အခန်း (၈၆၂)
Vol. 58 Ch. 862
လင်ယဲ့ဖုန်းက စစ်တပ်နှစ်ခုအလယ်ရှိ အနက်ရောင်ပုံရိပ်ထံသို့ စိုက်ကြည့်နေသည်။ သူ၏မျက်နှာက အေးစက်မှုအဖြစ်ပြောင်းလဲသွားပြီး အေးစက်စွာပြောလိုက်သည်။
“ဒီတပည့်မိုက်ကတော့”
“ဒီကောင်စုတ်လေး ဖြစ်နေမယ်လို့မထင်ထားဘူး. ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် တစ်ယောက်ဖြစ်နေမယ်လို့လည်း မမျှော်လင့်ထားဘူး..”
မိုရှောင်ယောင်က သူ့ရှေ့ရှိ ပုံရိပ်အားကြည့်၍ ပြောလိုက်သည်။ထို့နောက်သူက ဆက်ပြော၏။
“ဒီကလေး. အရင်တုံးကတည်းက ငါ့သူ့ကို အများကြီးသဘောကျခဲ့တာ.. တို့ညီအကိုတွေလက်ခံခဲ့တဲ့တပည့်တွေအကုန်လုံးကပါရမီရှင်တွေကြီးဆိုပေမဲ့. ဒီကလေးနဲ့နှိုင်းယှဉ်လိုက်ရင် ဘယ်သူမှသူ့ကိုမယှဉ်နိုင်ဘူး”
ထိုအချိန်ကသေခြင်းတားမြစ်နယ်မြေတွင် ဤကောင်စုတ် မည်သည့်ကျင့်ကြံမှုနယ်ပယ်သို့ရောက်ရှိနေသည်ကို မသိခဲ့သောကြောင့်ရှစ်ဖုန့်အနေဖြင့်လည်းဤသည်ကို မျှော်လင့်မထားမိပေ။ ယခု၎င်းအားထပ်မံတွေ့ရချိန်တွင် ၎င်း၏ကျင့်ကြံမှုကိုသူမြင်နိုင်ပြီး တကယ်ကြီး အထွတ်အထိပ်သန်မာသူ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်နေသည်။
ဤအချိန်တွင် စစ်တပ်နှစ်ခုအလယ်၌ရှိနေသောပုံရိပ်က ဖြည်းညှင်းစွာလှည့်လိုက်သည်။ကြောင်မျက်နှာဖုံးအားဝတ်ဆင်ထားသောမျက်နှာက ရှစ်ဖုန့်၊လင်ယဲ့ဖုန်းနှင့်အခြားသူများကိုမျက်နှာမူလိုက်သည်။
ထို့နောက် ထိုလူက သူ၏လက်ကိုထုတ်ကာ မျက်နှာပေါ်ရှိ မျက်နှာဖုံးကိုချွတ်လိုက်ပြီး ငယ်ရွယ်ချောမောသော မျက်နှာတစ်ခုထွက်ပေါ်လာသည်။
၎င်းက သေခြင်းတားမြစ်နယ်မြေ၌ရှစ်ဖုန့်ကြုံ တွေ့ခဲ့သော နင်ချန်ဟူသည့်ကောင်စုတ်ဖြစ်သည်။
“ဘိုးဘေး. ဆရာ..ဒုတိယဦးလေး..ကျေးဇူးပြုပြီးနင်ချန်ရဲ့ဦးညွှတ်ဂါရဝပြုမှုကိုလက်ခံပေးပါ”
နင်ချန်၏မျက်နှာက လေးနက်မှုအဖြစ်သို့ပြောင်းလဲသွားသည်။သူကနက်ရှိုင်းစွာအော်ပြောလိုက်ပြီး ညကောင်းကင်ယံအောက် ရှစ်ဖုန့်နှင့်အခြားသူများ၏ရှေ့၌ ဒူးထောက်ချလိုက်ကာ ဦးခေါင်းကို နက်ရှိုင်းစွာငုံ့၍ ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ဘိုးဘေး..ဆရာနဲ့..ဒုတိယဦးလေး”
နင်ချန်၏အသံအားကြားသောအခါတွင် အလင်းစီရင်စုဘက်မှလူများ၏မျက်နှာများ ပြောင်းလဲသွားသည်။
“နောက်ထပ်ငရဲဘုံကိုးခု ကောင်စုတ်တစ်ကောင်ထွက်လာမယ်လို့ငါမမျှော်လင့်ထားဘူး. သောက်ငရဲဘုံကိုးခု ကောင်စုတ်တွေ..မင်းသေခြင်းဆိုးနဲ့ သေမဲ့အကောင်”
“တပည့်မိုက်..ငါမင်းကို ဂိုဏ်းကနေနှင်ထုတ်ထားပြီးသား. မင်းကငါ့တပည့်ထပ်ပြီးမဟုတ်တော့ဘူး”
လင်ယဲ့ဖုန်းက နင်ချန်အားကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။
“ဆရာ”
လင်ယဲ့ဖုန်း၏ စကားတို့အားကြားသောအခါတွင် နင်ချန်က ဝမ်းနည်းကြေကွဲစွာ အော်ပြောလိုက်သည်။
“ဟားဟား..ဟားဟားဟားဟား…”
ရုတ်ခြည်း နင်ချမ်း၏မျက်နှာထက်၌ ကြေကွဲဝမ်းနည်းမှုတို့ဖြစ်ပေါ်လာသည်။ သူကပါးစပ်ကိုဖွင့်ဟ၍ ရယ်မောလိုက်သည်။
ရုတ်ခြည်းနင်ချန်က ကောင်းကင်ထဲသို့မော့ကာ အရူးတစ်ယောက်ကဲ့သို့ ရယ်မောနေ၏။
“ဟားဟား….ဟားဟားဟားဟား..ငါသိတယ်.. ငါသိပြီးသား.. နှစ်တွေအများကြီးကြာပြီးတာတောင်.. ဆရာကငါ့ကိုခွင့်မလွှတ်သေးဘူး”
“ဒီကောင်စုတ်..သူကအားလုံးတော်ပေမဲ့. သူ့ရဲ့ရူးသွပ်တဲ့အလေ့အထကတော့ရှိနေတုံးပဲ”
မိုရှောင်ယောင်က လှည့်လိုက်ပြီးရှစ်ဖုန့်၏ဘက်သို့ခေါင်းခါပြလိုက်သည်။
သက်ပြင်းချလိုက်ပြီးနောက် သူကလင်ယဲ့ဖုန်းကိုထပ်မံကြည့်လိုက်သည်။
ထိုစဉ် အလင်းစီရင်စုဘက်ရှိ အသက်ဧကရာဇ် မိုဖန်းချန်က ကျင်းထျန်းယုနှင့် ဝူချမ်ရွှယ်ကို တီးတိုးပြောလိုက်သည်။
“ထျန်းယု..ချမ်ရွှယ်. အဲ့ သစ္စာဖောက်နင်ချန်က သူ့ကိုယ်သူ ဂရုစိုက်ပုံမရဘူး. .သူ့ကို အတူတူတိုက်ခိုက်ပြီး အရင်ဆုံးဖယ်ရှားပစ်ရအောင်”
“အင်း”
ကျင်းထျန်းယုနှင့် ဝူချမ်ရွှယ်တို့က မိုဖန်းချန်၏ စကားများအားကြားပြီးနောက် ခေါင်းညိမ့်လိုက်ကြသည်။
ထို့နောက်လိုက်ပါ၍ ကျင်းထျန်းယု၏ညာလက်က လက်သည်းအဖြစ်အသွင်ပြောင်းသွားသည်။ မိုဖန်းချန်နှင့်ဝူချမ်ရွှယ်တို့ကလည်းတိတ်တဆိတ်လက်သင်္ကေတဆီးလ်များကို ပုံဖော်လိုက်ကြသည်။
“နင်ချန်..ကောင်စုတ်လေး. ငါတို့အခု ကြီးမားတဲ့ရန်သူကိုရင်ဆိုင်နေရတာ.. ထပ်ပြီးအဲ့လိုလုပ်မနေနဲ့တော့. ဦးလေးဘက်ကိုလာခဲ့ပြီး ရန်သူတွေကို အတူတူသတ်”
“ဦးလေးက မင်းကိုအမြဲသဘောကျတယ်.. ဒီနေ့ညပြီးရင်.. ဦးလေးကမင်းဆရာကိုကူပြီးဖျောင်းဖျပေးမယ်… အကယ်၍ ဦးလေးကသူ့ကိုမဖျောင်းဖျနိုင်ရင်တောင်.. မင်းရဲ့ဘိုးဘေးရှိနေသေးတယ်မဟုတ်ဘူးလား.”
မိုရှောင်ယောင်က နင်ချန်ကို အော်ပြောလိုက်သည်။
“ဘိုးဘေး”
မိုရှောင်ယောင်၏ စကားများအားကြားပြီးသောအခါတွင် နင်ချန်၏ရယ်သံက ရုတ်တရက် ရပ်တန့်သွားသည်။
“ဟုတ်တယ်.ဘိုးဘေးရှိနေသေးတယ်”
နင်ချန်ခဲ့ လင်ယဲ့ဖုန်း၏နောက်သို့နှစ်ပေါင်းများစွာလိုက်ပါခဲ့၏။ သူ့ဆရာ၏ဘဝတွင်အလေးစားရဆုံးသောသူက သူ၏ ဘိုးဘေး ဖြစ်သူ ယိုမင်ဖြစ်သည်ကို မည်သူထက်မဆို သူကပို၍သိသည်ဖြစ်သည်။
ဤကယ်၍ ဘိုးဘေးကသာ သူ၏အပြုအမူအတွက် အသနားခံပေးခဲ့လျှင် သူ၏ဆရာက သူ့ကို တကယ်ခွင့်လွှတ်ပေးလောက်သည်။
“ဘိုးဘေး”
နင်ချန်က မျှော်လင့်တောင့်တသော ပုံစံတစ်ခုနှင့် ရှစ်ဖုန့်ကိုကြည့်လိုက်၏။
“ဘိုးဘေး. ကျွန်တော်တို့ သေခြင်းတားမြစ်နယ်မြေမှာဆုံတွေ့တုံးက ဒီတပည့်နင်ချန်က ဘိုးဘေးမှန်းမသိခဲ့ပါဘူး. ကျေးဇူးပြုပြီး အဲ့နေ့ကမထီမဲ့မြင်ပြုခဲ့မှုအတွက်ခွင့်လွှတ်ပေးပါ”
“သေခြင်းတားမြစ်နယ်မြေမှာ အဲ့နေ့က ငါထွက်ပြေးလွှတ်မြောက်နိုင်ခဲ့တာက မင်းရဲ့အကူအညီကြောင့်လည်းပါတယ်.. ဒီညပြီးရင် မင်းနဲ့ မင်းဆရာကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုပြောပြ”
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့်၏စကားများကရှင်းသည်ဖြစ်သည်။ ယခင်က သေခြင်းတားမြစ်နယ်မြေ၌ရှစ်ဖုန့်က ဘိုးဘေးနယ်ပယ်၌သာရှိသေး၏။ သူတော်စင်နယ်ပယ်ဖြစ်သော ဂန္ဓမာအဘိုးအိုနှင့် သူရင်ဆိုင်ရချိန်တွင် နင်ချန်က လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပြီး ဂန္ဓမာအဘိုးအိုကု သူ ၏ခွန်အားဖြင့်သတ်ပစ်ခဲ့သည်။ ထို့နောက်မှသာ ရှစ်ဖုန့်နှင့်အခြားသူများက ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
အကယ်၍နင်ချန်ကသူနှင့်လင်ယဲ့ဖုန်းတို့ကြားထဲမှဖြစ်ပျက်ခဲ့မှုကိုပြောပြပြီး အကယ်၍နင်ချန်ကိုခွင့်လွှတ်ပေးလို့ရနိုင်လျှင် ရှစ်ဖုန့်အနေဖြင့် ၎င်းနှင့်လင်ယဲ့ဖုန်းတို့ကြားထဲမှ နှလုံးသားအထုံးကို ကူညီဖြည်ပေးမည်ဖြစ်သည်။
“အမ်”
ဤအချိန်တွင် ရှစ်ဖုန့်ကရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။ ရှစ်ဖုန့်၏ ဧကရာဇ်နယ်ပယ် ဝိညာဉ်စွမ်းအားဖြင့် အလင်းစီရင်စုမှခေါင်းဆောင်သုံးဦး၏ လှုပ်ရှားမှုကိုချက်ချင်းဖမ်းမိလိုက်သည်။
ခေါင်းဆောင်သုံးဦးသာမက အလင်းစီရင်စုမှ အခြားသောဧကရာဇ်နယ်ပယ်များကလည်း ခေါင်းဆောင်သုံးဦး၏ ရည်ရွယ်ချက်ကိုနားလည်သည်ဖြစ်သည်.
သူတို့အားလုံးက တိတ်တဆိတ်တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။ သူတို့က သစ္စာဖောက်နင်ချန်အားအနာဂတ် ပြဿနာများကိုတားဆီးရန်အတွက် သတ်လိုကြသည်။
“နင်ချန်..သတိထား. အားလုံးပဲ.. တိုက်ကြ..သတ်”
ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။ သူ၏ အော်သံက ညကောင်းကင်ယံ၌ရုတ်ခြည်းရိုက်ခတ်သွား၏။
“တိုက်”
အချိန်တွင် အလင်းစီရင်စုမှ အလင်းဧကရာဇ် ကျင်းထျန်းယု၏ အော်သံအရင်ဆုံးထွက်လာသည်။
သူက ညာဘက်လက်သည်းအားကောင်းကင်ထဲသို့မြှောက်လိုက်သည်။ ထို့နောက် ဧရာမအလင်းလက်သည်းကြီးက ညကောင်းကင်ယံအားထိုးခွင်းကာ နင်ချန်၏ ဦးခေါင်းထက်၌ပေါ်လာသည်။ ၎င်းက နတ်ဘုရား၏လက်ကဲ့သို့ အောက်ရှိနင်ချန်ကို လွှမ်းခြုံသွားသည်။
ထို့နောက် အစိမ်းရောင်ပင်လယ်တစ်ခုကဲ့သို့ သိပ်သည်းများပြားသော အစိမ်းရောင်ရုန်းများက နင်ချန်၏ဝန်းကျင်၌ပေါ်လာပြီး နင်ချန်၏ကိုယ်ကို ဖုံးလွှမ်းသွားသည်။
“ကံတရား.ချိန်းကြိုး”
ထို့နောက်တွင် ကံတရားဧကရာဇ်၏ ကံတရားချိန်းကြိုးလည်းပေါ်လာသည်။ ၎င်းက သိပ်သည်းများပြားသောအစိမ်းရောင်ရုန်းများပေါ်ကျဆင်းကာ နင်ချန်ထံဦးတည်သွားသည်။
ထို့နောက် ကောင်းကင်အပြည့်မီးတောက်များ ရေလှိုင်းလုံတို့ကြောင့်ဖြစ်ပေါ်လာသော မိုးပြာရောင် သားရဲရိုင်းများ၊ခမ်းနားသောဓားအော်ရာများ၊ ဧရာမတောင်ထွတ်ကြီးများ အားလုံးက နင်ချန်ကို ပြင်းထန်စွာတိုက်ခိုက်လာသည်။
နင်ချန်၏ပုံရိပ်က စွမ်းအင်များ၏ ဝါးမျိုမှုကိုခံရသည်မှာကြာပြီဖြစ်ပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားပြီဖြစ်သည်။
“သေစမ်း.. စက်ဆုပ်ဖို့ကောင်းလိုက်တာ.. ဘယ်လိုတောင် ချောင်းပြီး တိုက်ရဲတာလဲ”
မိုရှောင်ယောင်က နောက်ဆုံးတွင်တုန့်ပြန်လိုက်ပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ သူ၏ကိုယ်က လျှင်မြန်စွာရွေ့လျားသွားပြီး ကောင်းကင်ကိုထိုးခွင်းသွားသည်။
“ဒီတပည့်မိုက်ကတော့”
သူ၏တပည့်မိုက် တိုက်ခိုက်ခံရပြီး စွမ်းအင်များ ဝါးမျိုမှုကိုခံရသောအခါတွင် လင်ယဲ့ဖုန်း၏မျက်နှာ၌ စိတ်ရှုပ်ထွေးသော အမူအယာ တစ်ခု ဖြစ်ပေါ်လာသည်။
သို့သော် လင်ယဲ့ဖုန်းက တုန့်ဆိုင်းခြင်းမရှိပေ။ နောက်တစ်ကြိမ် သူ၏ကိုယ်မှ သိပ်သည်းသော အနက်ရောင်မြူတစ်ခုထွက်ပေါ်လာသည်။ သူကမိုရှောင်ယောင်၏နောက်မှနီးကပ်စွာလိုက်ပါလာပြီး ရှေ့သို့တစ်ဟုန်ထိုးဦးတည်လိုက်သည်။
ဤအချိန်တွင် အန်းချီနှင့်မြဲ့ထျန်းကလည်း ကျိန်ဆဲပြီး ရှေ့သို့ချီတက်လိုက်၏။
“မင်းတို့လည်းသွား..ငါ့ကိုကာကွယ်ဖို့ တစ်ယောက်ပဲနေခဲ့”
ရှစ်ဖုန့်ကတစ္ဆေစစ်သူကြီးခုနှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
တစ္ဆေစစ်သူကြီးခြောက်ဦးကလည်း တုန့်ဆိုင်းခြင်းမရှိဘဲ သူတို့၏ကိုယ်များက လျှင်မြန်စွာဖျက်ခနဲလှုပ်ရှားသွားသည်။
ရှစ်ဖုန့်၏လက်အောက်ရှိတစ္ဆေစစ်သူကြီးရှစ်ဦးမှ တစ်ယောက်သာ သူ့ကိုကာကွယ်ရန်နောက်၌ကျန်ရစ်ခဲ့သည်။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.ဝုန်း”
ထို့နောက်ဤဧရိယာအတွင်း ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ရှစ်ဖုန့်၏ဘက်ခြမ်းမှထွက်လာသော ကျွမ်းကျင်သူဆယ်ယောက်က သူတို့၏ ခွန်အားအကုန်သုံးကာတိုက်ခိုက်လိုက်ပြီး နင်ချန်အား ဝါးမျိုသွားသော ပြင်းထန်သည့်စွမ်းအင်များနှင့် အရှိန်အဟုန်ပြင်းစွာပစ်ဆောင့်သွားသည်။
“တိုက်”
“သတ်ကြ”
“မကောင်းဆိုးဝါးယိုမင်ရဲ့ အကြွင်းအကျန်အကုန်လုံးကို သတ်ကြ”
အလင်းဧကရာဇ်ကျင်းထျန်းယုက စစ်မြေပြင်အလယ်သို့ ဦးဆောင်ပျံသန်းလိုက်ပြီး အခြား ဧကရာဇ်နယ်ပယ်ဆယ့်တစ်ယောက်ကလည်းလျှင်မြန်စွာလိုက်ပါလှုပ်ရှားလိုက်ကြသည်။
ထျန်းဟန်တိုက်ကြီးအတွင်း မကြုံစဖူးတိုက်ပွဲတစ်ခု ထွက်ပေါ်လာပြီဖြစ်သည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE