အခန်း (၈၆၇)
Vol. 58 Ch. 867
တစေ္ဆစစ်သူကြီး ကွေ့ဟွမ်အနေဖြင့် ယောင်ဟွမ်က မွန်းစတားဧကရာဇ်သားဖြစ်သည် သို့မဟုတ် ၎င်း၏အဆင့်အတန်းကမြင့်သည်နိမ့်သည်တို့ကိုဂရုမစိုက်ပေ။ သူ၏မျက်လုံးထဲ၌ ယောင်ဟွမ်မှာရှုံးနိမ့်သူဖြစ်ပြီး အရှုံးသမားကအရှုံးသမားလိုသာနေသင့်သည်ဖြစ်သည်။
ကြွပ်ဆပ်သောအသံတစ်ခုနှင့်အတူ ယောင်ဟွမ်၏ ချောမောသောမျက်နှာထက်၌ ရှင်းလင်းသောလက်ဝါးရာတစ်ခုကျန်ရစ်နေခဲ့သည်။
“မင်း.မင်းဘယ်လိုတောင်ငါ့ကိုအရှက်ခွဲရဲတာလဲ.. မင်းဆိုးဆိုးရွားရွားသေလိမ့်မယ်”
သို့သော်ကွေ့ဟွမ်၏လက်ဝါးကယောင်ဟွမ်အားသူ၏အမှားကိုသဘောပေါက်အော်မပြုလုပ်နိုင်ပေ။ ထိုအစား အဆင့်အတန်းမြင့်အားသောသူ့အားအသားကုန်အော်အောင်သာပြုလုပ်မိသွားသည်။
“မွန်းစတားသားပေါက်လေးကများ.. အသိတရားအရမ်းခေါင်းပါးလိုက်တာ. ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာတွေအော်ပြောရဲတာလဲ”
ထို့နောက်ရုတ်ခြည်းကွေ့ဟွမ်က နောက်ထပ်ပါးတစ်ချက်ဖြတ်ရိုက်လိုက်ပြီး ကြွပ်ဆပ်သောအသံတစ်ခုထပ်မံထွက်ပေါ်လာစေသည်။
“အူး”
ကွေ့ဟွမ်၏ ဤပါးရိုက်ချက်က ယခင်ကထက်ပို၍ ပြင်းထန်၏။ ယောင်ဟွမ်၏ပါးစပ်မှာ ပါးစပ်အပြည့်ရွှေရောင်သွေးတစ်ပွက်အန်ထွက်လာသည်။
ချက်ချင်းပဲ ယောင်ဟွမ်၏ရွှေရောင်ဆံပင်ရှည်အားဆုပ်ကိုင်ထားသောကွေ့ဟွမ်နှင့် အမျိုးသမီးတစ္ဆေစစ်သူကြီး ကွေ့မြဲ့တို့က ရှစ်ဖုန့်၏ဘေးသို့ ပြန်လည်ရောက်ရှိလာသည်။ နှစ်ယောက်လုံးကတစ်ချိန်တည်းတွင် အော်ပြောလိုက်ကြသည်။
“ကြီးမြတ်သောဧကရာဇ်”
“အရမ်းကောင်းတယ်”
ရှစ်ဖုန့်ကသရော်ပြုံးဖြင့်ပြောလိုက်ပြီး ကွေ့ဟွမ်၏လက်ထဲမှ ယောင်ဟွမ်ကို စိုက်ကြည့်နေသည်။ထို့နောက် ရှစ်ဖုန့်က ယောင်ဟွမ်အားကြည့်လိုက်ပြီး အေးစက်စွာမေးလိုက်သည်။
“ပြောစမ်း. ငါ့တပည့်ယွမ်ရီမုံ့ သူအခုဘယ်မှာလဲ”
“ယိုမင်”
ယောင်ဟွမ်က အံကိုတင်းတင်းကြိတ်ပြီး သူ၏ပါးစပ်မှ စကားနှစ်လုံးထွက်ပေါ်လာသည်။သူ့ရှေ့ရှိလူက လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်က ထျန်းယောင်တောင်ပေါ်တွင် သူ၏ဖခင်ကို သတ်သွားသောသူဖြစ်သည်။
နှစ်ဆယ့်ငါးနှစ်ကြာပြီးယနေ့၌ ၎င်းက ထျန်းယောင်တောင်ပေါ်သို့ လာခဲ့ကာ သူ၏အမိန့်အောက်ရှိ သန်းနှင့်ချီသောတစ္ဆေစစ်သည်များနှင့်ဗိုလ်ချုပ်များကို ဦးဆောင်လာသည်။ ၎င်း၏တစ္ဆေစစ်သူကြီးနှစ်ယောက်က သူ့အားဖမ်းဆီးပြီးယခုလိုအရှက်ခွဲခြင်းကိုခံရ၏။
ယောင်ဟွမ်အနေဖြင့်၎င်းအားအရှင်လတ်လတ်ရေခွံစုတ်ပြီး ၎င်း၏သွေးကိုသောက်သုံးပစ်လိုသည်။
“ယိုမင်. ဒီညမှာ ငါယောင်ဟွမ်က အားနည်းပြီး မင်းတို့ရဲ့လက်ထဲကျရောက်ခဲ့တယ်.. ငါ့ကိုမင်းသတ်ချင်ရင်သတ်ပစ်လိုက်”
“ဖြန်း”
ယောင်ဟွမ်၏စကားများအားကြားပြီးနောက် ကွေ့ဟွမ်က ယောင်ဟွမ်၏မျက်နှာအားထပ်မံဖြတ်ရိုက်လိုက်ပြီးဒေါသတကြီးအော်ပြောလိုက်သည်။
“ငါ့ရဲ့ကြီးမြတ်သောဧကရာဇ်က ယွမ်ရီမုံ့ဘယ်မှာလဲမေးနေတာ. မင်းသေချင်နေရင်တောင်အခုမဟုတ်သေးဘူး. ထပ်ပြီး အဓိပ္ပါယ်မရှိတာတွေကိုမင်းပြောနေရင် . မင်းအသိတရားရတဲ့အထိငါ ပါးရိုက်ပေးမယ်”
“မင်း”
ယောင်ဟွမ်က သူ၏ခေါင်းကိုလှည့်လိုက်ပြီး ကွေ့ဟွမ်ကိုကြည့်လိုက်သည်။ သူ၏မျက်နှာထက်၌ မုန်းတီးမှု၊ဒေါသတရားတို့ဖြင့်ပြည့်နှက်နေ၏။ ၎င်းကတစ္ဆေတစ်ကောင်သာဖြစ်သည်။ သူ့အား ပါးသုံးကြိမ်ရိုက်ပြီးပြီဖြစ်၏။ ယောင်ဟွမ်အနေဖြင့်၎င်းအားဖျက်ဆီးပစ်ချင်သည်။
“ဘာလဲ.မင်းမကြိုက်ဘူးလား. မင်းကငါဖမ်းမိတဲ့မွန်းစတားပေါက်လေးတစ်ကောင်ပဲ.. မင်းငါ့ကိုကိုက်ချင်လို့လား”
ကွေ့ဟွမ်ကသူ့လက်ထဲရှိယောင်ဟွမ်အားအထင်သေးစွာကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။ ဩ
ဤအချိန်တွင်ရှစ်ဖုန့်က ထပ်မံအေးစက်စွာပြောလိုက်သည်။
“ငါမင်းကိုထပ်ပြီးမေးမယ်..ယွမ်ရီမုံ့အခုဘယ်လိုနေလဲ..အကယ်၍ မင်းငါ့ကို အမှန်အတိုင်းပြောမယ်ဆိုရင် ငါမင်းကို အေးချမ်းတဲ့သေခြင်းကိုပေးမယ်..မင်းခေါင်းမာပေကပ်နေရင်တော့ သေဖို့အတွက်တောင်းပန်ရတာက ဘာအဓိပ္ပါယ်လဲဆိုတာကိုမင်းမကြာခင်သိရလိမ့်မယ်”
“ဟမ့်”
ရှစ်ဖုန့်အားမျက်နှာချင်းဆိုင်ရင်း ယောင်ဟွမ်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
“အရမ်းကောင်းတယ်”
ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။ ယောင်ဟွမ်က အရမ်းခေါင်းမာပေကပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့နောက်သူ၏ညာလက်ဆန့်ထုတ်ပြီး ယောင်ဟွမ်၏မျက်နှာကိုဆုပ်ကိုင်လိုက်သည်။ ယောင်ဟွမ်၏ ချောမောသောမျက်နှာကို ဆုပ်ကိုင်လိုက်ပြီးနောက် ရှစ်ဖုန့်၏လက်ဝါးအတွင်းမှ အားကောင်းသောစုပ်ယူအားတစ်ခု ထုတ်လွှတ်လာသည်။
ယောင်ဟွမ်တစ်ယောက် သူ၏ကိုယ်မှသွေးတို စတင်ဆူပွက်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ ၎င်းက တစ်ဟုန်ထိုး ပြောင်းပြန်စီးဆင်းသွား၏။ ရွှေရောင်သွေးစီးကြောင်းငါးခုက သူ၏မျက်လုံးများ၊နှာခေါင်းပေါက်တို့နှင့် ပါးစပ်မှ စီးကျလာသည်။ ၎င်းတို့ကရှစ်ဖုန့်၏လက်ဝါးအတွင်းဝင်ရောက်သွားပြီးရှစ်ဖုန့်၏တစ်ဟုန်ထိုး ဝါးမျိုမှုကိုခံလိုက်ရသည်။
ယောင်ဟွမ်၏ကိုယ်မှ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သောသက်တောင့်သက်သာမဖြစ်သည့်ခံစားချက်တစ်ခု ပြန့်နှံ့လာသည်။
“အား”
ယောင်ဟွမ်၏ပါးစပ်မှ နာကျင်မှုဖြင့်အော်ဟစ်သည့်အသံလှိုင်းများ တစ်ခုပြီးတစ်ခုထွက်လာ၏။ ၎င်း
ချောမောသော မျက်နှာကလည်း တော်တော်လေးကိုရှုံ့တွလာသည်။
ယောင်ဟွမ်၏ကိုယ်မှာလည်းရှစ်ဖုန့်၏ရွှေရောင်သွေးများကိုအဆက်မပြတ်စုပ်ယူမှုကြောင့် တစ်ဟုန်ထိုးရှုံ့တွလာသည်။ ဖြည်းဖြည်းချင်း ယောင်ဟွမ်၏အော်သံကရပ်တန့်သွားပြီး သူ၏ကိုယ်ကရှုံ့တွခြောက်သွေ့သော အလောင်းတစ်ခုဖြစ်သွားသည်။
မွန်းစတားဧကရာဇ်၏သားဖြစ်သူ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ယောင်ဟွမ်မှာ ထျန်းယောင်တောင်ပေါ်တွင် သူ၏ဖခင်ကဲ့သို့ ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်၏လက်အတွင်း၌သေဆုံးခဲ့ရသည်။
ရှစ်ဖုန့်ကယော်ဟွမ်၏ရွှေရောင်သွေးတို့အား ဝါးမျိုပြီးနောက် သေခြင်းစွမ်းအင်ကိုလည်းချက်ချင်းဝါးမျိုလိုက်သည်။ ထို့နောက်သူ၏ ညာလက်သည်းကိုထပ်မံစုပ်ယူလိုက်သည်။ ရှစ်ဖုန့်ကြောင့် ခြောက်သွေ့ရှုံ့တွနေသောမျက်နှာမှ လက်သီးဆုပ်အရွယ် ဝိညာဉ်တစ်ခုထွက်လာပြီး ရှစ်ဖုန့်၏လက်ဝါးအတွင်းရောက်ရှိသွားသည်။
ဤဝိညာဉ်က မွန်းစတားဧကရာဇ်၏သားဖြစ်သူ ယော်ဟွမ်၏ဝိညာဉ်ပင်ဖြစ်သည်။
တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှတစ်ဦးဖြစ်သူကွေ့ဟွမ်မှာ သူ၏လက်အတွင်းရှိယောင်ဟွမ်က ခြောက်သွေ့ရှုံ့တွသောအလောင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်ကို တွေ့ရသောအခါတွင် ၎င်း၏လက်ထဲမှ ကောင်းကင်မွန်းစတားဓားနှင့်သိုလှောင်လက်စွပ်တို့ကိုချွတ်ယူလိုက်သည်။ထို့နောက်သူ၏ညာလက်ကိုလွှဲယမ်းလိုက် ပြီးယောင်ဟွမ်၏အလောင်းအားအမှိုက်တစ်ခုပစ်သကဲ့သို့ ထျန်းယောင်တောင်ပေါ်သို့ ပစ်ထုတ်လိုက်၏။
“ယိုမင် မင်းကငါ့သွေးကိုဝါးမျို ငါ့ခန္ဓာကိုယ်ကိုဖျက်ဆီးပြီး ငါ့ဝိညာဉ်ကိုဆွဲထုတ်ခဲ့တယ်.. တစ်နေ့ကြ မင်းလည်းသေခြင်းဆိုးနဲ့သေလိမ့်မယ်. ငါ့ရဲ့ထျန်းယောင်တောင်ဖျက်ဆီးခံခဲ့ရပေမဲ့ ငါတို့မွန်းစတားကလန်ရဲ့ကျွမ်းကျင်သူတွေက မွန်းစတားမျိုးနွယ်စုကို ထျန်းယောင်တောင်ပေါ်မှာပဲကန့်သတ်ထားတာမဟုတ်ဘူး ..တစ်နေ့ကြ… သူတို့တွေမင်းတို့ငရဲဘုံဘုံနန်းကသူတွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးမင်းတို့အားလုံးကိုသတ်ပစ်လိမ့်မယ်”
ရှစ်ဖုန့်၏လက်ထဲရှိ ဝိညာဉ်ကအဆက်မပြတ်တုန်ခါနေသကဲ့သို့ ယောင်ဟွမ်၏အော်ဟစ်သံများကလည်းထွက်လျှက်ရှိသည်။
“ဟမ့်”
ယောင်ဟွမ်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကအထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။ ယောင်ဟွမ်ကဲ့သို့ ခေါင်းမာသောသူမျိုးအားအရေမရအဖတ်မရပြောနေခြင်းက အသုံးမဝင်ပေ။ သူအခုအလိုချင်ဆုံးက သူ၏တပည့်ယွမ်ရီမုံ့၏ ဘယ်နေရာတွင်ရှိနေသလဲဆိုသည်ကိုပင်ဖြစ်သည်။ ရက်စက်သောနည်းလမ်းကိုအသုံးပြုခြင်း ကသာ တပည့်ဖြစ်သူ ဘယ်မှာရှိနေလဲဆိုတာကို သူသိနိုင်လိမ့်မည်ဖြစ်သည်။
“ဝုန်း”
ရှစ်ဖုန့်၏ လက်ဝါးမှ သွေးနီရောင်မီးတောက်တစ်ခု ဟုန်းခနဲထွက်ပေါ်လာပြီး ယောင်ဟွမ်၏ဝိညာဉ်အမျှန်တန်းအား လျှင်မြန်စွာဝါးမျိုသွားသည်။
“အား..အား..ယိုမင်.. မင်းသေခြင်းဆိုးနဲ့သေလိမ့်မယ်.. မင်းသေခြင်းဆိုးနဲ့သေမှာ..အား”
လွန်စွာအေးစက်သော ယင်ဓာတ်သွေးနီရောင်မီးတောက်က ယောင်ဟွမ်၏ဝိညာဉ်ကို လောင်ကျွမ်းနေသည်။ ၎င်းနာကျင်မှုကသူကာယခန္ဓာကိုယ်၏နာကျင်မှုထက်နှိုင်းယှဉ်ဖော်ပြ၍မရနိုင်အောင် ကို ပို၍နာကျင်ရသည်ဖြစ်သည်။
ယောင်ဟွမ်က ပို၍ပြင်းထန်စွာကျိန်ဆဲလာပြီးရှစ်ဖုန့်၏လက်ထဲရှိသွေးနီရောင်မီးတောက်ကလည်း ပို၍တောက်လောင်လာသည်။
“အား..အား…အား….ငါ့ကိုသတ်ပါ.. ယိုမင်..မင်းသတ္တိရှိရင် ငါ့ကိုသတ်လိုက်..”
နောက်ဆုံးတွင်ယောင်ဟွမ်တစ်ယောက် မီးလောင်ကျွမ်းခြင်းခံရသည့်သေခြင်းထက်ဆိုးဝါးသောနာကျင်မှု၏ အဓိပ္ပါယ်ကို မြည်းစမ်းကြည့်မိသွားပြီဖြစ်သည်။ သူ၏တောင့်ခံနိုင်မှုကလည်းအကန့်အသတ်အထိရောက်ရှိသွားသည်။ သူ၏ပါးစပ်ကိုဖွင့်ဟ၍ရှစ်ဖုန့်အား သတ်ပေးရန် လှုံ့ဆော်နေ၏။
ယောင်ဟွမ်၏အသံအားကြားရသောအခါတွင် ရှစ်ဖုန့်က သူ၏လက်ဖဝါးအတွင်းရှိသွေးနီရောင်မီးတောက်ကိုကြည့်၍ ထပ်မံအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
“ဟမ့်.ငါမင်းကိုထပ်ပြီးမေးမယ်. ယွမ်ရီမုံ့သေပြီလား အသက်ရှင်သေးလား”
“ငါကိုသတ်ပါ.ယိုမင်..အား..ငါ့ကိုသတ်လိုက်ပါ”
ယောင်ဟွမ်၏အော်သံက နာကျင်မှုတို့ဖြင့်ပို၍ပို၍စိတ်မချမ်းမြေ့ဖွယ်ကောင်းလာသည်။ ယင်းမှာနာကျင်မှုနှင့်ညှင်းပန်းနှိပ်စက်မှုအား သူတောင်ခံနေရသည်ကို အလွယ်လေးစိတ်ကူးကြည့်၍ရနိုင်သည်ဖြစ်၏။
ထိုထက်ပိုသည်ကားသူ၏လေသံမှာရှစ်ဖုန့်အားအော်ငေါက်နေရာမှ အသနားခံမှုဘက်သို့ဖြည်းဖြည်းချင်းပြောင်းလဲလာခြင်းဖြစ်သည်။
“ပြောစမ်း..ယွမ်ရီမုံ့ သေပြီလား..အသက်ရှင်သေးလား”
ရှစ်ဖုန့်ကအေးစက်စွာထပ်မံအော်ပြောလိုက်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE