← Chapters

အခန်း (၈၆၅)

Vol. 58 Ch. 865

အခန်း (၈၆၅)

Vol. 58 Ch. 865

ရှစ်ဖုန့်က ဧရာမပုံရိပ်ယောင်တစ်ခုစီအတွင်းရှိ နင်ချန်နှင့်လှပသောအမျိုးသမီးအလောင်းအား စောင့်ကြည့်နေသည်။ ထို့နောက် ပုံရိပ်ယောင်နှစ်ခုက ပေါင်းစည်းသွားပြီး သူငရဲဘုံကိုးခု ဧကရာဇ်ဖြစ်စဉ်က ဖန်တီးခဲ့သော ပြိုင်ဘက်ကင်း သိုင်းပညာများနှင့်နှိုင်းယှဉ်နိုင်သည့် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။

အထွတ်အထိပ်စွမ်းအားများ၏ ထိပ်တိုက်တွေ့မှုအောက်တွင် အောင်းလိုင်ရှင်း၏ မိုးကြိုးလျှပ်စီး ပုဆိန်က မှေးမှိန်ပျောက်ကွယ်သွားသကဲ့သို့ နင်ချန်၏ ပုံရိပ်ယောင်တိုက်ခိုက်မှုကလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ ရုတ်ခြည်း မိုးကြိုးဧကရာဇ်မှာခန္ဓာကိုယ်ကနောက်သို့တစ်ဟုန်ထိုး လွင့်ထွက်သွားသကဲ့သို့ မယုံကြည်နိုင်သော ဟန်ပန်တစ်ခုကလည်းဖြစ်ပေါ်လာသည်။

ဤအရာမှတစ်ဆင့် အထွတ်အထိပ်စွမ်းအားများထိပ်တိုက်တွေ့ဆုံမှုတွင် အောင်းလိုင်ရှင်းရှုံးနိမ့်သွားသည်ကိုမြင်နိုင်သည်ဖြစ်သည်။

“ဟားဟားဟားဟား..မိုးကြိုးဧကရာဇ် ဒီညမင်းကိုအသုံးပြုပြီး ငါနင်ချန်ရဲ့နမည်ကိုရေးထိုးမယ်.. ဟားဟားဟား..ဟားဟားဟားဟား.”

သူဆိုးယုတ်စွာရယ်မောနေစဉ် နင်ချန်နှင့်လှပသောအမျိုးသမီးအလောင်းမြဲ့ကျိတို့မှာတစ်ခုကအနက်နှင့်တစ်ခုကအနီ ပုံရိပ်နှစ်ခု ထွက်ပေါ်လာပြီးထပ်မံပေါင်းစည်းသွားသည်။

အခြားတစ်ဖက်ရှိတိုက်ပွဲတွင် ငရဲဘုံကိုးခု တစ္ဆေခြောက်ဦးအခင်းအကျင်းကိုခင်းကျင်း ထားသော တစ္ဆေစစ်သူကြီး ခြောက်ဦးမှာ လင်စန်နှင့်အခြားအထွတ်အထိပ်ဧကရာဇ်နယ်ပယ်ငါးဦးကိုတိုက်ခိုက်နေဆဲဖြစ်သည်။ မူလက အောင်းလိုင်ရှင်း ဤနေရာတွင်ရှိနေသောကြောင့် ၎င်းတို့အနေဖြင့်တစ္ဆေစစ်သူကြီး ခြောက်ဦးအား ဖိနှိပ်လာနိုင်ပြီး မကြာခင်တွင်တစ္ဆေစစ်သူကြီးခြောက်ဦး၏အခင်းအကျင်းက ကျိုးပျက်တော့မည်ဖြစ်သည်။

သို့သော် နင်ချန်ကကျင်းထျန်းယုအားတိုက်ခိုက်ခဲ့၏။ အတိမ်းအစောင်းမခံသော အခြေအနေတွင် အောင်းလိုင်ရှင်းမှာရွေးချယ်စရာမရှိဘဲ ကူညီရန်လှုပ်ရှားခဲ့ရသည်။

အောင်းလိုင်ရှင်းထွက်ခွာသွားပြီးနောက် အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ခြောက်ဦးမှာ တစ္ဆေခြောက်ဦးအခင်းအကျင်းကို မချိုးဖျက်နိုင်ရုံသာမက တစ္ဆေခြောက်ဦးအခင်းအကျင်း၏ ဖိနှိပ်မှုကိုပါခံလာရသည်။ သူတို့ဖြည်းဖြည်းချင်းရှုံးနိမ့်လာ၏။

“ဟ”

ဤအချိန်တွင် တစ္ဆေစစ်သူကြီးခြောက်ဦးထဲမှ ကွေ့ဟွမ်က ကြုံးဝါးလိုက်သည်။ သူ၏ညာလက်က လက်ဝါးတစ်ခုဖြစ်သွားပြီး လင်မိသားစုမှလင်စန်ထံဧရာအနက်ရောင် အရိုးခေါင်းကြီးတစ်ခုက ဝင်ရောက်သွားသည်။

“အား”

လင်စန်၏ပါးစပ်မှ နာကျင်မှုအပြည့်ဖြင့် အော်သံများထွက်ပေါ်လာသည်။ မိုရှောင်ယောင်နှင့်တိုက်ပွဲပြီးနောက် နောက်ထပ်တစ်ဖန် လင်စန်ကြိုးပျက်သွားသောစွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားပြန်သည်။

“မကောင်းတော့ဘူး.ဆုတ်ကြ”

အခြားသောဧကရာဇ်နယ်ပယ်ငါးဦးကလည်း လင်စန်လွင့်ထွက်သွားသည်ကိုတွေ့ရသောအခါတွင် အခြေအနေမကောင်းမှန်းသူတို့သိလိုက်သည်။ ၎င်းတို့ထဲမှတစ်ယောက်က ဆုတ်ခွာရန် အော်ပြောလိုက်၏။ ထို့နော်သူတို့အားလုံးနားလည်ပြီး အလင်းတန်းများအဖြစ်ပြောင်းလဲကာ ဦးတည်ချက်အားလုံးသို့ ဥက္ကာပျံများကဲ့သို့ ခွဲထွက်ပြေးကြသည်။

မူလကလင်စန်အပါအဝင်သူတို့ငါးယောက်မှာ တစေ္ဆစစ်သူကြီးခြောက်ဦး၏ဖိနှိပ်မှုကိုခံခဲ့ ရသည်ဖြစ်သည်။ ယခု လင်စန်ကထိခိုက်သွားပြီး တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားသောကြောင့် သူတို့သာဆက်တိုက်လျှင်သူတို့ပါလင်စန်နောက်သို့လိုက်ရလိမ့်မည်ဖြစ်သည်။

“သေစမ်း.ဆုတ်”

လင်ယဲ့ဖုန်းနှင့်ပြင်းထန်သောတိုက်ပွဲတစ်ခု ဆင်နွှဲနေသော အလင်းဧကရာဇ် ကျင်းထျန်းယုက လူငါးယောက်အလင်းတန်းများ အဖြစ်ပြောင်းပြီး ထွက်ပြေးသွားသည်ကိုတွေ့သောအခါ အခြေအနေမလှသည်ကို သိလိုက်သည်။ သူက မိုဖန်းချန်နှင့် ဝူချမ်ရွှယ်တို့ကို လျှင်မြန်စွာအော်ပြောလိုက်သည်။

ထို့နောက်ကျင်းထျန်းယုက ခွန်အားအကုန်စုစည်းပြီး လင်ယဲ့ဖုန်းကို ဖြတ်ရိုက်လိုက်သည်။ အခြားတစ်ဖက်မှလင်ယဲ့ဖုန်းကလည်း အနက်ရောင်မြူတို့ဝန်းရံနေသောသူ၏ လက်ဝါးဖြင့်အားအကုန်သုံးပြီးကျင်းထျန်းယုကိုရိုက်လိုက်၏။

“ဝုန်း”

ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကိုပင်လှုပ်ခါစေသည်။ကျင်းထျန်းယုနှင့် လင်ယဲ့ဖုန်းတို့၏ပုံရိပ်များက တစ်ယောက်စွမ်းအားကြောင့်တစ်ယောက် နောက်သို့လွင့်သွားကြသည်။

အလင်းဧကရာဇ်ကျင်းထျန်းယုမှာ အကွာအဝေးတစ်ခုသို့ရောက်ပြီးနောက် သူကရုတ်ခြည်းလှည့်လိုက်ပြီး အလင်းတန်းအဖြစ်သို့ပြောင်းလဲကာ လျှင်မြန်စွာထွက်ပြေးသွားသည်။

“ထွက်ပြေးဖို့ကြိုးစားတာလား”

ဤအချိန်တွင် လင်ယဲ့ဖုန်းကလည်း ကျင်းထျန်းယုတစ်ယောက်တကယ်ပြီး ထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်။ ချက်ချင်းပဲအေးစက်စွာအော်ပြောလိုက်ပြီး သူ၏ပုံရိပ်ကလည်း ကျင်းထျန်းယုနောက်သို့ တစ်ဟုန်ထိုးလိုက်ဖမ်းလိုက်၏။

တစ်ချိန်တည်းတွင် အသက်ဧကရာဇ် မိုဖန်းချန်၊ ကံရားဧကရာဇ် ဝူချမ်ရွှယ် နှင့် မိုရှောင်ယောင်နှင့်တိုက်ခိုက်နေသော ဘိုးဘေးဟုန်ခွန်းတို့ကလည်း အလင်းတန်းများအဖြစ်ပြောင်းလဲပြီး စတင်ထွက်ပြေးကြ၏။

သူတို့နှင့်အတူ သန်းနှင့်ချီသော အလင်းစီရင်စုမှ စစ်တပ်ကြီးကလည်းလိုက်ပါထွက်ပြေးသည်။ အစမှအဆုံးအထိ ကျွမ်းကျင်သူနှစ်ဆယ်ကျော်က ပြင်းထန်စွာတိုက်ခိုက်နေခြင်းဖြစ်သည်။ အလင်းစီရင်စုမှ စစ်တပ်က အင်အားစုအသီးသီးမှစစ်တပ်၊အမှောင်စီရင်စုမှစစ်တပ်တို့နှင့် မတိုက်ခိုက်ရသေးပေ။ ယခု ထိုသန်မာသူများထွက်ပြေးသည်ကိုမြင်ရသောအခါတွင် အကယ်၍ သူတို့သာ ဤနေရာ၌ဆက်နေပါက အသတ်ခံရလိမ့်မည်ဖြစ်သည်။

“လိုက်ဖမ်း”

“လိုက်ဖမ်းကြ”

“လိုက်”

“သတ်”

ဤအချိန်တွင် ထိုဧကရာဇ်နယ်ပယ်များထွက်ပြေးသည်ကို မြင်ရသောအခါ ရှစ်ဖုန့်၏ ဘက်မှ ဧကရာဇ်နယ်ပယ်များကလည်း အေးစက်စွာအော်ပြောကြသည်။ ထို့နောက် အလင်းတန်းများအဖြစ်ပြောင်းလဲပြီး ထွက်ပြေးသွားသော ဧကရာဇ်နယ်ပယ်များနောက်သို့လက်ဖမ်းကြ၏။

“သတ်. သူတို့အားလုံးကို သတ်ပစ်”

ရှစ်ဖုန့်က ရှေ့သို့လက်ညှိုးထိုးညွှန်လိုက်သကဲ့သို့ သူ၏အသံကလည်းသူ့နောက်ရှိ အမှောင်စီရင်စု စစ်တပ်ထံ ရိုက်ခတ်သွားသည်။

“သတ်”

ရှစ်ဖုန့်ကအမိန့်ပေးလိုက်သကဲ့သို့ သူ့နောက်ရှိ သိန်းနှင့်ချီသော အမှောင်စီရင်စုမှ စစ်တပ်ကြီးကလည်း တုန့်ဆိုင်းနေခြင်းမရှိ‌ပေ။ ခက်ထန်သောတိုက်ပွဲညာသံကို ပေးလိုက်ကြပြီး အလင်းစီရင်စု၏စစ်တပ်ကြီးထံသို့ဦးတည်လိုက်၏။

အနက်ရောင်လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရှေ့သို့တစ်ဟုန်ထိုးချီတက်သွားသည်။

ယခု အမှောင်စီရင်စုရှိ ကျွမ်းကျင်သူများမှ ကြီးမားသော နိုင်ပဲတစ်ခုကိုရရှိသောကြောင့် သူတို့၏စိတ်ဓာတ်များက မိုးထိထိုးတက်နေသည်။ အခြားတစ်ဖက်တွင် သူတိုအား ဤနေရာသို့ဦးဆောင်လာသော အလင်းစီရင်စုမှ ဧကရာဇ်နယ်ပယ်များက စတင်ထွက်ပြေးနေကြ၏။ သူတို့၏ စိတ်ဓာတ်များက ထိုးကျသွားပြီး ဆက်လက်တိုက်ခိုက်လိုစိတ်များရှိ မနေတော့ပေ။ အကယ်၍သူတို့သာဆက်နေလျှင် သေလိမ့်မည်ကို သိကြသည်ဖြစ်သည်။

တစ်ဖက်ကကျဆင်းသွားခြင်းနှင့်အတူ အလင်းစီရင်စု၏စစ်တပ်နှင့် အင်အားစုအသီးသီးမှစစ်တပ်ကြီးတို့မှာ ရှုံးနိမ့်ပြီးပျက်ကိန်းစိုက်လာသည်။

ထိုထက်ပိုသည်ကား အမှောင်စီရင်စု၏ စစ်တပ်တစ်ဟုန်ထိုးထွက်လာပြီးနောက် အောက်ဘက်ရှိ ထျန်းယောင်တောင်ပေါ်မှ များပြားလှသောတစ္ဆေပုံရိပ်များကလည်း အမှောင်စီရင်စု၏စစ်တပ်ကြီးနှင့် ပူးပေါင်းလာခြင်းဖြစ်သည်။

သန်းနှင့်ချီသောတစ္ဆေစစ်သည်များနှင့်ရင်ဆိုင်နေသည့် မွန်းစတားမျိုးနွယ်စုမှ စစ်သည်တစ်သိန်းနှင့် ဗိုလ်ချုပ်များ၏ တိုက်ပွဲကလည်း အဆုံးသတ်သို့နီးကပ်လာပြီဖြစ်သည်။ ယောင်ဟွမ်မှာ ကွေ့မြဲ့၏ထိန်းထားခြင်းကိုခံထားရပြီး သန်းနှင့်ချီသော တစ္ဆေစစ်သည်ဗိုလ်ချုပ်များက မွန်းစတားမျိုးနွယ်စု၏ စစ်သည်တစ်သိန်းနှင့်ဗိုလ်ချုပ်များကိုတိုက်ခိုက်နေသည်။

တစ္ဆေစစ်သည်များဘက်၌ များပြားသောသေကြေပျက်စီးမှုများကိုကြုံတွေ့ရသော်လည်း မွန်းစတားစစ်သည်တစ်သိန်းမှာ သန်းနှင့်ချီသောတစ္ဆေစစ်သည်များကြောင့် လုံးဝသုတ်သင်ခံလိုက်ရသည်။

ထျန်းယောင်တောင်ပေါ်တွင် ရှုံ့တွနေသော မွန်းစတားစစ်သည်အလောင်းတစ်သိန်းသာကျန်ရစ်ခဲသည်။ ယင်းကတုန်လှုပ်ဖွယ်ကောင်းသောမြင်ကွင်းတစ်ခုဖြစ်၏။

“အား..အား..အား..အား.အား..အား..ချီးပဲ..ချီးပဲ”

ကွေ့မြဲ့နှင့်တိုက်ခိုက်နေသော ရွှေရောင်ဆံပင်နှင့်‌ယောင်ဟွမ်မှာ မွန်းစတားစစ်သည်တစ်သိန်းနှင့်ဗိုလ်ချုပ်များ သေဆုံးသည်ကို သူ၏မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့နေရသည်။ အခြားတစ်ဖက်တွင်သူက ကွေ့မြဲ့၏ထိန်းထားခြင်းကိုခံထားရပြီး ဘာမှပြုလုပ်နိုင်ခြင်းမရှိပေ။ ဤအချိန်တွင်သူကြမ်းကြုတ်ခက်ထန်လာသည်။

ကောင်းကင်မွန်းစတားဓားဖြင့်ကွေ့မြဲ့အားထပ်တလဲလဲခုတ်ပိုင်းနေပြီး၎င်းက ဤတစ္ဆေအမျိုးသမီးအား အပိုင်းပိုင်း ပိုင်းဖြတ်သွားနိုင်ရန် ဆန္ဒရှိနေသည်။

တိုက်ခိုက်ရေးအတွေ့အကြုံပိုင်းတွင် တစ်ခါက ငရဲဘုံကိုးခု ဧကရာဇ်နှင့်အတူစစ်ပွဲအတွင်းလိုက်ပါဖူးသော ကွေ့မြဲ့အား မွန်းစတားဧကရာဇ်၏သားပေါက်အသစ်လေးကသေချာပေါက်ယှဉ်ပြိုင်နိုင်လိမ့်မည်မ ဟုတ်ပေ။ သူတို့နှစ်ယောက်ဆက်လက်တိုက်ခိုက် နေနိုင်ခြင်းမှာ ယောင်ဟွမ်၏လက်ထဲ၌ ကောင်းကင်မွန်းစတားဓားရှိနေသော ကြောင့်ဖြစ်သည်။

ကောင်းကင်မွန်းစတားဓားက မွန်းစတားမျိုးနွယ်စုအတွက်မွေးဖွားလာပုံရသည်။ ယောင်ဟွမ်က ဓား ချက်များကိုတစ်ချက်ပြီးတစ်ချက်ထိုးသွင်းနေသည်။ ဓား၌ပါဝင်သောစွမ်းအားက တစ်ခုပြီးတစ်ခုထိပ်တန်းအဆင့်ရှိပြီး တိုက်ပွဲဖြစ်ပွားသလောက်ပို၍ပို၍ ကြမ်းကြုတ်ခက်ထန်လာ၏။

သို့သော် ရှစ်ဖုန့်က အောက်ရှိတိုက်ပွဲအားဂရုမထားသော ဟန်ဖြင့်ကြည့်နေ၏။ ကွေ့မြဲ့အနေဖြင့် လက်ထဲ၌ကောင်းကင်မွန်းစတားဓားအားကိုင်ထားသော ယောင်ဟွမ်ကို အနိုင်မယူနိုင်သော်လည်း ယောင်ဟွမ်အတွက်လည်းသူမအားအနိုင်ယူရန်မလွယ်ကူပေ။

ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ရှေ့၌အနက်ရောင်ပုံရိပ်တစ်ခုကိုမြင်တွေ့လိုက်ရသည်။ ယင်းက တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သူ ကွေ့ဟွမ်ဖြစ်သည်။ ကွေ့ဟွမ်၏လက်ထဲ၌ ကံဆိုးသူ ပုံရိပ်တစ်ခုရှိနေသည်။ ၎င်းက ဧကရာဇ်လင်ဝူ၏ ဆက်ခံသူ လင်စန်ပင်ဖြစ်သည်။

အစောပိုင်းက ကွေ့ဟွမ်က လင်စန်အားသူ၏လက်ဝါးရိုက်ချက်ဖြင့်လွင့်ထွက်သွားစေပြီးနောက် လင်စန်၏နောက်သို့လိုက်ဖမ်းခဲ့သည်။ လင်စန်မှာမူ ကွေ့ဟွမ်ကြောင့် ထိခိုက်မှုများစွာဖြစ်သွားပြီးဖြစ်သည်။ သူ၏တိုက်ခိုက်နိုင်စွမ်းကြီးစွာ လျော့ကျသွားပြီးလေကိုခွင်းကာ ထွက်ပြေးခဲ့သည်။

သို့သော်ပြင်းထန်စွာထိခိုက်ထားသောလင်စန်အနေဖြင့် ကွေ့ဟွမ်၏လက်ထဲမှမည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။ ထို့ကြောင့်ကွေ့ဟွမ်က ၎င်းအားလိုက်မှီသွားပြီးထပ်မံ တိုက်ခိုက်ခဲ့သည်။ ၎င်းကဆိုးဆိုးဝါးဝါးအရိုက်ခံရပြီး ရှစ်ဖုန့်ထံသို့ ကွေ့ဟွမ်၏ပြန်လည်ခေါ်ဆောင်လာခြင်းကိုခံခဲ့ရသည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters