ်ရှားမှုများ နှေးကွေး သွားကြ၏။

ရီဖူရှင်းက ရတနာလှံအား ဝှေ့ယမ်းလိုက်လျှင် လေဟာနယ်ဆုတ်ဖြဲခြင်း စွမ်းအားများက ထိုတန်ခိုးရှင်များထံသို့ ရိုက်ခတ်သွား၏။ အဆုံးအစမဲ့သော အမှုန်အမွှားများ သည်လည်း ရွှေရောင် အလင်းတန်းများ အသွင်ဖြစ် ပျံသန်း လာခဲ့ကြသည်။ အမှုန်အမွှားများက ရန်သူများ၏ ရှေ့တွင် ပေါက်ကွဲကြရာ ကြောက်မက်ဖွယ် ဖျက်ဆီးအားများ ဖြစ်လာသည်။ တန်ခိုးရှင် ရှစ်ဦးက သူတို့၏ ဓားများအား ဝှေ့ယမ်း ကာကွယ်လျက် နောက်ဆုတ်ကြ၏။

ထိုအခိုက်တွင် ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ဆင်းသက် လာ၏။ ဓားသည် လေတိုးသံပေးလျက် တန်ခိုးရှင် တစ်ဦးထံသို့ ပျံသန်းလာခဲ့လျှင် ထိုတန်ခိုးရှင်သည် အပိုင်းပိုင်း ပြတ်တောက်လျက် မြေပြင်ပေါ်သို့ ကျ၏။

ထိုတန်ခိုးရှင် ကိုးဦးမှာ အလွန် အားကောင်းကြသည် ဆိုသော်လည်း သူတို့သည် တိုက်ခိုက်ရာတွင်သာ ထူးချွန်ကြခြင်း ဖြစ်သည်။ အထူးသဖြင့် ဝင်္ကပါ ပျက်စီးသွားသောအခါ ရာရာ၏ တိုက်ခိုက်မှုအား မည်သည့် နည်းနှင့်မှ တားဆီးနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ထိုတန်ခိုးရှင်မှာ ဓားတစ်ချက်မျှဖြင့် အသက်ပျောက်ခဲ့ရ၏။

ယူချင်းကလည်း သူ၏ နတ်ဆိုးအသွင်ဖြင့် ရောက်ရှိလာခဲ့သည်။ တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ရာ ဓားအသိကို လျစ်လျူရှုလျက် ယူချင်းက ရတနာပုဆိန်ကို ဝှေ့ယမ်းကာ ထိုသူအား နှစ်ပိုင်း ပြတ်စေသည်။

ရှေးနန်းတော်ရာ၌ ယူချင်းကား မိုရှီအဆင့်မျှဖြင့် ကျိရာအား   ယခု သူကား ကွန်းရှီအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်ရာ ထိုသူက သူ၏ တိုက်ခိုက်မှုကို မည်သို့ တားဆီးနိုင်မည်နည်း။

လျှပ်တစ်ပြက်အတွင်း တန်ခိုးရှင်သုံးဦး အသတ်ခံခဲ့ရ၏။

ရီဖူရှင်း၊ ဟွာဂျီယူ၊ ရာရာနှင့် ယူချင်းတို့က လက်ကျန် တန်ခိုးရှင် ခြောက်ဦးအား ဝန်းရံ လိုက်ကြသည်။ ကစားပွဲမှာ ရုတ်တရက်အားဖြင့် ဘက်ပြောင်းသွားဟန် ရသည်။ တန်ခိုးရှင် ခြောက်ဦး၏ မျက်နှာများက ပြာနှမ်း သွားကြ၏။ သူတို့က အမှန်တကယ် ကျရှုံးရတော့မည်လော။

ရီဖူရှင်းက ရတနာလှံနှင့်အတူ ရှေ့သို့ တက်လာသည်။ သူ၏မျက်လုံးများက အရောင်တစ်ချက် လက်သွားလျှင် တန်ခိုးရှင်တစ်ဦးအား အနှောင်အဖွဲ့သို့ ကျဆင်းစေ၏။

ဟူး …

လေပြင်း တစ်ချက်နှင့်အတူ ရီဖူရှင်းက ရှေ့သို့ တက်လာခဲ့ပြန်သည်။ သူက အကွာအဝေးကို လျစ်လျူရှုလျက် ရန်သူ၏ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့ကာ ရတနာလှံအား ဝှေ့ယမ်းလိုက်လျှင် နောက်ထပ် တန်ခိုးရှင်တစ်ဦး အသက်ပျောက် သွားသည်။

ပြင်းထန်သော ဓားအသိများနှင့်အတူ ရာရာကလည်း အလင်းတန်းအသွင်သို့ ပြောင်းသွားကာ ရန်သူတစ်ဦးထံသို့ ရောက်ရှိ လာခဲ့သည်။ ငါးယောက်မြောက် တန်ခိုးရှင်သည်လည်း အသတ်ခံခဲ့ရ၏။

ဘုန်း …

ယူချင်းက အရှိန်အဝါ ကြီးမားသော နတ်ဆိုးအသွင်ဖြင့် ရတနာပုဆိန်အား ဝှေ့ယမ်းလျှင် နောက်ထပ် တန်ခိုးရှင် တစ်ဦးသည်လည်း အပိုင်းပိုင်း ပြတ်တောက် သွား၏။

အားလုံး၏ မျက်လုံးများက စစ်မြေပြင် တစ်နေရာသို့ ရောက်ရှိလာခဲ့လျှင် စစ်ပွဲကြီးက အခိုက်အတန့်အားဖြင့် ရပ်တန့်သွားဟန် ရသည်။ သူတို့ကား တစ်ချက်တွင် တစ်ယောက် အသတ်ခံနေရ၏။ တန်ခိုးရှင် ကိုးဦးထဲမှ ခြောက်ယောက်မှာ ရက်စက်စွာ အသတ်ခံခဲ့ရပြီး ဖြစ်သည်။ ပြိုင်ဘက်ကင်းခဲ့သော တန်ခိုးရှင်ကိုးဦးကား ယခု အားပျော့လွန်း နေသည်။

“နောက်ဆုံးမှာ အနိုင်ရသူကို ငါတို့ ပြောနိုင်ပြီလား …” ရှန့်ထိုရှားက တီးတိုးပြောသည်။ ရီဖူရှင်းက အသတ်ခံရလုနီးပါး အချိန်၌ မိန်းကလေးငယ် တစ်ဦးပေါ်လာကာ ယူချင်းက တန်ခိုးအဆင့် မြင့်တက် သွားခဲ့သည်။ ဟွာဂျီယူက တားမြစ်ပညာအား အသုံးပြုခဲ့၏။ ယခု သူတို့အား တားဆီးနိုင်မည့်သူ မရှိတော့ပေ။

ရှန့်ထိုကျိ၊ ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့အားလုံးက အလွန်အမင်း ဒေါသထွက် နေကြသည်။ ထိုတိုက်ခိုက်မှုများကပင် ရီဖူရှင်းအား သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။

တခြား တစ်ဖက်တွင် တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များ စိတ်အေးလက်အေး ဖြစ်သွားကြသည်။ ရာရာနှင့် ယူချင်းတို့ ထိုနေရာသို့ ရောက်သွားလျှင် ရီဖူရှင်း တစ်ယောက် ဘေးကင်းပြီဟု ဆိုနိုင်သည်။

သူတို့က ဤတိုက်ပွဲတွင် အနိုင်ရပေတော့မည်။ ယနေ့တွင် တော်ဝင်မြေ ခုနစ်ခုက တော်ဝင်ကျဲ နန်းတော်အား ဖျက်ဆီးနိုင်ခြင်း မရှိတော့ပေ။

ဘုန်း …

ရီဖူရှင်းက ရှေ့သို့ တစ်ဖန် တက်လာခဲ့ပြန်သည်။ သူက တိုက်ပွဲရလဒ်အပေါ်  အားရကျေနပ်ခြင်း အလျှင်းမရှိဘဲ အဆုံးမဲ့သော အေးစက်ခြင်းများကိုသာ ခံစားရသည်။ ဟွာဂျီယူ၏ အခြေအနေ မည်သို့ ဖြစ်မည်ကို သူမသိသေးပေ။ ယခု တန်ခိုးရှင် ကိုးဦးထဲတွင် သုံးယောက်သာ ကျန်ပြီ ဖြစ်သည်။ သူတို့အား တစ်ယောက်တလေမျှပင် အလွတ်ပေးရန် သူမတွေးထားပေ။ ထိုလူများ မည်သည့်နေရာက လာသည်ဖြစ်စေ ဤနေရာသို့ ရောက်လာမှတော့ အားလုံး သေရမည်။

သူတို့ထဲမှ တစ်ယောက်က ရီဖူရှင်း သူ့ထံသို့ လာနေသည်ကို မြင်လျှင် ထိတ်လန့်ခြင်း ကြီးစွာဖြင့် အော်ဟစ်သည် … “ခင်ဗျား ခုထိ ဝင်မပါသေးဘူးလား …”

ထိုအသံအား ကြားလျှင် အားလုံးက ရပ်တန့် လိုက်ကြသည်။ နောက်တစ်ယောက် ရှိသေးသည်လား။ လက်ရှိ အခြေအနေတွင် မည်သူမှ ရီဖူရှင်းအား သတ်ဖြတ်နိုင်စွမ်း မရှိတော့ပေ။

နောက်ထပ် မည်သူက ပါဝင် တိုက်ခိုက်မည်နည်း။

ရှန့်ထိုရှားက တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ အမူအရာက ပြောင်းလဲသွားကာ တစ်နေရာကို လှမ်းကြည့်လိုက်လျှင် ရှန့်ထိုကျဲ့က ရီဖူရှင်းထံသို့ ပျံသန်း သွားသည်ကို မြင်လိုက်ရ၏။

“သတိထား … ရှန့်ထိုကျဲ့ …” ရှန့်ထိုရှားက အော်ဟစ် လိုက်သည်။ အားကောင်းသော စွမ်းအားတစ်ခုက ရီဖူရှင်း ရှိနေရာသို့ ဖုံးအုပ်လာခဲ့၏။ သူ၏ မျက်နှာ၌ ဒေါသများ ထင်ရှားစွာ ဖြစ်ပေါ် လာသည်။ ရှန့်ထိုကျဲ့က အမှန်တကယ် လုပ်ရဲသည်လား။

သူကား ရှန့်ထိုတစ်ပါး ဖြစ်၏။ သူ့အသက်နှင့် ရီဖူရှင်း၏ အသက်ကို အမှန်တကယ် အလဲအလှယ် လုပ်ရဲသလား။

ရှန့်ထိုရှား၏ အသံက ကောင်းကင် တစ်ခုလုံးကို ရိုက်ခတ်သွားလျှင် လူတိုင်း၏ စိတ်နှလုံးများ တုန်ယင် သွားကြသည်။ ရှန့်ထိုကျိ၏ မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ် လာသည်။ သူကလည်း မြန်ဆန်စွာပင် အလင်းတန်း အသွင်သို့ ပြောင်းလဲသွားကာ ရှန့်ထိုရှား၏ လမ်းကို ပိတ်သည်။

“ခင်ဗျားက တော်ဝင်စစ်ပွဲမှာ ဝင်ပါတော့ မလို့လား … ရှန့်ထိုရှား” ရှန့်ထိုကျိက ပြောသည်။ သူက ရှန့်ထိုရှားအား တမင် တားဆီးထားခြင်း ဖြစ်သည်။ သူက ထိုသို့ပြောလျှင် ရီဖူရှင်းက ကောင်းကင်ထက်မှ ကျဆင်းလာသော ဖိအားများအား ခံစားရသည်။ သူ တစ်ယောက်တည်းသာ မဟုတ် ထိုနေရာတွင် ရှိနေသော သူများအားလုံး ကလည်း သူ့နည်းတူ ခံစားကြရ၏။ သူတို့အားလုံးက မော့ကြည့်လျှင် ရှန့်ထိုကျဲ့ ဆင်းသက် လာသည်ကို မြင်ကြ၏။

ရှန့်ထိုတစ်ပါး ကိုယ်တိုင် ပါဝင်လာခဲ့သည်။

ရှန့်ထိုကျဲ့က ရီဖူရှင်းထံသို့ ဆင်းသက် လာသည်ကို အားလုံးက မြင်ကြ၏။ တော်ဝင်ကျဲ နန်းတော်မှ လူများအားလုံး စိုးရိမ်ခြင်း ကြီးစွာ ဖြစ်ကြရသည်။

အဘယ်ကြောင့် ရှန့်ထိုတစ်ပါးက ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက် ရသနည်း။ အဘယ်ကြောင့် အင်ပါယာရှား၏ စည်းမျဥ်းများကို ချိုးဖောက်ရဲ ရသနည်း။ သူတို့ နားမလည်သလို ရီဖူရှင်းလည်း နားမလည်ပေ။

သူက ကျိရှမ်းကမ်းပါး အတွက် လက်စားချေ လိုသော်လည်း သူကိုယ်တိုင်၏ အသက်ဖြင့် အဘယ်ကြောင့် ရင်းရဲသနည်း။

ရှန့်ထိုကျဲ့ ဆင်းသက် လာသည်ကို ရီဖူရှင်း၊ ဟွာဂျီယူ၊ ယူချင်းနှင့် ရာရာတို့က မော့ကြည့်ကြသည်။ သူတို့၏ သွေးများ ဆက်လက် စီးဆင်းခြင်း မရှိတော့သလို အသက်ကိုပင် ဝဝ ရှူမရတော့သလို ခံစားကြရ၏။ သူတို့အားလုံးသည် ထိုကြီးမားလွန်းသော စွမ်းအားအောက်၌ အန်တုခြင်းငှာ မစွမ်းသာပေ။

လစန္ဒာရှန့်ထို၊ ရှန့်ထိုကျင့်နှင့် မှန်နန်းတော် သခင်မတို့ အားလုံးက တစ်ပြိုင်နက်တည်း ရှေ့သို့ တက်လာခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံး များစွာ နောက်ကျနေခဲ့ဟန် ရသည်။

အချိန်မှာ ရပ်တန့် သွားဟန်ရ၏။

သူတို့အားလုံး စိုးရိမ် ထိတ်လန့်ခြင်း ကြီးစွာဖြင့် အေးခဲ သွားကြသည်။

ရှန့်ထိုကျဲ့ ဆင်းသက်လာလျှင် မဟာလမ်းစဉ်၏ စွမ်းအားက ဧရာမ လက်ဝါးရိုက်ချက်နှင့် အတူ ကောင်းကင် တစ်ခုလုံးအား ဖုံးအုပ်လာခဲ့သည်။ လက်ဝါးရိုက်ချက်တွင် ကောင်းကင်ကပင် ပြိုကျ လာသည့်နှယ် ထင်မှတ်ရ၏။

ရှန့်ထိုကျဲ့၏ မျက်လုံးများက ထူးဆန်း အံ့သြဖွယ် ကောင်းအောင် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် တည်ငြိမ်နေသည်။ သူက တစ်စုံတစ်ခုအား ဆုံးဖြတ်ပြီး နောက်ပိုင်း ဖြစ်လာမည့် အကျိုးဆက်အပေါ် တုန်လှုပ်ခြင်း မရှိတော့ပေ။ အင်ပါယာလီဘုံမှ မင်းသားက သူ့ကို လာတွေ့သော အခိုက်အတန့်၌ပင် သူ၏ ကံကြမ္မာက ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ယနေ့ ရှန့်ထိုရှားနှင့် တခြားလူများက အမိန့်မရဘဲ ဆုံးဖြတ်ချက် မချရဲသော်လည်း အင်ပါယာရှားက ဖြစ်စဉ်များကို ပြန်လည် စုံစမ်း စစ်ဆေးသောအခါ မိမိမှာ လွတ်မြောက်စရာ အကြောင်း မရှိတော့ပေ။ တစ်ခါတစ်ရံ ရှန့်ထိုတစ်ပါး ဖြစ်သည့်တိုင် သူ့တွင် ရွေးချယ်စရာ မရှိပေ။

သူ၏ကံကြမ္မာမှာ သတ်မှတ် ထားပြီးသား ဖြစ်သည်။ သို့သော် သူမသေဆုံးမီ ရီဖူရှင်း၏ အသက်ကို အရယူသွားမည်။

ရှန့်ထိုကျဲ့ ဆင်းသက်လာလျှင် ကျေးရွာ ခေါင်းဆောင်က သူ့ရှေ့သို့ မြန်ဆန်စွာ ရောက်လာခဲ့ပြီး ဓားတစ်လက် အသွင်သို့ ပြောင်းသွားကာ သူ့အား ထွင်းဖောက်သည်။

ရှန့်ထိုကျဲ့၏ အမူအရာက အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိပေ။ ဓားက သူ့လက်ကို ဖောက်ထွင်း သွားလျှင်ပင် သူက ထိုတိုက်ခိုက်မှုအား အရေးမစိုက်ဘဲ လက်အား ဆက်လက်၍ ပိုမိုပြင်းထန်စွာ ရိုက်ထုတ် လိုက်သည်။ သူ၏ လက်ဝါးအောက်တွင် အရာအားလုံးမှာ ပျက်စီး ရပေမည်။

“သေစမ်း …” ရှန့်ထိုကျဲ့က အော်ဟစ်သည်။ ကောင်းကင်နှင့် မြေပြင်က တုန်ခါသွားကာ ရီဖူရှင်း၏ စိတ်စွမ်းအားများ တုန်ယင် သွားကြ၏။ ရှန့်ထိုကျဲ့၏ အေးစက်သော မျက်လုံးများ အောက်၌ သူကား အမှန်ပင် ခုခံအားမဲ့သည်။

“နောက်ဆုတ် …” ရီဖူရှင်းက အော်ဟစ်သည်။ သူတို့က အမှန်တကယ် ဆုတ်ခွာနိုင်မည် ဟူသည်ကိုကား သူမသိပေ။ ထိုအခိုက်တွင် သူတို့က မြန်ဆန်စွာပင် လှုပ်ရှားကြသည်။ သူတို့က နောက်မဆုတ်တဲ့အပြင် ရှေ့သို့ပင် တက်သွားကြ၏။

ယူချင်းက ရတနာပုဆိန်အား မြောက်လျက် ကောင်းကင်ကို ဖြတ်တောက်သည်။ ရာရာကလည်း ဓားကိုမြောက်လျက် အပေါ်မှ ကျဆင်းလာသော တိုက်ခိုက်မှုအား ခုခံသည်။ ဟွာဂျီယူ၏ မျက်လုံးများက ကြီးစွာ တုန်လှုပ် ချောက်ချားသည်။ သူတို့က အဆုံးစွန်သော စွမ်းအားများကို အသုံးပြုခဲ့ကာ ရန်သူများအား အနိုင်ယူခဲ့ပြီး ဖြစ်သည်။ သို့သော် အဆုံးသတ်၌ ရှန့်ထိုတစ်ပါးက ကိုယ်တိုင် ပါဝင်လာခဲ့၏။ သူမက စိတ်ဝိညာဉ် မုန်တိုင်း တစ်ခုအဖြစ် ပြောင်းလဲကာ လေထဲသို့ ပျံတက် သွားသည်။

သူတို့အားလုံး၏ အတွေးထဲတွင် ထိုတိုက်ခိုက်မှုအား တားဆီးရန် ရည်ရွယ်ချက် တစ်ခုသာ ရှိသည်။ ထိုတိုက်ခိုက်မှုအား တားဆီးပြီး သူတို့ ဘာဖြစ်မည်ကို မတွေးကြပေ။ ရီဖူရှင်း တစ်ယောက် အသက်ရှင်ရန်ကိုသာ သူတို့ မျှော်လင့်ကြ၏။

အဆုံးအစမဲ့သော မဟာလမ်းစဉ် စွမ်းအားက ပြင်းထန်စွာ ကျဆင်း လာခဲ့သည်။ ဟွာဂျီယူတို့က တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ကြံစည်နေချိန်တွင် သူက မည်သို့ နောက်ဆုတ် ရမည်နည်း။ ရီဖူရှင်းကလည်း ရတနာလှံအား မြှောက်ကာ အပေါ်သို့ ပျံတက်၏။

ဤအရာကပင် ဘဝဖြစ်သည်။ သူ့တွင် ထပ်မံ၍ မေးခွန်းထုတ်စရာ မရှိတော့ပေ။

ကောင်းကင်ဘုံက သူ့အား သက်ညှာခြင်း မရှိမှတော့ သူသည်လည်း အသေခံရုံသာ  ရှိပေတော့သည်။

***

All Chapters