← Chapters

ရှောင်ချင်နဲ့ရှောင်ကျောက်၊ အတူတူရှိပေးပါ! ၂

Vol. 34 Ch. 507

ရှောင်ချင်နဲ့ရှောင်ကျောက်၊ အတူတူရှိပေးပါ! ၂

Vol. 34 Ch. 507

အထူးသဖြင့် လင်းမျိုးရိုးသရုပ်ဆောင်သောကျောက်ယွင်လူငယ်ပုံစံက ထိုလှုပ်ရှားမှုများကိုလုံးဝဖျက်ဆီးပစ်လိုက်သည်။

အနည်းဆုံး လင်းကျောက်ယွင်က ဝါယာကြိုးဆွဲထားရင်တောင် မြင်းပေါ်မတက်နိုင်ချေ။

မြင်းထိန်းသမားရှောင်ချင်ရဲ့လှုပ်ရှားမှုက တကယ်အံ့ဩဖို့ကောင်းသည်။

သို့သော် ဗီဒီယိုကမပြီးသေး။

သူ့နောက်လူများကိုကြည့်ပြီးနောက် မြင်းထိန်းသမားရှောင်ချင်ကိုမြန်မြန်ကြည့်လိုက်သည်။ သူကမြင်းပေါ်တက်ပြီး သူ့လက်ထဲမှလှံတံကိုအထာကျကျတစ်ဖက်ပြောင်းလိုက်သည်။

အနေအထား +၁ အရည်အသွေးကြောင့် လူတိုင်းစိတ်ဝင်စားနေသည်။

မြင်းဖြူပေါ်တွင်တကယ့်စစ်သူကြီးတစ်ဦးနှယ်။

မြင်းထိန်းသမားရှောင်ချင်ကငုံ့ချလိုက်ပြီး ဧည့်သည်သရုပ်ဆောင်ရှောက်ကျောက်ကိုမြင်းပေါ်ပွေ့တင်လိုက်သောအခါ ဖန်းပေါ်လိုလူများမှာမနေနိုင်ဘဲ 'ဗုဒ္ဓေါ!'ဟုရေရွတ်လိုက်ကြသည်။

ဒီလိုအရှိန်မျိုးနဲ့လေထဲအလွတ်ဖမ်းရတာ မြင်းပေါ်ငြိမ်ငြိမ်ထိုင်နေရင်တောင်ခက်တယ်မလား? ဘယ်လိုလုပ်ပြီးဒီလိုချီနိုင်တာလဲ?

ထိုအချိန်တွင် ဗီဒီယိုက HR ဌာနမှရှောင်ကျောက်ကိုအနီးကပ်ရိုက်ပြထားသည်။ ရှောက်ကျောက်မှာဟန်လူမျိုးအဝတ်အစားနှင့်အလွန်လှသောကြောင့် လူတိုင်းအံ့ဩသွားကြသည်။ လုံးဝဂန္တဝင်ဆန်တဲ့အလှပဲ။

ထိုအခိုက် ရှောင်ကျောက်က မြင်းထိန်းသမားရှောင်ချင်ကိုလေးစားသောကြည့်နေလေသည်။ ထို့နောက် ပြုံးရွှင်သောမျက်နှာနှင့်ရှောင်ချင်ရင်ခွင်ထဲခေါင်းမှီထားလိုက်သည်။

ချင်းလင်စံအိမ်ကရေးထားသောဇာတ်ညွှန်းဆိုသော်လည်း အားလုံးမှာခွေးစာပလုတ်ပလောင်းစားလိုက်ရသလိုခံစားလိုက်ရသည်။

ရှောင်ကျောက်ရဲ့လေးစားတဲ့အကြည့်နဲ့ပျော်ရွှင်နေပုံက တချို့အမျိုးသမီးသရုပ်ဆောင်တွေထက်ပိုမကောင်းဘူးလား?

အဓိကအကျဆုံးက ရှောင်ချင်ကရှောင်ကျောက်ကိုထိန်းပြီးမြင်းစီးတဲ့အချိန်မှာ ဘာလို့သူတို့နှစ်ယောက်အရမ်းလိုက်ဖက်သလိုခံစားရတာလဲ?

ရုတ်တရက်ဆိုသလို မှတ်ချက်နေရာတွင်ပိုပြီးလှုပ်လှုပ်ရွရွဖြစ်သွားသည်။

''ခွေးစာနင်နေသူများ... အကြောင်းပြန်''

''ဗီဒီယိုရိုက်နေမှန်းသိတာတောင် ရှောင်ချင်ကိုမနာလိုဖြစ်နေတယ်''

''ပြည်သူတစ်သောင်းဆီမှသွေးစာ... ရှောင်ချင်နဲ့ရှောင်ကျောက်... ဒီအတိုင်းနေလိုက်ပါ''

“......”

လင်းလန်ဇီမှန်းထားသည့်အတိုင်း ထိုဗီဒီယိုပေါက်သွားသည်။

တစ်ချိန်တည်းမှာ မြင်းထိန်းသမားရှောင်ချင်နှင့် HR ဌာနမှရှောက်ကျောက်လည်း နာမည်ကြီးလာသည်။

နောက်ထပ်ထင်မှတ်မထားတာတစ်ခုက သူတို့နှစ်ယောက်ကို ပြည်သူများကစုံတွဲဟုတောင်မှတ်ယူထားသည်။

သို့သော် လင်းလန်ဇီကစိတ်ထဲမှာတော့ 'ဒီစုံတွဲသရုပ်ဆောင်တာတစ်မျိုးကြီး'ဟူ၍။

...

နေ့လယ်ပိုင်း_

ချင်လင်မှာရုံးခန်းထဲတွင်သစ်မွှေးနံ့သာထွန်းပြီး အရည်အသွေး ၂ အူလုံလက်ဖက်ရည်တစ်အိုးနှပ်နေစဉ် ကျောက်မိုယွင်သည်မကြည်မလင်မျက်နှာနှင့်ဝင်လာသည်ကိုတွေ့လိုက်ရသည်။ သူ က ခြေထောက်ထော့နင်းထော့နင်းနှင့်ရုံးခန်းထဲရောက်လာ၏။

''အစ်ကို... ဘယ်လိုဖြစ်တာလဲ?''

ချင်လင်ကအံ့ဩပြီးမေးလိုက်သည်။

ကျောက်မိုယွင်က လူသတ်ချင်သောမျက်လုံးများနှင့်_

''ချင်လင်... မင်းကဘာဖြစ်တာလဲမေးနေသေးလား? ဒါမင်းကြောင့်ပဲမလား? ငါကဘယ်လိုလုပ်ပြီး ဒီလိုအဖြစ်ဆိုးတဲ့ယောက်ဖအဖြစ်အဆုံးသတ်ရတာလဲ?''

''အစ်ကို... ကျွန်တော့်ကိုဒီလိုစွပ်စွဲလို့မရဘူးလေ... ကျွန်တော်ဘာမှမလုပ်ဘူး''

ချင်လင်ကအပြစ်ကင်းသလိုပြောလိုက်သည်။

ကျောက်မိုယွင်ကထိုစကားကြားလျှင် ပိုဒေါပွလာပြီး_

''မင်းဘာမှမလုပ်ဘူး... မင်းလုပ်တာက မြင်းစီးတယ်... မင်းတို့တစ်ယောက်နဲ့တစ်ယောက်ချစ်ကြည်နူးပြတယ်... ပြီးတော့ ကျားဝမ်ကဗီဒီယိုကိုမြင်သွားတယ်... သူလည်းရိုက်ချင်တယ်တဲ့... အဲဒါနဲ့ငါ့ကိုမြင်းစီးသင်ခိုင်းဖို့ မိုချင်းကိုစီစဉ်ခိုင်းတယ်''

''မိုချင်းကပြောတယ်... မင်းကောလိပ်တုန်းက သူဌေးသားတစ်ယောက်ဆီကနေ နည်းနည်းပါးပါးသင်လိုက်တာတဲ့... ငါလည်းသူ့ကိုယုံပြီးသဘောတူလိုက်တာပေါ့''

''သင်ကြည့်တော့မှ အရူးလုပ်ခံရမှန်းသိတယ်... အခုငါဘယ်နှစ်ကြိမ်ပြုတ်ကျခဲ့လဲသိလား?''

ချင်လင်ကနားထောင်ရင်း နောက်ဆုံး ကျောက်မိုယွင်ဘာလို့ထော့နင်းထော့နင်းဖြစ်နေလဲသဘောပေါက်သွားသည်။ မြင်းပေါ်ကပြုတ်ကျခဲ့တာပဲ။ သူဘာလို့ရုတ်တရက်ကြီး ရယ်ချင်လာပါလိမ့်?

ဒီယောက်ဖက တကယ်လှည့်စားခံလိုက်ရပြီ။

သူဒုတိယမျိုးဆက်သူဌေးသားအတန်းဖော်နောက်လိုက်ပြီး မြင်းပြိုင်ကွင်းမှာသုံးလေးကြိမ်သင်ခဲ့သည်ဆိုသော်လည်း မြင်းနှင့်လျှောက်ရုံလောက်သာဖြစ်ပြီးမပြေးရဲချေ။ ဒီရက်ပိုင်းမြင်းစီးစွမ်းရည်က ဂိမ်းအရည်အချင်းသက်သက်သာ။

''ဟင်း!'' ကျောက်မိုယွင်ကမကျေမနပ်နှင့်သက်ပြင်းချပြီး ချင်လင်နှပ်ထားသောလက်ဖက်ရည်ယူကာ တစ်ခွက်ငှဲ့လိုက်သည်။

ချင်လင်လက်ဖက်ခြောက်ကကောင်းမှန်းသိသော်လည်း ဆိုးဆိုးရွားရွားလှည့်စားခံရပြီးမှ လက်ဖက်ရည်များများမသောက်ရင်ရှုံးသည်ဟုခံစားရသောကြောင့်ပင်။

ထိုအချိန်တွင်_

တံခါးလာခေါက်သံကြားရသည်။

သူကတံခါးဖွင့်လိုက်သည်။

ချန်လီနှင့်ကျုံးလဲ့မှာ တံခါးအပြင်တွင်ရပ်နေကြသည်။

''လက်ထောက်ချန်... ဒီနေ့ဘာအကြောင်းရှိလို့လဲ? ထိုင်ပါဦး... ကျွန်တော်အခုပဲလက်ဖက်ရည်နှပ်ထားတယ်''

ချင်လင်က သူတို့နှစ်ယောက်ကိုမြန်မြန်ကြိုဆိုလိုက်သည်။

''လက်ထောက်ချန်'' ကျောက်မိုယွင်လည်း သူ့ကိုလေးစားသမှုနှင့်နှုတ်ဆက်လိုက်သည်။

သူ့လိုသာမန်ပြည်သူအတွက် ချန်လီလိုလူကလည်း အရေးပါအရာရောက်သည်။

''လူကြီးမင်းကျောက်!''

ချန်လီလည်းနှုတ်ဆက်လိုက်သည်။

စီရင်စုအကြီးအကဲက သူဌေးချင်၏အဆက်အသွယ်များကို သိသင့်သလောက်သိထားသည်။ သူ့ယောက်ဖအကြောင်းကိုလည်းသိထားသည်ပေါ့။ သူဌေးချင်လိုတစ္ဆေမျိုးနှင့်မယှဉ်နိုင်သော်လည်း သာမန်လူငယ်များနှင့်ယှဉ်လျှင် အလွန်ထူးချွန်သူဖြစ်သည်။

ချန်လီကထိုင်ပြီးနောက် ချင်လင်ကိုစာဖိုင်တစ်ခုပေးကာ_

''သူဌေးချင်... ဒီစာဖိုင်ကိုတစ်ချက်ကြည့်ပါဦး... အဲဒါစီရင်စုရဲ့ဆင်ခြေဖုံးဒေသဖွံ့ဖြိုးရေးအစီအစဉ်... စွန်းရှန်ကမင်းဆီပြပြီး မင်းရဲ့အမြင်ကိုနားထောင်ခိုင်းလိုက်တယ်''

ကျောက်မိုယွင်ကနားထောင်ရင်း ချက်ချင်းမေးလိုက်သည်_

''အမ်... အရေးတကြီးဆွေးနွေးစရာရှိတာလား? ကျွန်တော်ထွက်သွားပေးရမလား?''

သူကသင်္ကာမကင်းမဖြစ်အောင်ရှောင်ချင်သည်။ တစ်ချိန်တည်းမှာအတော်လေးလည်းအံ့ဩနေသည်။ ချင်လင်အရင်ကပြောဖူး၍ ဆင်ခြေဖုံးဒေသချဲ့ထွင်မည့်အစီအစဉ်ကို သူလည်းသိထားသည်။

ဒါပေမဲ့ ဒီလိုအစီအစဉ်မျိုးအတွက် ချင်လင်ရဲ့အမြင်ကိုစီရင်စုကတကယ်မေးနေတာလား?

ချန်လီက ကျောက်မိုယွင်စကားကြားပြီး စိတ်ထဲမထားသဖြင့်_

''လူကြီးမင်းကျောက်... ကြီးကြီးမားမားမဟုတ်ပါဘူး... ခင်ဗျားကအရင်လာတာ... ကျုပ်ကနောက်မှရောက်တာ... သွားစရာအကြောင်းမရှိပါဘူး''

တကယ်လည်း ကျောက်မိုယွင်ရှောင်စရာမလို။ ဘာပဲဖြစ်ဖြစ် ချင်လင်ဒီအကြောင်းသိနေပြီ။ သူ့ယောက်ဖသိဖို့ကမခက်။

ဒီလိုကိစ္စမျိုးကရှောင်လွှဲမရသလို ဖြစ်လည်းဖြစ်နေကျပင်။

သူ့ကိုစောင့်ကြည့်ဖို့မလိုအပ်၊ အကျိုးသာယုတ်လိမ့်မည်။

ချင်လင်က ကျောက်မိုယွင်ကိုစိတ်အေးလက်အေးနေဖို့တစ်ချက်ကြည့်လိုက်ပြီးမှ စာဖိုင်ကိုယူဖတ်လိုက်သည်။

All Chapters