သူဌေးချင်ရဲ့အရေးပါပုံ! မြင်းထိန်းသမားလေးချင် လိုင်းပေါ်မှာ!
Vol. 34 Ch. 504
ချင်းလင်မွေးမြူရေးခြံမှာ တရားဝင်မဖွင့်ရသေးခင်ပေါက်နေပြီ။ အင်တာနက်ပေါ်တွင်အတော်များများက ချင်းလင်မွေးမြူရေးခြံကိုသွားလည်ချင်ကြောင်းပြောထားကြသည်။
ချင်းလင်စံအိမ်တရားဝင်အကောင့်နောက်ခံတွင် ပြည်သူများ၏မှတ်ချက်များမြန်မြန်ဆန်ဆန်တက်လာပြီး ချင်းလင်မွေးမြူရေးခြံဘယ်တော့ဖွင့်မလဲဟု အထပ်ထပ်မေးထားကြသည်။
ထိုလူများမှာ သူဌေးဖြစ်တဲ့ချင်လင်ထက်ပိုစိတ်စောနေပြီး ချင်းလင်မွေးမြူရေးခြံမြန်မြန်ဖွင့်ဖို့တိုက်တွန်းနေကြ၏။
ချင်းလင်မွေးမြူရေးခြံနာမည်ကြီးလာသည်နှင့် စီရင်စုကအရင်ဆုံးသတင်းရသည်။
မနက်စောစော စွန်းရှန်ကချန်လီကိုဖုန်းဆက်ပြီး ဆွေးနွေးဖို့ခေါ်လိုက်သည်_
''ဒီနေ့ချင်းလင်စံအိမ်အကြောင်းသတင်းတွေ့ပြီးပြီလား?''
ချန်လီကသက်ပြင်းချလိုက်ကာ_
''တွေ့ပြီးပြီ... ဒီချင်းလင်မွေးမြူရေးခြံက ထပ်ပေါက်ဦးမှာ... သူဌေးချင်ကတော့ သူဌေးချင်ပဲလို့ပြောတော့မယ်... ဘယ်တုန်းကမှစိတ်မပျက်ရဘူး''
သူတို့နှစ်ဦးမှာ ချင်းလင်စံအိမ်၏မွေးမြူရေးခြံဆောက်လုပ်ရေးကိုအာရုံစိုက်ထားကြသည်။
ဘာပဲဖြစ်ဖြစ် သူဌေးချင်မြေဧက ၅၀၀၀ စာချုပ်ချုပ်ရတဲ့အကြောင်းရင်းက မွေးမြူရေးခြံဆောက်ဖို့မလောက်လို့ပဲလေ။
နောက်ပြီး မွေးမြူရေးခြံဆောက်တုန်းက သူတို့လည်း ချင်းလင်မွေးမြူရေးခြံဒီဇိုင်းအစီအစဉ်ကို စွန်းမင်ဆီကကြည့်ခဲ့သည်။ မွေးမြူရေးခြံက မူလစံအိမ်အကျယ်အဝန်းထက်ပိုကြီးကြောင်း သူတို့သိထားသည်။
စီရင်စုကလည်း မွေးမြူရေးခြံကိုမျှော်လင့်စောင့်စားနေသည်။ မွေးမြူရေးခြံအောင်အောင်မြင်မြင်ဆောက်ပြီးရင် သူတို့ရမယ့်ခရီးသည်အရေအတွက်က သေချာပေါက်အများကြီးတက်လာလိမ့်မည်။
ဒါကိုလုံးဝသံသယမရှိပေ။
ဘာပဲဖြစ်ဖြစ် သူဌေးချင်လေ။ ဘယ်တုန်းကစိတ်ပျက်ရလို့လဲ?
သို့ရာတွင် သူဌေးချင်ကမွေးမြူရေးခြံကိုမြေဧက ၁၀၀၀ အထိချဲ့ပြီး ဒီလောက်ခမ်းနားအောင်လုပ်လိမ့်မည်ဟု စွန်းရှန်နှင့်ချန်လီမထင်မိ။ မဖွင့်ရသေးခင်ကတည်းက ပေါက်နှင့်နေပြီ။
တခြားလူတွေမပြောနှင့်၊ ဒီဗီဒီယိုတွေမြင်ပြီး သူတို့အားလုံးစိတ်ဝင်စားကာ သွားလည်ချင်လာသည်။
သူတို့အလုပ်သဘောသဘာဝအရ တစ်နှစ်ပတ်လုံး ဒီလိုလည်ပတ်ဖို့သိပ်မလိုအပ်ချေ။
သူတို့အားလုံးမှာ ဒီလိုလှုပ်ရှားမှုမျိုးရှိသည်။ သာမန်လူများ အထူးသဖြင့် လူငယ်များမှာ အပြင်ထွက်လည်ပတ်ပြီး ဒီလိုတက်ကြွလှုပ်ရှားတာမျိုးသဘောကျသည်။
တစ်နည်းပြောရရင် ချင်းလင်မွေးမြူရေးခြံက တကယ်ပေါက်တော့မည်။
ဒီတော့ ရုံချန်းစီရင်စုကပြင်ဆင်ထားရမည်။
အရင်ဆုံး မြို့စားနှင်းဆီတုန်းကလို ယာဉ်ကြောကြပ်တာ၊ လမ်းတွေပိတ်တာမျိုးမဖြစ်အောင်လုပ်ထားရမည်မဟုတ်လား?
ဒီလိုဖြစ်ခဲ့ရင် ရုံချန်းစီရင်စုအရှက်ရလိမ့်မည်။
''ချင်းလင်မွေးမြူရေးခြံက ဧက ၁၀၀၀ ဖြစ်သွားပြီ'' စွန်းရှန်ကပြောလိုက်သည်_
''စံအိမ်လောက် ခရီးသည်အရေအတွက်ရမယ်ထင်လား?''
ချန်လီကခဏစဉ်းစားလိုက်ပြီး_
''စွန်းရှန်... လက်ရှိချင်းလင်မွေးမြူရေးခြံနာမည်ကြီးပုံ လူစိတ်ဝင်စားပုံအရ လုံးဝဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် တောင်ပိုင်းမှာမွေးမြူရေးခြံနည်းတယ်... တောင်ပိုင်းကခရီးသည်တွေပိုစိတ်ဝင်စားလိမ့်မယ်''
စွန်းရှန်ကခေါင်းညိမ့်လိုက်ပြီး_
''မင်းကဒီလိုဆိုမှတော့ တချို့ကိစ္စတွေဆွေးနွေးထားဖို့လိုပြီ... အနည်းဆုံးတော့ ရုံချန်းကနေချင်းလင်စံအိမ်ကိုအထူးလမ်းဖွင့်ပေးထားဖို့လိုတယ်... နောက်ထပ်ယာဉ်ကြောပိတ်လို့မဖြစ်ဘူး''
''ပြီးတော့ ဆင်ခြေဖုံးချဲ့ထွင်မယ့်အစီအစဉ်ကို နောက်တစ်ဆင့်အရှိန်မြှင့်ရမယ်... အခုရုံချန်းမှာ ဟိုတယ်အလုံအလောက်မရှိသေးဘူး''
''ဒီဆင်ခြေဖုံးချဲ့ထွင်မယ့်ပထမအဆင့်က ကြယ်ပွင့်အဆင့်ရှိတဲ့ဟိုတယ်ဆောက်ဖို့ပဲ... တို့ရုံချန်းမှာကြယ်ပွင့်ဟိုတယ်ရှိရဦးမယ်... နောက်တစ်ဆင့်က ဝန်ဆောင်မှုပေးတဲ့စျေးကွက်ကြီးကြီးမားမားဖန်တီးဖို့ပဲ... ပြီးရင် အဲဒါကိုအခြေခံထားပြီး နေရာကိုချဲ့ထွင်မယ်''
''အရင်ဆုံး ဒီအကြောင်းဆွေးနွေးဖို့ စီရင်စုမှာအစည်းအဝေးလုပ်မယ်... နောက်ကျ မင်းသူဌေးချင်ဆီသွားပြီး ဒီအစီအစဉ်ကိုပြောပြ... ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အမြင်ဘယ်လိုရှိလဲ... ဘာတောင်းဆိုစရာရှိလဲ... တောင်းဆိုစရာရှိတယ်ဆိုရင် စီရင်စုကသူတို့ကျေနပ်အောင်အတတ်နိုင်ဆုံးလုပ်ပေးမယ်''
အင်း ချန်လီခေါင်းညိမ့်လိုက်သည်။
စီရင်စုချဲ့ထွင်မယ့်အစီအစဉ်အကြောင်း အပြင်လူကိုမေးရတာ မယုံချင်စရာကောင်းနေလိမ့်မည်။ သို့သော် ဒါလိုအပ်မှန်းသူတို့နှစ်ယောက်လုံးသိထားကြသည်။
ဒါသူဌေးချင်ကိုအသိအမှတ်ပြုခြင်းပင်။
အစကချင်းလင်စံအိမ်မှာ လေလံပစ်ခဲ့ရပြီး ဘာအကျိုးအမြတ်မှမရခဲ့။
သူဌေးချင်ကသူ့ကိုယ်ပိုင်အင်အားနှင့် စံအိမ်ကိုလက်ရှိအခြေအနေအထိဖွံ့ဖြိုးအောင်လုပ်ခဲ့ရုံသာမက ရုံချန်း၏စီးပွားရေးကိုလည်းအဘက်ဘက်ကဆွဲခေါ်ပေးခဲ့သည်။
ပွဲအစီအစဉ်မရှိရင်တောင် ချင်းလင်စံအိမ်မှာ တစ်နေ့ခရီးသည် ၅၀၀၀ ရနေသည်။ ချင်းလင်မွေးမြူရေးခြံသာ နောက်ထပ်ခရီးသည် ၅၀၀၀ တိုးလာခဲ့ရင် ချင်းလင်စံအိမ်တွင်နေ့စဉ်ခရီးသည်ဦးရေ ၁၀၀၀၀ ဖြစ်လာလိမ့်မည်။
ရုံချန်းတစ်မြို့လုံးလူဦးရေ ၄၅၀၀၀၀ ရှိပြီး ပြင်ပတွင်ပုံသေအလုပ်လုပ်နေသောလူဦးရေကိုဖယ်လိုက်လျှင် ၃၆၀၀၀၀ ကျန်သည်။
မြို့နယ်နဲ့ရွာနေလူဦးရေကိုဖယ်လိုက်ရင် စီရင်စုမှာလူဘယ်လောက်ကျန်မလဲ?
တစ်နေ့ခရီးသည် ၁၀၀၀၀ ရဲ့အဓိပ္ပါယ်ကို သူတို့နှစ်ယောက်ကောင်းကောင်းသိသည်။ စီရင်စုတစ်ခုလုံးက သူဌေးချင်ခရီးသည်တွေရဲ့အကျိုးအမြတ်ကိုခံစားရလိမ့်မည်။
သူဌေးချင်မရှိဘဲ ရုံချန်းမရပ်တည်နိုင်။
ထို့ကြောင့် သူဌေးချင်ကိုအဘက်ဘက်ကအာရုံစိုက်ထားရသည်။ ဒီနှစ်စီရင်စုကိုယ်စားပြုက သူဌေးချင်ဖြစ်မည်။ စီရင်စုထဲကလုပ်ငန်းအားလုံး၏သူဌေးများကိုဘေးဖယ်ရလိမ့်မည်။ နောက်ပြီး အမျိုးသားပြည်သူ့ညီလာခံအတွက်ကိုယ်စားပြုဖြစ်အောင် သူဌေးချင်ကိုကူညီပေးရမည်။
မဟုတ်ရင် ရုံချန်းဒီလောက်အကျိုးအမြတ်ရတာမြင်ပြီး တခြားစီရင်စုကလူတွေ သူဌေးချင်ကိုလာလုချင်ကြမှာမလား?
ချင်းလင်ကုမ္ပဏီပိုင်ဆိုင်မှုတန်ဖိုးနှင့်စာလျှင် သူဌေးချင်၏တန်ဖိုးကပိုကြီးသည်။
ရုံချန်းမှာယွမ်တစ်သန်းပဲတန်ဖိုးရှိတဲ့စံအိမ်ကို သူဌေးချင်ကဒီလောက်တန်ဖိုးရှိအောင်လုပ်နိုင်ရင် တခြားနေရာမှာဘာလို့မလုပ်နိုင်ရမှာလဲ?
မဖြစ်နိုင်။
အရင်က သူဌေးချင်ဒီစံအိမ်ကိုလေလံမဆွဲဘဲ နင်းမြို့တော်ကိုသွားခဲ့ရင် အခုချင်းလင်စံအိမ်ကနင်းမြို့တော်မှာဖြစ်လောက်ပြီ။
ဒီလိုလုပ်နိုင်စွမ်းက သူဌေးချင်မှာရှိတာဟု သူတို့အခိုင်အမာယုံကြည်ထားသည်။
''သွားစို့... အရင်ဆုံး တခြားလူတွေကိုအစည်းအဝေးခန်းထဲခေါ်လိုက်... အစည်းအဝေးလုပ်မယ်''
စွန်းရှန်ကမတ်တပ်ရပ်ပြီးပြောလိုက်သည်။
...
မနက်စောစော ချင်လင်ကဂိမ်းထဲကပစ္စည်းများစံအိမ်ပို့လိုက်သည်။ စံအိမ်ထဲရောက်သောအခါ ဝန်ထမ်းများကသူ့ကိုထူးထူးဆန်းဆန်းကြည့်နေကြ၏။
သူနည်းနည်းအောင့်သက်သက်ဖြစ်သွားသည်။ ဒါဘာကြောင့်လဲ သူသိသည်။
သူစိုးရိမ်တာက ဘာတွေဖြစ်ထားပြီလဲ။ မြင်းပြိုင်ကွင်းမှာ ခြင်္သေ့လေးကိုစီးတာ ခရီးသည်တွေကဓာတ်ပုံရိုက်သွားမည်ဟု သူမထင်မိ။ နောက်ကျ အင်တာနက်မှာတင်လိုက်ရင် အရမ်းနာမည်ကြီးသွားလိမ့်မည်။