← Chapters

အခန်း (၈၆၆)

Vol. 58 Ch. 866

အခန်း (၈၆၆)

Vol. 58 Ch. 866

ရှစ်ဖုန့်က သူ့ရှေ့၌ရပ်နေသော ကွေ့ဟွမ်၏လက်ထဲသို့ကြည့်လိုက်သည်။ ကွေ့ဟွမ်က အခြေအနေမကောင်းသော လင်စန်ကိုကိုင်ထားသည်။ သူကသွားပေါ်အောင်ပြုံးလိုက်ပြီး ပြောလိုက်၏။

“ကောင်းတယ်..အရမ်းကောင်းတယ်.ဒီသခင်လေး လင်မိသားစုဆီကို ခရီးတစ်ထောက်သွားဖို့လုပ်နေတာ.ဘာလက်ဆောင်ယူသွားရမှန်းမသိဖြစ်နေခဲ့ပေမဲ့.. အခုတော့ ဒီသခင်လေးမှာ ဒီလိုလက်ဆောင်ကြီးတစ်ခုရလာပြီ”

“ဟီးဟီး..ဟီးဟီး”

ကွေ့ဟွမ်ကလည်းရှစ်ဖုန့်၏ စကားတို့အားကြားသောအခါ သွားပေါ်အောင်ရူးသွယ်စွာရယ်လိုက်သည်။ ရှစ်ဖုန့်က သူ၏ညာလက်အားတစ်ချက်လှုပ်ရှား လိုက်ပြီးသနားစဖွယ်အခြေအနေဖြစ်နေသော လင်စန်ကိုဆုပ်ကိုင်လိုက်သည်။

“ငါ့ကိုလွှတ်စမ်း. ယိုမင်. မင်းအတွက်ဘာကကောင်းလဲဆိုတာကိုသိရင် ငါ့ကိုလွှတ်လိုက်.. လင်မိသားစုကိုမင်းစော်ကားလို့နောင်တရလိမ့်မယ်… လင်မိသားစုရဲ့အခြေခံအုတ်မြစ်က မင်းစိတ်ကူးနိုင်တာထက်ကို ပိုပြီးအင်အားကြီးမားတယ်”

ရှစ်ဖုန့်လက်ထဲ၌ဖမ်းဆီးခံထားရသောလင်စန်မှာ သူကအကျဉ်းသားဖြစ်နေသည်ကို သဘောမပေါက်ချေ။ ရှစ်ဖုန့်ကိုပင်ဒေါသတကြီးအော်ဟစ်ပြောဆိုနေသည်။

“ရိုင်းစိုင်းလိုက်တာ. ကြီးမြတ်သောဧကရာဇ်ရှေ့မှာ ဘယ်လိုတောင်ရုင်းပျရဲတာလဲ”

အစောပိုင်းလေးတွင် ပုံမှန်အတိုင်းရှိနေသော ကွေ့ဟွမ်မှာ လင်စန်၏ အော်သံအားကြားပြီးနောက်အေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။

လင်စန်ကအစောပိုင်းကသူ့ကိုအော်ဟစ်ခဲ့သော်လည်း သူကထိုအရာအား လျစ်လျူရှုထားနိုင်သည်။ သို့သော်ယခုသူကရှစ်ဖုန့်ကိုရိုင်းပျခြင်းဖြစ်သည်။

ကွေ့ဟွမ်၏ ညာလက်ကလက်သည်းတစ်ခုအသွင်ဖြစ်သွား၏။ ရုတ်ခြည်း လင်စန်၏နောက်ဘက်၌ အဖြူရောင်တစ္ဆေလက်သည်းတစ်ခုပေါ်လာသည်။ လက်သည်းကလင်စန်၏ကျော်ပေါ်သို့ ကျဆင်းသွားပြီး၎င်း၏အသားကိုထွင်းထောက်သွားသည်။

“အား”

လင်စန်၏ကိုယ်ကရုတ်ခြည်းပြင်းထန်စွာတုန်ယင်သွားသည်။ လင်စန်၏ပါးစပ်မှာနှလုံးသည်းခြေပျက်မ တတ်အော်သံတစ်ခုထွက်ပေါ်လာသည်။သူ့တစ်ကိုယ်လုံး၏ အရိုးများနှင့် သွေးများက ရေခဲကဲ့သို့အေးစက်ပြီးကွဲအက်လာတော့မည့်သကဲ့သို့ လင်စန်ခံစားလိုက်ရသည်။

လင်စန်၏မျက်နှာက သေလုအောင်ဖြူဖျော့နေသည်။

“ကောင်းပြီကွေ့ဟွမ်..အောက်ကိုဆင်းပြီး အဲ့ကောင်လေးကို ဖမ်းဖို့ကွေ့မြဲ့ကိုသွားကူညီလိုက်”

ရှစ်ဖုန့်က ထူးမခြားနားစွာပြောလိုက်သည်။ သူက ကွေမြဲ့နှင့်တိုက်ခိုက်နေသော ယောင်ဟွမ်ကိုထိုးညွှန်ပြလိုက်သည်။

“ဟုတ်ကဲ့”

ကွေ့ဟွမ်ကပြန်ဖြေလိုက်ပြီး သူ၏ညာလက်ကို ရုတ်သိမ်းလိုက်၏။

နာကျင်မှုဖြင့်ဟစ်အော်နေသော လင်စန်မှာရုတ်ခြည်းခံစားနေရသော နာကျင်မှုတို့ တော်တော်လေးလျော့ပါးသွားသည်။သို့သော် သူ၏ မျက်နှာက ဖြူဖျော့နေဆဲဖြစ်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်နေရဆဲဖြစ်သည်။

တစ္ဆေလက်သည်းနှင့်ရင်ဆိုင်လိုက်ရသောအခါတွင် လင်စန်၏ အပြူအမူကတော်တော်လေး အပိုးကျိုးလာသည်။ ရှစ်ဖုန့်အားထပ်၍အော်ဟစ်ရဲခြင်းမရှိတော့ပေ။ သူက ၎င်းတို့၏လက်ထဲသို့ကျရောက်နေပြီးဖြစ်သည်ကိုသဘောပေါက်သွားသည်။ အော်ဟစ်ခြင်းကသူ့အားဒုက္ခကိုသာဖြစ်စေလိမ့်မည်ဖြစ်သည်။

သူကအော်ဟစ်ခြင်းကိုရပ်တန့်လိုက်သော်လည်း စိတ်ထဲ၌တော့ကြမ်းကြုတ်ခက်ထန်စွာ တွေးတောနေသည်။

“ငါလင်စန်က လင်မိသားစုဝင်တစ်ဦးပဲ.. လင်မိသားစုကိုစော်ကားတဲ့သူမှန်သမျှ ဆိုးဆိုးဝါးဝါးသေဆုံးရလိမ့်မယ်”

“သေခြင်းဆိုးနဲ့သေရမယ်”

ရှစ်ဖုန့်က သူ၏ဘယ်လက်ဖြင့်သင်္ကေတစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏လက်ဖဝါးအတွင်း၌ ဆန်းကြယ်သော အဖြူရောင်ရုန်းတစ်ခုပေါ်လာ၏။ သူကလင်စန်၏ရင်ဘက်ထံရိုက်ထုတ်လိုက်သည်။

“အူး”

လင်စန်နာကျင်စွာဖြင့်ထပ်မံအော်ဟစ်လိုက်သည်။ ရှစ်ဖုန့်၏ ရုန်းကလင်စန်၏ကိုယ်အတွင်း ဝင်ရောက်သွားပြီး၎င်း၏ လက်ပြင်ရိုးတို့ကို ဆီးလ်ခတ်လိုက်သည်။

ဤအချိန်တွင်လင်စန်မှာဆီးလ်ခတ်ခြင်း ကိုခံထားရပြီးဖြစ်သည်။ သူ၏ခွန်အားအားလုံး ဆုံးရှုံးသွားရသည်ဟု ပြောလျှင်ရနိုင်သည်ဖြစ်၏။ ရှစ်ဖုန့်သာ သူ၏ကိုယ်မှဆီးလ်အားပြန်လည်မဖြည် ပေးလျှင် သာမန်လူတစ်ယောက်ထက်ပင်သူပို၍ဆိုးရွားသွားလိမ့်မည်ဖြစ်သည်။

လင်စန်၏ကိုယ်၌သွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်။ သူကရှစ်ဖုန့်၏သွေးကျောက်ပြားနေရာလွတ်အတွင်းစုပ်ယူခံလိုက်ရခြင်းဖြစ်သည်။

ဤအရာအားလုံးအားပြုလုပ်ပြီးနောက် ရှစ်ဖုန့်ကသူ၏ခေါင်းကိုငုံ့လိုက်ပြီး အောက်ဘက်ရှိ ထျန်းယောင်တောင်ပေါ်မှ တိုက်ပွဲကိုကြည့်လိုက်သည်။

ကွေ့ဟွမ်၏ပုံရိပ်က ယောင်ဟွမ်၏ အထက်သို့လျှင်မြန်စွာရောက်ရှိသွားသည်။ ရုတ်ခြည်းကွေ့ဟွမ်က သူ၏လက်ဝါးကိုအောက်သို့ရိုက်ချလိုက်သည်။ မည်းမှောင်သောအရိုးခေါင်းများက ကွေ့ဟွမ်၏လက်ဝါးမှပျံသန်းထွက်လာပြီးမွန်းစတားဧကရာဇ်၏သားဖြစ်သူ ယောင်ဟွမ်ရှိရာသို့ဦးတည်ပျံသန်းသွားသည်။

ကွေ့မြဲ့မှာမူ ကွေ့ဟွမ်ရောက်ရှိလာသည်ကို သတိပြုမိပြီးဖြစ်သည်။ သူမ၏လက်ထဲရှိပုဆိန်မှ အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီး ရုတ်တရက်လွှဲယမ်းမှုနှင့်အတူ ယောင်ဟွမ်ထံသို့ခုတ်ပိုင်းချလိုက်သည်။

ကွေ့မြဲ့ကသူမ၏ပုဆိန်အားလွဲယမ်းလိုက်သကဲ့သို့ ယောင်ဟွမ်၏ဝန်းကျင်တွင် သက်ရှိအားလုံးအား ညှို့ယူဖမ်းစားနိုင်သော တစ္ဆေအမျိုးသမီးပုံရိပ်များစတင်ပေါ်လာသည်။ ၎င်းတို့အားလုံး၌ မျက်နှာများက ရွှန်းလဲ့ဝန်းပြီး ၎င်းတို့၏ ကျတ်သရေရှိ ကြော့မော့သော ကိုယ်များ၌ အဖြူရောင်လွှားဇာကိုသာ ဖုံးကာထားသည်။ ၎င်းတို့အားခပ်ရေးရေးသာ မြင်ရပြီး လွန်စွာ ညှို့ယူဖမ်းစားသောစွဲမက်ဖွယ် အမျိုးသမီးအသံများက တစ်သံပြီးတစ်သံထွက်ပေါ်လာသည်။

တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သော ကွေ့မြဲ့မှာ ရန်သူများအား စိတ်အာရုံရှုပ်ထွေးစေပြီး၎င်းတို့၏စွမ်းအားကြီးတိုက်ခိုက်မှုများ၌အာရုံပျက်ပြားစေသော ညှို့ယူဖမ်းစားခြင်းပညာရပ်ကိုအသုံးပြုရာ၌အတော်ဆုံးဖြစ်သည်။

“အား..သတ်”

သူ့ပတ်ဝန်းကျင်ရှိ ညှို့ဓာတ်ပြင်းသော ပုံရိပ်များကိုအေးစက်စွာကြည့်ရင်းယောင်ဟွမ်ကအေးစက်စွာအော်ပြောလိုက်သည်။ သူ၏လက်ထဲရှိ ကောင်းကင်မွန်းစတားဓားကိုလွှဲယမ်းလိုက်ပြီး များပြားသောရွှေရောင်ဓားအလင်းတန်းများကိုထုတ်လွှတ်လိုက်သည်။ များပြားလှသောတစ္ဆေအမျိုးသမီးတို့၏ပုံရိပ်များမှာ အစအနမကျန်ပျောက်ကွယ်သွားစေသည်။

ထို့နောက်ယောင်ဟွမ်က သူ၏လက်ထဲရှိဓားနှင့်ကွေ့မြဲ့၏ ပုဆိန်ကို တားဆီးလိုက်၏။ သူ၏ဘယ်လက်က လက်သည်းတစ်ခုအသွင် ပြောင်းလဲသွားပြီးစွမ်းအားကြီးရွှေရောင် ပေါက်ကွဲလှိုင်းတစ်ခုထွက်ပေါ်လာသည်။ ၎င်းက ကွေ့ဟွမ်အဆက်မပြတ်တိုက်ခိုက်နေသော မည်းမှောင်သည့်အရိုးစုများထံသို့ဦးတည်သွားသည်။

“ဟီးဟီးဟီးဟီး.ငါတို့နှစ်ယောက်ကိုမင်း တစ်ယောက်တည်းနဲ့တိုက်ချင်တာလား. မင်းအဖေမွန်းစတားဧကရာဇ်ဆိုရင်တော့သူလုပ်နိုင်စွမ်းရှိလိမ့်မယ်.. ဒါပေမဲ့ မင်းက အရမ်းကို ဝါနုလွန်းသေးတယ်..”

ယောင်ဟွမ်ထုတ်လွှတ်လိုက်သော ရွှေရောင်ပေါက်ကွဲမှုလှိုင်းကိုကြည့်၍ ကွေ့ဟွမ်က ရယ်မောလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းရွှေရောင်ပေါက်ကွဲမှုလှိုင်းက ပထမဆုံးအရိုးခေါင်းထံဦးတည်သွားသည်။ မည်းမှောင်သောအရိုးခေါင်းက ရွှေရောင်ပေါက်ကွဲမှုလှိုင်းကို ဝါးမျိုသွား၏။ ထို့နောက် ၎င်းကရွှေရောင်ပေါက်ကွဲမှုလှိုင်းအလွှာတို့ကို တားဆီးလိုက်သည်။ ယောင်ဟွမ်၏လက်ဝါးရိုက်ချက်အား မည်းမှောင်သောအရိုးခေါင်းများက တစ်တန်းပြီးတစ်တန်းအဆက်မပြတ်တိုက်ခိုက်ကြသည်။

“ဝုန်း..ဝုန်း.ဝုန်း”

“ဟမ့်”

တစ်ချိန်တည်းတွင်ကွေ့မြဲ့၏အေးစက်သောနှာမှုတ်သံထွက်ပေါ်လာသည်။ ယောင်ဟွမ်ကကွေ့ဟွမ်၏တိုက်ခိုက်မှု အားတောင့်ခံနေသည်ကို တွေ့ရသောအခါ သူမ၏ညာခြေကိုမြှောက်၍ယောင်ဟွမ် ၏ဝမ်းဗိုက်ကိုအညှာတာမဲ့ကန်လိုက်သည်။

“အူး”

ယောင်ဟွမ်နာကျင်စွာဖြင့်ညည်းတွားလိုက်သည်။ ကွေ့မြဲ့၏ရုတ်တရက်ကန်ချက်ကြောင့်သူ၏ကိုယ်က လွင့်ထွက်သွားသည်။

ဤအချိန်တွင် ကွေ့မြဲ့ကယောင်ဟွမ်ထံပျံသန်းသွားသည်။ ကွေ့ဟွမ်ကလည်းနောက်သို့လွင့် ထွက်သွားသော ယောင်ဟွမ်ထံထိုးဆင်းလာသည်။ တစ္ဆေစစ်သူကြီးနှစ်ဦးကနောက်တစ်ကြိမ် ပူးပေါင်းပြီး ယောင်ဟွမ်ကို တိုက်ခိုက်လိုက်သည်။

မွန်းစတားဧကရာဇ်၏သားယောင်ဟွမ်၏လက်ထဲ၌ကောင်းကင်မွန်းစတားဓားရှိနေလင့်ကစား တစ္ဆေစစ်သူကြီးနှစ်ဦး၏ပူးပေါင်းတိုက်ခိုက်မှုကို သူ့အနေဖြင့် ဆန့်ကျင်နိုင်စွမ်းမရှိပေ။

ကွေ့ဟွမ်ကထိုးဆင်းနေရင်း မည်းမှောင်သောအရိုးခေါင်များအားဆက်လက်ထုတ်လွှတ်ကာ ယောင်ဟွမ်၏ကိုယ်ကိုအဆက်မပြတ်တိုက်ခိုက်သည်။ ကွေ့မြဲ့ကလည်းအခွင့်အရေးကိုရယူပြီးယောင်ဟွမ်ထံပုဆိန်လှိုင်းလုံးများကိုပို့လွှတ်၏။

ယောင်ဟွမ်၏ကိုယ်က တစ္ဆေစစ်သူကြီးနှစ်ဦး၏တိုက်ခိုက်မှုများကိုအဆက်မပြတ်တောင့်ခံနေရပြီးဖြစ်သည်။ သူ၏ကိုယ်ပေါ်ရှိဒဏ်ရာ များကပို၍ပို၍ပြင်းထန်လာသည်။

“ရလဒ်ကိုဆုံးဖြတ်ပြီးပြီ”

ရှစ်ဖုန့်က အောက်ရှိတိုက်ပွဲအားကြည့်၍ထူးမခြားနားစွာပြောလိုက်သည်။

ယနေ့ညထျန်းယောင်တောင်ပေါ်၌ မျှော်လင့်မထားသော ပြောင်းလဲမှုများစွာဖြစ်ပွားခဲ့သည်။ ပြောရလျှင်ယနေ့ည၏အရေးအကြီးဆုံးသော သူမှာ နင်ချန်ဖြစ်သည်။

အကယ်၍နင်ချန်သာ အလင်းစီရင်စုသို့သူလျှိုအဖြစ်သွားရောက်ပြီး အမှောင်စီရင်စုကိုသတင်းပို့ခဲ့ခြင်းမရှိလျှင် သူ၊မိုရှောင်ယောင်နှင့် လင်ယဲ့ဖုန်းတို့မှာ ထိုအထွတ်အထိပ်ဧကရာဇ်နယ်ပယ်များ၏ ပူးပေါင်းသတ်ဖြတ်ခံရခြင်းကံတရားမှ လွတ်မြောက်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

ထိုကောင်စုတ်နှင့်လင်ယဲ့ဖုန်း၏ကြားထဲ၌မည်ကဲ့သို့ သော အာဃာတတရား ရှိနေသည်ကိုသူမသိပေ။

အောက်ဘက်ရှိတိုက်ပွဲတွင်ကွေ့မြဲ့နှင့်ကွေ့ဟွမ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ မွန်းစတားဧကရာဇ်၏သားယောင်ဟွမ်မှာဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ရွှေရောင်သွေးများက ထျန်းယောင်တောင်ပေါ်သို့အဆက်မပြတ် ဖြန်းပက်ကျဆင်းနေသည်။

ဤအချိန်တွင်ကွေ့ဟွမ်က ယောင်ဟွမ်၏ဆံပင်ရှည်ကို ကြမ်းကြမ်းတမ်းတမ်းဆုပ်ကိုင်လိုက်ပြီး ၎င်း၏ကိုယ်အားမက ကောင်းကင်ကိုခွင်း၍ ရှစ်ဖုန့်ရှိရာကောင်းကင်ထဲသို့ဦးတည်လာသည်။

“ငါ့ကိုလွှတ်စမ်း.ငါ့ကိုလွှတ်ပေးစမ်း”

ယောင်ဟွမ်မှာ ထိခိုက်ဒဏ်ရာရထားပြီးကွေ့ဟွမ်၏ဆံပင် မှဆုပ်ကိုင်ခြင်းကိုခံထားရသည်ဖြစ်သည်။ မွန်းစတားဧကရာဇ်၏ ဂုဏ်ယူရသောသားတစ်ယောက် လက်ရှိ မွန်းစတားမျိုးနွယ်စု၏ခေါင်းဆောင်တစ်ယောက်ဖြစ်သောသူ့အနေဖြင့် ဤကဲ့သို့အရှက်ခွဲခြင်းကို မည်ကဲ့သို့ခံနိုင်ပါမည်နည်း။ကွေ့ဟွမ်အားအလျှင်အမြန်အော်ဟစ်ကာသူ၏ကိုယ်က ပြင်းထန်စွာရုန်းကန်နေသည်။

“ဟမ့်.. စစ်ရှုံးနဲ့ စစ်တပ်တစ်ခုရဲ့ စစ်သူကြီး ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားတဲ့သူမှာ ရှုံးနိမ့်တဲ့သူတစ်ယောက်ရဲ့အသိအာရုံပဲရှိသင့်တယ်..”

ကွေ့ဟွမ်၏မျက်နှာကအေးစက်မှု အဖြစ်ပြောင်းသွားပြီး အပြင်းအထန်ရုန်းကန်အော်ဟစ်နေ ဆဲဖြစ်သောယောင်ဟွမ်ကိုကြည့်လိုက်သည်။ သူ၏ဘယ်လက်အားဆန့်ထုတ်ကာ ကြွပ်ဆပ်သော “ဖြန်း”ဟူသည့်အသံတစ်ခုနှင့်အတူ ယောင်ဟွမ်၏ချောမောသောမျက်နှာကို အကြင်နာမဲ့ လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်သည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters