အခန်း (၈၆၈)
Vol. 58 Ch. 868
“ပြောစမ်း. ယွမ်ရီမုံ့ သေပြီလားအသက်ရှင်နေသေးလား”
ရှစ်ဖုန့်က နောက်တစ်ကြိမ် အေးစက်စွာအော်ပြောလိုက်သည်။ သူ၏လက်ထဲရှိ ယောင်ဟွမ်၏ ဝိညာဉ်အားလောင်ကျွမ်းနေသော သွေးနီရောင်မီးတောက်က ပို၍ ပြင်းထန်လာသည်။
“အား”
ယောင်ဟွမ်၏နာကျင်မှုအပြည့်ဖြင့် အော်ဟစ်သောအသံကပို၍ပို၍ ကျယ်လောင်လာသည်။ ထို့နောက်သူကထပ်မံအော်ပြောလိုက်သည်။
“ယွမ်ရီမုံ့သေလားရှင်လားကိုငါမသိဘူး. အဲ့နေ့ကသူက ငါ့လက်ထဲမှာ မသေခဲ့ဘူး”
“သူကမင်းလက်ထဲမှာမသေခဲ့ဘူးလား”
ယောင်ဟွမ်၏ စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်က ထပ်မံအေးစက်စွာမမေးခင် တီးတိုးရေရွတ်လိုက်သည်။
“ရှင်းရှင်းပြောစမ်း. ဘာဖြစ်ခဲ့တာလဲ”
“အား.ငါ့ကိုသတ်ပါ..ငါ့ကိုသတ်လိုက်ပါတော့.အား”
သွေးနီရောင်မီးတောက်တို့၏ လောင်ကျွမ်းခြင်းကိုခံနေရသော ယောင်ဟွမ်က ရှစ်ဖုန့်အားသေခြင်းတရားကိုပေးရန် အဆက်မပြတ်တောင်းပန်နေသည်။
“ရှင်းရှင်းပြောစမ်း. ငါမင်းသေခြင်းကိုအာမခံတယ်”
ရှစ်ဖုန့်က ထပ်မံ အေးစက်စွာပြောလိုက်သည်။
“ရှစ်ဖုန့်၏ စကားများအားကြားပြီးသောအခါ ယောင်ဟွမ်က အလျှင်အမြန်ပြောလိုက်သည်။
“အဲ့နေ့က မော်ကြွားဓားအိမ်တော်မှာ ငါယွမ်ရီမုံ့နဲ့တိုက်ခိုက်ခဲ့တယ်.. ငါ့သူ့ကိုသတ်ကာနီးမှာ အဖြူရောင်အလင်းတစ်ခုရုတ်တရက် ပေါ်လာပြီး ယွမ်ရီမုံ့ကိုကယ်သွားတယ်”
“အဖြူရောင်အလင်းတစ်ခုပေါ်လာပြီး ယွမ်ရီမုံ့ကိုကယ်သွားတာလား”
ယောင်ဟွမ်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်သည်။ ရှစ်ဖုန့်ကစတင် ချင့်ချိန်တွေးဆလိုက်သည်။
“အဖြူရောင်အလင်းကဘယ်သူလဲ”
ထိုအချိန်တွင် ယောင်ဟွမ်၏ဝိညာဉ်ကသူ၏လက် အတွင်း၌ရှိနေသည်။ ရှစ်ဖုန့်ကဝိညာဉ်အပေါ်ထိန်းချုပ်ထား သည်ဖြစ်ပြီး ယောင်ဟွမ်၏ဝိညာဉ်စွမ်းအင်အတက် အကျများအရ လိမ်နေခြင်းမဟုတ်သည်ကို သူအာရုံခံနိုင်သည်ဖြစ်သည်။
“ယိုမင်.မင်းခုဏကပြောခဲ့တာ ငါသာရှင်းရှင်းပြောရင် ငါ့ကိုသတ်ပေးမယ်လို့. မင်းစကားကိုမင်းပြန်ရုတ်သိမ်းလို့မရဘူး”
ဤအချိန်တွင်ယောင်ဟွမ်ကနာကျင်မှုဖြင့်ဆက်လက်အော်ဟစ်နေပြီးရှစ်ဖုန့်အား အတွေးများဆီမှပြန်လည်ဆွဲခေါ်လာသည်။
အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏လက်အတွင်းရှိ သွေးနီရောင်မီးတောက်တို့က မှေးမှိန်ပျောက်ကွယ်သွားပြီဂ ယောင်ဟွမ်၏ ဝိညာဉ်အမျှင်တန်းလေးပေါ်လာသည်။ ထို့နောက် ရှစ်ဖုန့်က သူ၏ ဝိညာဉ်စွမ်းအားကိုလှည့်ပတ်လိုက်သည်။ သူ၏လက်ထဲရှိယောင်ဟွမ်၏ဝိညာဉ်က စတင်အက်ကွဲလာသည်။ အစိတ်စိတ်အမွှာမွှာကွဲကြေမှုနှင့်အတူ ဝိညာဉ်အပိုင်းအစအမျှင်တန်းလေးများအဖြစ်ခွဲဖြာထွက်လာသည်။
၎င်းတို့ကရှစ်ဖုန့်၏ လျှင်မြန်စွာဝါးမျိုခြင်းကိုခံလိုက်ရသည်။
သို့သော် တစ်သိန်းသော မွန်းစတားစစ်သည်နှင့်ဗိုလ်ချုပ်များနှင့်တကွ ယောင်ဟွမ်၏ ဝိညာဉ်ကိုပါ သူဝါးမျိုခဲ့သည့်တိုင် ဤဝိညာဉ်များ၏ အဆင့်က မြင့်မားနေခြင်းမရှိပေ။ ထို့ကြောင့်ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားက အဆင့်မချိုးဖျက်နိုင်သေးပေ။ သူကကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်အဆင့်၌သာရှိသေးသည်ဖြစ်သည်။
ဝိညာဉ်နယ်ပယ်ဖြစ်စေ ကာယ ခန္ဓာကိုယ်ဖြစ်စေ သိုင်းနယ်ပယ်၌ဖြစ်စေ အဆင့်မြင့်မားလာလေ အဆင့်ထပ်မံချိုးဖျက်ရန်အတွက် ပို၍ခက်ခဲလာလေဖြစ်သည်။
အထူးပြောင်းလဲမှုက သူ၏ကောင်းကင်မီးတောက်နှင့် ပေါင်းစည်းထားသော ပုံမှန်ထက်ထူးခြားသည့်ဒန်တန်ပင်ဖြစ်၏။ ယနေ့ည သူက မွန်းစတားစစ်သည်ဗိုလ်ပါတစ်သိန်းနှင့် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ယောင်ဟွမ်တို့၏ သေခြင်းစွမ်းအင်နှင့်သွေးတို့ကိုဝါးမျိုခဲ့၏။ သို့သော်ယခုတိုင် သူ၏စွမ်းအင်ကကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ရောက်ရှိရင်လိုအပ်သော စွမ်းအင်၏သုံးပုံတစ်ပုံသာရှိသေး သည်ဖြစ်သည်။
သို့သော်ရှစ်ဖုန့်ကယွမ်ရီမုံ့အား ကယ်တင်ခဲ့သော အဖြူရောင်အလင်း၏သရုပ်မှန်ကို တွေးဆနေဆဲဖြစ်သည်။
“ဘယ်သူများလဲ”
သူ၏တပည့်များထဲတွင် မိုရှောင်ယောင်နှင့်လင်ယဲ့ဖုန်းတို့ကသာ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ယောင်ဟွမ်၏လက်မှ ယွမ်ရီမုံ့ကိုကယ်တင်နိုင်စွမ်းရှိသည်ဖြစ်သည်။
သူ၏လက်အောက်ရှိတစ္ဆေစစ်သူကြီး ရှစ်ဦးလည်းရှိသော်လည်း၎င်းတို့ ထဲကတစ်ယောက်မှမဟုတ်သည်ကတော့သိသာသည်။
“ကြီးမြတ်သောဧကရာဇ်”
ဤအချိန်တွင်ရှစ်ဖုန့်၏ရှေ့မှ တစ္ဆေစစ်သူကြီးတစ်ဦးဖြစ်သော ကွေ့ဟွမ်၏အသံထွက်ပေါ်လာသည်။ ရှစ်ဖုန့်မှာနောက်တစ်ကြိမ်အတွေး ရေယဉ်ကြောထဲမှ ပြန်လည်ထွက်ခွာလာရသည်။
ကွေ့ဟွမ်၏ယောင်ဟွမ်၏ကောင်းကင်မွန်းစတားဓားနှင့်သိုလှောင်လက်စွပ်တို့ကို လက်နှစ်ဖက်လုံး၌ကိုင်ထားသည် ကိုတွေ့ရသည်။
သို့သော်ကွေ့ဟွမ်၏လက်ထဲရှိ ကောင်းကင်မွန်းစတားဓားက ရုန်းထွက်၍ပြေးရန်ကြိုးစားနေကဲ့သို့ ပြင်းထန်စွာတုန်ခါနေသည်။
“မွန်းစတားကလန်ရဲ့ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ရွှမ်းလက်နက် ကောင်းကင်မွန်းစတားဓား”
ရှစ်ဖုန့်၏မျက်လုံးတို့ကမှေးစင်းသွားပြီး ကွေ့ဟွမ်၏လက်ထဲမှ ကောင်းကင်မွန်းစတားဓားနှင့် သိုလှောင်လက်စွပ်တို့ကိုယူလိုက်သည်။ သူက ယောင်ဟွမ်၏သိုလှောင်လက်စွပ်ကို သူ၏စိတ်ဖြင့်စစ်ဆေးလိုက်ပြီး ဘာမှထူးခြားမှုမရှိသည်ကိုတွေ့ရသောကြောင့် သူ၏ကိုယ်ပိုင်သိုလှောင်လက်စွပ်အတွင်း သို့ပစ်ထည့်လိုက်သည်။
ရှစ်ဖုန့်၏လက်ထဲရှိကောင်းကင်မွန်းစတားဓားမှာမူ ကွေ့ဟွမ်လက်တွင်း၌ရှိစဉ်ကကဲ့သို့ ပြင်းထန်စွာတုန်ခါနေဆဲဖြစ်သည်။
ဓားအတွင်း၌စိတ်ဝိညာဉ်တစ်ခုရှိနေပြီး ဓားအတွင်းရှိ စိတ်ဝိညာဉ်က ၎င်းနှင့်စာချုပ်ချုပ်ထားသူမဟုတ်သည့်သူကကိုင်ထားသောအခါတွင် တုန့်ပြန်လာခြင်းဖြစ်သည်။ ၎င်းကရှစ်ဖုန့်၏လက်အတွင်းမှချိုးဖျက်လွတ်မြောက်ချင်သကဲ့သို့ စတင်ရုန်းကန်နေသည်။
ရှစ်ဖုန့်၏ဘယ်လက်၌ဆန်းကြယ်သောရုန်းတစ်ခုပေါ်လာပြီး ကောင်းကင်မွန်းစတားဓားအားသူ၏ဘယ်လက်ဝါးဖြင့်ရိုက်လိုက်သည်။ ဤရိုက်ချက်နှင့်အတူ ယောင်ဟွမ်၏အမှတ်အသားကို ချိုးဖျက်ခဲ့ရုံသာမက ဓားအတွင်းသူ၏ အမှတ်အသားကိုလည်းချန်ထားခဲ့ပြီးဓား၏စိတ်ဝိညာဉ်နှင့်အတင်းအကျပ်စာချုပ်ချုပ်ဆိုခဲ့သည်။
စာချု်ပချုပ်ပြီးသွားသည်နှင့် အပြင်းအထန်ရုန်းကန်နေဆဲဖြစ်သော ကောင်းကင်မွန်းစတားဓားမှာ ငြိမ်ကျသွားပြီး ရှစ်ဖုန့်၏လက်အတွင်း၌ ခံစားချက်မဲ့စွာလဲလျောင်းသွားသည်။
ဤအချိန်မှစ၍ ရှစ်ဖုန့်က ကောင်းကင်မွန်းစတားဓား၏ ပိုင်ရှင် ဖြစ်သွားပြီဖြစ်သည်။
ရှစ်ဖုန့်ကသူ၏လက်ထဲရှိဓားကိုကိုင်စွဲပြီး ကောင်းကင်ထဲသို့ထိုးသွင်းလိုက်သည်။
ညအချိန်အခါသမယ၌ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးနောက် မိုးသောက်ချိန်က ညကောင်းကင်ယံကို မသိလိုက်ချိန်မှာ ထိုးခွင်းလာသည်။
ရှစ်ဖုန့်၏ထိုးသွင်းချက်နှင့်အတူ ကောင်းကင်မွန်းစတားဓားမှ ရှည်လျားသောရွှေရောင်နဂါးတစ်ကောင်၏ပုံရိပ်ထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့တည့်တည့်ဦးတည်သွားသည်။ ကောင်းကင်နှင့်မြေပြင်ကြားထဲတွင်နဂါး၏ ဒေါသတကြီးဟိန်းသံကထွက်ပေါ်လာသည်။
ဤနဂါးပုံရိပ်က ဓားစိတ်ဝိညာဉ်၏ ပြယုဂ်ဖြစ်သည်။ ကောင်းကင်မွန်းစတားဓားအတွင်း ဆီးလ်ခတ်ထားသောစိတ်ဝိညာဉ်က နဂါးတစ်ကောင်၏ ဝိညာဉ်ဖြစ်နေမည်ဟု မည်သူကထင်ပါမည်နည်း။
သို့သော်၎င်းက သွေးသန့်စင်ခြင်းမရှိသော အစစ်အမှန်နဂါးတစ်ကောင်၏မျိုးဆက်ဖြစ်ပြီး ၎င်း၏ဝိညာဉ်စွမ်းအားက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်၌သာရှိသေးသည်ဖြစ်သည်။
“ဒီဓားကမဆိုးဘူး”
ရှစ်ဖုန့်က သူ့လက်ထဲရှိကောင်းကင်မွန်းစတားဓားကိုကြည့်လိုက်ပြီးသွားပေါ်အောင်ပြုံးလိုက်သည်။
လောလောဆယ်တွင်သူ၏ သွေးသောက်ဓားက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်၌သာရှိသေးသော်လည်း ဤကောင်းကင်မွန်းစတားဓားကတော့ တကယ့်ကိုကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်သည်။ သူ၏လက်ထဲရှိကောင်းကင်မွန်းစတားဓားနှင့်ရှစ်ဖုန့်၏ ထူးခြားသော ဓားပညာရပ်များနှင့်ဆိုလျှင် သူ၏တိုက်ခိုက်ရေးစွမ်းအားက သေချာပေါက်ကြီးစွာတိုးလာလိမ့်မည်ဖြစ်သည်။
ထို့နောက် အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏ညာလက်၌ရွှေရောင်အလင်းတစ်ခုလင်းလက်သွားသည်။ ရှစ်ဖုန့်ကသွေးနတ်ဆိုးသူ့အားသင်ကြား ပေခဲ့သောလျှို့ဝှက်ပညာရပ်ကိုအသက်သွင်းလိုက်ပြီးကောင်းကင်မွန်းစတား ဓားအား သူ၏လက်ဝါးအတွင်း၌ ရွှေရောင်ဓားအမှတ်အသားတစ်ခု အဖြစ်ပြောင်းလဲသွားစေသည်။
“ဟမ်..တစ်ယောက်ယောက်ပြန်လာတဲ့ပုံပဲ”
ဤအချိန်တွင်ရှစ်ဖုန့်မှာ သူ၏ရှေ့ရှိဟင်းလင်းပြင်ထဲမှ စွမ်းအင်အတက်အကျလှိုင်းတစ်ခုကိုအာရုံခံမိလိုက်သည်။ သူ၏ခေါင်းအားမော့လိုက်သောအခါတွင် သူ့ထံသို့တစ်ဟုန်ထိုးလာနေသော အနက်ရောင်ပုံရိပ်တစ်ခုကိုမြင်တွေ့လိုက်ရသည်။
ဤလူကသူ၏ ထူးခြားသော မြေးတပည့်ဖြစ်သူ နင်ချန်မှန်းရှစ်ဖုန့်လျှင်မြန်စွာသိလိုက်သည်။
နင်ချက်၏လက်ထဲ၌ သွေးလွှမ်းနေသောရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်ပုံရိပ်တစ်ခုကို ကိုင်ထား၏။ သို့သော် ရှစ်ဖုန့်၏မျက်လုံးတို့ကမှေးစင်းသွားပြီးနင်ချန်၏လက်အတွင်းမှ လူကို လျှင်မြန်စွာမှတ်မိလိုက်သည်။ ထိုလူ၏နမည်ကိုသူကအေးစက်စွာ ပြောလိုက်၏။
“မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်း”
ယင်းမှာ သူ့အားယခင်က ပူးပေါင်းလုပ်ကြံခဲ့သောဧကရာဇ်နယ်ပယ်ခုနှစ်ဦးထဲမှတစ်ဦးဖြစ်သည်။
“ဒီကောင်စုတ်လေး တကယ်ပဲငါ့ကိုစိတ်မပျက်စေဘူး”
ရှစ်ဖုန့်ကအေးစက်စွာရယ်မောလိုက်သည်။
ငရဲဘုံဘုံနန်းဝင်ပေါက်၌ မိုရှောင်ယောင်က ဓားဧကရာဇ်ယွဲ့ရှောင်းကိုဖမ်းဆီးခဲ့သည်။ ယခုသူ၏ထူးခြားသောမြေးတပည့်နင်ချန်က အောင်းလိုင်ရှင်းကိုဖမ်းပြီးပြန်လာသည်။ သိပ်မကြခင် ငရဲဘုံဘုံနန်းအတွင်းရှိ ယွဲ့ရှောင်း၏ဝိညာဉ်၌ အဖော်တစ်ယောက်ရလာလိမ်မည်ဖြစ်သည်။
“ဘိုးဘေး”
နင်ချန်က သူ့ရှေ့၌ရှစ်ဖုန့်အားမြင်တွေ့ပြီး ပြောလိုက်သည်။ ဤအချိန်တွင်နင်ချန်အနေဖြင့်တည်ငြိမ်သွားပြီဖြစ်သည်။ ယခင်ကကဲ့သို့ပုံမှန်မဟုတ်ဘဲရူးသွပ်သော အမူအယာမျိုးရှိမနေတော့ပေ။ အနည်းဆုံးအပေါ်ယံတွင်သူကသာမန်လူငယ်လေး တစ်ယောက်ကဲ့သို့သာဖြစ်သည်။
“မင်းကောင်းကောင်းလုပ်ဆောင်ခဲ့တယ်.. မင်းက ယိုမင်ရဲ့မြေးတပည့်ဖြစ်ဖို့တကယ်ထိုက်တန်တယ်”
ရှစ်ဖုန့်က ပြန်ရောက်လာသောနင်ချန်အားကြည့်ကပြီး ထူးမခြားနားစွာပြောလိုက်သည်။
“ဟားဟား ဘိုးဘေးရဲ့မြေးတပည့်ဖြစ်လာနိုင်တာက ဆရာ့ရဲ့တပည့်တစ်ဖြစ်ဖြစ်လာနိုင်တာက နင်ချန်ဆိုတဲ့ကျွန်တော့်ဘဝမှာကြီးမားတဲ့ဂုဏ်ယူရမှုကြီးတစ်ခုပါပဲ”
နင်ချန်ကအပြုံးတစ်ခုနှင့်ပြောလိုက်ပြီး ရှစ်ဖုန့်၏ရှေ့၌ရပ်တန့်လိုက်သည်။
သို့သော်၎င်း၏အပြုံးကတစ်နည်းနည်းဖြင့် ခါးသီးနေသည်ကို ရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE