အခန်း (၈၆၃)
Vol. 58 Ch. 863
တိုက်ပွဲ၏အလယ်ဗဟို၌ အထွတ်အထိပ်စွမ်းအားများက တစ်ခုနှင့်တစ်ခု ပစ်ဆောင့်ကြသည်။ အထွတ်အထိပ်ကျွမ်းကျင်သူများ၏ ပုံရိပ်များကလည်း တစ်ယောက်နှင့်တစ်ယောက် အဆက်မပြတ် ထိပ်တိုက်တွေ့နေကြ၏။
နင်ချန်အားဝါးမျိုသွားသော ပြင်းထန်သော စွမ်းအင်များထံသို့ ကြောင့်ကြမဲ့ဧကရာဇ်မိုရှောင်ယောင်က လက်သီးတစ်လုံးပစ်သွင်းလိုက်ပြီး ဧရာမအဖြူရောင်လက်သီးရိပ်ကြီးက ပျံသန်းထွက်ခွာသွားသည်။ တစ်ချိန်တည်းတွင် အနီရောင်ပုံရိပ်တစ်ခုကလည်း သူ့ထံသို့ချဉ်းကပ်လာသည်။
ရောက်ရှိလာသည့်သူက ပြင်ပမှရောက်ရှိလာသောသူ ဘိုးဘေးဟုန်ခွန်းပင်ဖြစ်သည်။
ဘိုးဘေးဟုန်ခွန်း၏ကြမ်းကြုတ် ခက်ထန်သောမျက်နှာ၌ မျက်လုံးတို့က ပြူးကျယ်နေပြီး ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်နှယ်ဖြစ်သည်။ သူက အနီရောင်ဆေဘာဓားကိုကိုင်ထားပြီး မိုရှောင်ယောင်ကို အော်ပြောလိုက်သည်။
“ဒီအဘိုးကြီးက မင်းရဲ့ဘိုးဘေးဟုန်ခွန်းပဲ. ဒီအဘိုးကြီးမင်းကိုအာရုံစိုက်နေတာ တော်တော်ကြာပြီ.. မင်းတို့အားလုံးထဲမှာ မင်းက အသန်မာဆုံးပဲ. ဒီအဘိုးကြီးမင်းကိုစမ်းသပ်ပါရစေ”
ဘိုးဘေးဟုန်ခွန်း၏စကားဆုံးသွား ချိန်တွင်သူက မိုရှောင်ယောင်၏ရှေ့သို့ရောက်နေပြီးဖြစ်သည်။ သူ၏လက်ထဲရှိ ဆေဘာဓားက တောင်တစ်လုံးကို ပင် ချေမွပစ်နိုင်သော ပြင်းထန်သည့်အော်ရာကိုထုတ်လွှတ်နေပြီး မိုရှောင်ယောင်ထံသို့ခုတ်ပိုင်းလိုက်သည်။
“ဆန်ကုန်မြေလေး. အဘိုးကြီကများ”
ဘိုးဘေးဟုန်ခွန်းက သူ့ထံသို့တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်လိုက်သည်ကိုတွေ့ရသောအခါတွင် မိုရှောင်ယောင်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ထို့နောက်သူ၏ကိုယ်က အပေါ်သို့ထိုးတက်သွားပြီး ပြင်းထန်သောလက်သီးချက်ကလည်းလိုက်ပါလာကာ ဘိုးဘေးဟုန်ခွန်း အသုံးပြုလိုက်သောပြင်းထန်သည့် ဓားသွားထံသို့ထိုးသွင်းလိုက်သည်။
“ထန်”
လက်သီးနှင့် အနီရောင်ဆေဘာဓားတို့ ထိခတ်မှုကြောင့် ကြွပ်ဆပ်သော အသံတစ်ခုထွက်ပေါ်လာ၏။
“ဟမ်”
ဤအချိန်တွင် တစ်ဖက်၏စွမ်းအားကြောင့် မိုရှောင်ယောင်ကော ဘိုးဘေးဟုန်ခွန်းနှစ်ယောက်လုံး ၏မျက်နှာများက ပြောင်းလဲသွားသည်။ ထို့နောက် မိုရှောင်ယောင်က အောက်သို့ထိုးကျသွားသည်။
ဘိုးဘေးဟုန်ခွန်းမှာမူ တစ်ဖက်လူ၏ခွန်အားကြောင့် အပေါ်သို့ပြန်ကန်တက်သွားသည်။
“ဒီသက်ကြားအိုကြီးမှာ စွမ်းရည်တစ်ချို့ရှိနေသေးတုံးပဲ…ကြည့်ရတာ အဲ့နှစ်တွေအများကြီးသူခွေး တစ်ကောင်လိုတော့ အချိန်ဖြုန်းနေခဲ့တာမဟုတ်ဖူးပဲ”
မိုရှောင်ယောင်က အောက်သို့ကျနေရင်း သူ့ဖာသာသူ တီးတိုးပြောဆိုလိုက်သည်။
“ဒီကလေးက တကယ့်ကို ထူးခြားအံ့ဖွယ်ပဲ”
ဘိုးဘေးဟုန်ခွန်းကလည်းအပေါ်သို့တစ်ဟုန်ထိုး ပြန်ကန်တက်နေရင်းပြောလိုက်သည်။ သို့သော် ထို့နောက်တွင် ဘိုးဘေးဟုန်ခွန်းက သွားပေါ်အောင်ပြုံးလိုက်ပြီး သူ၏ ကြမ်းကြုတ်ခက်ထန်သောမျက်နှာထက်၌ လွန်စွာရုပ်ဆိုးသောအပြုံးတစ်ခုပေါ်လာသည်။
“ဒီလိုပါရမီရှင်တစ်ယောက်ကို သတ်ရတာကသာ စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုဖြစ်လိမ့်မယ်..သတ်”
ဘိုးဘေးဟုန်ခွန်းက နောက်ဆုံးအော်ပြောလိုက်ပြီးနောက် သူ၏ အရှိန်ဖြင့်ပြန်ကန်နေသော ကိုယ်ကို တည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီး အောက်သို့ ဦးတည်လိုက်၏။
“တိုက်”
မိုရှောင်ယောင်ကလည်းအပေါ်သို့ထိုးတက်လိုက်ပြီး ဘိုးဘေးဟုန်ခွန်းနှင့်နောက်တစ်ကြိမ်ထိပ်တိုက်တွေ့ရန်ပြင်ဆင်လိုက်သည်။
ဤအချိန်တွင် စစ်မြေပြင်၌ မိုရှောင်ယောင်တစ်ဦးတည်းသာ တိုက်နေခြင်းမဟုတ်ပေ။ အခြား အထွတ်အထိပ်ကျွမ်းကျင်သူများကလည်း ကိုယ့်ဖာသာကိုယ်တိုက်ခိုက်နေကြသည်။
အမှောင်စီရင်စု ၏ ခေါင်းဆောင်သုံးဦးဖြစ်သော လင်ယဲ့ဖုန်း၊အန်းချီနှင့်မြဲ့ထျန်းတို့၌လည်း သူတို့၏ ပြိုင်ဘက်ဟောင်းများရှိသည်။ အလင်းစီရင်စုမှ အလင်း၊အသက်နှင့် ကံတရားအင်အားစုများကလည်း သေခြင်း၊အမှောင်နှင့် ပျက်စီးခြင်းအင်အားစုများနှင့်ပြင်းထန်စွာ ထိတွေ့တိုက်ပွဲဖြစ်နေကြသည်။
တစ္ဆေစစ်သူကြီးခြောက်ဦးက ငရဲဘုံကိုးခု တစ္ဆေခြောက်ဦး တိုက်ပွဲအခင်းအကျင်းကိုခင်းကျင်းထားသည်။သူတို့ခြောက်ဦး၏ အင်အားဖြင့် ယခင်က ငရဲဘုံကိုးခု ဧကရာဇ်အား လုပ်ကြံခဲ့သော အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ခြောက်ဦးနှင့်တကွ ဧကရာဇ်လင်ဝူ၏ အမွေဆက်ခံသူ လင်စန်ကိုပါရင်ဆိုင်နေသည်။
သို့သော် ခြောက်ယောက်ခုနှစ်ယောက်ရင်ဆိုင် ရသည်ဖြစ်သောကြောင့် တစ္ဆေစစ်သူကြီးခြောက်ဦးက လျှင်မြန်စွာ ဖိနှိပ်ခံရသောပုံစံသို့ကျဆင်းသွားသည်။ ဤသို့သာဆက်သွားလျှင် မကြာခင် သို့မဟုတ်နောက်ပိုင်းတွင် ထိုခုနှစ်ဦး ၏ အနိုင်ယူခြင်းကို ခံရလိမ့်မည်ဖြစ်သည်။
အမျိုးသမီးတစ္ဆေစစ်သူကြီးဖြစ်သူ ကွေ့မြဲ့၏ ကာကွယ်မှုအောက်တွင် ရှစ်ဖုန့်က သူ့ရှေ့ရှိ စစ်မြေပြင်ကိုစိုက်ကြည့်နေသည်။ သို့သော် ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားကတော့ အောက်ဘက်ရှိ စစ်မြေပြင်အားဖတ်ရှုနေခြင်းကို မရပ်တန့်ပေ။
ထျန်းယောင်တောင်ပေါ်တွင် ပြင်းထန်သောတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။ ရှစ်ဖုန့်၏အမိန့်အောက်ရှိ တစ္ဆေစစ်သည်များမှာ မွန်းစတားကလန်၏ စွမ်းအားအောက်တွင် အဆက်မပြတ်သတ်ဖြတ်ခံနေရသည်။
အကြိမ်တိုင်းအကြိမ်တိုင်းတွင် မွန်းစတားကလန်၏ စစ်သည်အချို့လည်း ကျဆုံးနေသည်။
မွန်းစတားကလန်၏ ကျဆုံးမှုနှင့်အတူ သေခြင်းစွမ်းအင်လှိုင်များ၊ ဝိညာဉ်စွမ်းအားနှင့်တောက်ပနီရဲသော သွေးများက ညကောင်းကင်ယံထဲရှိ ရှစ်ဖုန့်ထံ အဆက်မပြတ်တစ်ဟုန်ထိုးဦးတည်နေ၏။ ရှစ်ဖုန့်၏ကုန်ခမ်းသွားသော စွမ်းအင်များက အဆက်မပြတ် ပြန်လည်ဖြည့်တင်းနေသည်။
ထိုအချိန်တွင် လင်ထဲ၌ကောင်းကင်မွန်းစတား ဓားကိုင်ထားပြီး သူတို့ကိုငမ်းငမ်းတက်ကြည့်နေသော ယောင်ဟွမ်က အောက်သို့ပျံသန်းသွားသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။
“ကွေ့မြဲ့ ..အောက်ကိုသွား. မွန်းစတားဧကရာဇ်ရဲ့သားကို မင်းသတ်နိုင်ရင်အကောင်းဆုံးပဲ. သူ့ရဲ့ဝိညာဉ်ကို ဆွဲထုတ်ခဲ့”
ရှစ်ဖုန့်က အောက်သို့ထိုးညွှန်ပြီး အနက်ရောင်ချပ်ဝတ်အားဝတ်ဆင်ထားပြီး အဖြူရောင်ပုဆိန်ကို ပုခုံးထက်၌ တင်ထားသော အမျိုးသမီးတစ္ဆေစစ်သူကြီး ကွေ့မြဲ့ကိုပြောလိုက်သည်။ သူမကနှစ်လိုစွဲမက်ဖွယ်ညှို့ငင်အား ကောင်းသော ပုံရိပ်ကိုပိုင်ဆိုင်ထား၏။
“ကြီးမြတ်သောဧကရာဇ်.အရှင့်ကိုကျွန်မကာကွယ်တာက ပိုကောင်းပါတယ်. . အကယ်၍ ကျွန်မဆင်းသွားပြီး အဲ့သူတောင်းစားတွေကိုတိုက်ခိုက်ရင် .. ကြီးမြတ်သောဧကရာဇ်.အရှင်က…”
ကွေ့မြဲ့ကပြောလိုက်သည်။
“အဆင်ပြေတယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ငါ့ရဲ့လက်ရှိခွန်အားနဲ့ သူတို့ငါ့ကိုသတ်ဖို့မလွယ်ဘူး. မစိုးရိမ်နဲ့. မဟုတ်ရင် ယောင်ဟွမ်ပါပေါင်းလိုက်ရင် ငါတို့ရဲ့တစ္ဆေစစ်သည်တွေ မရေတွက်နိုင်တဲ့ သေကြေပျက်စီးမှုကို ခံစားရလိမ့်မယ်”
“ဒါက”
ညှို့ဓာတ်ပြင်းသော ကွေ့မြဲ့၏မျက်နှာထက်တွင် တုန့်ဆိုင်းမှုတို့ပေါ်လာသည်။ ထို့နောက် သူမကခေါင်းကိုငုံ့၍ အောက်ဘက်ရှိ စစ်မြေပြင်နှင့် မွန်းစတားဧကရာဇ် ၏ သားဖြစ်သူ ရွှေရောင်ဆံပင်ပိုင်ရှင် ယောင်ဟွမ်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကွေ့မြဲ့က ခေါင်းကိုမော့၍ ရှစ်ဖုန့်ကိုကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
“အရှင့်အမိန့်အတိုင်းပါပဲ”
တစ်ချိန်တည်းတွင် ကွေ့မြဲ့၏ ပုံရိပ်က ရုတ်တရက်လှုပ်ရှားလိုက်ပြီး အဖြူရောင်ဥက္ကာပျံတစ်ခုအဖြစ်ပြောင်း လဲသွားသည်။ သူမက ထျန်းယောင်တောင်ပေါ်သို့ထိုးဆင်းလိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
“ယောင်ဟွမ်..သေစမ်း”
“အိုး”
အောက်သို့ဆင်းနေသော ယောင်ဟွမ်မှာ ရုတ်တရက်အထက်မှအော်ပြောသံ ကိုကြားလိုက်ရသည်။ အထက်မှကျဆင်းလာသော စွမ်းအားကြီး အော်ရာတစ်ခုကို သူအာရုံခံမိလိုက်သည်။ သူ၏မျက်နှာ၌ အေးစက်သောအမူအယာတစ်ခု ထွက်ပေါ်လာသည်။ သူက ကောင်းကင်ထဲသို့ ကောင်းကင်မွန်းစတားဓားကို ထိုးညွှန်ပြီးအေးစက်စွာအော်ပြောလိုက်သည်။
“မင်းသေချင်နေတာပဲ”
ရုတ်ခြည်း ယောင်ဟွမ်၏ သက်ဆင်းနေသောကိုယ်ကအပေါ်သို့ဦးတည်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ အဖြူရောင်အလင်းတန်းထံဝင်ရောက်သွားသည်။
“ဖန်း”
အလင်းတန်းနှစ်ခု တစ်ခုကအဖြူ တစ်ခုကရွှေရောင်တို့က ရုတ်ခြည်းတစ်ခုနှင့်တစ်ခု ထိခတ်သွားသည်။ ပြင်းထန်သော ကြွပ်ဆပ်သံတစ်ခုကလည်းအတူလိုက်ပါလာသည်။
ကွေ့မြဲ့ထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်က ဟင်းလင်းပြင်ထဲ၌ရပ်နေဆဲဖြစ်ပြီး ကျွမ်းကျင်သူများကြားရှိ တိုက်ပွဲကို စောင့်ကြည့်နေသည်။ ကွေ့မြဲ့နှင့် ယောင်ဟွမ်တို့၏ တိုက်ပွဲခွန်အားက မျှသည်ဖြစ်သည်။ အချိန်တိုအတွင်းအနိုင်ရရှိသူအား ဆုံးဖြတ်ရန်ခက်ခဲသည်ဖြစ်သည်။
သူ၏ရှေ့တွင် အရေးနိမ့်နေသူက သူ၏အမိန့်အောက်ရှိ တစ္ဆေစစ်သူကြီးခြောက်ဦးဖြစ်သည်။ ငရဲဘုံကိုးခု တစ္ဆေခြောက်ဦး တိုက်ပွဲအခင်းအကျင်းက ဧကရာဇ်နယ်ပယ်ခုနှစ်ဦးကြောင့် ကျိုးပျက်တော့မည်ဖြစ်သည်။
သို့သော် ရှစ်ဖုန့်၏မျက်နှာထက်၌ တည်ငြိမ်သောအမူအယာတစ်ခုရှိနေဆဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ခမ်းနားပြင်းထန်သောစွမ်းအားများ အောက်ရောက်ရှိသွားသောသူက မသေဆုံးရုံသာမက ထိုအစား ငြိမ်ကုတ်နေသော ကြမ်းကြုတ်ခက်ထန်သည့်သားရဲတစ်ကောင်၏ အော်ရာများ တစ်ဟုန်ထိုးမြင့်တက်လာသည်ကို သူ၏ ဝိညာဉ်စွမ်းအားဖြင့်အာရုံခံမိသောကြောင့်ဖြစ်သည်။
“ဟီးဟီး..ဟီးဟီးဟီး.ဟီးဟီးဟီးဟီး..”
ရုတ်တရက်နတ်ဆိုးတစ်ကောင်ကဲ့သို့ ထူးဆန်းသောရယ်မောသံက ကောင်းကင်ထဲ၌ ဆက်တိုက်ထွက်ပေါ်လာသည်။
“ဟီးဟီး… မြဲ့ကျိ.. ကိုယ်တို့တွေ ထပ်ပြီး အတူတူတိုက်ခိုက်ရတော့မယ်.. ကိုယ့်ရဲ့လှပပြီး ညှို့ယူဖမ်းစား ချစ်ဖို့ကောင်းလွန်းတဲ့ မြဲ့ကျိ.. “
အသံကအစပိုင်း၌ညင်သာသော်လည်း နောက်ပိုင်းတွ် သားရဲတစ်ကောင်ကဲ့သို့ကြုံးဝါးလာသည်။
“သတ်..သတ်ပစ်..သတ်..သတ်..ကိုယ့်အသတ်ကိုလိုချင်တဲ့ ဒီလူတွေအကုန်လုံးကိုသတ်ပစ်..သတ်”
ထို့နောက်ချက်ချင်းပြင်းထန်သောစွမ်းအင်များထံမှ လွန်စွာကြီးမားသောသေခြင်း မြူတန်းကြီးထွက်ပေါ်လာသည်။ မိုရှောင်ယောင်၊အမှောင်စီရင်စု ခေါင်းဆောင်သုံးဦးနှင့် တစ္ဆေစစ်သူကြီး ခြောက်ဦးတို့၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် ပြင်းထန်သောစွမ်းအင်များ မှာ ဖျက်ဆီးခံရတော့မည်ဖြစ်သည်။
သိပ်သည်းသော သေခြင်းမြူတန်းအတွင်းမှ မှုန်ဝါးသောပုံရိပ်တစ်ခုကို ခပ်ရေးရေးမြင်ရ၏။ ဤမှုန်ဝါးဝါးပုံရိပ်၏ရင်ခွင်အတွင်းတွင် လူတစ်ယောက်ရှိနေပုံပေါ်သည်။
သေခြင်းတားမြစ်နယ်မြေအတွင်း၌ နင်ချန်နှင့်ဆုံတွေ့ခဲ့သော ရှစ်ဖုန့်က ၎င်း၏ရင်ခွင်အတွင်းမှသူက လှပနှစ်လိုဖွယ်ကောင်းသော အနီရောင်ဝတ်အမျိုး သမီးဖြစ်မှန်း ကို သိသည်ဖြစ်သည်။
ဤအချိန်တွင် တိုက်ပွဲအတွင်းရှိ ကျွမ်းကျင်သူများ၏ အာရုံကလည်း မြင့်တက်လာသောသေခြင်းမြူတန်းကြီး၏အပေါ်သို့အာရုံစူးစိုက်လာသည်။
“ဒီတပည့်မိုက်ကတော့”
အလင်းဧကရာဇ်နှင့် တိုက်ခိုက်နေသော လင်ယဲ့ဖုန်းက သေခြင်းအနက်ရောင်မြူတန်းကိုကြည့်၍ အေးစက်စွာရေရွတ်လိုက်သည်။
“ဒီငကြောင် မြေးတပည့်. သူ့ရဲ့ပါရမီကတကယ့်ကိုထူးခြားအံ့ဖွယ်ပဲ..”
ရှစ်ဖုန့်ပင် မကျယ်သောအသံဖြင့် ချီးကျူးသမှုပြုလိုက်သည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE