အခန်း (၈၅၇)
Vol. 58 Ch. 857
ထျန်းယောင်တောင်ပေါ်တွင်ရုတ်ခြည်း ဖြစ်ပွားသော တိုက်ပွဲတစ်ခု ထွက်ပေါ်လာပြီးဖြစ်သည်။
ရှစ်ဖုန့်၏အမိန့်အောက်ရှိ သန်းနှင့်ချီသော တစ္ဆေစစ်သည်များမှာ ထျန်းယောင်တောင်တန်းအတွင်းဦး တည်ပြီးဖြစ်ပြီး မွန်းစတားမျိုးနွယ်စု၏ ဗိုလ်ချုပ်များ၊ မွန်းစတားစစ်သည်တစ်သိန်တို့နှင့်အတူ တိုက်ခိုက်နေကြပြီဖြစ်သည်။ ထျန်းယောင်တောင်တန်းအတွင်းနှင့်လေထုထဲတွင် စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အော်ဟစ်မြည်တမ်းသံများ၊နာကျင်မှုအပြည့်ဖြင့် ငိုကြွေးသံများက အဆက်မပြတ်ထွက်ပေါ်နေသည်။
ရှစ်ဖုန့်နှင့် မိုရှောင်ယောင်က လေထဲ၌ဝင့်ကြွားစွာရပ်နေဆဲဖြစ်ပြီး အောက်ရှိစစ်တလင်းအား ကြည့်နေ၏။
ရှစ်ဖုန့်က ဂရုမထားဟန်ဖြင့်ပြောလိုက်သည်။
“ ဒီသခင်လေး သေသွားတာဆယ့်ခြောက်နှစ်ရှိပြီ..ဒီတစ္ဆေစစ်သည်တွေ သွေးနဲ့ရေမချိုးရတာ ကြာနေပြီး တိုက်ပွဲ ဆာလောင်စိတ်မရှိတာလဲကြာပြီ… ဒါက အခွင့်ရေးကောင်းတစ်ခုပဲ. အနာဂတ်မှာ သူတို့အတွက်တိုက်ပွဲတွေပိုပြီးစောင့်ဆိုင်းနေလိမ့်မယ်”
“ဒါပေမဲ့ ဆယ့်ခြောက်နှစ်အနားယူပြီး ထူထူထောင်ထောင်ဖြစ်ဖို့အားဖြည့်ပြီးတဲ့ နောက်.. ဆရာ့ရဲ့တစ္ဆေစစ်သည်တွေရဲ့တိုက်ပွဲစွမ်းအားက မကျင်ဆင်းရုံတင်မက သူတို့တွေအရင်ကထက်ပိုပြီး ခက်ထန်ကြမ်းကြုတ်လာတယ်.”
မိုရှောင်ယောင်က ရက်စက်ခက်ထန်ကြမ်းကြုတ်သောတစ္ဆေစစ်သည်များကို ကြည့်၍ မှတ်ချက်ပြုလိုက်သည်။
မိုရှောင်ယောင်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကသွားပေါ်အောင်ပြုံးပြီးပြော လိုက်သည်။
“
မိုရှောင်ယောင်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကသွားပေါ်အောင်ပြုံးပြီးပြောလိုက်သည်။
“သူတို့က ဒီသခင်လေးနဲ့အတူစစ်ပွဲတွေနောက်လိုက်ပြီး အားလုံး စစ်ဘီလူးတွေအဖြစ်သွေးသစ်လောင်းရမှာ ..သူတို့အတွေ့အကြုံမရှိတာ နှစ်တွေအများကြီးကြာနေပြီ.. သူတို့ နောက်ကျန်ခဲ့တာ တော်တော်ကြာပြီ”
တစ္ဆေစစ်သည်များနှင့် မွန်းစတားစစ်သည်များကြားထဲမှတိုက်ပွဲက ပြင်းထန်၏။ သို့သော် အပြင်းထန်ဆုံးသောတိုက်ပွဲက လင်ယဲ့ဖုန်းနှင့်ယောင်ဟွမ်တို့ကြားထဲမှတိုက်ပွဲဖြစ်နေဆဲဖြစ်သည်။
လင်ယဲ့ဖုန်းက ယင်အလောင်းကောင်တစ်သောင်းကိုဆင့်ခေါ်ထားပြီးဖြစ်သည်။ များပြားလှသော ယင်အလောင်းကောင်စစ်တပ်က လင်ယဲ့ဖုန်း၏အောက်၌ မျောလွင့်နေ၏။ လင်ယဲ့ဖုန်းက အလောင်းတစ်သောင်းအစီအရင်ကိုလည်းခင်းကျင်းပြီးဖြစ်သည်။
ထို့နောက် အနက်ရောင်သေခြင်းအမျှင်တန်းများက ယင်အလောင်းကောင်များထံမှ မျောလွင့်ထွက်လာပြီး လင်ယဲ့ဖုန်း၏ လက်သည်းကဲ့သို့ ညာလက်ထံသို့ မျောလွင့်လာသည်။ လင်ယဲ့ဖုန်း၏ ညာလက်မှအနက်ရောင်မြူတို့ဝန်းရံနေ သောသေခြင်းစွမ်းအားကပို၍ အားကောင်းစွာမြင့်တက်လာသည်။ သူကရုတ်တရက် မွန်းစတားဧကရာဇ်၏ သားဖြစ်သူ ယောင်ဟွမ်ကိုလှမ်းကုတ်လိုက်သည်။
မွန်းစတားဧကရာဇ်၏ သားဖြစ်သူ ယောင်ဟွမ်က ရွှေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသည်။ သူ့၌ ခေါင်းလုံးပြည့်ရွှေရောင်ဆံပင်ရှည်ရှိပြီး အေးစက်ပြီး ချောမောသောမျက်နှာရှိ၏။ သူကအသက်ဆယ့်ငါးဆယ့်ခြောက်သာရှိသေးပုံရသည်။ သူ၏လက်ထဲ၌ရွှေရောင်ဓားတစ်လက်ကိုကိုင်ထားသည်။ လင်ယဲ့ဖုန်း၏ ရုတ်တရက်တိုက်ခိုက်မှုအားတွေ့ရသောအခါတွင် ရွှေရာင်ဓားက တောက်ပသော ရွှေရောင်အလင်းတစ်ခုလင်းလက်လာပြီး ရှေ့သို့ ထွင်းဖောက်သွားသည်။
“ကောင်းကင်မွန်းစတားဓား”
ယောင်ဟွမ်၏လက်ထဲမှ ရွှေရောင်ဓားကိုကြည့်၍ ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ဤဓားက တကယ်ကိုကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် လက်နက်တစ်ခုဖြစ်သည်။ ၎င်းက ဒဏ္ဍာရီထဲမှ မွန်းစတားမျိုးနွယ်စု၏ ကောင်းကင်မွန်းစတားဓားနှင့်တစ်ထေရာတည်းတူညီသည်ဖြစ်၏။
ရှစ်ဖုန့်၏ရေရွတ်သံအားကြားလိုက်ရသော အခါတွင် မိုရှောင်ယောင်ကလည်း ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
“ဒဏ္ဍာရီအရ မွန်းစတား မျိုးနွယ်စုမှာ မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ ကောင်းကင်မွန်းစတားဓားရှိတယ်တဲ့.. ဒါပေမဲလွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က အဲ့မျိုးဆက်ရဲ့ မွန်းစတားဧကရာဇ်ကျဆုံးပြီးတဲ့နောက် ကောင်းကင်မွန်းစတားဓားလည်းပျောက်ဆုံးသွားတယ်”
“ယောင်ဟွမ်ကဒါကိုရှာတွေ့လိမ့်မယ်လို့မမျှော်လင့်ထားမိဘူး. ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုမှ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်လက်နက်တစ်ခုကိုထပ်ပေါင်းလိုက်ရင် ဒါကတကယ်ကို စွမ်းအားကြီးတယ်”
“ဘန်း”
ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး သူတို့ဝန်းကျင်ရှိနေရာတစ်ခုလုံး တုန်ခါသွားသည်။ အလောင်းတစ်သောင်းအစီအရင်၏စွမ်းအားတို့ပါဝင်သော လင်ယဲ့ဖုန်း၏လက်သည်းက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကောင်းကင်မွန်းစတားဓားနှင့်ထိပ်တိုက်တွေ့သွားသည်။
ထို့နောက်ပုံရိပ်နှစ်ခုကတစ်ယောက်စွမ်းအား ကြောင့်တစ်ယောက်နောက်သို့လွင့်သွား၏။ ပြင်းထန်သောပစ်ဆောင့်မှုက သူတို့နှစ်ဦးကြားရှိ ပြိုင်ဆိုင်မှုကို တကယ်အဆုံးသတ်သွားစေသည်။
လင်ယဲ့ဖုန်း၏ဆုတ်ခွာနေသောပုံရိပ်ကရပ် တန့်သွားသည်။ အခြားတစ်ဖက်တွင် ယောင်ဟွမ်ကလည်းတန့်သွားသည်။ နှစ်ယောက်သားအကွာအဝေးတစ်ခုစီမှနေ၍ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြ၏။
“မွန်းစတားမျိုးနွယ်စုရဲ့ဓား ကောင်းကင်မွန်းစတားဓား..ဒါကတကယ့်ကို ထူးခြားတာပဲ”
လင်ယဲ့ဖုန်းကယောင်ဟွမ်နှင့်၎င်း၏လက်ထဲမှ ဓားကိုကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။ ယောင်ဟွမ်၏လက်ထဲမှဓားက လွန်ခဲ့သောနှစ်တစ်ထောင်ကျော်ကမွန်းစတားကလန်မှ ပျောက်ဆုံးသွားသော ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကောင်းကင်မွန်းစတားဓားဖြစ်သည်ကို သူသိသည်ဖြစ်သည်။
“ယိုမင်ရဲ့အကြီးဆုံးတပည့် သေခြင်းဧကရာဇ် လင်ယဲ့ဖုန်းမှာ အလောင်းတစ်သောင်းအစီအရင်ရှိတယ်တဲ့ တကယ်ပဲငါမင်းကိုနားလည်မှုလွဲသွားတယ်.. “
ယောင်ဟွမ်ကလည်း လင်ယဲ့ဖုန်းအားစိုက်ကြည့်ရင်းအော်ပြောလိုက်သည်။
ရုတ်ခြည်းပုံရိပ်နှစ်ခုကထပ်မံအတူတကွ လှုပ်ရှားသွားသည်။ အလယ်၌ အားကောင်းသောသံလိုက်တစ်ခုရှိနေသလို နှစ်ယောက်သားအားတစ်ဟုန်ထိုး စုပ်ယူသွားသကဲ့သို့ပင်ဖြစ်သည်။
ထို့နောက်ပို၍ပြင်းထန်သောထိပ်တိုက်တွေ့ မှုများဖြစ်ပေါ်လာသည်။
“ဘန်း.ဘန်း.ဘန်း.ဘန်း..ဘန်း”
လင်ယဲ့ဖုန်းနှင့်ယောင်ဟွမ်တို့ကထပ်မံ တိုက်ခိုက်ကြသည်။ သူတို့၏စွမ်းအားများထိပ်တိုက်တွေ့ပြီး ပေါက်ကွဲသံများကတစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။ နေရာတစ်ခုလုံးအဆက်မပြတ်တုန်ခါနေ၏။
“ယောင်ဟွမ်မှာ ကောင်းကင်မွန်းစတားဓားရှိပေမဲ့. အကြီးဆုံးစီနီယာအကိုရဲ့ အလောင်းတစ်သောင်းအစီအရင်က ဆရာလက်ဆင့်ကမ်းခဲ့တာ..စီနီယာအကိုရဲ့ တိုက်ပွဲအတွေ့အကြုံပါပေါင်းလိုက်ရင် ယောင်ဟွမ်ကိုနိုင်ဖို့အချိန်တစ်ခုပဲလိုတယ်”
မိုရှောင်ယောင်ကအောက်ဘက်ရှိ ပြင်းထန်သောထိပ်တိုက်တွေ့မှုများကိုကြည့်၍ ပြောလိုက်သည်။
“အမှန်ပဲ.. ဒီနေ့ညကနေစပြီး ထျန်းယောင်တောင်တန်းအတွင်းက မွန်းစတား မျိုးနွယ်စု အကြွင်းအကျန်တွေ အကုန်အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မယ်..”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
ဤအချိန်တွင် ထျန်းယောင်တောင်တန်း၏တိုက်ပွဲအတွင်းရှစ်ဖုန့်က လင်ယဲ့ဖုန်းနှင့်မိုရှောင်ယောင်ကိုခေါ်ဆောင် လာခဲ့သည်ဖြစ်သည်။ သူတို့၌တစ္ဆေစစ်သည်သန်းနှင့်ချီလည်းပါရှိ၏။ သူတို့၌နိုင်ဖို့အခွင့်ရေးကောင်းတစ်ခုရှိ သည်ဖြစ်သည်။
“ဟမ်”
ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်နှင့်မိုရှောင်ယောင်တို့ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့၏မျက်နှာထက်တွင်တစ်ချိန်တည်း၌သတ်ဖြတ်လိုစိတ်များပေါ်လာသည်။ သူတို့ကလှည့်လိုက်ပြီး နောက်ရှိ အကန့်သတ်မဲ့သောညကောင်းကင်ယံကိုကြည့်လိုက်သည်။
သူတို့ထံသို့အဝေးမှလာနေသောကြီးမားသည့်ရန်သူအင်အားစုကို သူတို့အာရုံခံမိပြီးဖြစ်သည်။ ၎င်းတို့ကြားထဲတွင် လွန်စွာ စွမ်းအားကြီးသော အော်ရာသုံးခုပါရှိ၏။
ထို့နောက် သူတို့၏ရှေ့တွင်ကြီးမားသောစစ်တပ်ကြီးတစ်ခုပေါ်လာရုံသာမက နောက်နှင့်ဘေးဘယ်ညာတွင်လည်းပေါ်လာသည်။ ဦးတည်ချက်တိုင်းမှ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်အောင်စွမ်း အားကြီးသော အော်ရာများစွာကိုအာရုံခံမိသည်။
“ဒီအကြွင်းအကျန်တွေကလည်း ဒီမှာပျော်စရာတွေကိုပူးပေါင်းချင်လို့ ရောက်လာတယ်”
“ချီးပဲ”
ရှစ်ဖုန့်နှင့်မိုရှောင်ယောင်တို့တစ်ချိန်တည်း တွင်ပြောလိုက်သည်။ အလင်းစီရင်စုနှင့်ဧကရာဇ်နယ်ပယ်အကျွင်းအကျန်များ ရောက်လာပြီဖြစ်သည်ကို သူတို့သိသည်ဖြစ်သည်။ ဤအချိန်တွင် သူတို့အနေဖြင့် အဝိုင်းခံလိုက်ရပြီဖြစ်၏။
“ဟားဟားဟား.. ဟားဟားဟားဟား”
သူတို့၏ရှေ့မှ လွတ်လပ်စွာ ရယ်မောသော အော်သံတစ်ခုထွက်ပေါ်လာသည်။
ပုံရိပ်သုံးခုကပေါ်လာသည်။ ၎င်းတို့က အလင်းစီရင်စု၏ ခေါင်းဆောင်သုံးယောက်ဖြစ်သော အလင်းဧကရာဇ် ၊ အသက်ဧကရာဇ်နှင့် ကံကြမ္မာဧကရာဇ်တို့ဖြစ်ကြသည်။ လွတ်လွတ်လပ်လပ်ရယ်မောလိုက်သောသူက အသက်ဧကရာဇ် မိုဖန်းချန်ပင်ဖြစ်သည်။
ထို့နောက် အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲထားသော မိုဖန်းချန်က လျှင်မြန်စွာပျံသန်းလာသည်။ သူကထပ်မံရယ်မောပြီးပြောလိုက်သည်။
“ယိုမင်..အခုမင်းက ခရားထဲကလိပ်လေးတစ်ကောင်ပဲ.. ဒီနေ့ည မင်းသေချာပေါက်သေရလိမ့်မယ်”
ထို့နောက် သူတို့သုံးယောက်၏ နောက်တွင် အလင်းချပ်ဝတ်များကိုဝတ်ဆင်ထားသော များပြားသည့်အလင်းစီရင်စု စစ်တပ်ကြီးပေါ်လာသည်။ ၎င်းတို့ဖြတ်သန်းသွားသောနေရာတိုင်းတွင် ၎င်းတို့ကိုယ်ပေါ်ရှိအလင်းချပ်ဝတ်များမှ အလင်းကြောင့်ပိန်းပေါက်အောင်နက်မှောင် သော ကောင်းကင်တစ်ခုလုံး ထွန်းလင်းသွားသည်။ ၎င်း၌မြင့်မြတ်သောအလင်းတစ်ခု ပြည့်နှက်နေသည်။
“ယိုမင်သေချာပေါက်သေလိမ့်မယ်”
“ယိုမင်. ..မိုရှောင်ယောင်.. လင်ယဲ့ဖုန်း. မင်းတို့ဒီညဘယ်လောက်ရှင်သန်နိုင်မလဲဆို တာကိုကြည့်ကြသေးတာပေါ့”
ထို့နောက်အေးစက်သော အော်ပြောသံများက ရှစ်ဖုန့်နှင့်မိုရှောင်ယောင်တို့၏ဝန်းကျင်ဦးတည်ချက်အနှံ့မှပေါ်လာသည်။ စွမ်းအားကြီးဧကရာဇ်နယ်ပယ်များ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာပြီး ၎င်းတို့၏နောက်တွင်လူတစ်အုပ်စီပါလာသည်။
ရုတ်ခြည်းထျန်းယောင်တောင်တန်း၏ညကောင်းကင်ယံထက်၌ လူများဖြင့်ပြည့်နှက်သွားသည်။
အမျိုးမျိုးသောအင်အားစုများမှ ကျွမ်းကျင်သူအရေအတွက်ကိုပေါင်းထည့်လိုက်လျှင်သန်းနှင့်ချီရှိ၏။
“လူဆယ့်သုံးယောက်”
နေရာပေါင်းစုံမှပေါ်လာသောဧကရာဇ်နယ်ပယ်အော်ရာများကိုအာရုံခံမိသောအခါတွင် ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။
“ယိုမင်ကိုသတ်ချင်တဲ့သူသုံးယောက်ထပ်ရှိလိမ့်မယ်လို့ဒီသခင်လေး မမျှော်လင့်ထားဘူး”
“ကောင်းတယ်..အရမ်းကောင်းတယ်.. ကြည့်ရတာ ငါယိုမင် ဒီညထျန်းဟန်တိုက်ကြီးမှာထပ်ပြီးအကျော်အမော်ဖြစ်အုံးမဲ့ပုံပဲ”
“ငါမိုရှောင်ယောင်ဒီမှာဒီနေတာ. လာပြီးကြိုးစားကြည့်ရဲတဲ့ဘယ်သူမဆို အသက်ရှင်လျက်မပြန်နိုင်အောင်သေချာ လုပ်ပေးမယ်..”
မိုရှောင်ယောင်က ပတ်ဝန်းကျင်အားအေးစက်စွာကြည့်လိုက်ပြီး အော်ပြောလိုက်သည်။ သူ၏အသံကညကောင်းကင်ယံထဲတွင်ရိုက်ခတ်သွား၏။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE