← Chapters

အံ့ဩစရာမွေးမြူရေးခြံ! မြင်းဘုရင်! ၂

Vol. 34 Ch. 499

အံ့ဩစရာမွေးမြူရေးခြံ! မြင်းဘုရင်! ၂

Vol. 34 Ch. 499

ဘယ်ကထွက်လာမှန်းမသိသော အံ့ဩစရာခံစားချက်မျိုး။ ဒီလိုပဲဖြစ်ရမည်။

ဒေါင်းဖြူ၏အဆင်းလှခြင်း +၂၊ ကျက်သရေရှိခြင်း +၂၊ ဓာတ်ပုံစားခြင်း +၂ နှင့် အရည်အသွေး ၂ ခွေးသွားစိတ်မြက်ပေါင်းလိုက်လျှင် သေချာပေါက်အံ့ဩလောက်စရာမြင်ကွင်းဖြစ်မည်။

ဟူကျင်းကမနေနိုင်ဘဲ Wechat အခိုက်အတန့်များတွင်ဗီဒီယိုတင်လိုက်သည်။ ဒါကိုသူငယ်ချင်းတွေနဲ့ဝေမျှခံစားမည်။

အဲဒါထက် ကြွားချင်သည်ပေါ့။

ဘာပဲဖြစ်ဖြစ် သူမက ဒီလိုလှပတဲ့မြင်ကွင်းမျိုးကိုဓာတ်ပုံရိုက်နိုင်တဲ့ပထမဆုံးလူတွေထဲကတစ်ယောက်လေ။ ချင်းလင်စံအိမ်ကမဖွင့်သေး၊ ဒီတော့ တခြားခရီးသည်တွေဝင်ချင်ရင်တောင်မဝင်နိုင်ပေ။

အခိုက်အတန့်များတွင်တင်ပြီးမကြာမီ like နှင့်မှတ်ချက်များရလာသည်ကို ဟူကျင်းတွေ့လိုက်ရသည်။

''လှလိုက်တာ... အဲဒါဒေါင်းလား?''

''ဟူကျင်း... အဲဒါဘယ်နေရာလဲ? လှလိုက်တာ!''

''အလှလေးဟူ... ငါ့ကိုထောက်ခံပေးပါဦး... အဲဒီနေရာသွားချင်လို့''



“......”

အခိုက်အတန့်များမှမှတ်ချက်များကိုကြည့်ပြီး ဟူကျင်းကပြုံးလိုက်ကာ တညီတည်းဖြေလိုက်သည်_

''ဒါချင်းလင်စံအိမ်ရဲ့မွေးမြူရေးခြံလေ... ကံကောင်းလို့ အခမဲ့ဝင်ခွင့်ရတဲ့ပထမဆုံးခရီးသည်အသုတ်ထဲပါလာတာ... အရမ်းလှတယ်''

သူမမှာ ဦးစားပေးခံရသလိုလို။

တခြားခရီးသည်များလည်းဒီအတိုင်းပင်။

ချင်းလင်စံအိမ်ရဲ့လှပတဲ့ရှုခင်း၊ဒေါင်းဖြူရဲ့ပြောမပြနိုင်တဲ့အလှက သူတို့အသိုင်းအဝိုင်းသူငယ်ချင်းတွေကြားမှာကြွားလောက်စရာဖြစ်သည်။

ထို့နောက် ရန်သုံ့တို့ခရီးသည်များက ခရီးသည်ကားပေါ်မှနေ၍ မြင်းပြိုင်ကွင်းနှင့်အထဲတွင်ပြေးနေသောမြင်းအုပ်ကိုတွေ့လိုက်ရသည်။

အမှန်အတိုင်းပြောရရင် သူတို့အားလုံးတောင်ပိုင်းသားများဖြစ်၍ ဒီလောက်မြင်းတွေအများကြီးအပြင်မှာမမြင်ဖူးကြ။

ဖြစ်ချင်တော့ ရှုခင်းကြည့်ကားမှာအနီးကပ်ကြည့်မရချေ။

မြက်ခင်းပြင်ကျယ်ပေါ်တွင် မြင်းပြိုင်ကွင်းဆီသွားသောလမ်းကြောင်းလေးရှိကြောင်း ရန်သုံ့တို့တွေ့လိုက်ရသည်။ ကားလေးစီးတာထက် လမ်းလျှောက်သွားတာကပိုပျော်စရာကောင်းလိမ့်မည်။

ချင်းလင်စံအိမ်ဖွင့်တဲ့အခါကျရင် ရှုခင်းကြည့်ကားမစီးဘဲ ဟူကျင်းကိုဒီနေရာခေါ်လာမည်ဟု ရန်သုံ့ကချက်ချင်းဆုံးဖြတ်ထားလိုက်သည်။

ရှေ့ဆက်သွားရင်း ကောင်းယောင်ယောင်ကသူတို့ရည်မှန်းချက်ဖြစ်သောမြက်ခင်းပြင်ရွက်ဖျင်တဲထိုးနေရာဆီ ရန်သုံ့တို့ခရီးသည်များကိုခေါ်သွားလိုက်သည်။

ဧက ၁၀၀ မြက်ခင်းပြင်ကို သစ်သားခြံစည်းရိုးနှင့်ကာထားသည်။ ဧက ၁၀၀ မြက်ခင်းပြင်ပေါ်တွင် ရွက်ဖျင်တဲ ၆ လုံး ၇ လုံးသာထီးထီးရှိနေပြီး တဲအပြင်ဘက်တွင်လူများအလုပ်ရှုပ်နေကြသည်။

ဒီလူတွေက ရွက်ဖျင်တဲအရောင်းကုမ္ပဏီကလူတွေပဲပေါ့။ သူတို့ကုမ္ပဏီရွက်ဖျင်တဲကို ချင်းလင်စံအိမ်ကရွေးချယ်မလားဆိုသောမျှော်လင့်ချက်နှင့် ကြိုးကြိုးစားစားတည်ဆောက်ပြီးအလှဆင်နေကြသည်။

သူတို့လာတုန်းက တာဝန်ပေးလိုက်သည်။ ချင်းလင်စံအိမ်က သူတို့ကုမ္ပဏီရဲ့ရွက်ဖျင်တဲကိုရွေးရင် ဆုကြေးရရုံသာမက အားလပ်ရက်လည်းပေးမည်တဲ့။

ကောင်းယောင်ယောင်က ရန်သုံ့တို့ခရီးသည်များကိုကားလေးပေါ်မှဆင်းခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာ သူမက_

''ခရီးသည်များရှင့်... ပြီးရင် ဒီရွက်ဖျင်တဲတွေကိုစမ်းကြည့်ပြီး ဘယ်ရွက်ဖျင်တဲကိုအကြိုက်ဆုံး ဘယ်ရွက်ဖျင်တဲကသက်သောင့်သက်သာအရှိဆုံးဆိုတာ ပြောပြနိုင်ပါတယ်''

''လူကြီးမင်းတို့ရဲ့ရွေးချယ်မှုကိုဒီမှာမှတ်တမ်းတင်ထားပါမယ်... ဒီရွေးချယ်မှုက စံအိမ်ရဲ့ဆုံးဖြတ်ချက်ဖြစ်လာမှာပါ... နောင်မှာ လူကြီးမင်းတို့ရွေးတဲ့ရွက်ဖျင်တဲကို ခရီးသည်တွေကသုံးကြပါလိမ့်မယ်''

တကယ်တော့ ခရီးသည်တွေကို သူမအားရွေးကူခိုင်းခြင်းသာ။ သို့သော် ကောင်းယောင်ယောင်ကစကားအလှသုံးထားသည်။ ထို့ကြောင့် သူမစကားအရ ရန်သုံ့တို့မှာချက်ချင်းအိမ်ရှင်လိုခံစားချက်နှင့်ဝင်ပါသည်ဟူသောအာရုံမျိုးရပြီး သူတို့အားလုံးစမ်းကြည့်ဖို့စိတ်အားထက်သန်သွားလေသည်။

......

ချင်လင်က တောင်တန်းစံအိမ်မှထွက်ပြီး အရင်ဆုံးဂိုဒေါင်သွားကာ ဂိမ်းထဲဝင်လိုက်သည်။

သို့သော် ခြင်္သေ့လေးကိုဂိမ်းထဲမှချက်ချင်းမထုတ်သေးဘဲ မွေးမြူရေးခြံထဲတွင်အကြာကြီးကစားပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် အသွားအပြန်တစ်နာရီတောင်မကြာသဖြင့် မြင်းကိုပြန်ခေါ်သွားရင်မြန်လွန်းနေမည်။

အချိန်တစ်ခုအကြာတွင် ခြင်္သေ့လေးခေါင်းကိုကိုင်ပြီးဂိမ်းထဲမှထွက်လိုက်သည်။ ထို့နောက် ခြင်္သေ့လေးကိုထရပ်ကားပေါ်ခေါ်လိုက်သည်။

* ဟီ! *

“ဟီ.. ဟီ!”

ခြင်္သေ့လေးက ပတ်ဝန်းကျင်အသစ်ကိုမြင်ပြီး ပတ်ပတ်လည်ကိုလျှောက်အော်နေသည်။

ချင်လင်ကခြင်္သေ့လေးကိုအမြန်နှစ်သိမ့်ပေးပြီး_

''လိမ္မာတယ်... မင်းကိုအိမ်အသစ်ခေါ်သွားမှာ... အဲဒီမှာပိုကြီးတယ်... မင်းပြေးချင်သလိုပြေးလို့ရတယ်... အဖော်တွေလည်းရလာမှာ''

ခြင်္သေ့လေးကနားလည်လားမသိသော်လည်း ငြိမ်ကျသွားသည်။



ထို့ကြောင့် ချင်လင်ကကားပေါ်မှဆင်းပြီး မောင်းသူနေရာပြန်ထိုင်လိုက်သည်။ သူကကားစက်နှိုး၍ဂိုဒေါင်အပြင်မောင်းထွက်ကာ ချင်းလင်မွေးမြူရေးခြံဆီဦးတည်သွားလိုက်သည်။

ချင်လင်ကမောင်းနေရင်း ခဏခဏနောက်ပြန်လှည့်ပြီး ခြင်္သေ့လေးကိုသတိထားကြည့်သည်။

ခြင်္သေ့လေးကိုကားပေါ်မှာမချည်ချင်သော်လည်း ခြင်္သေ့လေးကားပေါ်မှပြုတ်ကျမည်စိုး၍ အမြန်မမောင်းရဲ။

၁၅ မိနစ်ခန့်မောင်းပြီးနောက် ချင်လင်ကနောက်မှခြင်္သေ့လေးကိုလှည့်ကြည့်မည်အပြုတွင် ရုတ်တရက်သူ့နားထဲမြင်းဟီသံကြားလိုက်ရသည်။

* ဟီ! *

သူကကားတံခါးအပြင်လှမ်းကြည့်ပြီးအံ့ဩသွားသည်။

ခြင်္သေ့လေးကကားပေါ်မှဆင်းပြီး ဘေးမှပြေးလိုက်လာနေသည်။

* ဟီ! * * ဟီ! *

ချင်လင်ကကြည့်လိုက်ရာ သူ့ဆီမြူးတူးပြီးအော်နေသည်ကိုတွေ့ရသည်။

ချင်လင်ကိုမြန်မြန်မောင်းဖို့တိုက်တွန်းနေသလိုလို။

သူပဲစိတ်ထင်သလားမသိ။

ကံကောင်းချင်တော့ စံအိမ်ဘက်သီးသန့်လမ်းထဲချိုးဝင်လာပြီးဖြစ်သည်။ ခြင်္သေ့လေးကားနောက်လိုက်ချင်ရင် လိုက်ခိုင်းလို့ရသည်။ လမ်းပေါ်မှာကားပေါ်တက်ခိုင်းဖို့က ဒုက္ခများလိမ့်မည်။

ထိုမြင်ကွင်းကြောင့် စံအိမ်အပြင်ထွက်လာသောလူများအံ့ဩသွားသည်။ ဖြတ်သွားဖြတ်လာကားများက မှန်တံခါးချလိုက်သည်။ ကားထဲမှလူများကဖုန်းထုတ်ပြီး ဓာတ်ပုံများရိုက်ကာ_

''ဒီမြင်းကဖြူဆွတ်နေတာပဲ... ဘယ်လောက်ကြည့်ကောင်းတဲ့မြင်းလဲ!''

''ဒါချင်းလင်စံအိမ်ကမြင်းလား? ကားအနောက်ကလိုက်နေတယ်''

''မြင်းဖြူတွေကရှားတယ်ဆိုပဲ... အချစ်.. ဗီဒီယိုရိုက်ထားလား?''

“......”

ချင်လင်ကထိုလူများကြည့်နေမှန်းသိသော်လည်း လျစ်လျူရှုထားလိုက်သည်။ သူကမွေးမြူရေးခြံဘက်ချိုးသောလမ်းထဲမြန်မြန်ကွေ့ပြီး မွေးမြူရေးခြံထဲဝင်လိုက်သည်။

မွေးမြူရေးခြံတွင်ကားပါကင်ထိုးပြီးနောက် ချင်လင်ကကားပေါ်မှဆင်းလာသည်။ ခြင်္သေ့လေးက တဟီဟီအသံပေး၍သူ့ဆီပြေးလာပြီး သူ့ကိုခေါင်းနှင့်လာဝှေ့လေသည်။



All Chapters