အခန်း (၈၆၄)
Vol. 58 Ch. 864
“ဟားဟား..ဟားဟားဟားဟား”
ဧရာမအနက်ရောင် သေခြင်းမြူတန်းကြီးကြားမှ ပေါက်ကွဲရယ်မောသံထွက်ပေါ်လာသည်။ ပထမဆုံး၎င်းကချောက်ချားဖွယ်ဖြစ်ပြီး ဖြည်းဖြည်းချင်း ဝမ်းနည်းကြေကွဲနာကျင်မှု အဖြစ်ပြောင်းလဲသွားသည်။
“သတ်”
နင်ချန်၏ အော်သံနောက်သို့လိုက်ပါ၍ ဧရာမအနက်ရောင်သေခြင်းမြူတန်းကြီး က အနက်ရောင်သေခြင်းဓားတစ်လက် အဖြစ်ပြောင်းလဲသွားသည်။ ၎င်းက လင်ယဲ့ဖုန်းနှင့်တိုက်ခိုက်နေသော အလင်းဧကရာဇ် ကျင်းထျန်းယုထံသို့ကျဆင်းသွား၏။
“ဟမ်”
သူ့ရှေ့မှ လင်ယဲ့ဖုန်း၏ ပြင်းထန်သောတိုက်ခိုက်မှုများကိုရင်ဆိုင်နေစဉ် နောက်ကျောဘက်မှ သူ့ထံလာနေသော စွမ်းအားကြီး အနက်ရောင် သေခြင်းဓားကိုအာရုံခံမိသောအခါတွင် ကျင်းထျန်းယု၏အမူအယာကပြောင်းလဲသွားသည်။
သေခြင်းဧကရာဇ်လင်ယဲ့ဖုန်းက သူနှင့်တိုက်ခိုက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သူတို့၏တိုက်ပွဲစွမ်းအားက တစ်ဖက်နှင့်တစ်ဖက် မျှချေညီ၏။ ယခု သူတို့နှစ်ယောက်၏ တိုက်ပွဲအတွင်း အခြားကျွမ်းကျင်သူတစ်ဦးက ဝင်ရောက်လာသည်။
“ဘယ်ကောင်ကလာပြီးကူညီနေတာလဲ”
ကျင်းထျန်းယု၏အော်သံက လေထဲ၌ရိုက်ခတ်သွားသည်။
ဤအချိန်တွင် အသက်ဧကရာဇ် မိုဖန်းချန်နှင့် ကံတရားဧကရာဇ် ဝူချမ်ရွှယ်တို့လည်း ကျင်းထျန်းယု၏အခြေအနေကိုအာရုံခံမိသွားသည်။ သူတို့နှစ်ယောက်ကူညီ ချင်သော်လည်း အန်းချီနှင့် မြဲ့ထျန်းတို့၏ခိုင်မာစွာ နှောက်ယှက်မှုကို ခံထားရသည်။
အမှောင်လှိုင်းများနှင့် ပျက်စီးခြင်း စွမ်းအင်များက သူတို့ကို အဆက်မပြတ်တိုက်ခိုက်နေပြီး ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ဖြစ်နေသည်။သူတို့၏ခွန်အားအကုန်သုံး၍ ခုခံရန်သာတက်နိုင်၏။
“ညီအကိုကျင်း..ငါမင်းကို ကူညီမယ်”
အော်ပြောလိုက်သောသူက မိုးကြိုးဧကရာဇ် အောင်လိုင်ရှင်းဖြစ်သည်။
ဤအချိန်တွင် တစေ္ဆစစ်သူကြီးခြောက်ဦးနှင့် တိုက်ခိုက်နေသော အထွတ်အထိပ်ကျွမ်းကျင်သူခုနှစ်ဦးထဲမှအော်သံထွက်ပေါ်လာသည်။
တစ္ဆေစစ်သူကြီးခြောက်ဦးအခင်းအကျင်းကို ချိုးဖျက်ခြင်းကို မြင်တွေ့ရန်အားလက်လျော့ရန်ကို သူတို့မပြုလုပ်လိုသော်လည်း သူတို့၌ရွေးချယ်စရာမရှိဘဲ ကျင်းထျန်းယုကို ကူညီဖို့တစ်ယောက်ကို လွှတ်လိုက်ရသည်။
အထွတ်အထိပ်ဧကရာဇ်နယ်ပယ်တစ်ဦး ၏အရေးပါမှုကို သူတို့ သိသည်ဖြစ်သည်။ ကျင်းထျန်းယုသာကျဆုံးသွားလျှင် အခြေအနေကပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ယနေ့ညတွင် ပြန်လည်မွေးဖွားလာသောယိုမင်အားသတ်ရန် မျှော်လင့်ချက်မရှိတော့ပေ။ သူတို့သာ ယိုမင်ကို ယနေ့ညမသတ်နိုင်ခဲ့လျှင် အနာဂတ်၌ သူတို့အတွက်မျှော်လင့်ချက်မရှိတော့သည်ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ ယိုမင်ကသူတို့ကိုသတ်ရန် အတိတ်တုံးက အထွတ်အထိပ်အခြေအနေသို့ပြန်ရောက်သွားနိုင်သည်။
မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်း၏ အော်သံက မိုးခြိမ်းသံကဲ့သို့ဖြစ်သည်။ ထို့နောက် သူကတိုက်ခိုက်နေခြင်းကိုရပ်တန့်လိုက်ပြီး ကျင်းထျန်းယုထံသို့ကျဆင်းလာသည့် ဧရာမအနက်ရောင်သေခြင်းဓားထံသို့ ပျံသန်းသွားလိုက်သည်။
သူမရောက်ခင် သူ၏ကိုယ်မှ စိမ်းပြာရောင်မီးတောက်တို့ထွက်ပေါ်လာသည်။မျက်စိတစ်မှိတ်အတွင်း စိမ်းပြာရောင်မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်သေခြင်းဓားထံသို့ ဦးတည်သွားသည်။
အောင်းလိုင်ရှင်းထံမှ စိမ်းပြာရောင်မီးတောက် ပင်လယ်တစ်ခုထွက်ပေါ်လာသကဲ့သို့ မိုးချုန်းသံများကလည်း ဆက်လက်ထွက်ပေါ်လာသည်။ ယင်းမှာ မိုးကြိုးများက အဆက်မပြတ်ပေါက်ကွဲလာပြီး ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးအားဖျက်ဆီးပစ်တော့မည့်နှယ်ပင်ဖြစ်သည်။
မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်းက ကမ္ဘာဖျက်မိုးကြိုးဟုခေါ်သော ကောင်းကင်မီးတောက်အမျိုးအစားတစ်ခုကို ပိုင်ဆိုင်ထားသည်ဟုဆိုသည်။ ၎င်းကမီးပုံသဏ္ဍန်ဖြစ်သော်လည်း ၎င်းက မိုးကြိုးလျှပ်စီးဓာတ်အခြေပြု အထူးတည်ရှိမှုတစ်ခုဖြစ်သည်။
အောင်းလိုင်ရှင်း၏ ဖျက်ဆီးခြင်းမိုးကြိုးများအောက်တွင် ကျင်းထျန်းယုထံသို့ ကျဆင်းလာသော ဧရာမအနက်ရောင်သေခြင်းဓားကြီးကစိမ်းပြာရောင် မီးတောက်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီးဟင်းလင်းပြင်ထဲ၌ ရပ်တန့်သွားကာ ခံစားချက်မဲ့စွာရပ်နေပြီး မိုးခြိမ်းသံများသာဆက်လက် ထွက်ပေါ်နေသည်။
“ချိုးဖျက်စမ်း”
ဤအချိန်တွင်နင်ချန်၏ အော်သံက ဧရာမစိမ်းပြာရောင်မီးတောက်ဓားကြီး ထံမှထွက်ပေါ်လာသည်။ သူ့အားဝါးမျိုထားသော ဧရာမစိမ်းပြာရောင်မီးတောက်ဓားကြီးကပြိုကွဲသွားပြီး ဘာသဲလွန်စမှမကျန်အောင်ပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင် နင်ချန်၏ ပုံရိပ်ကပေါ်လာသည်။ နင်ချန်သာမက သူ၏ရင်ခွင်အတွင်း၌ အလွန်လှပသော အနီရောင်ဝတ်အမျိုးသမီးအလောင်း တစ်ခုလည်းရှိနေသည်။ နင်ချန်နှင့် အနီရောင်ဝတ်အမျိုးသမီး၏ဖြူဖျော့သော မျက်နှာထက်၌ သေခြင်းအနက်ရောင်မြူမျှင်များဖုံးလွှမ်းနေ၏။ သူတို့က လွန်စွာနတ်ဆိုးဆန်လှသည်။
“မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်း.. ကောင်းတယ်..အရမ်းကောင်းတယ်.. ဟားဟားဟားဟား. အရင်တုံးက မင်းက ယိုမင်ကို လုပ်ကြံသတ်ဖြတ်တာမှာပါဝင် ပက်သက်ခဲ့တယ်.. ငါသာမင်းကိုသတ်နိုင်ရင် အရင်တုံးက လုပ်ခဲ့တဲ့အမှားအတွက် ဆရာကငါ့ကိုခွင့်လွှတ်ပေးကောင်းပေးနိုင်တယ်”
တလိပ်လိပ်ထနေသော မီးတောက်များရှေ့ရှိ ခရမ်းရောင်ဝတ်ပုံရိပ်အား ကြည့်ရင်းနင်ချန်က ရက်စက်မည့်ဟန်ရယ်မောလိုက်သည်။ သူ၏ရင်ခွင်ထဲမှ အနီရောင်ဝတ်အမျိုးသမီးအလောင်းကလည်း ရင်ခွင်အတွင်းမှပျံသန်းထွက်လာသည်။
နင်ချန်၏လက်တို့က ထူးဆန်းသောဆီးလ်တစ်ခုကို ပုံဖော်လိုက်သည်။ အလွန်လှပသော အမျိုးသမီးအလောင်းကလည်း မျောလွင့်ရပ်တည်နေသည်။ နင်ချန်ကဆီးလ်ကိုပုံဖော်သကဲ့သို့ အမျိုးသမီးအလောင်း၏လက်တို့ကလည်း နင်ချန်ကဲ့သို့တူညီသည့်ထူးဆန်းသော ဆီးလ်ကို ပုံဖော်နေသည်။
ထို့နောက် နင်ချန်၏လက်မှဆီးလ်တို့ အဆက်မပြတ်ပြောင်းလဲနေသည်။ အနီရောင်အမျိုးသမီးအလောင်း၏ကိုယ်မှ သေခြင်းမြူအမျှင်တန်းများ မြန်ဆန်စွာထွက်လာပြီး သူမ၏ရေခဲတမျှအေးစက်သော ခန္ဓာကိုယ်ဝန်းကျင်တွင်ရစ်ခွေနေသည်။
“ကိုယ့်ရဲ့ချစ်ရတဲ့မြဲ့ကျိ..သူ့ကိုသတ်ပစ်”
နင်ချန်က အမျိုးသမီးအလောင်းအား ညင်သာစွာပြောလိုက်သည်။
သူ၏အသံထွက်ပေါ်လာသကဲ့သို့ သူ့ရှေ့၌မျောလွင့်ရပ်တည်နေသော အနီရောင်ဝတ်အမျိုးသမီးအလောင်းက ရုတ်ခြည်းလှုပ်ရှားလိုက်ပြီး သူမရှေ့ရှိတလိပ်လိပ်ထနေသော စိမ်းပြာရောင်မီးတောက်များထံတစ်ဟုန်ထိုးဦးတည်သွားသည်။
အလွန်လှပသောအမျိုးသမီးမြဲ့ကျိ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ဆန်းကြယ်သောစွမ်းအားတစ်ခုကြောင့် စိမ်းပြာရောင်မီးတောက်ပင်လယ်မှာ ဘေးသို့ခွဲဖြာသွားသည်။
မြဲ့ကျိကမြင့်မားသောအရှိန်ဖြင့်ရှေ့သို့လာနေသည်။ မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်း၏နားသို့ရောက်တော့မည့်အချိန်တွင် သူမ၏ညာလက်အားဆန့်ထုတ်ကာ လက်သည်းတစ်ခုအဖြစ်ပုံပြောင်းလိုက်သည်။ သိပ်သည်းသောအနက်ရောင်သေခြင်းမြူတို့ဝန်းရံနေသည့် ဤလက်သည်းကိုအသုံးပြု၍ အောင်းလိုင်းရှင်း၏နှလုံးသားကို ထွင်းဖောက်ချင်ပုံရသည်။
“ဒါကဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ.. ငါ့ရဲ့ကမ္ဘာဖျက်မိုးကြိုးကို ဘယ်လို ချိုးဖျက်နိုင်တာလဲ.”
မြဲ့ကျိကသူ့ထံသို့လာနေသည်ကိုတွေ့ ရသောအခါတွင် အောင်းလိုင်ရှင်းက အေးစက်စွာအော်ပြောလိုက်သည်။ သူ၏ညာလက်၌ရွှေရောင်လျှပ်စီးတစ်ခုပေါက်ကွဲထွက်ပေါ်လာသည်။ ထို့နောက်လက်ဝါးပုံစံပြောင်း၍ ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ဧရာမရွှေရောင်မိုးကြိုးလျှပ်စီးလက်ဝါးကြီးက မြဲ့ကျိထံသို့ပေါက်ကွဲဦးတည်သွားသည်။
ဤအချိန်တွင် နင်ချန်၏ ထူးဆန်းသောအသံက အောင်းလိုင်ရှင်း၏ ဦးခေါင်းထက်မှထွက်ပေါ်လာသည်။
“မင်းက ငါ့ရဲ့အချစ်လေး မြဲ့ကျိကို ထိခိုက်စေချင်တာလား. အောင်းလိုင်ရှင်း.ဒီညမင်းသေချာ ပေါက်သေရမယ်”
ဤရူးနေသောကောင်ကသူ၏အထက်၌ ဘယ်အချိန်ကပေါ်လာသည်ကို အောင်းလိုင်ရှင်းမသိပေ။ ၎င်း၏ခြေထောက်၌ အနက်ရောင်သေခြင်းမြူတစ်ခုဝန်းရံနေပြီး ဧရာမရွှေရောင်လက်ဝါးရိပ်ကြီးပေါ်ဆောင့်နင်းချလာသည်။
တစ်ချိန်တည်းတွင် မြဲ့ကျိ၏လက်သည်းက ဧရာမရွှေရောင်မိုးကြိုးလျှပ်စီးလက်ဝါးကြီးကို ဆုပ်ကိုင်လိုက်သည်။
နင်ချန်နှင့်အမျိုးသမီးအလာင်းတို့၏ ပူးပေါင်းအားထုတ်မှုအောက်တွင် ဧရာမရွှေရောင်လျှပ်စီးလက်ဝါးကြီးမှာရုတ်ခြည်း ပြိုကွဲသွားသည်။ မြဲ့ကျိ၏ ကိုယ်က မှေးမှိန်ပျောက်ကွယ်သွားသော စွမ်းအင်တို့ကို ဖြတ်သန်းလာသည်။ သူမ၏ညာလက်သည်းက အောင်းလိုင်ရှင်း၏ရင်ဘက်ထံ ဆက်လက်ရောက်ရှိလာ၏။
ထိုအခိုက်အတန့်တွင် နင်ချန်က ထပ်မံလှုပ်ရှားလိုက်ပြီး အောင်းလိုင်ရှင်း၏ခေါင်းပေါ်ဆောင့်နင်းချလိုက်သည်။
“မင်းတို့အားလုံး .ငါ့အတွက်သေကြစမ်း”
ဧရာမရွှေရောင်မိုးကြိုးလျှပ်စီးလက်ဝါးကြီးက ရုတ်ခြည်းဖျက်ဆီးခံလိုက်ရပြီးနင်ချန်နှင့် အမျိုးသမီးအလောင်းတို့က သူ့အား အတူတကွတိုက်ခိုက်လာသည်ကို တွေ့ရသောအခါတွင် အောင်းလိုင်ရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ နောက်တစ်ကြိမ် သူ၏ စွမ်းအားအကုန်အသုံးပြုလိုက်၏။ သူ၏ကိုယ်မျာ ဧရာမ ခရမ်းရောင်လျှပ်စီးတို့ပေါက်ကွဲထွက်လာပြီးသူကိုယ်က ဧရာမခရမ်းရောင်မိုးကြိုးလျှပ်စီး ပုဆိန်ကြီးအဖြစ်ပြောင်းလဲသွားသည်။
ဧရာမမိုးကြိုး လျှပ်စီး ပုဆိန်ကြီး၏အပေါ်တွင် ခြစ်ခြစ်တောက်ပူသောစိမ်းပြာရောင်မီးတောက်တို့ တောက်လောင်နေသည်။ကောင်းကင်ဘုံ ကဒေါသထွက်ကာ ထပ်လဲလဲ အော်သကဲ့သို့ မိုးချုန်းသံများက တစ်လှိုင်းပြီးတစ်လှိုင်းထွက်ပေါ်လာသည်။ ထို့နောက်၎င်းက နင်ချန်နှင့်မြဲ့ကျိတို့ထံကျဆင်းသွားသည်။
“ဟီးဟီးဟီး. မြဲ့ကျိ..မင်းနဲ့ကို ယ် ပုံရိပ်ပေါင်းစည်းမယ်”
အောင်းလိုင်ရှင်း၏ ကြမ်းကြုတ်ပြင်းထန်သောတိုက်ခိုက်မှုအား မြင်တွေ့ရသောအခါတွင် နင်ချန်နှင့်မြဲ့ကျိတို့က သူတို့၏တိုက်ခိုက်မှုများကို တစ်ချိန်တည်းပြန်ရုတ်သိမ်းလိုက်သည်။ နင်ချန်ကဆုတ်ခွာခြင်းမရှိချေ။ ထိုအစား သူ၏မျက်နှာထက်၌ သွေဖည်ရက်စက်ယုတ်မာသော အပြုံးတစ်ခုထပ်မံဖြစ်ပေါ်လာသည်။
ထို့နောက်သူ၏ကိုယ်မှ ဧရာမအနက်ရောင်အရိပ်ကြီးတစ်ခု မြင့်တက်ထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင် မြဲ့ကျိ၏ကိုယ်ပေါ်မှလည်း ဧရာမသွေးနီရောင်အရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ အရိပ်နှစ်ခုကလျှင်မြန်စွာ တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားသည်။ မြဲ့ကျိက သူမထံသို့ခုတ်ပို်ငးကျဆင်းလာသည့် အောင်းလိုင်ရှင်း၏ မိုးကြိုးလျှပ်စီးပုဆိန်ထံ သူမ၏လက်ညှိုးကိုထိုးညွှန်လိုက်သည်။ မြဲ့ကျိ၏ မျက်လုံးတို့က ပြူးကျယ်စွာပွင့်လာ၏။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”
ပြင်းထန်သောပေါက်ကွဲသံများက ကောင်းကင်ကိုပင်လှုပ်ခါစေသည်။ ညကောင်းကင်ယံထဲ၌ ပြင်းထန်သောစွမ်းအင်များ ဖရိုဖရဲဖြစ်လာသည်။ ကောင်းကင်နှင့်မြေပြင်ကြားထဲရှိ အာကသနေရာလွတ်တို့က ပင်လယ်လှိုင်းလုံးတို့ကဲ့သို့ ပြင်းထန်စွာထပ်မံယိမ်းထိုးလာသည်။ လှုပ်ခတ်မှု၏အောက်တွင် အာကာသနေရာလွတ်တို့က အက်ကွဲကြောင်းများဖြစ်ကာ ဆုတ်ဖြဲခံရပြီးအားကောင်းသော စုပ်ယူအားတစ်ခုကို ထုတ်လွှတ်လာ၏။
ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်စွမ်းအား အပြည့်တို့ပစ်ဆောင့်ကြသည်။ ယင်းက ကောင်းကင်နှင့်မြေကြီးကို ပါဖျက်ဆီးပစ်တော့မည့်နှယ်ဖြစ်သည်။
“ပုံရိပ်ပေါင်းစည်းခြင်း. ဒီရူးနေတဲ့ကောင်လေး.. က သူ့ရဲ့ကိုယ်ပိုင် သိုင်းပညာကို ဖန်တီးခဲ့တာလား. စိတ်ဝင်စားစရာပဲ”
သူ့ရှေ့ရှိ ပြင်းထန်သောတိုက်ပွဲနှင့် လှုပ်ခါနေသော ညကောင်းကင်ယံကိုကြည့်ရင်း ရှစ်ဖုန့်က ပြုံးလိုက်ပြီးသူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE