← Chapters

ရှောင်ချင်နဲ့ရှောင်ကျောက်၊ အတူတူရှိပေးပါ! ၃

Vol. 34 Ch. 508

ရှောင်ချင်နဲ့ရှောင်ကျောက်၊ အတူတူရှိပေးပါ! ၃

Vol. 34 Ch. 508

ရုံချန်းချဲ့ထွင်ရေးအစီအစဉ်ကိုအကြိမ်များစွာဖော်ဆောင်ခဲ့သည်။ နယ်မြေအလုံအလောက်ချဲ့ပြီး ရုံချန်းကိုမြို့တော်အဖြစ်မြှင့်တင်ချင်သောကြောင့်ပင်။

ဆင်ခြေဖုံးဒေသချဲ့ထွင်ရေးမှာ စတုတ္ထအကြိမ်မြောက်အစီအစဉ်ဖြစ်သည်။

စာဖိုင်ထဲမှမြေပုံအရ စီရင်စုက ရုံချန်းမြို့၊ ချင်းလင်စံအိမ်နှင့်ချင်းလင်ဓာတ်ခွဲခန်းကိုဖြတ်ပြီး ချဲ့ထွင်မည့်ဆင်ခြေဖုံးဒေသနှင့်တစ်စုတစည်းတည်းဖြစ်အောင်ဆက်သွယ်ချင်ကြောင်းတွေ့ရသည်။

ဒီလိုနှင့် ချင်းလင်စံအိမ်လာသောလူဝင်စီးဆင်းမှုအကျိုးကိုခံစားနိုင်မည်။

အထူးသဖြင့် ကြယ်ပွင့်ဟိုတယ်နှင့်ကျယ်ပြန့်သောဝန်ဆောင်မှုစျေးကွက်အစီအစဉ်မှာ ချင်းလင်စံအိမ်၏ခရီးသည်ပမာဏအပေါ် လုံးဝအားထားရလိမ့်မည်။

ကျယ်ပြန့်သောဝန်ဆောင်မှုစျေးကွက်အခြေကျရန် ချင်းလင်စံအိမ်၏ခရီးသည်အရေအတွက်ကိုမှီပြီး ကုန်သည်များကိုဆွဲဆောင်ရမည်။ ထို့နောက် ခရီးသည်များမှဖြစ်လာသောစီးပွားရေးမှတဆင့် သာမန်ပြည်သူများ၏စီးပွားရေးကိုဦးတည်ပြီး အရှေ့တိုင်းစီးပွားရေးစျေးကွက်အပြင် နောက်ထပ်စီးပွားရေးစင်တာတည်ဆောက်နိုင်လိမ့်မည်။

ချင်လင်မှာ စီရင်စု၏ဖွံ့ဖြိုးရေးအစီအစဉ်အပေါ်ပြောစရာမရှိ။

အရင်ဆုံး ဒီကျယ်ပြန့်တဲ့ဝန်ဆောင်မှုစျေးကွက်က ချင်းလင်စံအိမ်ရဲ့လိုအပ်ချက်ကိုဖာထေးပေးနိုင်လိမ့်မည်။

ဘာပဲဖြစ်ဖြစ် သူ့စံအိမ်မှာညပိုင်းဖျော်ဖြေရေးအစီအစဉ်တွေမရှိ။ ဒီကြယ်ပွင့်ဟိုတယ်က စံအိမ်မှာမရှိတဲ့ညပိုင်းဖျော်ဖြေရေးလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်လိမ့်မည်။

မွေးမြူရေးခြံဖွင့်ရင် စံအိမ်ခရီးသည်အရေအတွက်ကထပ်တက်ဦးမည်။ အဲဒီအချိန်ကျရင် သတို့သမီးခန်းနှင့်မွေးမြူရေးခြံရွက်ဖျင်တဲမှာ ခရီးသည် ၇၀၀ မှ ၈၀၀ အထိတည်းခိုနိုင်လျှင်အဆင်ပြေသည်။

တခြားခရီးသည်များမှာ ရုံချန်းမြို့ဟိုတယ်သုံးလုံးတွင်တည်းခိုရန်မလောက်ငှသဖြင့် ဒီဟိုတယ်အသစ်ရှိဖို့လိုသည်။

ထို့အပြင် ကျယ်ပြန့်သောဝန်ဆောင်မှုစျေးကွက်ရှိလာလျှင် စံအိမ်၏လူနေမှုလိုအပ်ချက်အမျိုးမျိုးကိုလည်းဖြည့်ဆည်းပေးနိုင်မည်။

ဒီဖွံ့ဖြိုးရေးအစီအစဉ်ကနေ ပိုအကျိုးအမြတ်များမှာကတော့ စီရင်စုပေါ့။

သို့သော် ဒီအတွက်သိပ်တွက်ချက်နေစရာမလို။ နှစ်ဦးနှစ်ဖက်က ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီပင်။ သူကခရီးသည်အကျိုးအမြတ်အတော်များများရထားပြီဖြစ်၍ တစ်ချို့တလေမျှဝေတာ မကောင်းတဲ့ကိစ္စမဟုတ်။

''လက်ထောက်ချန်... စီရင်စုရဲ့ဖွံ့ဖြိုးရေးအစီအစဉ်ကအရမ်းကောင်းပါတယ်... ကျွန်တော်ပြောစရာမရှိပါဘူး''

ချင်လင်ကအပြုံးနှင့်ပြောလိုက်သော်လည်း မြေပုံကိုလက်ဖက်ရည်စားပွဲပေါ်တမင်တင်လိုက်သည်။

သူ့ရည်ရွယ်ချက်က သူ့ယောက်ဖကျောက်မိုယွင်မြင်ရအောင်။

ဒီမြေပုံကိုမြင်ရင် ဉာဏ်ကောင်းတဲ့သူတွေက ကြိုတင်ပြင်ဆင်ထားနိုင်လိမ့်မည်။ ရှေ့လျှောက် စီရင်စုဖွံ့ဖြိုးရေးနဲ့အမီလိုက်ပြီး ဝင်ငွေရှာနိုင်လိမ့်မည်။

ချန်လီလည်းသူ့စကားကြားပြီး သက်ပြင်းချလိုက်သည်။

စီရင်စုကဖွံ့ဖြိုးရေးကိုသေချာစီစဉ်ထားသော်လည်း သူဌေးချင်၏ခရီးသည်ဖူလုံမှုအပေါ်မူတည်နေသေးသည်။ သူဌေးချင်သာ ဖွံ့ဖြိုးရေးအစီအစဉ်အတွက်အမြင်တစ်ခုခုရှိခဲ့ရင် စီရင်စုကအလေးထားပြီးဆောင်ရွက်ပေးမည်။

ချင်လင်၏တုံ့ပြန်ချက်ရပြီးနောက် ချန်လီကချက်ချင်းနှုတ်ဆက်ပြီးပြန်သွားသည်။ စီရင်စုကိုပြန်ပြီး စွန်းရှန်ဆီအခြေအနေတင်ပြရဦးမည်။

ချန်လီထွက်သွားပြီးနောက် ကျောက်မိုယွင်လည်းဆက်နေချင်စိတ်မရှိတော့။

ချင်လင်ဆီမှစီရင်စုဖွံ့ဖြိုးရေးအစီအစဉ်အကြောင်းကြားပြီး တချို့မိတ်ဆွေများကိုဆက်သွယ်ကာ ကြီးကြီးမားမားလှုပ်ရှားဖို့စီစဉ်ထားသည်။

အခုသတင်းကခိုင်လုံရုံသာမက မြေပုံကိုလည်းတွေ့လိုက်ရသည်။ ကြယ်ပွင့်ဟိုတယ်ကို စီရင်စုကပါဝင်ခွင့်မပေးလောက်သော်လည်း ဝန်ဆောင်မှုစျေးကွက်မှာ သေချာပေါက်ပါဝင်ခွင့်ရှိမည်။

သူပြန်ပြီးတစ်ခုခုလုပ်ရမည်။

ချင်လင်က သူ့ယောက်ဖအလောတကြီးထွက်သွားပုံကြည့်ရင်းပြုံးလိုက်သည်။ သူ့ယောက်ဖလူတော်မှန်းသူသိသည်။





ရုံးခန်းထဲဘယ်သူမှမရှိတော့မှ ချင်လင်ကသူ့စိတ်ထဲကဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်ကိုမွေးမြူရေးခြံထဲသွားခိုင်းလိုက်သည်။

အရင်အဆင့်အရ ငှက်သိုက်အပြင် ဝက်ခြံလည်းဆောက်နိုင်သည်။

ဝက်ခြံမှာနည်းနည်းစိတ်ရှုပ်စရာကောင်းသော်လည်း အဆောက်အအုံလုပ်ငန်းပွင့်အောင်ဆောက်ရမည်။

ဝက်ခြံဆောက်မည်ကိုရွေးပြီးနောက် စားကျက်မြေပေါ်တွင် မီးခိုးရောင်အမိုးနှင့် 2D အုတ်နီခဲအဆောက်အဦးတစ်ခုပေါ်လာသည်။

ဝက်ခြံထဲဝင်လိုက်သောအခါ အထဲတွင်ဝက်သုံးကောင်သာမွေးနိုင်သော စားခွက်သုံးခွက်ရှိသည်။

ဝက်ကိုနှစ်ဝက်လောက်မွေးရသည်။ ဂိမ်းအချိန်အချိုးအစားအရ တစ်ရက်အတွင်းကြီးလာလိမ့်မည်။ ဝက်တစ်ကောင်ကိုဝက်သားပေါင် ၄၀၀ အချိန်စီး၍ ဝက်သုံးကောင်မှာပေါင် ၁၂၀၀ ရလိမ့်မည်။

မနှစ်ကလိုဝက်စျေးတက်ရင် ဒီဝက်သုံးကောင်မွေးရုံနှင့် သူဌေးဖြစ်လိမ့်မည်။

ဝက်ခြံဆောက်ပြီးနောက် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကို NPC မွေးမြူရေးခြံသွားပြီး ဝက်ပေါက်သုံးကောင်ဝယ်စေလိုက်သည်။

စာရင်းတွင် ဝက်အမျိုးအစားတချို့ရှိသည်:

အနောက်မြောက်ပိုင်းဝက်!

ကျဲ့စီရင်စု ကျင်းဟွာဝက်!

စည်ပင်နယ်မှဝက်မဲ!

အနောက်ပိုင်းစီရင်စု ထိုက်ရေကန်ဝက်!

အဆီချဝက်!

''???'' အဆီချဝက်မြင်ပြီး ချင်လင်ကြောင်သွားသည်။

ဘာလဲဟ?

ဝက်ကအစားရှောင်တာလား?

All Chapters