← Chapters

အခန်း (၈၅၉)

Vol. 58 Ch. 859

အခန်း (၈၅၉)

Vol. 58 Ch. 859

ဒေါသထွက်နေသောလင်စန်က ပါးစပ်အပြည့်မည်းနက်သောသွေးတစ်ပွက်အန်ထုတ်လိုက်သည်။ ထို့နောက်သူက မိုရှောင်ယောင်ထံသို့ဦးတည်သွားပြီး အော်ဟစ်လိုက်၏။

“ငါ..ငါမင်းကိုသတ်ပစ်မယ်”

ခွေးရူးတစ်ကောင်ကဲ့သို့ဟစ်အော်နေသောလင်စန်အားကြည့်နေရင်း မိုရှောင်ယောင်၏မျက်နှာထက်၌အထင်သေးမှုတို့ပြည့်နှက်နေဆဲဖြစ်သည်။ သူကပြောလိုက်သည်။

“လာစမ်း.. ငါဒီမှာရပ်ပြီး မင်းကိုငါ့ကိုသတ်ဖို့ခွင့်ပြုပေးမယ်. မင်းမှာ သတ္တိရှိနေရင် လာခဲ့လိုက်”

“မင်း.. ချီးပဲ..ချီးပဲ.သေစမ်း.သေစမ်း”

မိုရှောင်ယောင်၏အသွင်အပြင်အားကြည့်၍ လင်စန်ကအံကိုတင်းတင်းကြိတ်လိုက်ပြီးပြောလိုက်သည်။

အကယ်၍ သူ့အနေဖြင့်တစ်ယောက်တည်းသွားရမည်ဆိုလျှင် ပြင်းထန်စွာ ဒဏ်ရာရထားသောကြောင့်ယခုသူထိုသို့မပြုလုပ်ရဲပေ။

“ဟမ့်… ဘာကို ဧကရာဇ်လင်ဝူရဲ့အမွေဆက်ခံသူလဲ..မင်း အမှိုက်သာသာလူပြတ်တစ်ကောင်ပဲ.. ဘာအတွက်နဲ့များသိုင်းပညာကိုသင်တာလဲ.. မင်းရဲ့ဇာတိပြန်ပြီးလယ်ပဲစိုက်စားသင့်တယ်.. “

မိုရှောင်ယောင်ကဆက်လက်သရော်လိုက်သည်။

“မင်း”

“ကောင်းပြီ. အကိုလင်.. သူတို့ကသေတော့မဲ့လူတွေပဲ.. သေတော့မဲ့လူတွေရဲ့စကားတွေနဲ့ပက်သက်ပြီးဘာမှ ဒေါသထွက်နေစရာမလိုဘူး”

လင်စန်၏ဒေါသထွက်နေမှုအားမြင်တွေ့လိုက်ရသောအခါတွင် အလင်းဧကရာဇ်ကျင်းထျန်းယုက သူ့အားနှစ်သိမ့်လိုက်သည်။

ကျင်းထျန်းယုစကားပြောပြီးနောက် သူက မိုရှောင်ယောင်နှင့်ရှစ်ဖုန့်ကိုထပ်မံကြည့်လိုက်သည်။ ထို့နောက်သူ၏အသံကရိုက်ခတ်သွား၏။

“ကောင်းပြီ. အတူတူတိုက်ပြီး သတ်ကြစို့.ယိုမင်ရယ်သူတပည့်နှစ်ယောက်ရယ်နဲ့ ကမ္ဘာကြီးကို ညှင်းပန်းနှိပ်စက်နေတဲ့ ဒီတစ္ဆေစစ်သားတွေ..ပြီးတော့ယောင်ဟွမ်နဲ့ သူ့ရဲ့ မွန်းစတားကလန်အကျွင်းအကျန်တွေ.. သူတို့ကိုအတူတကွသတ်ပစ်ကြစို့.. လူသားမျိုးနွယ်အတွက်ငါတို့တွေသူတို့ကိုဖယ်ရှားပစ်ကြစို့”

“ဟုတ်တယ်.. အတူတူတိုက်ကြစို့. ယိုမင်က လွန်ခဲ့တဲ့ဆယ်ရက်က ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်ပဲရှိသေးတာ. ဆယ်ရက်တည်းနဲ သူကကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်ကိုရောက်နေပြီ.. ငါတို့သာသူ့ကိုမဖယ်ရှားရင် နောင်တရဖို့တောင်နောက်ကျသွားလိမ့်မယ်”

ကျင်းထျန်းယု၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်နှင့်သူ၏တပည့်များနောက်၌ ဝင့်ကြွားစွာရပ်နေသော တောင်တန်းဧကရာဇ် သွမ့်ရှင်းယုကပြောလိုက်သည်။

ထို့နောက်တွင်အခြားသော အထွတ်အထိပ်သိုင်းဧကရာဇ်များကလည်း တုန့်ပြန်ကြသည်။

“အင်း. အတူတူတိုက်ကြစို့”

“ငါကထျန်းဟန်တိုက်ကြီးနဲ့အဝေးကို ရောက်နေခဲ့ပြီး တစ်စုံတစ်ယောက်က သိုင်းနယ်ပယ်ရော ကာယခန္ဓာကိုယ်မှာရော အထတ်အထိပ်ကိုရောက်နေလိမ့်မယ်ဆိုတာကိုမသိခဲ့ဘူး. ဒီလူကတကယ့်ကိုထူးခြားတယ်”

ဆံပင်နီမုတ်ဆိတ်နီနှင့် ဘိုးဘေးဟုန်ခွန်းက လည်းပြောလိုက်သည်.

သူက လူတစ်ယောက်အရပ်နီးပါးရှည်သော အနီရောင်ဆေဘာဓားတစ်လက်ကို သူ၏သိုလှောင်လက်စွပ်ထဲမှထုတ်ယူလိုက်သည်။ ဤဆေဘာဓားက တကယ်ပဲ အဆင့်ကိုး ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်ရွှမ်းလက်နက်တစ်ခုဖြစ်သည်။

တစ်ယောက်ပြီးတစ်ယောက်အထွတ်အထိပ်ကျွမ်းကျင်သူများကတုန့်ပြန်ကြသည်။ ဤကျွမ်းကျင်သူများကြားထဲတွင် ကြောင်မျက်နှာဖုံးတစ်ခုနှင့် အနက်ရောင်ဝတ်ရုံတစ်ခုအားဝတ်ဆင် ထားသော သူတစ်ဦးကသာ တိတ်ဆိတ်နေခဲ့သည်။

“သတ်”

ဤအချိန်တွင် အလင်းဧကရာဇ်ကျင်းထျန်းယုက သူ၏ညာလက်အား ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်ပြီး ကောင်းကင်ထဲသို့ထိုးသွင်းလိုက်သည်။ ရုတ်ခြည်း ဧရာမအဖြူရောင်အလင်းဓားကြီးတစ်လက်က အနက်ရောင်ကောင်းကင်မှခွင်းထွက်လာပြီး ညကောင်းကင်ယံမှကျဆင်းလာသည်။

ကမ္ဘာကြီးအား ဆေးကြောသန့်စင်ပစ်မည့်မြင့်မြတ်သော အလင်းတန်းတစ်ခုကဲ့သို့ပင်ဖြစ်သည်။

ကျင်းထျန်းယုက လွန်စွာစွမ်းအားကြီးသော တိုက်ခိုက်မှုတစ်ခုကိုထုတ်ဖော်လိုက်သည်ကိုတွေ့ရသောအခါတွင် အခြားသောအထွတ်အထိပ်ကျွမ်းကျင်သူများကလည်း လိုက်ပါလုပ်ဆောင်လိုက်ကြပြီးသူတို့၏ အားအကောင်းဆုံးသောတိုက်ခိုက်မှုများကိုထုတ်ဖော်ကြသည်။

အဖြူရောင်အလင်းချိန်းကြိုးတစ်ခုပေါ်လာသည်။ ဤသည်ကားကံတရားဧကရာဇ်ဝူချမ်ရွှယ်၏တိုက်ခိုက်မှုဖြစ်ပြီး ဆန်းကြယ်သောကံတရားသိုင်းပညာဖြစ်သည့် ကံတရားချိန်းကြိုးကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

“အသက်ဝါးမျိုခြင်း”

အသက်ဧကရာဇ် မိုဖန်းချန်က အော်ပြောလိုက်ပြီး သူ၏ လက်နှစ်ဖက်လုံးဖြင့် ဆီးလ်တို့ကိုပုံဖော်ကာ ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ဧရာမအစိမ်းရောင်ဝဲကြီးတစ်ခုပေါ်လာပြီး အားကောင်းသော စုပ်ယူဝါးမျိုအားတစ်ခုကို ဖြစ်ပေါ်စေကာ အသက်စွမ်းအင်တို့ကိုဝါးမျိုစေသည်။

“ဘုန်း. ဘန်း”

တစ်ချိန်တည်းတွင် ကမ္ဘာကြီးအားဖျက်ဆီးပစ်နိုင်စွမ်းရှိသော လွန်စွာအားကောင်းသည့်တိုက်ခိုက်မှုများဖြစ်သည့် ခြစ်ခြစ်တောက်ပူသောမီးတောက်များ၊ တလိပ်လိပ်ထနေသောလှိုင်းလုံးများ၊ လျှပ်စီးမိုးကြိုးများ၊ တဝှီဝှီတိုက်ခတ်နေသော လေပြင်းများ၊ ဧရာမတောင်ကြီးများ၊ ခမ်းနားသောဓားအော်ရာများက တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး အလယ်ဗဟိုသို့ တစ်ရှိန်ထိုးဦးတည်သွားသည်။

“ဝေါင်း”

ဘိုးဘေးဟုန်ခွန်းက သူ၏ပါးစပ်ကိုဖွင့်ဟလိုက်ပြီး ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းလိုက်ကာ သူ၏လက်ထဲမှ အနီရောင်ဓားကို ခုတ်ပိုင်းလိုက်ပြီး ဧရာမအနီရောင်ဓားရိပ်ကြီးက ကမ္ဘာကြီးအား လွှမ်းခြုံကျဆင်းလာသည်။

ဤအချိန်တွင် မွန်းစတားဧကရာဇ်၏ သားဖြစ်သူ ယောင်ဟွမ်နှင့်တိုက်ခိုက်နေသော လင်ယဲ့ဖုန်းမှာ သေခြင်းအနက်ရောင်မြူတို့ဝန်းရံနေသော သူ၏ ညာလက်ဖဝါးကိုရိုက်ထုတ်လိုက်သည်။ ကောင်းကင်မွန်းစတားဓားအား ကိုင်ဆောင်ထားသော ယောင်ဟွမ်မှာ အရေးနိမ့်နေပြီးဖြစ်သည်။ လင်ယဲ့ဖုန်း၏လက်ဝါးက သူ၏ရင်ဘက်ပေါ်သို့ကျဆင်းသွားသည်။

ထို့နောက်အကျည်းတန်သောလက်ဝါးရာတစ်ခုက ယောင်ဟွမ်၏ ရင်ဘက်ပေါ်တွင်ကျန်ရစ်ခဲ့၏။ အနက်ရောင်မြူများက သူ၏ရင်ဘက်ထံမှ ရွှေ‌ရောင်သွေးတို့ကို အဆက်မပြတ်ပန်းထွက်စေသည်။

မူလက ယောင်ဟွမ်၏အသက်ကိုယူရန်ဤသည်ကား လင်ယဲ့ဖုန်းအတွက် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော် ထိုသောက်ဧကရာဇ်နယ်ပယ်များ က အလင်းစီရင်စုနှင့်အတူရောက်ရှိလာပြီး သူတို့ကို ပြင်းထန်စွာတိုက်ခိုက်လာ၏။ လင်ယဲ့ဖုန်းတစ်ယောက်ရွေးချယ်စရာမရှိဘဲ ယောင်ဟွမ်အားသတ်ဖြတ်ရန်ကို လက်လျော့လိုက်ရသည်။ သူ၏ကိုယ်က လှုပ်ရှားသွားပြီး လေကိုထိုးခွင်းကာ ရှစ်ဖုန့်နှင့် မိုရှောင်ယောင်တို့ထံပျံသန်းလိုက်သည်။

“ချီးပဲ”

နေရာပေါင်းစုံမှလာနေသော တိုက်ခိုက်မှုများကိုကြည့်ရင်း ရှစ်ဖုန့်၏ဘေး၌ရပ်နေသော မိုရှောင်ယောင်ကကျိန်ဆဲလိုက်သည်။ လင်စန်က သူ့ကြောင့်ထိခိုက်ဒဏ်ရာရသွားပြီးနောက်ထပ်မည်သည့်တစ်ယောက်ကမှ အကြောင်းပြချက်အချို့ကြောင့်လှုပ်ရှားမှု ကိုမပြုလုပ်ကြတော့ပေ။ သို့သော်ဤဧကရာဇ်နယ်ပယ်ဆယ်ယောက်၏ တိုက်ခိုက်မှုများ သူတို့လိုအနည်းစုအတွက် တောင့်ခံနိုင်မည့်မရာမဟုတ်ပေ။

၎င်းအား ဆန့်ကျင်ခုခံရန်ခက်ခဲသော်လည်း မိုရှောင်ယောင်ကထိုနေရာ၌ရပ်တန့်နေခြင်းမရှိပေ။ သူ၏ ညာလက်အားလက်ဖဝါးတစ်ခုအဖြစ်ပုံပြောင်းလိုက်ပြီးသူ၏ဘယ်လက်ကိုလက်သီး တစ်ခုအဖြစ်ပုံဖော်လိုက်သည်။ တစ်ချိန်တည်းတွင် သူ၏လက်၌ တောက်ပသောအဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။

ရှစ်ဖုန့်၏မျက်နှာကအေးစက်နေ၏။ သူက သွေးကျောက်ပြားနေရာလွတ်အတွင်းမှ ယင်အလောင်းကောင် နှစ်ထောင့်ခြောက်ရာကို ဆင့်ခေါ်ပြီးဖြစ်သည်။ သူ၏ဘယ်လက်က ကြီးမားသောငွေရောင်တံစဉ်ကိုကိုင်ထား၏။ သူ၏လက်ထဲမှ ငွေရောင်တံစဉ်အား သူ၏ ခွန်အားအကုန်ဖြင့် ကျစ်နေအောင်ဆုပ်ကိုင်ထားခြင်းဖြစ်သည်။

“ဆရာ..ဒုတိယဂျူနီယာညီလေး. ငါမင်းတို့ကိုကူဖို့ရောက်လာပြီ”

ဤအချိန်တွင် လင်ယဲ့ဖုန်းကလည်းရောက်ရှိလာသည်။ သူကရှစ်ဖုန့်၏ဘေးတွင်ရပ်လိုက်ပြီး မိုရှောင်ယောင်နှင့်အတူ ကာကွယ်မှု ပုံစံတစ်ခုကိုထုတ်ဖော်ကာ အလယ်ရှိရှစ်ဖုန့်ကိုကာကွယ်လိုက်သည်။ သိပ်သည်းများပြားသော အနက်ရောင် သေခြင်းမြူတစ်ခုက သူ၏ကိုယ်၌ဝန်းရံနေ၏။ သူ၏လက်တို့အားလက်သည်းပုံစံပြုလုပ်ကာ ကောင်းကင်ထဲသို့ကြုံးဝါးတိုက်ခိုက် လိုက်သည်။

သူတို့၏အထက်ကောင်းကင်ထဲတွင် သိပ်သည်းသော သေခြင်းအောရာတစ်ခုကိုထုတ်လွှတ်နေသည့် ဧရာမအနက်ရောင်အရိပ်ကြီးတစ်ခုထွက်ပေါ်လာသည်။ ၎င်း၏အလင်းဧကရာဇ် ပို့လွှတ်လိုက်သော အလင်းနတ်ဘုရား၏ အပြစ်ပေးဓားထံသို့ဦးတည်သွားသည်။

“ဝုန်း”

ပြင်းထန်သောစွမ်းအားကြီးစွမ်းအင်နှစ်ခုတို့က တစ်ခုနှင့်တစ်ခုပစ်ဆောင့်သွားသည်။

မိုရှောင်ယောင်၏ ညာလက်ကလည်းကျဆင်းသွားသည်။ ဧရာမအဖြူရောင်လက်ဝါးရိပ်ကြီးက ဘိုးဘေးဟုန်ခွန်းထုတ်ဖော်လိုက်သောအနီရောင်ဆေဘာဓားထံဦးတည်သွားသည်။သူ၏ဘယ်လက်သီးကိုလည်း ကံတရားဧကရာဇ်၏ ကံတရားချိန်းကြိုးထံသို့ ထိုးသွင်းလိုက်သည်။

“သတ်”

ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်၏။ သူ၏အကြည့် က အသက်ဧကရာဇ် မိုဖန်းချန်၏ ဧရာမအစိမ်းရောင်ဝဲကြီးပေါ်သို့ကျရောက်နေသည်။ ထိုဝဲ၌ သူတို့၏အသက်ကိုဝါးမျိုနိုင်သော စွမ်းအားတို့ပါရှိ၏။ ၎င်းအားဖျက်ဆီးပစ်ရမည်ဖြစ်သည်။

သူ၏ဘယ်လက်အားရုတ်တရက်လွှဲယမ်းလိုက်ပြီး ငွေရောင်တံစဉ်က အစိမ်းရောင်ဝဲထံသို့ပျံသန်းထွက်ခွာသွားသည်။

“ဟမ့်.. ယိုမင်.. လင်ယဲ့ဖုန်း.. မိုရှောင်ယောင်.. မင်းတို့တွေငါတို့ရဲ့တိုက်ခိုက်မှုကို တကယ်ပဲ ခုခံဆန့်ကျင်ရဲတယ်.. ခုခံမှုအားလုံးကမင်းတို့ကို စက္ကန့်နည်းနည်းလောက်ပဲပိုပြီး အသက်ရှင်နေစေမှာ”

အသက်ဧကရာဇ်မိုဖန်းချန်က ရှစ်ဖုန့်နှင့်အခြားနှစ်ယောက်အား အေးစက်စွာကြည့်၍ သရော်လိုက်သည်။ ဧကရာဇ်နယ်ပယ်ဆယ့်နှစ်ယောက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မိုရှောင်ယောင်ကြောင့်လင်စန် ပြင်းထန်စွာထိခိုက်ထားလျှင်တောင် သူတို့၌ လူဆယ့်တစ်ယောက်ရှိသေးသည်ဖြစ်သည်။ ယင်းက ယိုမင်နှင့်အခြားသူနှစ်ယောက်အားသတ်ရန်လုံလောက်သည်ထက်ပိုသည်ဖြစ်၏။

“ဟမ့်..အဲ့လိုလား”

ရှစ်ဖုန့်၏ငွေရောင်တံစဉ်ကပျံသန်း ထွက်သွားပြီးနောက် သူက ခေါင်းကိုလှည့်လိုက်ပြီး မိုဖန်းချန်အားမျက်နှာပေါ်ရှိ အေးစက်သောအပြုံးတစ်ခုနှင့်အတူ ကြည့်လိုက်သည်။

အကြောင်းပြချက်တစ်ချို့ကြောင့် ငယ်ရွှယ်သော မျက်နှာက်ထက်ရှိ အေးစက်စွာသွားပေါ်အောင်ပြုံးလိုက်မှုကို မြင်လိုက်ရသောအခါတွင် မိုဖန်းချန်၏နှလုံးသားခုန်ပေါက်သလိုခံစားလိုက်ရသည်။ သူ၏နှလုံးသားထဲ၌ဆိုးဝါးသောခံစားချက်တစ်ခုမြင့်တက်လာသည်။

“ဘာလို့လဲ..ဘာလို့လဲ. ယိုမင်က ခရားထဲကလိပ်လေးဖြစ်နေတာရှင်းနေတာပဲ.. ခဏလောက်နေရင်အသတ်ခံရတော့မှာ.ဘာလို့ငါဒီလိုမျိုးဆိုးဝါးတဲ့ခံစားချက်ကိုရနေတာလဲ”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters