← Chapters

သူဌေးမြင်းစီးတာအထာကျတယ်! ကျောက်ယွင်လား? ၂

Vol. 34 Ch. 502

သူဌေးမြင်းစီးတာအထာကျတယ်! ကျောက်ယွင်လား? ၂

Vol. 34 Ch. 502

နောက်ပြီး သစ်သားစားပွဲလေးနှင့်သစ်သားထိုင်ခုံလေးကို ရွက်ဖျင်တဲရှေ့ချထားသည်။

ရွက်ဖျင်တဲက တခြားကုမ္ပဏီများလိုကောင်းကောင်းဆောက်ထားခြင်းမဟုတ်သော်လည်း အများစုကထိုကုမ္ပဏီ၏ရွက်ဖျင်တဲကိုရွေးကြသည်။

တခြားကုမ္ပဏီများကနည်းနည်းတောက်တောက်ပြောင်ပြောင်နှင့် ဒီကုမ္ပဏီထက်လုံးဝပိုကောင်းသည်။ သို့ရာတွင် မြက်ခင်းပြင်ပေါ်တွင်ထားသောအခါ နေရာမကျဘဲမလိုက်ဖက်သလိုဖြစ်နေသည်။

ထို့ကြောင့် ကုမ္ပဏီ၏ရိုးရိုးရှင်းရှင်းပုံစံက မြက်ခင်းပြင်နှင့်အံဝင်ခွင်ကျဖြစ်နေသည်။

အခုကောင်းယောင်ယောင်မှာပိုပြီးယုံကြည်ချက်ရှိလာသည်။ ကုမ္ပဏီ၏ရွက်ဖျင်တဲကရိုးရှင်းသော်လည်း သူမအရင်စမ်းကြည့်ရာ သက်သောင့်သက်သာရှိပုံက တခြားကုမ္ပဏီများထက်မညံ့ပေ။

အဓိကအကျဆုံးက လိုက်ဖက်မှုရှိခြင်းပင်။

တခြားခရီးသည် ၅ ဦးရောက်လာရင် သူတို့အမြင်ကိုသုံးသပ်ပြီး အခြေခံကျကျဆုံးဖြတ်ချက်ချနိုင်မည်။

ထိုအတွေးနှင့် ကောင်းယောင်ယောင်ကရန်သုံ့တို့ခရီးသည်များဘက်လှည့်ပြီး_

''ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အခု လူကြီးမင်းတို့အတွက်အထူးပြင်ဆင်ထားတဲ့လက်ဆောင်လေးတွေ စျေးလျှော့ကတ်တွေလက်ခံယူဖို့ ကျွန်မနောက်လိုက်ခဲ့ပေးပါရှင်''

လက်ဆောင်လေးတွေ စျေးလျှော့ကတ်တွေကလည်း သာမန်လက်ဆောင်များသာ။ နောက်ပြီး ဝန်ဆောင်မှုဌာနအဆင့်မြှင့်ပြီးရင် လတိုင်းလက်ဆောင်လေးတွေ စျေးလျှော့ကတ်တွေပေးနိုင်တော့မည်။ ဝန်ဆောင်မှုမန်နေဂျာအနေနှင့် ဒါတွေကိုခွဲဝေပြီးအသုံးချနိုင်သည်။

ရန်သုံ့တို့လည်း လက်ဆောင်ရမည်ဖြစ်၍ဝမ်းသာပြီး ကောင်းယောင်ယောင်နောက်လိုက်ကာ ရှုခင်းကြည့်ကားပေါ်တက်လိုက်သည်။

ထိုအုပ်စုက မြင်းပြိုင်ကွင်းကိုမြန်မြန်ဖြတ်သွားပြန်သည်။

ဒီတစ်ကြိမ်တွင် ရန်သုံ့တို့မှာ မြင်းအုပ်လိုက်ပြေးနေသည်ကိုမြင်ပြီး အံ့ဩသွားကြသည်။ အထူးသဖြင့် မြင်းဖြူကမြင်းအုပ်ကိုဦးဆောင်နေပြီး မြင်းကျောပေါ်တွင်လူတစ်ယောက်ပါနေသည်။





''သူကခန့်လိုက်တာ!''

ဟူကျင်းကမနေနိုင်ဘဲ ချီးကျူးလိုက်သည်။ TV ဒရာမာတွေ၊ ဇာတ်လမ်းတွေအများကြီးကြည့်ပြီး မြင်းစီးဇာတ်ကွက်များစွာမြင်ဖူးသော်လည်း လူတစ်ယောက်မြင်းစီးရင်ဒီလောက်ခံ့ညားလိမ့်မည်ဟုလုံးဝမထင်မိ။

သူမချီးကျူးသံကြားပြီး ရန်သုံ့မှာနည်းနည်းမနာလိုဖြစ်သွားသော်လည်း မြင်းစီးသူကတကယ်အထာကျကြောင်းဝန်ခံရပေမည်။ အရှိန်ကမြန်လွန်းသဖြင့် လန့်ပြီးသေလောက်သည်။

မြင်းစီးတဲ့သူက ဘယ်လိုများဟန်ပြနိုင်တာလဲ?

ရှုခင်းကြည့်ကားပေါ်မှခရီးသည်များမှာဖုန်းထုတ်ပြီး ဓာတ်ပုံများရိုက်ကြတော့သည်။ အမြဲတမ်းလက်ထဲမိုဘိုင်းဖုန်းရှိနေသောခေတ်မှာ အချိန်မရွေး၊ နေရာမရွေး လှပတဲ့မြင်ကွင်းကိုမှတ်တမ်းတင်ကြတာ ရယ်စရာမဟုတ်တော့။

ကောင်းယောင်ယောင်လည်း ခြင်္သေ့လေးကိုစီးနေသောချင်လင်ကိုမြင်သွားသည်။ တစ်ချက်ကြည့်ရုံနှင့် သူမသူဌေးကိုမှတ်မိသည်။

သူမသူဌေးမှာ ဒီလိုအရည်အချင်းမျိုးရှိမည်ဟုလုံးဝမတွေးမိ။ အံ့ဩစရာကောင်းလိုက်တာ။

မြန်မြန်ဆန်ဆန်ပင် မြင်းအုပ်ကအဝေးရောက်သွားသည်။ ရန်သုံ့တို့မှာ အားရအောင်မကြည့်ရသေးဘဲ ရှုခင်းကြည့်ကားနှင့်မွေးမြူရေးခြံမှထွက်လာရလေသည်။

တစ်ဖက်တွင် ချင်လင်မှာ မြင်းနှင့်ဒုန်းစိုင်းပြေးနေသည်။ မြင်းစီးစွမ်းရည်ကြောင့် ခြင်္သေ့လေးကပိုပိုမြန်လာသလို သူကပိုပိုပြီးစိတ်လှုပ်ရှားလာသည်။

နောက်ပြီး ဂိမ်းထဲကအကျယ်အဝန်းနဲ့ယှဉ်ရင် ဧက ၃၀၀ မြင်းပြိုင်ကွင်းက ပိုပြီးအသက်ဝင်သည်။ အရှိန်ဆိုတာဘာလဲ၊စိတ်လှုပ်ရှားမှုဆိုတာ ဘာလဲ သူလည်းကြုံလိုက်ရသည်။ အရှိန်က BMW ကားမောင်းတာထက်တောင် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းသည်။

သိပ်မကြာမီ ချင်လင်ကခြင်္သေ့လေးနှင့်မူလနေရာပြန်လှည့်လာသည်။

အလုပ်သင်မြင်းထိန်းသမားများက သူ့ကိုလေးစားမှုအပြည့်နှင့်ကြည့်နေကြလေသည်။

ဖန်းပေါ်၏အကြည့်မှာလည်း လေးစားမှုကလျှံထွက်နေသည်။

စောစောကမြင်ကွင်းက သူဌေးရဲ့မြင်းစီးစွမ်းရည်ဘယ်လောက်မြင့်ကြောင်း၊ သူ့ထက်သာကြောင်း သိစေခဲ့ပြီ။

''ခြင်္သေ့လေးကိုဂရုစိုက်ပေးဖို့ ခင်ဗျားကိုဒုက္ခပေးရမှာပဲ''

ချင်လင်ကမြင်းပေါ်မှဆင်းပြီး ဖန်းပေါ်တို့ကိုထပ်မှာ၍ထွက်လာခဲ့သည်။ သူထွက်လာမည်အပြုတွင် ခြင်္သေ့လေးကဆန္ဒပြအော်လိုက်သည်။

ခြင်္သေ့လေးမငြိမ်သေးခင်အထိ ခဏနှစ်သိမ့်ပေးပြီးမှ မွေးမြူရေးခြံထဲကထွက်၍ စံအိမ်ပြန်လာခဲ့သည်။

စံအိမ်ရုံးခန်းဘက်ရောက်ရောက်ချင်း ကျောက်မိုချင်းကဖုန်းဆက်ခေါ်လေသည်။





ကောင်းယောင်ယောင်လည်းအထဲမှာရှိနေသည်။ ချင်လင်ကိုမြင်သောအခါ မလေးစားဘဲမနေနိုင်သောအကြည့်များနှင့်လိုက်ကြည့်နေ၏။

"ယောင်ယောင်... မင်းဒီလိုဆက်ကြည့်နေရင် ငါရှက်မိတော့မယ်''

ချင်လင်ကကောင်းယောင်ယောင်အကြည့်ကိုသတိထားမိပြီး စလိုက်သည်။

''သူဌေး'' ကောင်းယောင်ယောင်ကမြန်မြန်ရှင်းပြသည်_

''စောစောကမြင်းစီးတာတွေ့လိုက်တယ်... အရမ်းခန့်တာပဲ!''

''မင်းတွေ့တယ်လား?'' ချင်လင်ကြောင်သွားသည်။

ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြီး_

''အင်း... ခရီးသည်တွေလည်းမြင်သွားတယ်... သူတို့အကုန်အံ့ဩသွားတာ... သူတို့က သူဌေးမြင်းစီးတာခန့်တယ် အထာကျတယ်ဆိုပြီး ချီးကျူးနေကြတာ''

''ကျစ်.. ကျစ်'' ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။ သူအမြဲတမ်းသိုသိုသိပ်သိပ်နေခဲ့ပြီး ခရီးသည်တွေရှေ့မှာကြွားလုံးမထုတ်ချင်ခဲ့။

တစ်ယောက်ယောက်ကဗီဒီယိုရိုက်ပြီးလိုင်းပေါ်တင်လိုက်ရင် ပွကုန်တော့မည်။

သူ့အကြောင်း လူထုကြားမှာမပေါ်ချင်။ အဲလိုဖြစ်သွားရင် အခုလက်ရှိအေးချမ်းငြိမ်သက်မှုတွေရတော့မှာမဟုတ်။

ကျောက်မိုချင်းမှာ ထိုအကြောင်းစိတ်ဝင်စားသွားပြီး_

''ချင်လင်... ရှင်မြင်းစီးခဲ့တယ်? ကောလိပ်တုန်းကသင်ထားတာမမေ့​သေးဘူးလား?''

ဒုတိယမျိုးဆက်သူဌေးသားအတန်းဖော်နှင့် ချင်လင်မြင်းစီးသင်ခဲ့တာ သူမမှတ်မိသေးသည်။ သို့သော် ဒီလောက်အကြာကြီးမှတ်မိနေမည်ဟုမထင်မိ။

ယာဉ်မောင်းလိုင်စင်ရပြီးနောက် နှစ်ဝက်လောက်ကမောင်းရဲကြမည်မဟုတ်ချေ။

''အင်း!'' ချင်လင်လည်း ဒုတိယမျိုးဆက်သူဌေးသားအတန်းဖော်ဆီကသင်ထားတာဟုဝန်ခံလိုက်သည်။

ထိုအချိန်တွင် ကျောက်မိုချင်းကဓာတ်ပုံနှင့်စာဖိုင်တစ်ခု ချင်လင်လက်ထဲပေးပြီး_

''အဲဒါရွက်ဖျင်တဲနေရာမှာ ပထမဆုံးခရီးသည်အုပ်စုကရွေးထားတဲ့ လူကြိုက်အများဆုံးရွက်ဖျင်တဲပဲ... ဒုတိယခရီးသည်အုပ်စုကလည်းဒါကိုကြိုက်တယ်ဆိုရင် ဒီကုမ္ပဏီနဲ့ပူးပေါင်းမယ်''

ချင်လင်လည်း အချက်အလက်ကိုကြည့်လိုက်သည်။ ရွက်ဖျင်တဲအရောင်းကုမ္ပဏီက ရှန်ဒိုရာ၊ ရိုးရိုးရှင်းရှင်းဆောက်ထားတဲ့ရွက်ဖျင်တဲပုံစံက မြက်ခင်းပြင်နဲ့လိုက်သည်တဲ့။

ဧက ၁၀၀၀ မှာ အလှစိုက်ပင်တွေထပ်စိက်နိုင်ရင် ပိုပြည့်စုံသွားလိမ့်မည်။

''ဒီကုမ္ပဏီရဲ့ရွက်ဖျင်တဲက တို့မွေးမြူရေးခြံနဲ့တော်တော်အဆင်ပြေတယ်... မင်းကောင်းတယ်ထင်ရင် ဒါကိုရွေးကြတာပေါ့''

ချင်လင်ကအချက်အလက်ကိုဖတ်ပြီး အပြုံးနှင့်ပြောလိုက်သည်။

ဒီကိစ္စဆုံးဖြတ်ပြီးရင် နောက်တစ်ဆင့်လုပ်ရမှာက မွေးမြူရေးခြံဖွင့်ပွဲအသေးစိတ်ပြင်ဆင်ဖို့နဲ့ တိရစ္ဆာန်ဒုတိယအသုတ်မှာဖို့။

နွားနှင့်ဝက်လိုဆွဲဆောင်မှုရှိသောတိရစ္ဆာန်များ၊ သာမန်နွားနှင့်ဝက်များကလည်း မွေးမြူရေးခြံပြည့်စုံဖို့လိုအပ်သည်။





All Chapters