← Chapters

အခန်း (၈၅၈)

Vol. 58 Ch. 858

အခန်း (၈၅၈)

Vol. 58 Ch. 858

“ဟမ့်.. ကြောင့်ကြမဲ့ဧကရာဇ် မိုရှောင်ယောင်.”

ဤအချိန်တွင် လူအုပ်၏ညာဘက်ခြမ်းမှ သက်လတ်ပိုင်းအရွယ်လူထံမှ အေးစက်သောနှာခေါင်းရှုံ့သံထွက်ပေါ်လာသည်။

ထို့နောက် သက်လက်ပိုင်းအရွယ်လူက လူအုပ်ရှေ့သို့ မောက်မာသော အသွင်အပြင်နှင့် လှမ်းထွက်လာ၏။ သူက မိုရှောင်ယောင်ကို အထင်သေးစွာဖြင့်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ဘာကို ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ တပည့်ခုနှစ်ယောက်လဲ. ဘာကိုသိုင်းနယ်ပယ်ရော ကာယခန္ဓာကိုယ်ရောနှစ်ခုလုံးကို ကျင့်ကြံတဲ့ ကြောင့်ကြမဲ့ဧကရာဇ်လဲ..ငါအမြဲတမ်းမင်းကို တွေ့ချင်နေတာကြာပြီ”

“ဒီနေ့ည မင်းခေါင်းကိုယူခွင့်ပြု မိုရှောင်ယောင်.. ပြီးရင် ကမ္ဘာကြီးကို အမြဲတမ်းမင်းထက်ပိုတော်တဲ့သူတစ်ယောက် အမြဲရှိနေတယ်ဆိုတာကို သိခွင့်ပြုလိုက်”

“မင်းကဘယ်သူလဲ.. မင်းကဘယ်နေရာကနေလာတာလဲ.. ဘာလို့ငါမင်းကိုအရင်ကမမြင်ဖူးတာလဲ.. “

မိုရှောင်ယောင်က သက်လတ်ပိုင်းအရွယ်လူအားကြည့်၍ အေးစက်စွာမေးလိုက်သည်။

“ငါ့မိသားစုနမည်ကလင်.. ငါ့ရဲနမည်ကစန်”

သက်လတ်ပိုင်းအရွယ်လူက သူ၏နမည်ကိုကြေညာလိုက်ပြီး သူ၏မျက်နှာထက်ရှိမောက်မာမှုက ပို၍ကြီးထွားလာသည်။

“လင်စန်”

ရှစ်ဖုန့်ကဤနမည်အားကြားသောအခါတွင် သူ၏ အမူအယာကအနည်းငယ်ပြောင်းလဲသွားပြီး တီးတိုးရေရွတ်လိုက်သည်။ သူကလင်စန်အပေါ်အကြည့်ကျရောက်သွားကာ ပြောလိုက်သည်။

“မင်းက ကြီးမြတ်တဲ့ဧကရာဇ်လင်ဝူရဲ့ လင်မိသားစုကလား”

“အမှန်ပဲ”

သူ၏ မူလ ဇစ်မြစ်အားပြောဆိုသည်ကိုကြားရသောအခါတွင် လင်စန်က နောက်တစ်ကြိမ် ဝင့်ကြွားစွာပြန်လည်တုန့်ပြန်လိုက်သည်။ သူ၏မျက်နှာထက်တွင် မောက်မာမှုတို့ဖြင့်ပြည့်နှက်နေပြီးဖြစ်၏။ ထို့နောက်သူကပြောလိုက်သည်။

“ငါဘယ်သူလဲဆိုတာ မင်းသိပြီဆိုမှတော့.. မင်းကိုယ်မင်းသတ်သေလိုက်.. ငါမင်းအလောင်းကိုအကောင်းတိုင်း ချန်ထားပေးမယ်”

“မင်းနှမသွားပြော.. ဒီလိုသွေးနားထင်‌ရောက်တာကို မင်းဘယ်ကနေရောက်လာတာလဲ”

လင်စန်၏မောက်မာပြီးမာန်တက်နေသော ပုံစံအားကြည့်၍ မိုရှောင်ယောင်ကအထင်သေးစွာပြောလိုက်သည်။

“မင်းတို့ရဲ့ဘိုးဘေး ဧကရာဇ်လင်ဝူက လွန်ခဲ့တဲ့နှစ်တစ်သောင်းက မိုးကောင်းကင်အောက်မှာအသန်မာဆုံးသူဖြစ်ခဲ့လို့လား.. ဒီနေရာမှာလာပြီး ဘိုးဘေးရဲ့ ဂုဏ်သတင်းနဲ့ ဖင်လာယားပြတာက မင်းတို့ရဲ့ဘိုးဘေးဧကရာဇ်လင်ဝူအတွက်တကယ်ကိုအရှက်ရစရာပဲ”

“မင်း..ရိုင်းပျလိုက်တာ…ဒီည မင်းမိုရှောင်ယောင် သံသယဖြစ်ဖွယ်မရှိ သေရမယ်”

မိုရှောင်ယောင်၏စကားတို့အားကြားသော အခါတွင် လင်စန်၏မောက်မာသောအမူအယာက ဒေါသအဖြစ်ပြောင်းလဲသွားပြီး ဒေါသတကြီးအော်ဟစ်ပြောလိုက်သည်။

“လင်မိသားစု.. ကောင်းတယ်..အရမ်း..ကောင်းတယ်.. ဒီသခင်လေးက မင်းတို့လင်မိသားစုကို ခရီးတစ်ထောက်ထွက်ဖို့ လုပ်နေတာ.. ဒီညမင်းတို့လင်မိသားစုကဒီသခင်လေးရဲ့အသက်ကိုယူဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်မှတော့ ဒီသခင်လေး မင်းကိုဖမ်းပြီး မင်းတို့လင်မိသားစုမှာ ဘာရည်ရွယ်ချက်တွေရှိနေလဲဆိုတာကို မေးမယ်”

ရှစ်ဖုန့်ကလင်စန်ကို အေးစက်စွာပြောလိုက်သည်။

“ဟမ့်..ငါ့ကိုဖမ်းမယ်.. မင်းကိုမင်းအထင်ကြီးနေတာပဲ.. မင်းက ယိုမင်ပြန်လည်ဝင်စားတဲ့ကောင်လား. ငါမိုရှောင်ယောင်ကိုသတ်ပြီးရင် နံပါတ်တစ်ကျင့်ကြံသူလို့ခေါ်တဲ့မင်းကိုသတ်ခွင့်ပြုစမ်းပါ”

လင်စန်က ဒေါသတကြီးထပ်မံအော်ဟစ်လိုက်သည်။ ရုတ်တရက်လှုပ်ရှားမှုတစ်ခုနှင့်အတူ သူကရှစ်ဖုန့်နှင့်မိုရှောင်ယောင်ထံသို့ဝင်ရောက်သွားသည်။

“ထျန်းယု.. တို့တွေအတူတူတိုက်သင့်လား”

မိုဖန်းချန်က လင်စန်ရှေ့သို့ပျံသန်းထွက်သွားသည်ကို တွေ့ရသောအခါတွင် ကျင်းထျန်းယုကိုမေးလိုက်သည်။

“အချိန်မကျသေးဘူး. ဘာပဲဖြစ်ဖြစ် သူတို့က ခရားထဲလိပ်လေးတွေပဲဟာ”

ကျင်းထျန်းယုက တိတ်တဆိတ်ခေါင်းခါယမ်းလိုက်ပြီး ဆက်ပြောသည်။

“ကောလဟာလတွေအရ ဒီဖုန်းကွယ်နေတဲ့ မိသားစုဖြစ်တဲ့လင်မိသားစုက ဧကရာဇ်လင်ဝူရဲ့သိုင်းပညာအမွေအနှစ်ကိုဆက်ခံထားတယ်တဲ့.. ဒီဧကရာဇ်လင်ဝူရဲ့ အမွေဆက်ခံသူမှာ ဘယ်လိုမျိုး တိုက်ခိုက်ရေးစွမ်းအားတွေရှိနေမလဲ ကြည့်ကြသေးတာပေါ့”

“ကောင်းပြီ.”

မိုဖန်းချန်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ကျင်းထျန်းယုနှင့်အတူတကွ သူတို့ရှေ့ရှိတိုက်ပွဲအားစောင့်ကြည့်လိုက်ကြ၏။

“ကြီးစိုးသောစိတ်ဝိညာဉ်စွမ်းအား”

ရုတ်ခြည်ရှေ့သို့ ပျံသန်းလာသောလင်စန်က ကြုံးဝါးလိုက်သည်။ သူ၏ ညာလက်အားလက်သီးအဖြစ်ကျစ်နေအောင်ဆုပ်လိုက်ပြီဂ သူ၏ ဝန်းကျင်၌ သန့်စင်သော စိတ်ဝိညာဉ်ချီများ အုံကြွလာသည်။ တလိပ်လိထနေသောလှိုင်းများကဲ့သို့ ၎င်းကသူ၏လက်သီးထံ အရူးအမူးဦးတည်သွားသည်။

ဧရာမစိမ်းပြာရောင်လက်သီးရိပ်ကြီးက လင်စန်၏ညာလက်သီးပေါ်၌ပေါ်လာ၏။ ထို့နောက် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့အရာအားလုံးအားဖျက်ဆီးပစ်နို်ငသောစွမ်းအားတို့ပါရှိသလို မိုရှောင်ယောင်ထံဦးတည်သွားသည်။

လက်သီးရိပ်ကြီး ဖြတ်သန်းသွားသောနေရာတိုင်းတွင် ဟင်းလင်းပြင်တို့အက်ကွဲကုန်ပြီ အက်ကွဲကြောင်းအလွှာများပေါ်လာသည်။ဧကရာဇ်လင်ဝူ၏ အမွေဆက်ခံသူဖြစ်သော ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်သူ လင်စန်၏ တိုက်ခိုက်မှုက အရမ်းထိတ်လန့်ဖို့ကောင်းသည်ဖြစ်သည်။

ဤစွမ်းအားကြီးတိုက်ခိုက်မှုအား ရင်ဆိုင်နေရသော မိုရှောင်ယောင်မှာမူ သူ၏မျက်နှထက်၌ အထင်သေးမှုတို့ပြည့်နှက်နေဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင်မိုရှောင်ယောင်က သူ၏ ညာလက်ကိုလက်သီးတစ်ခုအဖြစ်ဆုပ်လိုက်သည်။ထို့နောက် လွန်စွာသာမန်ဆန်သော လက်သီးတစ်လုံးကို ဧရာမစိမ်းပြာရောင်လက်သီးကြီးထံသို့ ပစ်သွင်းလိုက်၏။

“ဝုန်း”

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ မိုရှောင်ယောင်၏လက်သီးနှင့် လင်စန်၏လက်သီးတို့က ပြင်းထန်စွာ ထပ်တိုက်တွေ့သွားသည်။

တစ်ချိန်တည်းတွင်မိုရှောင်ယောင်၏မျက်နှာထက်၌ အထင်သေးမှုတို့ပြည့်နှက်နေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင် သူ့ပြိုင်ဘက်ဖြစ်သူ၏လက်သီးချက်အား ခံစားလိုက်ရပြီးနောက် လင်စန်၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှု၊ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေသည်။

“မဟုတ်ဘူး. . ဒါကဘယ်လိုမျိုးဖြစ်နိုင်မှာလဲ.. ငါ့ရဲ့ စွမ်းအားကြီးတိုက်ခိုက်မှုက”

လင်စန်က မယုံကြည်နိုင်စွာပြောလိုက်သည်။

သို့သော် ဤအချိန်တွင် လင်စန်ထုတ်ဖော်လိုက်သော စိမ်းပြာရောင်လက်သီးကြီးက ရုတ်ခြည်းပြိုကွဲသွားသည်။ လင်စန်၏ကိုယ်ကလည်းကြိုးပျက်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်သို့တစ်ဟုန်ထိုးလွင့်ပျံထွက်သွားသည်။

လင်စန်၏ပါးစပ်မှု လက်ဆတ်သောသွေးများ တစ်ပွက်ပြီး တစ်ပွက်အန်ထွက်လာသည်။

လက်သီးတစ်ချက်နှင့်သူတို့နှစ်ယောက်ကြားမှကွာခြားမှုကသိသာသည်ဖြစ်သည်။ ဧကရာဇ်လင်ဝူ၏အမွေဆက်ခံသူလင်စန်တစ်ယောက် မိုရှောင်ယောင်၏ လက်သီးချက်ကြောင့်ပြင်းထန်စွာ ဒဏ်ရာရသွားပြီဖြစ်၏။

“ဟမ့်..အမှိုက်..ဘာကို ဧကရာဖ်လင်ဝူရဲ့အမွေဆက်ခံသူလဲ”

သူ့ကြောင့် လွင့်ထွက်သွားသော လင်စန်ကိုကြည့်၍ မိုရှောင်ယောင်၏ မျက်နှာထက်တွင်အထင်သေးမှုတို့ပြည့်နှက်နေသကဲ့သို့ အေးစက်စွာပြောလိုက်သည်။

ထို့နောက်သူကရှစ်ဖုန့်ဘက်ခြမ်းသို့အေးအေးလူလူဆုတ်ခွာလိုက်သည်။

“ကျွတ်.. ဧကရာဇ်လင်ဝူရဲ့အမွေဆက်ခံသူက အရမ်းအံ့ဩဖို့ကောင်းပြီးစွမ်းအားကြီးမယ်လို့ထင်နေတာ.. ဒါကကြည့်ကောင်းရုံပဲရှိပြီးအသုံးမကျဘူး..လွန်ခဲ့တဲ့ရက်အချို့ကတော့ မောက်မာနေလိုက်ပုံများ”

ဤအချိန်တွင် မိုရှောင်ယောင်၏လက်သီးချက်ကြောင့် အဝေးသို့လွင့်ထွက်သွားသော လင်စန်အားကြည့်၍ အသက်ဧကရာဇ် မိုဖန်းချန်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် အခြားသော သိုင်းဧကရာဇ်များ၏ မျက်နှာထက်၌လည်းအထင်းသေးသောလှောင်ပြုံးတစ်ခုစီပေါ်လာသည်။

သူ၏ သရုပ်မှန်အပေါ်အားကိုးပြိး အမြဲမောက်မာကာ အခြားသူများကို ၎င်းကနှိမ့်ချကြည့်ရှုခဲ့သည်ဖြစ်၏။

အလင်းဧကရာဇ် ကျင်းထျန်းယု၏ မျက်နှာထက်၌ သာ လေးနက်သောအမူအယာတစ်ခုရှိသည်ဖြစ်သည်။

“လင်စန်က အသုံးမကျတာမဟုတ်ဘူး. မိုရှောင်ယောင်ရဲ့တိုက်ခိုက်ရေးအင်အားက အရမ်းအားကောင်းနေတာ.. ငါတိုသူ့ကိုမရှင်းထုတ်ရင် သူကသေချာပေါက်ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ်”

“ဟုတ်တယ်”

ကျင်းထျန်းယု၏အသံပျောက်ကွယ်သွားသောအခါတွင် တစ်ချိန်လုံးတိတ်ဆိတ်နေသော ကံတရားဧကရာဇ် ဝူချမ်ရွှယ်ကလည်း ခေါင်းညိမ့်ထောက်ခံလိုက်သည်။

“ဟမ့်. မိုရှောင်ယောင်ရဲ့တိုက်ခိုက်ရေးခွန်အားကဘယ်လောက်ပဲအားကောင်းပါစေ ဒီညဒီနေရာမှာ ငါတို့အများကြီးရှိနေတာ.. သူက ဘာပြဿနာမှဖြစ်မှာမဟုတ်ဘူး”

မိုဖန်းချန်၏မျက်နှာထက်၌အထင်သေးမှုတို့ပြည့်နှက်နေဆဲဖြစ်ပြီး အထင်သေးမှုအပြည့်ဖြင့်ပင်ပြောဆိုလိုက်သည်။

နောက်သို့လွင့်ထွက်လာသောလင်စန်မှာ သူ့နောက်ရှိ အလင်းဧကရာဇ်၏စစ်တပ်နှင့် ဝင်ဆောင့်တော့မည့်အချိန်တွင် ရုတ်တရက် သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။ သူ၏ကိုယ်ကရုတ်တရက် တုန်ယင်သွားပြီး နောက်ထပ်ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ သူ၏ကိုယ်က တုန်ယင်နေပြီး ဒူးတစ်ဖက်ထောက်ချလိုက်သည်။

သူ့ရှေ့ရှိ ဒူးတစ်ဖက်ထောက်ကျသွားသောလင်စန် အားကြည့်၍ မိုရှောင်ယောင်က သူ၏လက်အားဝေ့ယမ်းကာပြောလိုက်သည်။

“အမှိုက်ကောင်.. ငါ့ကိုအရမ်းတွေယဉ်ကျေးနေစရာမလိုဘူး. မင်းရဲ့ အသုံးမကျတဲ့ပါရမီစွမ်းရည်နဲ့ငါ့တပည့်အဖြစ်မင်းကိုလက်မခံနိုင်ဘူး”

“မင်း…”

မိုရှောင်ယောင်၏ စကားအားကြားလိုက်ရသောအခါတွင်လင်စန်၏ကိုယ်က ထပ်မံတုန်တက်သွားသည်။ မိုရှောင်ယောင်အားအပိုင်းပိုင်းလုပ်ပစ်ရန် မစောင့်စားနိုင်သကဲ့သို့ မိုရှောင်ယောင်အားခက်ထန်သောမျက်နှာဖြင့် စိမ်းစိမ်းဝါးဝါးကြည့်နေသည်။

သူလင်စန်က ဧကရာဇ်လင်ဝူ၏ အမွေဆက်ခံသူဖြစ်ပြီး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်သည်။ သူက ကမ္ဘာကြီးအားအထက်စီးမှနေ၍ကြည့်သော မြင့်မားပြီး အရှိန်အဝါကြီးမားသူဖြစ်၏။ဘယ်အချိန်က များသူဤကဲ့သို့အရှက်ခွဲခံခဲ့ရပါသနည်း။

လက်သီးတစ်ချက်ကြောင့် သူလွင့်ထွက်ခဲ့ရုံသာမက မိုရှောင်ယောင်၏ လှောင်ပြောင်သရော်မှုကိုပါခံရသည်။

မိုရှောင်ယောင်၏စကားကသူ့အားဒေါသထွက်စေပြီး နောက်ထပ်ပါးစပ်အပြည့်သွေးတစ်ပွက်ကိုအန်လိုက်ရစေသည်။ ဤတစ်ကြိမ်တွင် အမည်းရောင်အဖြစ်ပါပါရှိလာ၏။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters