Chapters

သူဌေးမြင်းစီးတာအထာကျတယ်! ကျောက်ယွင်လား? ၃

Vol. 34 Ch. 503

သူဌေးမြင်းစီးတာအထာကျတယ်! ကျောက်ယွင်လား? ၃

Vol. 34 Ch. 503

သို့သော် မွေးမြူရေးခြံတစ်ခုလုံးအကျိုးရှိအောင် ဒီတိရစ္ဆာန်တွေကို အစွန်အဖျားပိုင်းမှာထားရမည်။

ချင်လင်ထွက်သွားပြီးနောက် ကျောက်မိုချင်းကလင်းလန်ဇီကိုချက်ချင်းခေါ်လိုက်သည်။ မွေးမြူရေးခြံကြော်ငြာအတွက် သူမလည်းအလျဉ်မီရမည်။ ဘာပဲဖြစ်ဖြစ် ဒီမွေးမြူရေးခြံဆောက်ဖို့ စံအိမ်ကအများကြီးရင်းနှီးမြှုပ်နှံထားရသည်။ ကုန်ကျစရိတ်များသည်ဟုဆိုနိုင်သည်။

မွေးမြူရေးခြံစီးပွားရေးမကောင်းရင် လုံးဝကျရှုံးလိမ့်မည်။

သို့သော် သူမအလကားစိုးရိမ်မိသွားသည်။

နောက်တစ်နေ့ လင်းလန်ဇီကြော်ငြာမစရသေးခင်ချင်းလင်စံအိမ်မှာရေပန်းစားခေါင်းစဉ်ဖြစ်နေပြန်သည်။ အချိန်တိုအတွင်း အင်တာနက်ပေါ်တွင်ပေါက်ပြီး လှုပ်လှုပ်ရွရွဖြစ်နေ၏။

မနေ့ကချင်းလင်မွေးမြူရေးခြံခေါ်လာသောခရီးသည်အုပ်စုက ဗီဒီယိုများတင်ထားကြသည်။ အထူးသဖြင့် ဒေါင်းဖြူဗီဒီယိုပင်။

အရည်အသွေး ၂ ခွေးသွားစိတ်မြက်၏အာနိသင်နှင့်ပင် အထင်ကြီးစရာကောင်းနေပြီ။ အကြည့်ခံခြင်း +၂၊ ဓာတ်ပုံစားခြင်း +၂ အရည်အသွေးများနှင့် အဆုံးမရှိသောမြက်ခင်းပြင်က ရိုးရှင်းပြည့်စုံလွန်းနေသည်။

ထို့အပြင် ဒေါင်းဖြူမှာလည်း အကြည့်ခံခြင်း +၂၊ ဓာတ်ပုံစားခြင်း +၂ အရည်အသွေးများရှိသည်။ ထိုအရည်အသွေးနှစ်ခုပေါင်းလိုက်သောအခါ ဗီဒီယိုတင်လိုက်သည်နှင့် မြင်သူတိုင်းကစိတ်ဝင်စားပြီး မကြည့်ဘဲမနေနိုင်ချေ။

ချင်းလင်စံအိမ်မှာ အမြဲတမ်းရေပန်းစားခေါင်းစဉ်ဖြစ်နေသည်။ တစ်ယောက်ယောက်ကအာရုံစိုက်ခံရအောင် ချင်းလင်မွေးမြူရေးခြံအကြောင်းဗီဒီယိုတင်ထားသည်။ သို့သော် မွေးမြူရေးခြံမဖွင့်သေး၍ ဘယ်သူမှမဝင်နိုင်။ အဝေးမှသာဗီဒီယိုရိုက်နိုင်ကြသည်။

သို့သော်လည်း နောက်ခံမြင်ကွင်းကအလွန်လှသည်။

အခုအထဲမှာရိုက်ထားတဲ့ဗီဒီယိုမြင်လိုက်ရပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လို၊ ရေပေါ်တံတားရှုခင်းလိုပင်၊ ဗီဒီယိုကနာမည်ကြီးလာပြီး ပေါက်သွားသည်။

အဓိကအချက်မှာ ဗီဒီယိုကဆွဲဆောင်မှုရှိ၍ဆိုသော်လည်း မွေးမြူရေးခြံရောက်ဖူးသူများက ချင်းလင်မွေးမြူရေးခြံတွင် အံ့ဩစရာခံစားချက်အမျိုးမျိုးရကြောင်း၊ မလာဖူးရင် တစ်သက်လုံးနောင်တရမည်ဖြစ်ကြောင်း သူတို့ဂုဏ်သိက္ခာနှင့်တောင် အာမခံပြောထားကြသည်။ ထို့ကြောင့် လူများကသွားကြည့်ချင်ကြ၏။

နာမည်အကြီးဆုံး၊ဆွဲဆောင်မှုအရှိဆုံးက ဒီဗီဒီယိုတော့ဘယ်ဟုတ်မလဲ။ မြင်းဖြူကမြင်းအုပ်ကိုဦးဆောင်ပြီး လူငယ်လေးကမြင်းဖြူစီးတဲ့ဗီဒီယိုပဲပေါ့။ သူကလုံးဝခံ့ညားနေသည်လေ။

ဒီလှပပြီးဆွဲဆောင်မှုရှိတဲ့မြက်ခင်းပြင်မှာ ခံ့ညားတဲ့လူငယ်လေးတစ်ယောက်က အထာကျကျမြင်းစီးနေတယ်ဆိုတာ လူတွေကြည့်ချင်တဲ့မြင်ကွင်းမျိုးပဲမဟုတ်လား။

မြင်းပေါ်ကလူငယ်လေးမှာ အံ့ဩစရာကောင်းလွန်းသည်။ ဒီအရှိန်နဲ့သာပြုတ်ကျလိုက်ရင် မြေပေါ်မှာတစ်စစီကျိုးပဲ့ကုန်လိမ့်မည်။

''သူမြင်းစီးတာကြည့်ပြီး TV ရုပ်ရှင်တွေထဲက မြင်းစီးတဲ့အခန်းတွေသတိရတယ်... အပြစ်ပြောစရာကိုမရှိဘူး''

''မင်းကို ၅ မိနစ်အချိန်ပေးမယ်... ငါဒီအစ်ကိုလေးအကြောင်းအကုန်သိချင်တယ်... အဲဒီမြင်းဖြူနဲ့ သူငါ့ကိုတင်စီးရမယ်'

''အပူအပင်ကင်းလိုက်တာ... ဆွဲဆောင်မှုရှိတဲ့မင်းသားလေး''

''ဒါနဲ့... ဒီလူငယ်မြင်းပေါ်မှာခံ့ညားနေပုံက ငါ့စိတ်ကူးထဲက မြင်းဖြူစစ်သူကြီးပုံနဲ့လုံးဝကွက်တိပဲ... ငါသူ့အတွက် ချပ်ဝတ်တန်ဆာတွေဖြတ်ညှပ်ကပ်လုပ်ထားတယ်... တစ်ချက်လာကြည့်လိုက်''

ထိုတစ်ယောက်၏မှတ်ချက်ကိုလူစိတ်ဝင်စားမှုများပြီး like များနှင့်အပေါ်ရောက်သွားသည်။ တစ်ချိန်တည်းမှာ အတော်များများကသူ့နောက်ခံကိုနှိပ်ကြည့်လိုက်ရာ ချပ်ဝတ်တန်ဆာနှင့်မြင်းစီးဗီဒီယိုကိုတွေ့လိုက်ရသည်။

ဗီဒီယိုထဲတွင်ချပ်ဝတ်တန်ဆာနှင့်စစ်သူကြီးကမြင်းဖြူစီးထားသည်။ လူငယ်၏လက်ထဲတွင်ငွေရောင်လက်နေသောလှံတစ်ချောင်းတောင်ရှိနေသည်။

မြင်းစီးစွမ်းရည်လည်းပြထားပြီး အနေအထား +၁ အရည်အသွေးကြောင့် ဗီဒီယိုကြည့်သူတိုင်းမနေနိုင်ဘဲအော်မိကြသည်မှာ: ''သောက်*''။

ခံ့ညားလိုက်တာ။

ငွေရောင်ချပ်ဝတ်တန်ဆာနှင့်မြင်းက ချန်ပန်ကိုဖြတ်ကျော်သွားသောကျောက်ယွင်အလား တဟုန်ထိုးပြေးနေသည်။

နောက်ပြီးသူက TV ဒရာမာ၊ ရုပ်ရှင်တွေထဲကကျောက်ယွင်ထက်ပိုပြီးမခန့်ဘူးလား?

ချပ်ဝတ်တန်ဆာ၊လှံတံနှင့်တည်းဖြတ်ထားသောဗီဒီယိုက မူလဗီဒီယိုထက်ပိုပေါက်သွားလေသည်။

ချင်လင်လည်းပေါက်ဖို့အကြောင်းဖန်လာသည်ပင်။ အချိန်တိုအတွင်း သူမြင်းစီးနေသောဗီဒီယိုကိုတစ်ယောက်ပြီးတစ်ယောက် share ၍ အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်လာတော့သည်။