← Chapters

ချင်လင်မွေးမြူရေးခြံ၏စီမံရေးလုပ်ငန်း! ၂

Vol. 34 Ch. 496

ချင်လင်မွေးမြူရေးခြံ၏စီမံရေးလုပ်ငန်း! ၂

Vol. 34 Ch. 496

ဒါပေမဲ့ အခုတော့ ခြင်္သေ့လေးရဲ့ကျောပေါ်စီးပြီး သူ့တစ်ကိုယ်လုံးရှိဆဲလ်အားလုံးနိုးကြားဆူပွက်နေသည်။ ဒါသူရဲကောင်းတို့လိုက်စားသော၊လိုလားသောအရှိန်မျိုးဖြစ်သည်။

မကြာမီ ခြင်္သေ့လေးအရှိန်လျော့လာသည်။

အကွေ့မှာအရှိန်လျှော့ရမည်။

ဂိမ်းမွေးမြူရေးခြံမှာ ချဲ့ထွင်ပြီးနောက်လက်တွေ့လောကဧက ၁၀၀ လောက်ရှိလာသော်လည်း ဝိုင်းပတ်ပြီးအချင်းသေးနေသေးသည်။

မိုင်ထောင်ချီမြင်းစိတ်လွတ်လက်လွတ်ပြေးဖို့ ဧက ၂၀၀ ကျော်လောက်လိုအပ်ပြီး အချင်းချင်းကျယ်ကျယ်နှင့်ဘဲဥပုံဖြစ်ရမည်။

အရှိန်ကျလာသည်နှင့်အမျှ ခြင်္သေ့လေးနည်းနည်းစိတ်ပျက်လာသည်။ သူ့အမြန်ဆုံးအရှိန်ကိုရောက်သေးပုံမရ။ သူ့သခင်နဲ့ပြေးရတာစိတ်တိုင်းမကျသေး။

အိပ်ရာအောက်မှာယောက်ျားနဲ့မိန်းမတစ်ပွဲတစ်လမ်းနွှဲသလို၊ သူတို့လှုပ်ရှားမှုကိုကန့်သတ်ထားသောလစ်ဟာမှုက လုံးဝစိတ်ကျေနပ်စရာမရှိ။

ချင်လင်က ခြင်္သေ့လေး၏စိတ်ကိုခံစားမိပြီး ချက်ချင်းဂိမ်းထဲကထုတ်ဖို့ဆုံးဖြတ်လိုက်သည်။ ချင်းလင်စံအိမ်မွေးမြူရေးခြံရဲ့မြင်းပြိုင်ကွင်းက ဧက ၃၀၀၊ ဘဲဥပုံရှိပြီးအချင်းကျယ်သောကြောင့်ခြင်္သေ့လေးစိတ်ရှိလက်ရှိပြေးနိုင်သည်။

ညလင်းကျောက်စိမ်းခြင်္သေ့အနေနှင့် စိတ်တိုင်းကျပြေးနိုင်သောမြင်းဇောင်းတစ်ခုရှိသင့်သည်။

ချင်လင်ကခြင်္သေ့လေးကိုရပ်ပြီး နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက်ဂိမ်းထဲမှထွက်၍ ရုံးခန်းထဲပြန်ရောက်လာသည်။





ဂိုဒေါင်သွားပြီး ခြင်္သေ့လေးကိုဂိမ်းထဲမှသွားထုတ်မည်အပြုတွင် ကျောက်မိုချင်းကသူ့ဆီစာဖိုင်နှင့်ရောက်လာသည်_

''ယောက်ျား... ဒီစာရင်းတစ်ချက်ကြည့်''

ချင်လင်ကယူပြီးကြည့်လိုက်သည်။ မွေးမြူရေးခြံဖွင့်ပြီးနောက် လုပ်မည့်စီးပွားရေးလုပ်ငန်းများစာရင်းဖြစ်သည်။

မွေးမြူရေးခြံစီမံရေးကလည်း ချင်းလင်းစံအိမ်၏ပထမဦးစားပေးဖြစ်နေသည်။

စံအိမ်အတွင်းလုပ်ငန်းတွေ၊ ပွဲအစီအစဉ်တွေ၊ ဖန်တီးမှုတွေ၊ အများယုံကြည်လက်ခံမှုနှင့်ဂုဏ်သတင်းတက်လာပြီး နောင်မှာပွဲအစီအစဉ်မရှိဘဲခရီးသည် ၅၀၀၀ အထိရှိလာခြင်း၊ နေ့စဉ်စားသုံးမှုတစ်ဦးချင်း ၄၀၀၊ နေ့စဉ်ရောင်းချမှု ၂ သန်း၊

သုံးစွဲသောလုပ်ငန်းများ: ရွက်လွှင့်ခြင်း၊ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၊ ရေပေါ်တံတားရှုခင်း၊ မြက်ခင်းလျှော၊ သတို့သမီးခန်း၊ စားသောက်ဆိုင်၊ အရောင်းစင်တာ၊ ငါးမျှားခြင်းနှင့်အစာကျွေးခြင်း၊ တခြားအထွေထွေဝန်ဆောင်ခများ!

ဒါတွေတစ်နေ့တည်းသုံးမည်မဟုတ်သလို အားလုံးသုံးစွဲနိုင်မည်လည်းမဟုတ်ချေ!

ဒါအကောင်းဆုံးရှုမျှော်ခင်း 4A နေရာတစ်ခုဟုယူဆနိုင်သည်။ လုပ်ငန်းအသစ်မရှိ၍ လူဝင်နိုင်စွမ်းကအကန့်အသတ်ရှိနေသည်။

ဒါပေမဲ့ လုပ်ငန်းအသစ်တစ်ခုကိုဘယ်လိုလုပ်လွယ်လွယ်ဆောက်နိုင်ပါ့မလဲ?

ထို့ကြောင့် လုပ်ငန်းအသစ်မဖွင့်ခင် စံအိမ်ကဂုဏ်ကိုထိန်းထားမည်။ ဝန်ဆောင်မှုအရည်အသွေးထိန်းထားမည်။ ခရီးသည်များကိုသက်သောင့်သက်သာအတွေ့အကြုံရစေမည်။ ပြီးမှ မွေးမြူရေးခြံလုပ်ငန်းကိုအပြည့်အဝလုပ်ဆောင်မည်။

မွေးမြူရေးခြံလည်ပတ်ပုံကလည်း စံအိမ်နှင့်မတူပေ။

အရင်ဆုံး တောင်တန်းစံအိမ်မွေးမြူရေးခြံမှာဝင်ကြေးရှိသော်လည်း ချင်းလင်တောင်တန်းစံအိမ်ကဲ့သို့ အများစုကဝင်ကြေးအခမဲ့ဖြစ်ပြီး လုပ်ငန်းများအတွက်ဝင်ကြေးပေးရမည်။

သို့သော် တောင်ပိုင်းတွင် မွေးမြူရေးခြံများကိုဝင်ကြေးတပြေးညီသတ်မှတ်ထားသည်။ ခြံတစ်ခုလုံးကလုပ်ငန်းကြီးဖြစ်သောကြောင့် ခြံထဲမှာဘာမှမသုံးရင် မြက်ခင်းပြင်ပေါ်လမ်းလျှောက်ခြင်း၊ အတွေ့အကြုံခံစားခြင်း၊ ကစားခြင်း၊ ခြံထဲရှိနေခြင်းသည်ပင် လုပ်ငန်းကြီးကိုလည်ပတ်ခြင်းနှင့်တူသည်။

ထို့ကြောင့် ချင်းလင်မွေးမြူရေးခြံမှာလည်း ဝင်ကြေး ၈၈ ယွမ်ကောက်ခံသည်။ ဒါကစျေးမကြီး။

အရည်အသွေး ၂ ခွေးသွားစိတ်မြက်နှင့်လုပ်ထားသောမြက်ခင်းပြင်မှာ အရည်အသွေးများစွာရှိပြီး တိရစ္ဆာန်များ၊ ဒေါင်းဖြူများတောင်မြင်နိုင်သည်။ ဒီ ၈၈ ယွမ်ကို သုံးချင်သူတွေအများကြီးရှိမည်ဟုသူယုံကြည်ထားသည်။

တစ်နည်းဆိုရသော် မွေးမြူရေးခြံထဲဝင်လိုက်သည်နှင့် အရည်အသွေး ၂ မြက်ခင်းပြင်ကြောင့် ၈၈ ယွမ်ကတန်နေပြီ။ ဒီမှာဓာတ်ပုံတွေ၊ဗီဒီယိုတွေရိုက်ရင်း အမှတ်တရကောင်းတွေကျန်ရစ်မည်ဟုသူယုံသည်။

အရည်အသွေး ၂ ခွေးသွားစိတ်မြက်ရဲ့အကြီးမားဆုံးအာနိသင်က ခရီးသည်တွေကိုဆွဲဆောင်တာပဲပေါ့။

ခရီးသည်တွေမွေးမြူရေးခြံထဲရောက်လာမှတော့ ဝင်ကြေးခပဲသုံးပြီးနေဖို့မဖြစ်နိုင်။ တခြားအသုံးအစွဲတွေရှိလာဦးမည်။





တစ်နှစ်ပတ်လုံးခရီးထွက်ခဲသောကြောင့် ဘယ်သူမှနှမြောမနေ။ ပျော်ဖို့ကအဓိကပင်။

ဝင်ကြေးအပြင် ကျောက်မိုချင်း၏လုပ်ငန်းလည်ပတ်မှုပုံစံထဲမှပထမဆုံးတစ်ခုမှာ လက်မှတ်ပက်ကေ့ချ်ဖြစ်သည်။ ယွမ် ၁၀၀ သုံးလျှင် စားကျက်မြေနှင့်တိရစ္ဆာန်များကိုအစာကျွေးနိုင်ခြင်း၊ ဓာတ်ပုံရိုက်ခွင့်ရခြင်း၊ မွေးမြူရေးခြံကိုအထူးဘတ်စ်ကားနှင့်လည်ပတ်နိုင်ခြင်းတို့ပါသည်။

ဘာပဲဖြစ်ဖြစ် ဧက ၁၀၀၀ ကိုခရီးသည်တွေကိုယ်တိုင်လျှောက်နေရင်အချိန်ကြာလိမ့်မည်။ မော်ဒန်ခေတ်တွင် အတော်များများ အထူးသဖြင့် နူးနူးညံ့ညံ့အမျိူးသမီးများမှာ လမ်းလျှောက်ရင်းခြေထောက်ချိနဲ့သွားလိမ့်မည်။

ပြီးရင် မြင်းပြိုင်ကွင်းမှာမြင်းစီးဓာတ်ပုံရိုက်ခြင်း၊ ၁၀ မိနစ်လျှင် ယွမ် ၅၀။

နောင်မှာဒုတိယအသုတ်တိရစ္ဆာန်များဝင်လာပြီး နွားနို့ညစ်ရလျှင် နို့ညစ်သည့်အတွေ့အကြုံအတွက်လည်း ယွမ် ၅၀။

ထို့အပြင် မွေးမြူရေးခြံထဲတွင်လည်း အရောင်းစင်တာဖွင့်မည်။ ဘာပဲဖြစ်ဖြစ် ဒါကခရီးသည်စားသုံးမှုရဲ့အဓိကပင်ရင်း။ သို့သော် မွေးမြူရေးခြံအရောင်းစင်တာကို မွန်ဂိုရွက်ဖျင်တဲကြီးများလိုအထူးပုံစံမျိုးနှင့်ဆောက်ဖို့လိုသည်။ မဟုတ်ရင် အဆောက်အဦးတစ်ခုဆောက်ဖို့ကရုတ်ချည်းဆန်လွန်းသည်။

နောက်ဆုံး ဧက ၁၀၀၀ ထဲမှ ဧက ၁၀၀ ကို မြက်ခင်းပြင်ရွက်ဖျင်တဲနှင့်နေနိုင်ရန် စီစဉ်ထားသည်:

ရွက်ဖျင်တဲတစ်လုံးအတွက် ၈၈ ယွမ် (လေလုံမိုးလုံ)

လေအိတ်မွေ့ယာငှားရမ်းခ _ တစ်ခုယွမ် ၂၀။

အိပ်ရာလိပ်ငှားရမ်းခ _ တစ်ခုယွမ် ၃၀။

ဆောင်းတွင်းမီးဖိုငှားရမ်းခ _ တစ်ခုယွမ် ၃၀။

ဒီလုပ်ငန်းက အကျော်ကြားဆုံးတစ်ခုဖြစ်လာလိမ့်မည်။ ဘာပဲဖြစ်​ဖြစ် တောင်ပိုင်းကလူတွေမှာ ဒီအတွေ့အကြုံမျိုးသိပ်မရှိ။ ဒီလုပ်ငန်းပြီးသွားရင် အတော်များများလာချင်မည်မှန်းသူသိသည်။

လောလောဆယ် ကျောက်မိုချင်း၏လုပ်ငန်းစာရင်းထဲတွင် ထိုခေါင်းစဉ်များသာရှိသေးသည်။ မည်သို့ဆိုစေ မွေးမြူရေးခြံမှာလည်ပတ်ခါစဖြစ်ပြီး ပထမအသုတ်တိရစ္ဆာန်များသာမှာရသေးသည်။ ကျန်တာနောက်မှဖြည့်သွားရမည်။

''မင်းအစီအစဉ်အတိုင်းလုပ်မယ်''

ချင်လင်ကလုပ်ငန်းစာရင်းကိုကျောက်မိုချင်းဆီပြန်ပေးလိုက်ပြီး စိတ်ရင်းနှင့်_

''မင်းအရမ်းကြိုးစားထားတာပဲ''

လုပ်ငန်းနည်းနည်းသာရှိသေးသော်လည်း ထိုလုပ်ငန်းများနေရာချရန်၊ တန်ဖိုး၊ကုန်ကျစရိတ်နှင့်ကြာချိန်တွက်ချက်ရန် အချိန်နှင့်လုပ်အားအများကြီးစိုက်ထုတ်ထားရလိမ့်မည်။

''ဟုတ်ပြီ... ကျွန်မ ရွက်ဖျင်တဲပုံစံနဲ့ဆောက်လုပ်ရေးပုံစံကိုအတည်ပြုပေးလိုက်ဦးမယ်''

ကျောက်မိုချင်းက စာရွက်ယူပြီးပြောလိုက်သည်။

''ကျွန်မလိုချင်တဲ့ပုံစံကိုဖြန့်လိုက်တော့ ရွက်ဖျင်တဲကုမ္ပဏီတွေက စိတ်ဝင်စားတဲ့အကြောင်းစာပို့ပြီး ရွက်ဖျင်တဲလိုထုတ်ကုန်တွေယူလာကြတယ်... သူတို့ကပြောတယ်... ရေရှည်မှာကျွန်မတို့ကိုအခမဲ့စပွန်ဆာပေးနိုင်တယ်တဲ့''





All Chapters