ရှောင်ချင်နဲ့ရှောင်ကျောက်၊ အတူတူရှိပေးပါ!
Vol. 34 Ch. 506
လင်းလန်ဇီအံ့ဩနေစဉ် ချင်လင်မှာခြင်္သေ့လေးကိုစီးရင်း အလွန်မြန်သောအရှိန်နှင့်ကျောက်မိုချင်းဆီသွားနေသည်။
ကျောက်မိုချင်းက သူမဆီမြင်းစီးလာသောချင်လင်ကို မျှော်လင့်စောင့်စားပုံနှင့်ကြည့်လိုက်သည်။ ချင်လင်ကမြင်းကိုရပ်လိမ့်မည်၊ သူမကိုမြင်းပေါ်တင်ပြီးရင် မြန်မြန်စီးထွက်လိမ့်မည်။
သူမအတွက်တော့ အရမ်းကြည်နူးစရာကောင်းတဲ့အရာ။ ဒါမျိုးကြုံတွေ့ရတာ ဒါပထမဆုံးပင်။
လင်းလန်ဇီလည်း ဒရုန်းကိုမြန်မြန်လိုက်ဖို့ညွှန်ကြားသည်။ နောက်တစ်ကွက်က သူဌေးကတော်ကျောက်မိုချင်းထပ်ထည့်ထားတဲ့အကွက်၊ သူမသေချာပေါက်ကောင်းကောင်းလုပ်လိမ့်မည်။
ချင်လင်က ကျောက်မိုချင်းဆီမြင်းဒုန်းစိုင်းပြီးရောက်သွားသော်လည်း သူရောမြင်းပါအရှိန်မလျှော့။ သူ့လက်ထဲကငွေရောင်လှံကို အထာကျကျတခြားဖက်ပြောင်းလိုက်သည်။
သူရဲကောင်းစွမ်းရည်။ ဒီလက်နက်သုံးပုံကလည်း သူရဲကောင်းစွမ်းရည်ပဲ။
ထို့နောက် မြင်းဇက်ကြိုးလွှတ်ပြီး အရှိန်မလျှော့ဘဲလက်လှမ်းလိုက်သည်။ အားလုံးမယုံနိုင်အောင်ဖြစ်နေသည့်ကြားကပင် သူကအောက်ငုံ့ပြီး ကျောက်မိုချင်းကိုမြင်းပေါ်တင်လိုက်သည်။
ထိုမြင်ကွင်းကြောင့် လင်းလန်ဇီတို့အံ့ဩရပြန်သည်။
အခုသူဌေးဘာလုပ်လိုက်တာလဲ?

အထာကျပုံမပြောနှင့်တော့။ ငုံ့ချပြီး သူဌေးကတော်ကိုလက်တစ်ဖက်နှင့်မြင်းပေါ်တင်လိုက်ပုံက လူသားတစ်ယောက်လုပ်နိုင်တာမျိုးလား?
''ကာယဗလပြနေတာလား?'' ဖန်းပေါ်ကမနေနိုင်ဘဲထေ့လိုက်သည်။ ဒီလိုထေ့ခြင်းက အံ့ဩခြင်းမျိုး။ မြင်းကိုဒီလိုစီးနိုင်တဲ့သူက အခုကမ္ဘာမှာသိပ်များများစားစားမရှိချေ။
အနည်းဆုံးတော့ သူလုံးဝမလုပ်နိုင်။
ကျောက်မိုချင်းလည်း အတော်ကြာမှတုံ့ပြန်နိုင်သည်။ သူမက ချင်လင်လည်ပင်းကိုတင်းကြပ်နေအောင်ဖက်ထား၏။ အတော်စိတ်လှုပ်ရှားဖို့ကောင်းသည်။
ထို့နောက် ချင်လင်ကိုကြည့်လိုက်ရာ သူမယောက်ျားမှာမြင်းစီးနေလျှင် အတော်ကြည့်ကောင်းလေသည်။ သူ့ရင်ခွင်ထဲခေါင်းလေးမှီထားရတာ သူမအတော်သဘောကျသည်။
ချင်လင်၏မြင်းစီးစွမ်းရည်ကြောင့် ရိုက်ကွင်းကလွယ်လွယ်ကူကူပြီးသွားသည်။
ချင်လင်က ကျောက်မိုချင်းကိုမူလနေရာပြန်ခေါ်သွားပြီး မြင်းပေါ်မှဆင်းလိုက်သည်။ လင်းလန်ဇီတို့ကဝိုင်းဖွဲ့ပြီး ရိုက်ကူးထားသောဗီဒီယိုကိုကြည့်ရင်း သူတို့မျက်နှာများမှာအံ့ဩမှုအပြည့်နှင့်။
''ရိုက်ထားတာ ဘယ်လိုလဲ?''
ကျောက်မိုချင်းကလျှောက်လာပြီးမေးသည်။
''သူဌေးကတော်... ကိုယ့်ဘာသာကြည့်ပါဦး... သူဌေးကအရမ်းခန့်တာပဲ''
မာတီမီဒီယာဌာနမှမိန်းကလေးတစ်ဦးက ကျောက်မိုချင်းကိုပြသည်။
အပြီးသတ်ဗီဒီယိုကိုကြည့်ရင်း ကျောက်မိုချင်းမျက်လုံးမှာကြယ်တွေထွက်နေသည်။ သူမယောက်ျားကလှံနှင့်ပြေးလာပြီး မြင်းပေါ်ခုန်တက်ပုံ၊ လှံကစားပုံ၊ ပြီးတော့ သူမကိုမြင်းပေါ်ချီပုံ၊ ဒီလှုပ်ရှားမှုအားလုံးက တစ်ချီတည်းပြီးသွားသည်။ လုံးဝအထာကျနေသည်။
ဒါသူမယောက်ျားဟူ၍ဂုဏ်မယူဘဲမနေနိုင်။
''သူဌေး... ဒီဗီဒီယိုကလုံးဝပေါက်မှာ''
လင်းလန်ဇီကပြုံးပြီးပြောလိုက်သည်။
''အင်း!'' ကျောက်မိုချင်းဒါကိုလုံးဝသံသယမရှိ။ သူမကဗီဒီယိုပြန်ပေးလိုက်ပြီး လင်းလန်ဇီကို ဗီဒီယို၊ဓာတ်ပုံများတောင်ထပ်ရိုက်ပေးခိုင်းသည်။


သူမတရုတ်ရိုးရာဝတ်စုံဝတ်ခဲပြီး လင်းလန်ဇီရှာထားတဲ့ဒီတစ်စုံကတကယ်မဆိုး။
သူဌေးကတော်ကဗီဒီယိုတွေ၊ဓာတ်ပုံတွေရိုက်ချင်မှတော့ မာတီမီဒီယာဌာနကလူတွေပြာပြာပြာပြာနှင့်လုပ်ကြရသည်။
အချိန်ကုန်လွန်သွားသည်။
နောက်တစ်ရက်ကုန်သွားပြန်၏။
ချင်းလင်မွေးမြူရေးခြံမှာ တစ်ရက်ကြာပြီးပိုနာမည်ကြီးလာသည်။
မွေးမြူရေးခြံအပြင်ဘက်တွင် မွေးမြူရေးခြံဝင်ပေါက်ကိုဗီဒီယိုရိုက်၊စစ်ဆေးကြည့်ပြီး သူတို့ Wechat အခိုက်အတန့်များမှာတင်ဖို့ ယောင်ပေပေလုပ်နေသောခရီးသည်များတောင်ရှိသည်။
ပြီးတော့ ဒီနေ့စံအိမ်တရားဝင်အကောင့်မှာတင်လိုက်တဲ့ဗီဒီယိုက မယုံနိုင်စရာအမြန်နှုန်းနှင့်ရေပန်းစားခေါင်းစဉ်ဖြစ်လာသည်။
လူငယ်တစ်ဦးမြင်းဖြူစီးသောဗီဒီယိုကပေါက်သွားပြီး အတော်များများ၏အာရုံကိုဆွဲဆောင်လိုက်သည်။ ထိုလူငယ်အကြောင်း လူများကစပ်စုနေကြ၏။
လက်ရှိတရားဝင်ထုတ်ပြန်ချက်မှာ:
''အားလုံးပဲ မင်္ဂလာပါ... ကျွန်မကလန်ဇီပါ... မြင်းစီးဗီဒီယိုထဲကကြည့်ကောင်းတဲ့လူငယ်လေးကို အားလုံးအရမ်းသိချင်နေကြပြီထင်တယ်... သူကတော့ ကျွန်မတို့စံအိမ်ရဲ့မြင်းထိန်းသမားလေးရှောင်ချင်ပါ... ရှောင်ချင်ရဲ့မြင်းစီးဗီဒီယိုကိုအားလုံးသဘောကျတဲ့အတွက်ကြောင့် ဒီနေ့အားလုံးအတွက်ရှောင်ချင်ကိုအထူးဗီဒီယိုရိုက်ထားပါတယ်... သူနဲ့အတူတွဲရိုက်ဖို့ HR ဌာနကမိန်းကလေးရှောင်ကျောက်ကိုလည်းခေါ်ထားပါတယ်... အို..''
ထိုအချိန်တွင် မြင်းပေါ်ကလူငယ်လေးဘယ်သူမှန်း အားလုံးသိသွားကြသည်။
သူကမြင်းထိန်းသမားရှောင်ချင်။

တရားဝင်ဗီဒီယိုဖွင့်လိုက်သည်နှင့် အဆုံးမရှိသောမြက်ခင်းပြင်ပေါ်လာသည်။ ထို့နောက် ကျယ်လောင်သောနောက်ခံဂီတနှင့်အတူ ငွေရောင်ချပ်ဝတ်တန်ဆာနှင့်ငွေရောင်လှံကိုင်ထားသောပုံရိပ်တစ်ခုပေါ်လာသည်။
ထိုပုံရိပ်ကိုကြည့်ရင်း ဗီဒီယိုကြည့်နေသူများမှင်တက်သွားသည်။
ဒီတစ်ကြိမ်ကဖြတ်ညှပ်ကပ်မဟုတ်ဘဲ ငွေရောင်ချပ်ဝတ်တန်ဆာနှင့်တိုက်ရိုက်စီစဉ်ထားခြင်းဖြစ်သည်။
မြင်းထိန်းသမားလေးရှောင်ချင်က ငွေရောင်လှံကိုင်ပြီးအပြေးထွက်လာသည်။ သူ့အရှိန်မှာမြန်လွန်း၍ လူတွေပါးစပ်အဟောင်းသားနှင့်။
ဗီဒီယိုရိုက်နေတာမဟုတ်ရင် အိုလံပစ်မီတာ ၁၀၀ ပြေးပွဲဝင်ပြိုင်နိုင်လောက်သည်။
အရမ်းမြန်သည်။
မြင်းထိန်းသမားလေးရှောင်ချင်မှာ မြင်းဖြူဆီရောက်သွားလေပြီ။ နောက်တစ်ခဏတွင် အံ့ဩလောက်စရာဖြစ်သွားသည်။
မြင်းထိန်းသမားလေးရှောင်ချင်က မြင်းကုန်းနှီးကိုလက်တစ်ဖက်နှင့်ထိန်းပြီး မြင်းကျောပေါ်လွှားခနဲခုန်တက်လိုက်၏။
ဘယ်လိုထူးခြားတဲ့အရည်အချင်းမျိုးပါလိမ့်?
မြင်သူတိုင်းက like နဲ့မှတ်ချက်မပေးဘဲမနေနိုင်။
''သောက်*... လန့်သွားတာ... ဒါမြင်းထိန်းသမားရှောင်ချင်လား... ဒါမှမဟုတ် ကျောက်ယွင်အစစ်လား?''
''မသိဘူး... မသိဘူး... မြင်းထိန်းသမားလေးရှောင်ချင်က နွားသိုးပဲ''
''ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့စိတ်ထဲကကျောက်ယွင်ရဲ့လူငယ်ပုံစံက ဒါမျိုးပဲ!''
''ရှောင်ချင်ကိုအခွင့်အရေးပေးချင်တဲ့ဒါရိုက်တာများရှိလား? သူကကျောက်ယွင်ပန်ယွင်... တကယ်လို့မလုပ်နိုင်ရင် မြင်းဖြူစစ်သူကြီးချန်ကျစ်ပေါင်ကိုပေးလိုက်... ဒါဖြည်းဖြည်းလေးလေးလုပ်နေတဲ့ချန်ကျစ်ပေါင်ထက်ပိုကောင်းမယ်မလား?''
“......”
အင်တာနက်အချက်အလက်ခေတ်မှာ လုပ်နိုင်စွမ်းရှိသူတွေလွယ်လွယ်အာရုံစိုက်ခံရပြီး အတော်များများကိုအလွယ်တကူနှိုင်းယှဉ်နိုင်သည်ဟုဆိုနိုင်သည်။
'ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း'လို TV စီးရီးအတိုင်းပင်။ ထူးခြားတဲ့အရည်အသွေးကောင်းတွေရှိနေသရွေ့ 'ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းကိုမျက်နှာသာပေးပါ'ဟုတောင်းဆိုသောမှတ်ချက်များရှိနေဦးမည်။
အခုမြင်းထိန်းသမားရှောင်ချင်ရဲ့ဟန်ပြဗီဒီယိုကိုမြင်ပြီးသူတိုင်းက ကျောက်ယွင်ကိုသတိရကြသည်။ ဒါနှိုင်းယှဉ်ဖို့ခက်လေသည်။