အခန်း (၈၆၀)
Vol. 58 Ch. 860
မိုဖန်းချန်မှာယိုမင်အားသတ်နိုင်တော့မည်ဖြစ်သော်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် ယိုမင်၏မျက်နှာထက်မှ အေးစက်သောအပြုံးကိုမြင်လိုက်ရသောအခါတွင် ဆိုးဝါးသောကြိုတင်နမိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ဤအချိန်တွင် အလင်းဧကရာဇ် ကျင်းထျန်းယုကလည်း မျက်မှောင်ကြုတ်လိုက်သည်။ ကံတရားဧကရာဇ် ဝူချမ်ရွှယ်နှင့်အတူ သူတို့နောက်သို့ကြည့်လိုက်သည်။ ရုတ်ခြည်း သူတို့၏နောက်၌များစွာသောအနက်ရောင်ပုံရိပ်များ ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ ၎င်းတို့ကြားထဲတွင် ရှေ့ဆုံး၌ပျံသန်းလာသော ပုံရိပ်ကိုးခုက သူတို့နှင့်နှိုင်းယှဉ်နိုင်သော အော်ရာကိုထုတ်လွှတ်နေသည်။
“ချီးပဲ.သူတို့ကဘာလို့ဒီနေရာကို ရောက်လာတာလဲ”
“တစ္ဆေစစ်သူကြီးခုနှစ်ယောက်ဒီကိုရောက်လာပြီ ဘယ်ကောင်က စော်ကားရိုင်းပျရဲလဲဆိုတာကိုကြည့်ကြသေးတာပေါ့”
“ငါအန်းချီဒိကိုရောက်လာပြီ”
“ငါမြဲ့ထျန်းဒီကိုရောက်လာပြီ”
အသစ်ရောက်ရှိလာသူများမှာ အလယ်ပိုင်းဒေသကြီးရှိ အမှောင်စီရင်စုဆီသို့ ရှစ်ဖုန့်စေလွှတ်လိုက်သော တစ္ဆေစစ်သူကြီးခုနှစ်ယောက်ဖြစ်သည်။ အမှောင်စီရင်စုနှင့်အတူ အမှောင်ဧကရာဇ် အန်းချီနှင့် ပျက်ဆီးခြင်းဧကရာဇ် မြဲ့ထျန်းတို့လည်းပါလာသည်။ သူတို့၏နောက်တွင်များပြားလှသော အမှောင်စီရင်စု၏စစ်တပ်ကြီးပါလာသည်။
ကျွမ်းကျင်သူကိုးဦးကပေါ်လာသောအခါတွင် သူတို့ကချက်ချင်း သူတို့၏အားအကောင်းဆုံးသော တိုက်ခိုက်မှုများကို တစ်ချိန်တည်းထုတ်ဖော်လိုက်ကြပြီး ၎င်းတို့က ရှစ်ဖုန့်နှင့် သူ၏တပည့်နှစ်ဦးထံသို့တစ်ဟုန်ထိုးဦးတည်သွားသော တိုက်ခိုက်မှုများထံသို့ ဝင်ရောက်သွားသည်။
နောက်ဆုံး၌တပ်ကူများရောက်ရှိလာသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်က လင်ယဲ့ဖုန်းနှင့်မိုရှောင်ယောင်တို့ကိုအော်ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်. မင်းတို့ရဲ့အင်အားအကုန်သုံးပြီး အဲ့တိုက်ခိုက်မှုတွေကို ယာယီတားဆီးလိုက်ကြ”
“နားလည်ပါပြီ”
မိုရှောင်ယောင်နှင့်လင်ယဲ့ဖုန်းတို့ကပြိုင်တူဖြေလိုက်ကြသည်။ သူတို့ထံသို့ဦးတည်လာနေသည့်ကျန်နေသောတိုက်ခိုက်မှုများအားလုံးအား သူတို့တားဆီးလိုလျှင် သူတို့တကယ်တားဆီးချင်လျှင်တောင် သူတို့လုပ်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။
သို့သော် ခွန်အားအကုန်သုံးပြီး တိုက်ခိုက်မှုများအား ယာယီတားဆီးရမည်ဆိုလျှင်တော့ သူတို့အနေဖြင့်ထိုသို့လုပ်နိုင်သည်ဖြစ်သည်။
ထို့နောက်မိုရှောင်ယောင်က သူ၏ လက်နှစ်ဖက်လုံးဖြင့် ဆီးလ်တစ်ခုကို ပုံဖော်လိုက်သည်။ သူ၏တစ်ကိုယ်လုံး၌ တောက်ပသော အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။ ထို့နောက် သူ၏လက်နှစ်ဖက်လုံးကိုဆန့်ထုတ်လိုက်ပြီး သူ၏ လက်နှစ်ဖက်လုံး၌ မမြင်နိုင်သောအားနှစ်ခုပေါ်လာသည်။
လင်ယဲ့ဖုန်း၏ကိုယ်ပေါ်၌ ဧရာမအနက်ရောင်အရိုးစုအရိပ်ကြီးတစ်ခုပေါ်လာပြီး သူတို့သုံးယောက်လုံးအား၎င်းကလွှမ်းခြုံသွားသည်။
ထို့နောက် ပြင်းထန်သော တိုက်ခိုက်မှုများက တစ်လှိုင်းပြီး တစ်လှိုင်း ရောက်ရှိလာသည်။ သို့သော် ၎င်းတို့ကရှစ်ဖုန့်နှင့်အခြား သူနှစ်ဦးတို့၏ အနီးသို့ရောက်လာသောအခါတွင် မိုရှောင်ယောင်၏သဏ္ဍန်မဲ့စွမ်းအင်နှင့်လင်ယဲ့ဖုန်း၏ အနက်ရောင်အရိုးစုစွမ်းအားတို့၏တားဆီးမှုကိုခံလိုက်ရပြီး ရှေ့သို့နောက်ထပ်တိုးနိုင်စွမ်းမရှိတော့ပေ။
သို့သော် ဤအချိန်၌ မိုရှောင်ယောင်နှင့် လင်ယဲ့ဖုန်း၏ မျက်နှာထက်၌ နာကျင်မှုဒုက္ခတို့ကိုခံစားနေရသည်။ သူတို့အတွက်ကျန်နေသော ကျွမ်းကျင်သူများ၏တိုက်ခိုက်မှုများကို တားဆီးရခြင်းက မလွယ်ကူသည့်ပုံပေါ်သည်။
သို့သော် မကြာခင်တွင် တစ္ဆေစစ်သူကြီးခုနှစ်ယောက်နှင့် အန်းချီနှင့်မြဲ့ထျန်းတို့၏တိုက်ခိုက်မှုများက ရောက်ရှိလာသည်။
“ဘန်း..ဝုန်း…ဝုန်း..ဝုန်း..ဝုန်း…”
ဤကမ္ဘာအတွင်းပြင်းထန်သော စွမ်းအင်စီးကြောင်းများက နောက်တစ်ကြိမ် ထပ်မံပစ်ဆောင့်မိကြသည်။
ခဏကြာပြီးနောက် ဤဧရိယာရှိ စွမ်းအင်တို့က ထပ်မံဖရိုဖရဲဖြစ်လာသည်။
တစ္ဆေစစ်သူကြီးခုနှစ်ဦးနှင့်အမှောင်စီရင်စုမှ ခေါင်းဆောင်နှစ်ဦးတို့၏ တိုက်ခိုက်မှုများကရောက်ရှိလာပြီဖြစ်သည်။ ဤအချိန်တွင် လင်ယဲ့ဖုန်းနှင့် မိုရှောင်ယောင်တို့ပေါ်ရှိဖိအားက လျော့ကျသွားပြီး သူတို့နှစ်ဦးသားစိတ်သက်သာရာရစွာဖြင့် ဖြည်းညှင်းစွာသက်ပြင်းချလိုက်ကြသည်။
“သီသီလေးပဲ.. ကံကောင်းလို့ သူတို့အချိန်မှီရောက်လာကြတာ.. မဟုတ်ရင် ဖြစ်လာမဲ့အကျိုးဆက်က စိတ်ကူးလို့တောင်ရမှာမဟုတ်ဘူး. ဆရာနဲ့ငါဒီမှာတကယ်သေမှာ”
“သောက်ချီးပဲ..ဒီလူတွေဝင်ရှုပ်ပြန်ပြီ. သူတို့ထပ်ပြီးရောက်လာပြန်ပြီ”
“ငါဒါကိုမုန်းတယ်.ယိုမင်နဲ့သူတပည့်နှစ်ယောက်က ငါတို့ရဲ့တိုက်ခိုက်မှုအောက်မှာသေတော့မှာ.. ငါတို့အရမ်းနီးကပ်နေပြီ..သောက်အန်းချီနဲ့ မြဲ့ထျန်း.. အဲ့သောက်တစ္ဆေစစ်သူကြီးခုနှစ်ယောက်”
“သတ်. ငါတို့ဒီညသူတို့ဆယ့်နှစ်ယောက်လုံးကို လုံးဝသုတ်သင်ပစ်မယ်.. အထူးသဖြင့် ယိုမင်. သူသေရမယ်”
တစ္ဆေစစ်သူကြီးခုနှစ်ဦးနှင့် အမှောင်စီရင်စုမှ ခေါင်းဆောင်နှစ်ဦးရောက်ရှိလာမှုနှင့်အတူ အလင်းစီရင်စု ဘက်ခြမ်းမှ ဒေါသတကြီးနှင့် မခံမရပ်နိုင်ပြောဆိုသံများထွက်ပေါ်လာသည်။
“မင်းတို့မသေချင်ရင် ငါတို့လမ်းကနေဖယ်စမ်း”
ဤအချိန်တွင် တစ္ဆေစစ်သူကြီးခုနှစ်ဦးနှင့် ခေါင်းဆောင်နှစ်ဦးဦးဆောင်သော အမှောင်စီရင်စုမှ စစ်တပ်ကြီးက အလင်းစီရင်စုစစ်တပ်ထံသို့ချဉ်းကပ်လာသည်။ အထွတ်အထိပ်ကျွမ်းကျင်သူကိုးဦးက အလင်းစီရင်စုမှစစ်တပ်ကြီးထံသို့ ဝံပုလွေများ၊ကျားများနှယ် ဦးတည်လာသည်။ အလင်းစီရင်စုဘက်တွင်တော့ ခေါင်းဆောင်သုံးဦးကသာ ကောင်းကင်ထဲ၌စောင့်ကြပ်နေကြခြင်းဖြစ်သည်။
“ဆုတ်ကြ”
ယိုမင်နှင့်သူ၏တပည့်နှစ်ဦးတို့ပြန်လည်ပေါင်းစည်းသွားမည်ကိုသူတို့လက်မခံလိုသော်လည်း သူတို့သုံးဦးအနေဖြင့် ကျွမ်းကျင်သူကိုးဦးအား ရပ်တန့်နိုင်ခြင်းမရှိပေ။ ကျင်းထျန်းယုက အမိန့်ပေးလိုက်ပြီး ဝူချမ်ရွှမ်နှင့်မိုဖန်းချန်ုတို့နှင့်အတူ ဆုတ်ခွာလိုက်ကြသည်။
ထိုအချိန်တွင် အသက်ဧကရာဇ် မိုဖန်းချန်တစ်ယောက် ဆိုးရွားသောခံစားချက်က ဘယ်နေရာကလာသည်ကို ဆိုသည်ကို နောက်ဆုံး၌သူနားလည်သွားသည်ဖြစ်သည်။ သူတို့က ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်များဖြစ်ကြပြီးသူတို့၏ သိုင်းတာအို ပင်ကိုသိစိတ်များက လွန်စွာထက်ရှသည်ဖြစ်သည်။ အကယ်၍ သူ့၌ဆိုးရွားသောခံစားချက်တစ်ခု ရှိနေလျှင်ယင်ကအခြေမဲ့ ကောလဟာ လတစ်ခုမဟုတ်ပေ။
အလင်းစီရင်စု လျှင်မြန်စွာဆုတ်ခွာသွားသော ကြောင့်လမ်းကြောင်းလျှင်မြန်စွာပွင့်သွားပြီး အမှောင်စီရင်စု စစ်တပ်က ရှေ့သို့ချီတက်လာသည်။ ရှစ်ဖုန့်၏ယင်အလောင်းကောင်များနှင့် လင်ယဲ့ဖုန်း၏ယင်အလောင်းကောင်များကလည်း ဆုတ်ခွာလိုက်ကြပြီး မကြာခင် ကျွမ်းကျင်သူကိုးဦး ဦးဆောင်လာသော အမှောင်စီရင်စု စစ်တပ်နှင့်ပေါင်းစည်းလိုက်သည်။
“ကြီးမြတ်သောဧကရာဇ် ကျွန်တော်တို့ ဧကရာဇ်ကိုထိတ်လန့်စေမိပြီ.အရှင်အဆင်ပြေပါရဲ့လား”
ရှစ်ဖုန့်ထံသို့ရောက်ရောက်ချင်း တစ္ဆေစစ်သူကြီးခုနှစ်ယောက်နှင့်အန်းချီနှင့်မြဲ့ထျန်းတို့ကမေးလိုက်သည်။
“ဒီသခင်လေးအဆင်ပြေတယ်. .ကံကောင်းတာက မင်းတို့အချိန်မှီရောက်လာလို့ပဲ. မဟုတ်ရင် ဒီသခင်လေးထပ်ပြီးသေရမှာတောင်ကြောက်မိတယ်”
ရှစ်ဖုန့်က သူ၏ခေါင်းကိုခါယမ်းလိုက်ပြီး တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
သို့သော်ရှစ်ဖုန့်ကထိခိုက်ဒဏ်ရာမရသော်လည်း မိုဖန်းချန်၏ အစိမ်းရောင် အသက်စွမ်းအင်ဝဲကို ငွေရောင်တံစဉ်နှင့်ချိုးဖျက်ရန်အတွက် သူ၏ခွန်အားအကုန်ကိုအသုံးပြုခဲ့ရသည်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်ကကုန်ခမ်းနေပြီး ပြန်လည်ပျံသန်းလာသောငွေရောင်တံစဉ်ကလည်း သူ၏ဘယ်လက်၌ ငွေရောင်အမှတ်အသားအဖြစ်ထပ်မံပြောင်းလဲသွားသည်။
အခြားတစ်ဖက်တွင်အလင်းစီရင်စုမှ စစ်တပ်ကလည်း အခြားကျင့်ကြံသူကိုးဦးနှင့်ပေါင်းစည်းပြီးဖြစ်သည်။ ဤအချိန်တွင် စစ်တပ်နှစ်ခုကတစ်ဖက်နှင့်တစ်ဖက်ဆန့်ကျင်ဘက်ရင်ဆိုင်အနေအထားဖြစ်နေသည်။
“သူတို့မှာ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဆယ့်တစ်ယောက်ရှိတယ်..ယိုမင်က ခုဏကငါ့ရဲ့တိုက်ခိုက်မှုကို ချိုးဖျက်နိုင်လိုက်ပေမဲ့.. သူက ဆီကုန်နေတဲ့မီးအိမ်တစ်ခုဖြစ်နေတာကိုငါမြင်နိုင်တယ်..သူကဒုက္ခိတတစ်ယောက်နဲ့ မခြားဘူး.. ငါတို့ဆယ့်နှစ်ယောက်သာ အတူတူပူးပေါင်းလုပ်ဆောင်ရင် သူတို့ကိုထျန်းယောင်တောင်ပေါ်မှာထားနိုင်မဲ့အခွင့်အရေးရှိသေးတယ်”
မိုဖန်းချန်က သူ့ရှေ့ရှိယိုမင်နဲ့အခြားသူများကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။
“အကိုလင်. အခုဒဏ်ရာအခြေအနေဘယ်လိုနေလဲ”
ဤအချိန်တွင်ကျင်းထျန်းယုကသူဘေးရှိ ပုံရိပ်ကိုကြည့်၍မေးလိုက်သည်။
အစောပိုင်းကပြန်လည်ကုသပြီးနောက် လင်စန်၏ သွင်ပြင်လက္ခဏာက များစွာပိုကောင်းလာသည်။ ကျင်းထျန်းယု၏မေးခွန်းအားကြားပြီးနောက် လင်စန်က ပြတ်သားစွာပြန်ဖြေလိုက်သည်။
“ငါတို့လင်မိသားစုရဲ့ နတ်ဘုရားဆေးလုံးကို ငါသုံးထားတယ်.. အခုဘာပြဿနာမှမရှိဘူး.. ငါရဲ့တိုက်ခိုက်ရေးခွန်အားက အထွတ်အထိပ်ကိုပြန်မရောက်သေးမပေမဲ့ ပြန်ကောင်းဖို့နည်းနည်းပဲလိုတာ. ငါသေချာပေါက်တိုက်ခိုက်နိုင်စွမ်းရှိတယ်”
“အဲ့မိုရှောင်ယောင်.သူ့ကိုငါ့လက်နဲ့ကိုယ်တိုင်သတ်ပစ်မယ်”
နောက်ဆုံးစကားအားပြောသောအခါတွင် လင်စန်၏မျက်နှာက ပို၍ခက်ထန်လာသည်။
လင်စန်၏စကားအားကြားပြီးနောက် ကျင်းထျန်းယုကအေးစက်စွာအော်ပြောလိုက်သည်။
‘ကောင်းတယ်..ဒါဆိုထပ်ပြီးငါတို့ခွန်အားတွေအတူတူပေါင်းတိုက်ကြစို့.. ယိုမင်မသေရင် ငါတို့ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းနေရမှာမဟုတ်ဘူး”
“အန်းချီ.မြဲ့ထျန်း..မင်းတို့တွေထျန်းယောင်တောင်အကြောင်းကိုဘယ်လိုသိတာလဲ”
အမှောင်စီရင်စုဘက်မှ လင်ယဲ့ဖုန်းက အန်းချီနှင့်မြဲ့ထျန်းကို မေးလိုက်သည်။
သူတို့သုံးဦးမှလွဲပြီး ထျန်းယောင်တောင်သို့လာမည်ကို မည်သူမှသိခြင်းမရှိပေ။ သို့သော် သူတို့ရှေ့ရှိထိုဆန်ကုန်မြေလေးများကတော့ ဤအရာကို မျှော်လင့်ထားကြပုံရသည်။
၎င်းတို့ပင်မဟုတ်ပေ။သူ၏အမှောင်စီရင်စုပင်သူတို့ခြုံခိုတိုက်မည့်အကြောင်းကို မသိပေ။
“ငါတို့ကိုဘယ်သူကသတင်းဖြန့်လဲငါတို့မသိဘူး.. ဒီလူတွေကမင်းတို့ကို ထျန်းယောင်တောင်ပေါ်မှာ ခြုံခိုတိုက်ကြမှာမို့ ထျန်းယောင်တောင်ပေါ်စစ်တပ်ကိုဦးဆောင်လာဖို့ တောင်းဆိုလိုက်တယ်တဲ့”
အမှောင်ဧကရာဇ် အန်းချီကပြန်ဖြေသည်။
“တစ်ယောက်ယောက်က သတင်းဖြန့်လိုက်တာလား”
အန်းချီ၏စကားအားကြားပြီးနောက် လင်ယဲ့ဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE