အခန်း (၈၅၆)
Vol. 58 Ch. 856
“အရှင်.. ကျေးဇူးပြုပြီးလိုချင်တာကိုပြောပါ. ဒီလူအိုကြီး သိသမျှအရာအားလုံး အရှင့်ကိုအိတ်သွန်ဖာမှောက်အကုန် ပြောပြပါ့မယ်..”
ထျန်းကျဲ့မြို့၏အရှင်သခင် အဘိုးအိုက အလျှင်အမြန်ပြောဆိုလိုက်သည်။
၎င်းတို့က ဦးတည်ချက်လားရာကို မေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ ယခုအရေးအကြီးဆုံး အရာမှာ သူ၏ အသက်က ၎င်းတို့၏လက်ထဲ၌ရှိနေခြင်းဖြစ်သည်။သူ့အားဖမ်းဆီးသောသူ၏အကူအညီနှင့်ဆိုလျှင် သူ့ကိုသတ်ရန်မှာ ငှက်ပျောသီးတစ်လုံးအားအခွံနွှာစားသည်ထက်ပင်ပို၍လွယ်ကူအုံးမည်ဖြစ်သည်။
ရှစ်ဖုန့်က သူ၏ ပါးစပ်ကိုထပ်မံဖွင့်ဟလိုက်သည်။
“မြို့နေလူထုဆီကနေ ဒီမြို့ကို ထျန်းကျဲ့မြို့လို့ခေါ်တယ်လို့ ဒီသခင်လေးကြားတယ်.. ဒီသခင်လေးအခုသိချင်တာက ထျန်းကျဲ့မြို့နဲ့ထျန်းယောင်တောင်နဲ့ ဘယ်လောက်ဝေးလဲ”
“ထျန်းယောင်တောင်..”
ထျန်းယောင်တောင်ဟူသောစကားလုံးအား ကြားလိုက်ရသောအခါတွင် အဘိုးအို၏မျက်နှာအမူအယာကပြောင်း လဲသွားသည်။ သို့သော် သူသာဖြည်းညှင်းစွာဖြေလိုက်လျှင် ဤလူများကသူ့အား သတ်မည်ကို ကြောက်သောကြောင့် နှောင့်နှေးရဲခြင်းမရှိပေ။ သူကအလျှင်အမြန် ပြန်ဖြေလိုက်သည်။
“ထျန်းကျဲ့မြို့ကနေဆိုရင် အရှင်တို့အနေနဲ့ နေရာကူးပြောင်းအစီအရင်ကိုသုံးပြီး မြို့ပေါင်းသုံးဆယ်ကိုဖြတ်ကျော်ပြီးရင် ထျန်းယွမ်မြို့ကိုရောက်ပါလိမ့်မယ်.”
“ဒါပေမဲ့.. ထျန်းယောင်တောင်ရဲ့ မွန်းစတားကလန်ပြန်ပေါ်လာတယ်ဆိုတဲ့သတင်းတွေကြောင့် ထျန်းယောင်တောင်နဲ့အနီးဆုံးဖြစ်တဲ့ ထျန်းယွမ်မြို့အရှင်သခင်နဲ့မြို့နေလူထုက မွန်းစတားမျိုးနွယ်စုက မြို့ကိုလာပြီးတိုက်မှာကိုကြောက်ပြီး ထွက်ပြေးသွားကြပါပြီ…အခု မြို့က အခွံကြီးသက်သက်ပဲကျန်ပါတော့တယ်”
“မြို့ပေါင်းသုံးဆယ်ကို ဖြတ်သွားရမယ်”
ဤအရာအားကြားသောအခါတွင် ရှစ်ဖုန့်က ကောင်းကင်ထဲသို့မော့ကြည့်လိုက်သည်။ ယခုကမနက်အစောပိုင်းသာရှိသေးသည်ဖြစ်၏။ သူတို့နေရာကူးပြောင်းအစီအရင်ကိုသုံးပြီး ဘာမတော်တဆမှုမှမဖြစ်ဘဲ မြို့ပေါင်းသုံးဆယ်ကိုဖြတ်ကျော်မည်ဆိုလျှင် ထျန်းယွမ်မြို့သို့ နေဝင်ရီတရောအချိန်၌ ရောက်ရှိလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်ယခင်က ထျန်းယွမ်မြို့ကိုကြားဖူးသည်ဖြစ်သည်။ ယခင်က သူတို့ထျန်းယွမ်မြို့မှ ထျန်းယောင်တောင်အားတိုက်ခိုက်ခဲ့ပြီး မွန်းစတားဧကရာဇ်အားသတ်ဖြတ်ခဲ့သည်။
“ဒီသခင်လေးကိုလမ်းကြောင်းမြေပုံပေး”
ရှစ်ဖုန့်က ထျန်းကျဲ့မြို့အရှင်သခင်ကိုမေးလိုက်သည်။
“ဒီအဘိုးကြီးမှာ တစ်ခုပါလာပါတယ်…ဒါကြောင့် အရှင့်ကိုပေးပါ့မယ်”
အဘိုးအိုက အလျှင်အမြန်ပြန်ဖြေသည်။ သူ၏ညာလက်အားဖျက်ခနဲလှန်လိုက်ပြီး တိရိစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော မြေပုံတစ်ခုအား သူ၏သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်ကာ ရှစ်ဖုန့်ကိုလွှဲပေးလိုက်သည်။
ရှစ်ဖုန့်က ၎င်းအားထုတ်ယူလိုက်ပြီး လင်ယဲ့ဖုန်းနှင့် မိုရှောင်ယောင်ကိုပြောလိုက်သည်။
“သွားစို့”
ထို့နောက် သူတို့သုံးယောက်သားအတူတူလှုပ်ရှား လိုက်ပြီး ထျန်းကျဲ့မြို့၏နေရာကူးပြောင်းအစီအရင်ထံသို့ထိုးဆင်းလိုက်သည်။
“သူ..သူတို့. တကယ်ကြီး တည်နေရာဦးတည်ချက်လေးကိုပဲမေးချင်တာလား”
နေရာကူးပြောင်းအစီအရင်ရှိရာသို့ တစ်ဟုန်ထိုးဦးတည်သွားသောလူသုံးယောက်ကိုကြည့်၍ သူ့ဖာသာသူတွေးတောကာအဘိုးအို၏မျက်နှာထက်၌နောက်တစ်ကြိမ် တုန်လှုပ်အံ့အားသင့်မှုတို့ဖြစ်ပေါ်လာသည်။
ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့နေရာကူးပြောင်းအစီအရင်အတွင်းသို့လုံးဝဝင်ရောက်ပျောက် ကွယ်သွားပြီးမှသာ စိတ်သက်သာရာရစွာဖြင့် ဖြည်းညှင်းစွာသက်ပြင်းချမိသည်။
“နေရာလေးမေးတာ.. ထျန်းကျဲ့မြို့ထဲကသာမန်လူ ဘယ်သူဖြစ်ဖြစ်ခေါ်ပြီး မေးတော့ကောပိုမကောင်းဘူးလား. လခွီးပဲ”
အလယ်ပိုင်းဒေသကြီး အလင်းစီရင်စု၌ဖြစ်သည်။
အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ဆယ့် နှစ်ယောက်က အလင်းနန်းတော်ထဲ၌စုစည်းနေကြဆဲဖြစ်ကာ သတင်းများကိုစောင့်ဆိုင်းနေကြသည်။
ဤအချိန်တွင် အလင်းချပ်ဝတ်အားဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ဦးက အလင်းနန်းတော်အတွင်းပျံသန်းလာပြီး အလင်းဧကရာဇ် ကျင်းထျန်းယု၏ရှေ့၌ရပ်တန့်လိုက်ကာ နက်ရှိုင်းသောအသံဖြင့်အော်ပြောလိုက်သည်။
“အရှင် အနောက်ပိုင်းဒေသကြီးကနေ ကျွန်တော်တို့ သတင်းရပါတယ်.. သေခြင်းဧကရာဇ် လင်ယဲ့ဖုန်း.. ကြောင့်ကြမဲ့ဧကရာဇ် မိုရှောင်ယောင်တို့က လူငယ်တစ်ယောက်နဲ့အတူ ထျန်းယွမ်မြို့မှာပေါ်လာပါတယ်တဲ့.. အဲ့လူက ယိုမင်ပြန်လည်ဝင်စားတဲ့ ငရဲဘုံကိုးခု ဧကရာဇ်ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
“ကောင်းတယ်..အရမ်းကောင်းတယ်”
ဗိုလ်ချုပ်ဖြစ်သူ၏တင်ပြမှုအားကြားရသောအခါတွင် အလင်းနတ်ဘုရားပလ္လင်ထက်တွင် ထိုင်နေသော ကျင်းထျန်းယုက ရုတ်ခြည်း ဝမ်းသာပျော်ရွှင်သော အမူအယာကိုပြသလာသည်။ သူကစိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ယိုမင်က လင်ယဲ့ဖုန်း ..မိုရှောင်ယောင်..ဒါမှမဟုတ် ကျန်တဲ့တစ္ဆေစစ်သူကြီးကိုလွှတ်မယ်လို့ ငါကထင်နေတာ.. ယိုမင်ကိုယ်တိုင်သားလိမ့်မယ်လို့ငါမမျှော်လင့်ထားဘူး”
“ကောင်းတယ်..ဒါကကောင်းတယ်.. ဒါကငါတို့အတွက် ဒုက္ခတော်တော်များများကိုသက်သာစေလိမ့်မယ်.. ငါတို့ဆယ့်နှစ်ယောက်ထျန်းယောင်တောင်ပေါ်ကိုအတူတူသွားပြီး ယိုမင်ကို ဒီကမ္ဘာပေါ်ကလုံးဝအပျောက်ရှင်းလိုက်ရင် အားလုံးပြီးသွားလိမ့်မယ်”
“သွားစို့.. နေရာကူးပြောင်းအစီအရင်ကို အတူတူဖွင့်ပြီးတော့ အနောက်ပိုင်းဒေသကြီးကိုသွားကြစို့ .. “
ကျင်းထျန်းယုက အလင်းနန်းတော်အတွင်းရှိ အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ဆယ့် တစ်ယောက်ကို ထပ်မံအော်ပြောလိုက်သည်။
ထို့နောက်ကျင်းထျန်းယု၏ပုံရိပ်က အရင်ဆုံးလှုပ်ရှားသွားသည်။ သူက အလင်းနတ်ဘုရားပလ္လင်ထက်မှရွှတ်ခနဲထွက်ခွာသွားပြီး ပုံရိပ်ဆယ့်တစ်ခုကလည်းသူ့နောက်မှ နီးကပ်စွာလိုက်ပါလာသည်။
“ယိုမင်..ယိုမင်.. အခုက မင်းသေရမဲ့အချိန်ပဲ”
“ယိုမင်..မင်းသေရမယ်”
ဤပျံသန်းနေသောပုံရိပ်များကြားထဲတွင် တစ်ယောက်စီတိုင်းကသူတို့၏လက်သီး ကိုတင်းနေအောင်ဆုပ်၍ တိတ်တဆိတ်ပြောလိုက်ကြသည်။
“နောက်ဆုံးတော့ သူတို့လှုပ်ရှားကြပြီ”
နောက်ဆုံးမှပျံသန်းနေသောသူဖြစ်သည့် နင်ချန်ဟုခေါ်သောလူငယ်က သူ့ရှေ့ရှိပျံသန်းနေသောပုံရိပ်ဆယ့်တစ်ခုကိုကြည့်၍ လှောင်ပြုံးတစ်ခုကိုပြုံးလိုက်သည်။
နေဝင်ရီတရောအချိန်ပြီးနောက် အမှောင်ထုက ကမ္ဘာတစ်ခုလုံးကိုဝါးမျိုသွားသည်။
ရှစ်ဖုန့်၊လင်ယဲ့ဖုန်းနှင့်မိုရှောင်ယောင်တို့က မွန်းစတားမျိုးနွယ်စု ခိုင်မာစွာအမြစ်တွယ်ရာဖြစ်သော ထျန်းယောင်တောင်သို့ လေကိုထိုးခွင်းပျံသန်းလာသည်။
သိပ်မကြာခင်အဆုံးမရှိသော တောင်တန်းဒေသကြီးက သူတို့သုံးယောက်ရှေ့တွင်ပေါ်လာသည်။
သူတို့နှင့်သိပ်မဝေးသောနေရာရှိ ထျန်းယောင်တောင်တန်းကိုကြည့်၍ ရှစ်ဖုန့်က ရပ်လိုက်ပြီးပြောလိုက်သည်။
“အဲ့တောင်တန်းဒေသက မွန်းစတားမျိုးနွယ်စု အခြေတည်ရာ ထျန်းယောင်တောင်တန်းပဲ”
“အခုကျွန်တော်တို့နည်းလမ်းအတိုင်း သတ်ကြတာပေါ့.. ငါမင်းကိုသတ်မှာကိုစောင့်နေစမ်းယောင်ဟွမ်”
လင်ယဲ့ဖုန်းက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
ယောင်ဟွမ်က မော်ကြွားဓားအိမ်တော်ကို ဖျက်ဆီးခဲ့သည်။ ယခု သူတို့နှင့် မွန်းစတားမျိုးနွယ်စုကြားတွင် တစ်ဖက်ဖက်က မသေဆုံးခင်အထိ အနားရလိမ့်မည်မဟုတ်ပေ။
“အင်း..တို့နည်းလမ်းအတိုင်းသတ်ကြစို့”
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် သူ၏နောက်တွင် ဧရာမသွေးနီရောင်အလင်းကြီးဖြာခနဲတောက်ပလာသည်။
ရုတ်ခြည်းလေအေးများတိုက်ခတ်လာပြီး မကောင်းဆိုးဝါးဝိညာဉ်တို့၏ အော်ဟစ်မြည်တမ်းသံများထွက်ပေါ်လာ၏။ ကမ္ဘာတစ်ခုလုံး လုံးဝအေးစက်မှုံမှိုင်းလာသည်။
ရှစ်ဖုန့်က သွေးကျောက်ပြားနေရာလွတ်အတွင်းမှ သန်းနှင့်ချီသော တစ္ဆေစစ်သည်များကို ခေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။
“တစ္ဆေစစ်သည်တို့ ..ငါ့အမိန့်ကိုနာခံကြ”
ရှစ်ဖုန့်ကအော်ပြောလိုက်ပြီး သူ၏အော်သံက ဤကမ္ဘာအတွင်း ပဲ့တင်ရိုက်ခတ်သွားသည်။
“ဟုတ်”
တစ္ဆေစစ်သည်များကပြိုင်တူအော် ပြောလိုက်ကြပြီး အမိန့်ကိုနားစွင့်နေကြသည်။
ရှစ်ဖုန့်ကသူ့ရှေ့ရှိ အဆုံးမဲ့တောင်တန်းဒေသကို ထိုးညွှန်ပြလိုက်ပြီး ထပ်မံအော်ပြောလိုက်သည်။
“ ဒီသခင်လေးနဲ့အတူ ထျန်းယောင်တောင်ပေါ်ကိုလိုက်ခဲ့ပြီး မွန်းစတားမျိုးနွယ်စုကိုသတ်ကြ”
“ဟုတ် အရှင်”
“သတ်”
“သတ်ကြ”
“သတ်ပစ်ကြ”
“သတ်”
တောင်တန်းများနှင့်ပင်လယ်များကဲ့သို့ တိုက်ပွဲညှာသံတို့က ကောင်းကင်တစ်ခွန်ဖြတ်သန်းရိုက်ခတ်သွားသည်။
ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့ကဦးဆောင်ပြီး ထျန်းယောင်တောင်တန်းသို့ဝင်ရောက်လိုက်သည်။ သူတို့၏နောက်တွင် သန်းနှင့်ချီသောတစ္ဆေစစ်သည်များက နယ်မြေအားဖြတ်သန်းလာသောကျိုင်းကောင်များကဲ့သို့ လိုက်ပါလာသည်။
“ရဲတင်းလိုက်တာ.. ဘယ်ကောင်က ငါ့ထျန်းယောင်တောင်တန်းကို ကျူးကျော်ရဲတာလဲ”
ထျန်းယောင်တောင်တန်းမှ အော်သံများထွက်ပေါ်လာသည်။ ထျန်းယောင်တောင်တန်းမှ အလင်းတန်းများ ရွှတ်ခနဲထွက်ပေါ်လာပြီး စွမ်းအားကြီးတိုက်ခိုက်မှုများကျဆင်းလာသည်။
“ဟမ့်”
ထျန်းယောင်တောင်တန်းပေါ်မှ များပြားသောတိုက်ခိုက်မှုများကိုမြင်တွေ့ရ သောအခါတွင် သေခြင်းဧကရာဇ်လင်ယဲ့ဖုန်းက အထင်းသေမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ကိုယ်မှသိပ်သည်းလှသောသေခြင်းမြူခိုးများထွက်ပေါ်လာပြီး အောက်ဘက်ရှိဧရိယာတစ်ဝိုက်အာလွှမ်းခြုံ သွားသည်။
ထျန်းယောင်တောင်မှလာသော သိပ်သည်းများပြားသည့်တိုက်ခိုက်မှုများမှာ အနက်ရောင်သေခြင်းမြူခိုးတို့၏ဝါးမျိုခြင်းကိုခံလိုက်ရသည်။
“သေခြင်းစွမ်းအား.. သေခြင်းဧကရာဇ် လင်ယဲ့ဖုန်း..”
ဤအချိန်တွင် ထျန်းယောင်တောင်ပေါ်မှ လူငယ်တစ်ယောက်၏ အော်သံထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာ၏။ တစ်ချိန်တည်းတွင် ရွှေရောင်အလင်းတန်းမှ နှိုင်းယှဉ်ဖော်ပြ၍မနိုင်သော စွမ်းအားကြီးအော်ရာတစ်ခုပါထွက်ပေါ်လာသည်။
“ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်.. ဒါက မွန်းစတားဧကရာဇ်ရဲ့သား ယောင်ဟွမ်ဖြစ်ရမယ်”
ရှစ်ဖုန့်က တစ်ဟုန်ထိုးလာနေသော ရွှေရောင်အလင်းတန်းကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။
“အချိန်ကိုက်ပဲ.. မင်းကငါ့ရဲ့ဂျူနီယာညီ ယွမ်ရဲ့မော်ကြွားဓားအိမ်တော်ကို ဖျက်ဆီးပစ်ခဲ့တဲ့ ယောင်ဟွမ်ဆိုတဲ့ကောင်ပဲဖြစ်ရမယ်.. ဒီနေကမင်းရဲ့သေနေ့ပဲ..”
ဤအချိန်တွင်လင်ယဲ့ဖုန်းကလည်း တစ်ဟုန်ထိုးထိုးဆင်းလာနေသော အလင်းတန်းထံသို့ အော်ပြောလိုက်သည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE