← Chapters

သူဌေးမြင်းစီးတာအထာကျတယ်! ကျောက်ယွင်လား?

Vol. 34 Ch. 501

သူဌေးမြင်းစီးတာအထာကျတယ်! ကျောက်ယွင်လား?

Vol. 34 Ch. 501

စိတ်အခြေအနေပြိုလဲရသောအချိန်များမှာ ရှိတတ်စမြဲ။ တစ်ခါတရံ တစ်ခုခုနှင့်ကြုံရပြီး လက်ခံနိုင်ဖို့ခက်ခဲတတ်သည်။

ဖန်းပေါ်မှာ စိတ်ပြိုလဲတော့မလိုလို သူ့လက်ကလေထဲမှာကိုးရိုးကားယားတန့်နေသည်။

စိတ်အထိခိုက်ရဆုံးက မြင်းရဲ့မျက်လုံးထဲကမသတီသလိုအကြည့်ပင်။

တိုက်ဆိုင်တာဆိုရင်လည်းတော်သေးရဲ့၊ ဒါပေမဲ့ မဟုတ်။ သူ့ကိုမြင်းကစက်ဆုပ်တယ်ဆိုတာ ဘယ်သူယုံမှာလဲ?

ဖန်းပေါ်ကအောင့်သက်သက်နှင့်လက်ပြန်ရုတ်ပြီး လှည့်ကြည့်လိုက်ရာ မြင်းဘုရင်အဖြူက သူ့သူဌေးကိုရင်းရင်းနှီးနှီးခေါင်းနှင့်လိုက်ဝှေ့နေသည်။ သူဌေးကလည်း မြင်းနားသယ်မွေးကိုလက်နှင့်သပ်ပေးသဖြင့် သူကတဟီဟီအော်လိုက်သည်။

သူ့အသံကပျော်နေမှန်း ဘယ်သူမဆိုသိနိုင်သည်။

တကယ် နည်းနည်းတော့အီစီကလီ။

ဒါသူဌေးရဲ့မြင်းပဲဟုတွေးပြီး ဖန်းပေါ်မထူးဆန်းတော့။ ဒီလိုအထက်တန်းစားမြင်းမျိုးက သာမန်မြင်းတွေထက်ဉာဏ်ကောင်းပြီး သူ့သခင်ကိုကောင်းကောင်းအသိအမှတ်ပြုတတ်ကြသည်။

ထို့ကြောင့် TV ဇာတ်လမ်းတွဲများထဲတွင် မြင်းကသူ့သခင်ကိုပြန်လာကယ်သည်မှာ အလိမ်အညာမဟုတ်။ အရင်ကဒီလိုဇာတ်လမ်းများစွာရှိခဲ့ဖူးသည်။





''သူဌေး... သူဌေးရဲ့မြင်းက သာမန်မျိုးမဟုတ်ဘူးမလား? ဘယ်လိုဖြစ်တာလဲ?''

ဖန်းပေါ်ကမြင်းဖြူနားချဉ်းကပ်ပြီး နှင်းလိုဖြူနေသောအမွေးကိုကြည့်ရင်း စူးစမ်းလိုက်သည်။

ချင်လင်ကရှင်းပြသည်_

''ဒါကျားချန်မိုင်ထောင်ချီမြင်း... ခြင်္သေ့လေးလို့ခေါ်တယ်... နောက်ကျရင် သူ့ကိုသေချာဂရုစိုက်ပေးပါ''

''ဒါဆိုရင် ဒါညလင်းကျောက်စိမ်းခြင်္သေ့ပေါ့''

ဖန်းပေါ်မျက်နှာမှာ အံ့ဩမှုကအတိုင်းသား။

သူကကျွမ်းကျွမ်းကျင်ကျင်အကဲဖြတ်တတ်သူမဟုတ်သော်လည်း မြင်းအကြောင်းဗဟုသုတတချို့ရှိသည်။

အစက ညလင်းကျောက်စိမ်းခြင်္သေ့မှာ ကျားချန်မိုင်ထောင်ချီမြင်းကိုပြောခြင်းမဟုတ်။ ထိုမြင်းဖြူမျိုးက အရောင်တစ်မွေးမှမရောဘဲလုံးဝဖြူဆွတ်နေသည်။

သို့ရာတွင် သမိုင်းနှင့်ဝတ္ထုများ၌ ကျားချန်မိုင်ထောင်ချီမြင်းမှာအလွန်နာမည်ကြီးသည်။

ပထမကျောက်ယွင်။ သူ့မြင်းကညလင်းကျောက်စိမ်းခြင်္သေ့ဆိုသော်လည်း အရင်ကသူ့မြင်းကိုကျားချန်မိုင်ထောင်ချီမြင်းဟုမခေါ်ခဲ့။ ကျားချန်မိုင်ထောင်ချီမြင်း၏ဘိုးဘေးဟုဆိုနိုင်သည်။

ရန်ကုန်းစွန်း မြင်းဖြူကိုရခဲ့သောနေရာမှာ ကျားချန်နောက်ပိုင်းမျိုးဆက်များအုပ်ချုပ်သောနေရာမှဖြစ်သည်။

ထို့အပြင် ကျင်းပြည်တည်ထောင်စဉ်ကာလ၊ မင်းသားဝမ်ရန်၏ညလင်းကျောက်စိမ်းခြင်္သေ့နှင့် ရေနယ်နိမိတ်အတွင်းချောင်ကိုင်ကိုသေစေခဲ့သောညလင်းကျောက်စိမ်းခြင်္သေ့မှာ နှစ်ကောင်လုံးကျားချန်မိုင်ထောင်ချီမြင်းဖြစ်သည်။

ထို့ကြောင့် အတော်များများကလည်း ထိုဖြူဆွတ်နေသောကျားချန်မိုင်ထောင်ချီမြင်းကို ညလင်းကျောက်စိမ်းခြင်္သေ့ဟုမှတ်ယူလိုက်ကြသည်။

ထို့အပြင် ကျားချန်မိုင်ထောင်ချီမြင်းမှာ ရွှေထီးဆောင်းကာလတွင်ဖြစ်ပြီး စုန့်မင်းဆက်တွင်ဖြစ်စေ၊ မင်မင်းဆက်တွင်ဖြစ်စေ စစ်မြင်းအတွက်ဦးစားပေးရွေးချယ်ကြသည်။ သို့သော် ချင်မင်းဆက်တွင်မူ ပျောက်ကွယ်လုနီးနီးဖြစ်ခဲ့သည်။

သူဌေးမှာ ဒီလိုညလင်းကျောက်စိမ်းခြင်္သေ့မျိုးရှိမယ်ဆိုတာ ဘယ်သူသိမလဲ။





ဖန်းပေါ်မှာ အရင်ကဒီလိုမြင်းမျိုးလုံးဝမြင်ခွင့်မရခဲ့။ ထိလည်းထိချင်သည်၊ စီးတောင်စီးကြည့်ချင်သည်။

ဒါပေမဲ့ မြင်းရဲ့မသတီသလိုအကြည့်ကိုစဉ်းစားမိရင် သူစီးတဲ့အခါကန်များချမလား?

သူဌေးကိုမြင်းစီးနည်းသင်ပေးရင် သူကသရုပ်ပြစီးရမှာပဲ။ သူ့ကိုကန်မချလောက်ဘူး ဟုတ်တယ်မလား?

သူဌေးကိုမြင်းစီးနည်းသင်ချင်လားဟုမေးချင်သော်လည်း သူဘာမှမပြောရသေးခင် မြင်းကသူဌေးကိုတိုက်တွန်းပြီးဟီနေမှန်းတွေ့လိုက်ရသည်။ ထို့နောက် သူဌေးကလွှားခနဲခုန်ပြီး မြင်းကျောပေါ်တက်လိုက်သည်။ သူ့လှုပ်ရှားပုံက သေသေသပ်သပ်၊ တိတိကျကျ၊ ခံ့ခံ့ညားညား။

''ကျစ်.. ကျစ်'' ဖန်းပေါ်မှင်တက်သွားသည်။ သူဌေးက သူသင်ပေးဖို့လိုမယ်မထင်ဘူး။

ချင်လင်မြင်းပေါ်ရောက်ရောက်ချင်း ခြင်္သေ့လေးကခြေကုန်ပြေးတော့သည်။ စောစောကခြင်္သေ့လေးအော်တဲ့အဓိပ္ပါယ်ကိုသူကြားသည်။ သူ့ကိုစီးခိုင်းနေခြင်းပင်။

“ဟီ... ဟီ!”

“ဟီ... ဟီ!”

ခြင်္သေ့လေးကထပ်အော်ပြန်သည်။ အဝေးကြီးမသွားသော်လည်း အရှိန်ကမြန်သည်ထက်မြန်လာ၏။ ချင်လင်လည်း မြင်းစီးစွမ်းရည်အစွမ်းကြောင့် မြင်းကျောပေါ်တွင်တည်တည်ငြိမ်ငြိမ်ထိုင်နေနိုင်သည်။

အလုပ်သင်အထိန်းသမားများမှာ လုံးဝမှင်တက်နေသည်။

''သူဌေးက စွမ်းလိုက်တာ!''

''ဟုတ်ပါ့... သူဌေးကမြင်းစီးတော့ ခန့်လိုက်တာ''

''အစ်ကိုဖန်းထက်တောင် ပိုစွမ်းသလိုပဲ''

ဖန်းပေါ်မှာ ပါးစပ်အဟောင်းသားနှင့်။

သူဌေးရဲ့မြင်းစီးစွမ်းရည်က တကယ်အံ့ဩစရာ။ မြင်းပေါ်တက်ပုံနှင့်တင် အတွေ့အကြုံရှိတဲ့မြင်းစီးသမားမှန်းသူသိလိုက်သည်။

ဒါပေမဲ့ အခုမြင်းဘုရင်အဖြူရဲ့အရှိန်ကမြန်သထက်မြန်လာတာတောင် သူဌေးကအေးအေးဆေးဆေးစီးနိုင်သေးသည်။ အထူးသဖြင့် သူ့အနေအထားက အထာကျလွန်းနေသည်။

ထိုအချိန်တွင် သူ့သူဌေးက 'ရှေးဟောင်းဒဏ္ဍာရီထဲမှာစစ်မြေပြင်ဖြတ်ပြီး မြင်းစီးလာတဲ့စစ်သူကြီးနဲ့တူလိုက်တာ'ဟု သူခံစားမိသည်။ ဒီအထာကျပုံနဲ့ ငွေရောင်လက်နေတဲ့လှံတံ၊ ချပ်ဝတ်တန်ဆာနဲ့ဆို... ချန်းတောင်ရဲ့ကျောက်ကျစ်လုံပဲမလား?

ဒီမြင်ကွင်းကိုမြင်သူတိုင်းက ချင်လင်ကိုအံ့ဩစရာဟုတွေးမိကြသည်။ ချင်လင်တစ်ယောက်တည်းသာ ဒါမြင်းစီးစွမ်းရည်ကြောင့်မှန်းသိသည်။ သူ့အနေအထားက အနေအထား +၁ အရည်အသွေးကြောင့် ခံ့ညားနေ၏။

သူတို့နောက်တွင် မြင်း ၅၅ ကောင်ကလည်း ခြင်္သေ့လေးနောက်လိုက်ပြီး ကဆုန်ပေါက်နေသည်။ မြင်းခွာသံတရုန်းရုန်းနှင့် ဒီမြင်းတွေအပေါ်စီးသူပါလာရင် မြင်းတပ်ဖြစ်သွားလိမ့်မည်။

...

ရွက်ဖျင်တဲနေရာ_

ကောင်းယောင်ယောင်၏ဦးဆောင်မှုနှင့် ရန်သုံ့တို့ခရီးသည်များမှာ ရွက်ဖျင်တဲထဲတွင် အိပ်ရာလိပ်များ၊ အထိုင်များ၊ တခြားပစ္စည်းများကို အားတက်သရောစမ်းကြည့်နေကြသည်။

ရန်သုံ့နှင့်ဟူကျင်းနှစ်ယောက်လုံး တောင်ပိုင်းသားများဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရရင် နှစ် ၂၀ ကျော်လောက် ရွက်ဖျင်တဲထဲမှာမနေဖူး၊ အထူးသဖြင့် ဒီလိုသေချာဒီဇိုင်းဆင်ထားသော အဆင့်အတန်းမြင့်ရွက်ဖျင်တဲများပင်။

စမ်းကြည့်ပြီးနောက် ရွက်ဖျင်တဲထဲတွင် နူးနူးညံ့ညံ့အထိုင်အခင်းများနှင့်နေရသည်မှာ အလွန်သက်သောင့်သက်သာရှိကြောင်း သိလိုက်ရသည်။

အနည်းဆုံးတော့ ရွက်ဖျင်တဲတိုင်းက နေရတာအတော်လေးအဆင်ပြေသည်။

ဘယ်ဟာကောင်း၊ ဘယ်ဟာဆိုးက ပြောရခက်သည်။

အခုသူတို့အကုန်စမ်းကြည့်ပြီးမှတော့ အကောင်းဆုံးကိုရွေးရတော့မည်။ ထို့ကြောင့် သက်သောင့်သက်သာရှိတာကဆုံးဖြတ်ရခက်တာချင်းအတူတူ ဆောက်လုပ်ထားသောပုံစံစသည်တို့ကိုသာကြည့်ရတော့မည်။

မကြာမီ ရန်သုံ့တို့ခရီးသည်များက စမ်းသပ်မှုပြီးသွား၍ မှတ်တမ်းတင်ရန်ကောင်းယောင်ယောင်ဆီသွားပြီး သူတို့အကြိုက်ဆုံးရွက်ဖျင်တဲကိုပြောပြကြသည်။

ကောင်းယောင်ယောင်လည်း မှတ်တမ်းကိုအားစိုက်ပြီးလုပ်ထားသည်။ အခြေခံအားဖြင့် ကုမ္ပဏီတိုင်း၏ရွက်ဖျင်တဲကိုရွေးချယ်မှုရှိသော်လည်း လူရွေးအများဆုံးရွက်ဖျင်တဲမှာ ရှန်ဒိုရာဆိုသောအခန်းပြင်အလှဆင်ရေးကုမ္ပဏီမှရွက်ဖျင်တဲဖြစ်သည်။

ကုမ္ပဏီ၏ရွက်ဖျင်တဲပုံစံက ရိုးရှင်းပြီးသက်သောင့်သက်သာရှိသည်။ မြက်ခင်းပေါ်တွင် သစ်သားပြားများခင်းပြီး တြိဂံပုံဖော်ထားသည်။ ရွက်ဖျင်တဲအရောင်ကလည်း ကြည့်ပျော်ရှုပျော်ရှိလေသည်။





All Chapters