အခန်း (၈၆၁)
Vol. 58 Ch. 861
ကျင်းထျန်းယုနှင့်အခြားသူများက သူတို့အား ထျန်းယောင်တောင်ပေါ်၌ သွား၍သတ်မည့်သတင်းကိုတစ်စုံတစ်ယောက်က အမှောင်စီရင်စုဆီပေါက်ကြားစေခဲ့သည်။ ယင်းကား အလင်းစီရင်စုအတွင်း၌ သူလျှိုများရှိနေသည်ဟု ဆိုလိုခြင်းဖြစ်၏။
သူတို့အနေဖြင့် အလင်းစီရင်စုအတွင်းအမှန်တကယ်သူလျှိုများထည့်သွင်းခဲ့သည်ဖြစ်၏။သို့သော် သူလျှိုများအားလုံးကို ကံတရားအားထထိန်းချုပ်သော ဝူချမ်ရွှယ်က ရှာတွေ့ခဲ့သည်။ ချွင်းချက်မရှိ အားလုံးအလင်းနတ်ဘုရားဓားအောက်တွင် သေဆုံးခဲ့ကြသည်ဖြစ်၏။
၎င်းတို့ထဲမှမည်သူကများဤသတင်းကို ပေါက်ကြားစေခဲ့သနည်း။
သူ၏နှလုံးသားထဲ၌ သံသယတို့ရှိနေသော်လည်း ဤအကြောင်းအားစဉ်းစားနေရန် အချိန်ကောင်းမဟုတ်သည်ကို လင်ယဲ့ဖုန်းသိသည်ဖြစ်သည်။ ရန်သူနှစ်ဖက်က မျက်နှာချင်းဆိုင်ရှိနေကြပြီး ပို၍ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားလာတော့မည်ဖြစ်သည်။
အခြားတစ်ဖက်တွင် အထွတ်အထိပ်ကျွမ်းကျင်သူဆယ့်နှစ်ယောက်ရှိသည်။ အခြားတစ်ဖက်တွင် သူ၏ဆရာဖြစ်သူယိုမင်က စွမ်းအားကိုဆုံးရှုံးလိုက်သည်ဖြစ်၏။ သူတို့၌အထွတ်အထိပ်စွမ်းအားဖြင့်တိုက်ခိုက်နိုင်သူမှာ ဆယ့်တစ်ယောက်သာရှိသည်ဖြစ်သည်။
သူတို့၏အောက်တွင်မွန်းစတားဧကရာဇ်၏ သားဖြစ်သူ ယောင်ဟွမ်မှာသူ့ကြောင့် ပြင်းထန်စွာထိခိုက်သွားခဲ့၏။ ပြန်လည်အားဖြည့်ပြီးနောက်၎င်း၏အော်ရာက ပြန်ကောင်းလုနီးပါးဖြစ်နေပြီဖြစ်သည်။ အခြေအနေကသူ့တို့ဘက်၌များစွာအခွင့်မသာပေ။
“ယောင်ဟွမ်.. ယိုမင်နဲ့တစ်ခြားသူတွေကိုသတ်ဖို့အတွက် ဘာလို့မင်းငါတို့နဲ့ မပူပေါင်းတာလဲ”
အလင်းဧကရာဇ်ကျင်းထျန်းယုက ကောင်းကင်မွန်းစတားဓားကိုလက်ထဲ၌ ကိုင်ပြီးအောက်၌ ဝင့်ကြွားစွာရပ်နေသော ယောင်ဟွမ်ကိုပြောလိုက်သည်။
“မင်းတို့လူတွေနဲ့ပူးပေါင်းရမှာလား”
ကျင်းထျန်းယု၏စကားများအားကြားပြီးနောက် ယောင်ဟွမ်က သရော်၍ပြောလိုက်သည်။
“မင်းတို့ကစက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ လူသားတွေ.. မင်းတို့ကလူသတ်ဖို့ငါ့လက်ကိုငှားချင်နေသေးတယ်..မင်းတို့ငါယောင်ဟွမ်ရဲ့ အကူအညီကိုလိုချင်နေတာဆိုရင် အိမ်မက်မက်နေတာပဲ”
ယောင်ဟွမ်က စကားပြောရင်းသူ၏ခေါင်းကိုလှည့်ကာ အမှောင်စီရင်စုထံကြည့်လိုက်သည်။ သူကရှစ်ဖုန့်ကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“ငါလည်းကောလဟာလတွေကြားတယ်.. ယိုမင်က ပြန်လည်မွေးဖွားပြီးထျန်းဟန်တိုက်ကြီး ပေါ်ပြန်ရောက်လာတယ်တဲ့.. အဲတာမင်းလို့ငါယုံကြည်တယ်”
ယောင်ဟွမ်၏ အေးစက်သောအော်ပြောသံကိုရင်ဆိုင်ရင်း ရှစ်ဖုန့်က ဂရုမထားစွာပြန်ဖြေလိုက်သည်။
“ဟုတ်တယ်.. ငါကမင်းအဖေမွန်းစတားဧကရာဇ်ကို သတ်ပစ်ခဲ့တဲ့ ယိုမင်ပဲ”
“ကောင်းတယ်.အရမ်းကောင်းတယ်…”
ရှစ်ဖုန့်၏ ဝန်ခံမှုအားကြားရသောအခါတွင် ယောင်ဟွမ်က အံကိုတင်းတင်းကြိတ်ပြီးပြောလိုက်သည်။
“ငါ့အဖေနဲ့ငါ့မျိုးနွယ်ကလူတွေကိုသတ်ပစ်ခဲ့တဲ့အာဃာတက ကျေအေးလို့မရဘူး.မင်း..ယိုမင်ပြန်လည် မွေးဖွားလာမှတော့ ငါယောင်ဟွမ်က တစ်နေ့ကြငါ့လက်ထဲကဓားကိုသုံးပြီးငါ့လက်တွေနဲ့မင်းကိုကိုယ်တိုင်သတ်ပစ်မယ်လို့ငါကျိန်ဆိုတယ်”
“ယောင်ဟွမ်..မင်းငါတို့နဲ့ပူးပေါင်းလိုက်.. ဒါဆိုယိုမင် ချွင်းချက်မရှိ သေမှာပဲ.. မင်းအတွက်ဘာကကောင်းလဲဆိုတာမသိရင်..ယိုမင်ကိုသတ်ပြီးတာနဲ့မင်းရဲ့ထျန်းယောင် တောင်တန်းနဲ့ မွန်းစတားမျိုးနွယ်စုတစ်ခုလုံး ပျက်ကိန်းစိုက်ရလိမ့်မယ်”
အသက်ဧကရာဇ် မိုဖန်းချန်က ယောင်ဟွမ်အားလက်ညှိုးထိုး၍ အော်ပြောလိုက်သည်။
“ဟမ့်..အဲ့လိုလား”
မိုဖန်းချန်၏အော်သံအားရင်ဆိုင်ရင်း ယောင်ဟွမ်ကသွားပေါ်အောင်အေးစက်စွာပြုံးလိုက်ပြီးပြောလိုက်သည်။
“ဒီည..ငါယောင်ဟွမ် က သားသတ်သမားဖြစ်မှာ… မင်းတို့ထဲကတစ်ဖက်သေတာနဲ့ ငါယောင်ဟွမ်က ကျန်တဲ့ဘက်ကို ငါ့ဓားကိုထိုးသွင်းမယ်.. မင်းမှသတ္တိရှိတယ်ဆိုရင်. ငါ့ကိုလာပြီးသတ်..မရှိရင် သောက်ပိုတွေပြောမနေနဲ့”
ယောင်ဟွမ်အနေဖြင့်နှစ်ဖက်လုံး၏ အခြေအနေကိုသိသည်ဖြစ်သည်။ လူသားစစ်တပ်နှစ်ဖက်က ထိတွေ့တိုက်ပွဲဖြစ်နေကြပြီး ဤအချိန်၌ သူ့အားဘယ်သူလာသတ်သည်ဖြစ်စေ အခြားတစ်ဖက်မှအားကောင်းသောသူ၏သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်ဖြစ်သည်။ ဤအချိန်၌ တစ်ဖက်မှမည်သည့်အားကောင်းသောသူကမှသူ့အားလာပြီး တိုက်မည်မဟုတ်သည်ကို သူကောင်းစွာသိသည်ဖြစ်၏။
ရန်သူနှစ်ဖက်တိုက်ခိုက်နေချိန်တွင်သူကအခွင့်ကောင်းယူပြီးတစ်စုံတစ်ယောက်အား သူ့ဓားဖြင့်တိုက်ခိုက်နိုင်သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား နှစ်ဖက်လုံးအင်အားညီတူညီမျှလုနီးပါး ဖြစ်နေပြီး အဆုံးသတ်၌သူကအနိုင်ရသူဖြစ်နိုင်၏။
“ကောင်းပြီး အဲ့မွန်းစတားကောင်စုတ်တဲ့အရည်မရမဖတ်မရတွေပြောမနေနဲ့တော့..ယိုမင်ကိုသတ်ဖို့ကအခုချိန်မှာအရေးကြီးဆုံးပဲ.. ယိုမင်နဲ့တစ်ခြားသူတွေကိုသတ်ပြီးမှ ဒီကောင်စုတ်ကိုကိုင်တွယ်ဖို့နောက်မကျသေးဘူး. “
အလင်းဧကရာဇ်ကျင်းထျန်းယုကပြောလိုက်သည်။
“ဟုတ်တယ်.. အခုချိန်မှာ အရေးကြီးဆုံးက ယိုမင်ကိုသတ်ဖို့ပဲ”
ကျင်းထျန်းယု၏ စကားအားကြားပြီးနောက် တစ်ယောက်ပြီးတစ်ယောက်တုန့်ပြန်လာကြသည်။ သူတို့အတွက်ယိုမင်ကသာသူတို့အားမစားနိုင်မသောက်နိုင်ငြိမ်းချမ်းစွာမနေရအောင်ပြုလုပ်နိုင်စွမ်းရှိသူဖြစ်သည်။ တိုတောင်းသည့်ဆယ်ရက်အတွင်း ၎င်းက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်လာ၏။ ဤသို့သာဆက်သွားလျှင် ငရဲဘုံကိုးခု ဧကရာဇ်ပြန်ရောက်လာလိမ့်မည်ဖြစ်သည်။
လူအုပ်၏တုန့်ပြန်မှုအားကြားပြီးနောက် အလင်းဧကရာဇ် ကျင်းထျန်းယုက ရှေ့သို့ လက်ညှိုးထိုးညွှန်ပြီး အော်ပြောလိုက်သည်။
“ငါတို့ရဲ့ခွန်အားအကုန်သုံးပြီး သူတို့ကို အတူတူတိုက်ခိုက်ကြစို့.. ယိုမင်ကိုသတ်ပြီးရင် ကျန်တဲ့သူတွေကိုသတ်”
“သတ်”
အော်သံများထွက်ပေါ်လာသည်။
သို့သော်ဤအချိန်တွင် ငယ်ရွယ်သောအသံတစ်ခုက သူတို့၏အသံကို ကြားဖြတ်ဟန့်တားလာ၏။
“အားလုံးပဲ ခဏလေးနေကြပါအုံး ကျုပ်ပြောစရာလေးတစ်ချို့ရှိလို့ခင်ဗျားတို့အချိန်ကိုဖြုန်းပါရစေ”
“ဟမ်”
“ဟမ်”
“ဟမ်”
တိုက်ပွဲညှာသံများကြားဖြတ်ဟန့်တားခံလိုက်ရသည်။ ဤအသံအားကြားပြီးနောက် အားလုံးကမျက်မှောင်ကြုတ်လိုက်သည်။ သူတို့၏မျက်နှာထက်တွင်မကျေမနပ်ဖြစ်မှုများထွက်ပေါ်လာ၏။ သူတို့ကခေါင်းကိုလှည့်ပြီး စကားပြောသောသူကိုကြည့်လိုက်ကြသည်။
စကားပြောလိုက်သောသူက ကျွမ်းကျင်သူဆယ့်နှစ်ယောက်ထဲမှ ကြောင်မျက်နှာဖုံးအားဝတ်ဆင်ထားသူဖြစ်သည်။ ဤလူကားစကားပြောခဲ၏။ သူကကျွမ်းကျင်သူဆယ့်နှစ်ယောက်ထဲမှ ဟူသောအချက်ကြောင့်သာမဟုတ်လျှင် လူတွေက၎င်း၏တည်ရှိမှုကို မေ့လောက်ပြီဖြစ်သည်။
ဤလူအားနင်ချန်ဟုခေါ်သည်ကိုသူတို့မှတ်မိသည်ဖြစ်သည်။ သူကအနည်းငယ်ထူးဆန်းပြီး မျက်နှာဖုံးအား အကြောင်းပြချက်မရှိဝတ်ဆင်ထား၏။ သူက ဝါသနာအရဝတ်သည်ဟုသာပြောခဲ့သည်။
ကြောင်မျက်နှာဖုံးနှင့်လူငယ်က စကားပြောနေချိန်တွင်သူ၏ကိုယ်အားဖြည်းညှင်းစွာလှုပ်ရှားလိုက်ပြီး လူအုပ်ရှေ့သို့လျှောက်လှမ်းထွက်လာသည်။ သူ၏ခြေလှမ်းတို့ကပေါ့ပါးပြီး တစ်လှမ်းချင်းလှမ်းနေသကဲ့သို့ ရန်သူနှစ်ဖက်ကြား ထိပ်တိုက်တွေ့သော အလယ်ဗဟိုသို့ဖြည်းညှင်းစွာလျှောက်လှမ်း လာသည်။
ဤအချိန်တွင်အလင်းစီရင်စုရောရှစ်ဖုန့် ဘက်ခြမ်းကပါ ဤလူဘာလုပ်ဖို့ကြိုးစားနေသည်ကိုမသိကြချေ။
ကြောင်မျက်နှာဖုံးအားဝတ်ဆင်ထားသောလူငယ်က ရန်သူအဖွဲ့နှစ်ခု၏အလယ်သို့ရောက်သောအခါတွင် လှည့်လိုက်ပြီး အလင်းစီရင်စုဘက်သို့ကြည့်လိုက်သည်။ သူက ငယ်ရွယ်သောအသံဖြင့်ထပ်မံပြောလိုက်၏။
“အားလုံးပဲ ..ကျုပ်တကယ်တောင်းပန်ပါတယ်. ပြောရင် ကျုပ်မလုပ်ချင်ပေမဲ့ ကျုပ်ခင်ဗျားတို့ကိုလိမ်နေခဲ့မိတယ်.. ကျုပ်ကဒီကိုလာတာခင်ဗျားတို့ကိုကူညီပြီးသတ်ပေးဖို့မဟုတ်ဘူး. အဲ့အစား ခင်ဗျားတို့နဲ့ရန်သူဖြစ်ဖို့အတွက် ရောက်လာတာ”
“ကျုပ်သိပါတယ်..ကျုပ်ဒီစကားတွေကို ပြောနေချိန်မှာ ခင်ဗျားတို့ စိတ်မကောင်းဖြစ်နေကြပြီး ကျုပ်ကိုလူလိမ်လို့ထင်နေမယ်ဆိုတာ. ဒါပေမဲ့ တစ်ခါတစ်ရံမှာ လက်တွေ့အရှိတရားကအရမ်းကိုရက်စက်လွန်းပါတယ်.. ကျုပ်တို့အဲ့တာကိုရင်ဆိုင်ရမှာပဲလေ”
“ဘာ”
“ဘာ”
“မင်း”
ကြောင်မျက်နှာဖုံးနှင့်လူငယ်ကထိုစကားများအားပြောပြီးနောက် ကျင်းထျန်းယု၏ဘက်ခြမ်း၌ဒေါသထွက်ကုန်သည်။ သူတို့က လူငယ်အားလက်ညှိုးထိုးပြီးအော် ပြောလိုက်ကြသည်။
ထိုလူများ၏အော်သံကို ရင်ဆိုင်ရင်းကြောင်မျက်နှာဖုံးနှင့်လူငယ်က ဆက်ပြောသည်။
“တစ်ခုထပ်ပြီးရှိသေးတယ်. ညမှ လုပ်ကြံမဲ့အကြောင်းသူတို့ကို ပြောလိုက်တဲ့သူက ကျုပ်ပဲ.. ကျုပ်ကခင်ဗျားကိုယုံကြည်မှုနဲ့ထိုက်တန်အောင်နေထိုင်ဖို့ကျရှုံးခဲ့ပါတယ်”
ဤစကားများအားပြောလိုက်သည့်အချိန်တွင် အားလုံး၏မျက်နှာထက်ရှိ ဒေါသများက ပို၍ ပြင်းထန်လာသည်။ သူတို့က အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်သည်။
“နင်ချန်..မင်းက သူလျှိုပဲ”
“မင်းကအမှောင်စီရင်စုက လူတွေကိုပြောလိုက်တဲ့သူပေါ့..ချီးပဲ..ချီးပဲ..ချီးပဲ. မင်းကြောင့်သာမဟုတ်ရင် ယိုမင်ဒီညသေမှာ”
“ချီးပဲ..ချီးပဲ. ငါသာဒီလိုဖြစ်မယ်သိခဲ့ရင် ဒီငကြောင်ကောင်ကို အလင်းနန်းတော်မှာထဲကသတ်ပစ်တယ်”
“နင်ချန်”
ရှစ်ဖုန့်၏ဘက်ခြမ်းမှ ဤစကားများအားကြားသောအခါတွင် သူတို့၏မျက်နှာထက်၌ အံ့အားသင့်မှုများဖြစ်ပေါ်လာသည်။ အန်းချီ၊မြဲ့ထျန်းနှင့်မိုရှောင်ယောင်တို့က လင်ယဲ့ဖုန်းကိုကြည့်လိုက်ကြသည်။ လင်ယဲ့ဖုန်း၌တစ်ချိန်က နင်ချန်ဟုခေါ်သောတပည့်တစ်ဦးရှိခဲ့သည်ကို သူတို့မှတ်မိသည်ဖြစ်သည်။
ရှစ်ဖုန့်၏စိတ်ထဲ၌ သေခြင်းတားမြစ်နယ်မြေအတွင်း သူနှင့်ဆုံတွေ့ခဲ့သော မွန်းစတားဆန်သည့် လူငယ်၏ပုံရိပ်ပေါ်လာသည်။ ၎င်း၏သိုင်းတာအိုက လင်ယဲ့ဖုန်းဆီမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE