အခန်း (၈၆၉)
Vol. 58 Ch. 869
ရှစ်ဖုန့်ကမျက်နှာထက်ရှိ ခါးသီးသောအပြုံးနှင့်နင်ချန်အား ကြည့်လိုက်ပြီး မေးလိုက်သည်။
“အခုမင်းနဲ့မင်းဆရာကြားထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ငါ့ကိုပြောပြ. ဘာလို့မင်းကိုသူက ဂိုဏ်းကနေထုတ်ပယ်ခဲ့တာလဲ”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် နင်ချန်ကပြောသည်။
“လူတိုင်းမှာသူတို့ရဲ့ပြောင်းပြန်အကြေးခွံ ဆိုတာရှိကြတယ်.. ဆရာ့ရဲ့ ပြောင်းပြန်အကြေးခွံကတော့ဘိုးဘေးပါပဲ.. အဲ့နှစ်က မြဲ့ကျိနဲ့ကျွန်တော်က မတော်တဆအဲ့တာကို ထိပါးခဲ့မိတယ်”
“ငါနဲ့ပက်သက်တဲ့တစ်ခုခုလား”
နင်ချန်၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်၏မျက်နှာထက်တွင် သိချင်စိတ်တို့ဖြစ်ပေါ်လာပြီး မေးလိုက်သည်။
“ငါ့ကိုအဲ့အကြောင်းပြောပြ”
“ဟုတ်ကဲ့”
နင်ချန်က အနည်းငယ်ခေါင်းညိမ့်ပြီးပြောပြသည်။
“လွန်ခဲ့တဲ့ဆယ့်သုံးနှစ်က ကျွန်တော် ဆရာ့ရဲ့ခွင့်ပြုချက်မပါဘဲ သေခြင်းဗိမာန်ကနေတိတ်တဆိတ်ထွက်ခွာခဲ့တယ်.. အဲ့အချိန်မှာ ကျွန်တော်ချစ်ရတဲ့မြဲ့ကျိနဲ့တွေ့ခဲ့တယ်”
“သေခြင်းဗိမာန်ကိုကျွန်တော်ပြန်လာတော့ ဆရာက ကျွန်တော့်ကို ဘိုးဘေးရဲ့မှတ်ဉာဏ်ပြားရှေ့မှ အပြစ်ပေးတဲ့အနေနဲ့ဒူးထောက်ခိုင်းပြီး အမှားကိုပြန်သုံးသပ်ခိုင်းခဲ့တယ်”
“ဒါပေမဲ့အဲ့ညမှာ မြဲ့ကျိကသေခြင်းဗိမာန်ထဲကိုခိုးဝင်ပြီး ကျွန်တော့်ကိုတွေ့သွားခဲ့တယ်”
“ကျွန်တော်အပြစ်ပေးခံရတာကိုတွေ့တဲ့အချိန်မှာ မြဲ့ကျိက ရူးနှမ်းတဲ့အရာတစ်ခုကိုလုပ်ခဲ့တယ်.. သူမက ဘိုးဘေးရဲ့ မှတ်ဉာဏ်ပြားကိုဖျက်ဆီးပစ်လိုက်တာပါ. သိပ်မကြာခင်ဆရာသိသွားပြီး ကျွန်တော့်ကိုလာရှာတယ်”
“ဘိုးဘေးရဲ့မှတ်ဉာဏ်ပြားပျက်စီးသွားတာကို တွေ့ရတဲ့အချိန်မှာ ဆရာက သည်းမခံနိုင်ခဲ့ဘူး..ဒေါသအမျက် ခြောင်းခြောင်းထွက်ပြီး မြဲ့ကျိကို သတ်ချင်ခဲ့တယ်.. ကျွန်တော်က ဆရာ့ရှေ့မှာဒူးထောက်ပြီးတော့ မြဲ့ကျိအသက်ကိုချမ်းသာပေးဖို့ အသနားခံခဲ့တယ်”
နင်ချန်၏စကားတို့အားကြားပြီးနောက် ဘာတွေဖြစ်ပျက်သည်ကိုရှစ်ဖုန့်အားနားလည်သွားပြီးပြောလိုက်သည်။
“အဲ့နောက်မင်းဆရာကမင်းနဲ့ မြဲ့ကျိကိုသွားခွင့်ပေးလိုက်ပြီး မင်းနဲ့ဆရာတပည့်ဆက်ဆံရေးကိုဖျက်တောက်ပြီး မင်းကို ဂိုဏ်းကနေထုတ်ပယ်လိုက်တယ်ပေါ့”
“ဟုတ်ကဲ့.အမှန်ပါပဲ”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် နင်ချန်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒါပေမဲ့. ကျွန်တော်နင်ချန်က နှစ်ပေါင်းများစွာ ကျွန်တော့်ကို သိုင်းပညာသင်ကြားပေးတဲ့ဆရာ့ရဲ့ကြင်နာမှုကို ဘယ်လိုမေ့နိုင်မှာလဲ.. ကျွန်တော့်ဆရာရဲ့နှလုံးသားထဲမှာဘိုးဘေးကနေရာယူထားတာ. ဘယ်လိုလုပ်ပြီးဆရာက ဘိုးဘေးရဲ့မှတ်ဉာဏ်ပြားကိုဖျက်ဆီးပစ်တဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မှာလဲ”
“အကယ်၍ငါသာတကယ်သေသွားပြီး ပြန်မမွေးဖွားလာခဲ့ရင် ယဲ့ဖုန်းရဲ့ စရိုက်အရ သူသေချာပေါက်မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး.. ဒါပေမဲ့.. အခုက ငါပြန်လည်မွေးဖွားလာပြီး အဲ့မှတ်ဉာဏ်ပြားက ပုံရိပ်လေးတစ်ခုထက်ဘာမှမပိုဘူး. မင်းဘယ်လောက်ပဲငါ့ကို ကိုးကွယ်ဆည်းကပ်နေပါစေ ငါအဲ့တာကို အာရုံခံနိုင်စွမ်းရှိမှာမဟုတ်ဘူး.. ဒီကိစ္စကအခုကြီးကြီးမားမား မဟုတ်တော့ပါဘူး. ငါမင်းဆရာကိုဒီအကြောင်းပြောလိုက်မယ်”
ရှစ်ဖုန့်ကပြောသည်။
“ကျေးဇူးအများကြီးတင်ပါတယ်.ဘိုးဘေး”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် နင်ချန်၏ မျက်နှာကပျော်ရွှင်မှုဖြင့်အရောင်ကလက်သွားသည်။ သူ၏ဒူးတို့အား ထောက်ချလိုက်ပြီး ရှစ်ဖုန့်ကို ဦးတိုက်ဂါရဝပြုလိုက်၏။
“ကောင်းလိုက်တာ. ကောင်းလိုက်တာ. ဘိုးဘေးသာကျွန်တော့်အတွက် ကြားဝင်ပေးရင် ဆရာသေချာပေါက်ကျွန်တော့်ကိုခွင့်လွှတ်ပေးလိမ့်မယ်. သူသေချာပေါက်လုပ်မှာ”
“ကောင်းပြီ.မင်းဒီလိုလုပ်နေစရာ မလိုဘူး.ထတော့”
ရှစ်ဖုန့်က မြေပြင်၌ ဒူးထောက်နေသောနင်ချန်အားကြည့်၍ ညင်သာစွာပြောလိုက်သည်။ ရှစ်ဖုန့်က သူ၏ညာလက်ကိုဝေ့ယမ်းလိုက်ပြီး မမြင်နိုင်သောစွမ်းအားက ဒူးထောက်နေသောနင်ချန်ကိုကူညီထူမပေးလိုက်သည်။
ထို့နောက်ရှစ်ဖုန့်၏အကြည့်က နင်ချန်၏လက်အတွင်း၌ကိုင်ထားခံရသော မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်းကိုကြည့်လိုက်သည်။ မိုးကြိုးဧကရာဇ်၏မျက်နှာကစုတ်ပြက်နေပြီး မှတ်မိဖို့ပင်ခဲယဉ်းလှသည်။ ရှစ်ဖုန့်က လှောင်ပြုံးပြုံးလိုက်ပြီးပြောလိုက်သည်။
“အခု က ဒီမကောင်းတဲ့သတ္တဝါကိုကိုင်တွယ်ရမဲ့အချိန်ပဲ”
“ဟမ့်”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် အောင်းလိုင်ရှင်းက ပြင်းထန်စွာနှာမှုတ်လိုက်သည်။ သူကအေးစက်စွာပြောလိုက်၏။
“ ယိုမင်. ဒီနေ့ငါအောင်းလိုင်ရှင်းက လုံလောက်အောင်မသန်မာလို့ မင်းရဲလက်ထဲကို ကျဆင်းခဲ့ရတယ်.. ငါ့ကံတရားကိုငါလက်ခံထားပြီးသား. မင်းငါ့ကိုသတ်သတ် နှိပ်ပဲစက်စက် ကြိုက်တာလုပ်”
“သတ်ရမယ်.နှိပ်စက်ရမယ်”
အောင်းလိုင်ရှင်း၏စကားများအားကြားပြီးနောက်ရှစ်ဖုန့်ကလှောင်၍ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့. ငါမင်းကိုအလွယ်လေး မလုပ်ပါဘူး..အရင်က မင်းတို့ဧကရာဇ်နယ်ပယ်တွေငါ့ကို လုပ်ကြံကတည်းက ငါဒါကိုပြောထားခဲ့ပြီးသား”
“နင်ချန်”
ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။
“ဟုတ်ကဲ့ ဘိုးဘေး”
နင်ချန်က ပြန်ဖြေသည်။
“သူ့ကိုယ်ထဲကကမ္ဘာဖျက်လျှပ်စီးကို အရင်ဆွဲထုတ်လိုက်”
“ဟုတ်ကဲ့ ဘိုးဘေး”
နင်ချန်ကပြန်ဖြေသည်။ ထို့နောက် သူ၏ဘယ်လက်အားလက်သည်း တစ်ခုအသွင်ပြုလုပ်လိုက်ပြီး အောင်းလိုင်ရှင်း၏ရင်ဘက်အ တွင်းထိုးသွင်းလိုက်သည်။
“အား”
အောင်းလိုင်ရှင်း၏နှလုံးအားထွင်းဖောက်ခံလိုက်ရသည်။ ဝက်တစ်ကောင်သတ်ဖြတ်ခံရစဉ်အော်သံကဲ့သို့ စိတ်မချမ်းမြေ့ဖွယ် ဟစ်အော်သံတစ်ခုကရုတ်ခြည်းသူ၏ပါးစပ်မှထွက်ပေါ်လာသည်။
“ဟမ့်”
အောင်းလိုင်ရှင်း၏ဤအခြေအနေအားမြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်ကအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ထပ်မံပြောလိုက်သည်။
“ဒီနာကျင်မှုလေးတောင်တောင့်မခံနိုင်ပဲ မင်းကဒီမှာလာအော်နေတယ်..နောက်ပြီးရင် မင်းရဲ့ဝိညာဉ်ကိုကငရဲဘုံဘုံနန်းကိုငါယူသွားတဲ့အချိန် တစ္ဆေသောင်းနဲ့ချီရဲ့ကိုက်ခဲခံရတဲ့နာကျင်မှုကို မင်းဘယ်လိုတောင့်ခံမှာလဲ.. မင်းမှာတကယ်အားမာန်မရှိဘူးပဲ”
“အား..အား. ငါရဲဘုံဘုံနန်း. ငါ့ကိုသတ်လိုက်စမ်း..မင်းလုပ်နိုင်ရင် ငါ့ကိုသတ်လိုက်”
အောင်းလိုင်ရှင်း၏မျက်နှာက ခက်ထန်နေသည်။ သူကရှစ်ဖုန့်အားစိမ်းစိမ်းဝါးဝါးကြည့်အော်ဟစ်နေ၏။
မကြာခင်နင်ချန်က သူ၏ဘယ်လက်ကို အောင်းလိုင်ရှင်း၏ရင်ဘက်မှထုတ်လိုက်ပြီးလက်သီးဆုပ်အရွယ်အစိမ်းရောင်မီးတောက်တစ်ခုက နင်ချန်၏လက်ဖဝါး၌ပါရှိလာသည်။ ဤညင်သာသောအစိမ်းရောင်မီးတောက်မှ မိုးခြိမ်းသံတို့ကိုကြားရနိုင်၏။
ဤမီးတောက်က အောင်းလိုင်ရှင်း၏ ကောင်းကင်အဆင့်မီးတောက် ဖြစ်သောကမ္ဘာဖျက်လျှပ်စီးပင်ဖြစ်သည်။ ၎င်းက မီးတောက်ပုံသဏ္ဍန်ဖြစ်သော်လည်း မိုးကြိုးဓာတ်အခြေပြုဖြစ်သည်။
ဤမီးတောက်က ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်သာရှိသေးသော်လည်း ကောင်းကင်မီးတောက်တစ်ခုအလားအလာက အကန့်သတ်မဲ့ဖြစ်သည်။ ၎င်း၌ကိုင်ပိုင်အသက်တစ်ခုရှိ၏။ လုံလောက်သောစွမ်းအင်ကို၎င်းဝါးမျိုရသည်ဖြစ်စေ သို့မဟုတ် အခြားမီးတောက်များကို ဝါးမျိုရသည်ဖြစ်စေ ၎င်းကဆက်လက်ဆင့်ကဲ့တိုးတက်နိုင်သည်။
ရှစ်ဖုန့်၏ကိုယ်အတွင်းရှိ သွေးနီရောင်ကောင်းကင် မီးတောက်ကဲ့သို့ပင်ဖြစ်သည်။
လွန်ခဲ့သောဆယ့်ခြောက်နှစ်က အောင်းလိုင်ရှင်း ဤကောင်းကင်မီးတောက်ဖြစ်သော ကမ္ဘာဖျက်လျှပ်စီးကိုရချိန်တွင် ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်သာရှိသေးသည်ကို ရှစ်ဖုန့်မှတ်မိသည်ဖြစ်သည်။ ဆယ့်ခြောက်နှစ်ကြာပြီးနောက်၎င်းက ကြယ်ငါးပွင့်ကိုချိုးဖျက်ပြီး ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ် အဆင့်သို့ရောက်ရှိလာသည်။
အကယ်၍ကမ္ဘာဖျက်လျှပ်စီးသာကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကိုရောက်ရှိပြီး အောင်းလိုင်ရှင်းက၎င်းကို ထိန်းချုပ်နိုင်စွမ်းရှိကာနင်ချန်နှင့်တိုက်ခိုက်ခဲ့လျှင် အောင်လိုင်ရှင်းအနိုင်ရဖို့အခွင့်အရေးပိုများမည်ဟု ရှစ်ဖုန့်ခံစားရသည်။
“ဟမ့်.မင်းကထွက်ပြေးချင်တာလား”
ဤအချိန်တွင်နင်ချန်ကရုတ်တရက် အေးစက်စွာပြောလိုက်သည်။ နင်ချန်၏လက်ထဲရှိအစိမ်းရောင်မီးတောက်က အဆက်မပြတ်တုန်ခါနေပြီး နင်ချန်ထံမှထွက်ပြေးလွတ်မြောက်ချင်သကဲ့သို့ အပြင်းအထန်ရုန်းကန်နေသည်။
“ငါ့ကိုသွားခွင့်ပေးပါ.. ဒီနေ့ရဲ့ကြင်နာမှုကိုငါ့နှလုံးသားထဲမှာမှတ်ထားပါ့မယ်”
ဤအချိန်တွင် ကမ္ဘာဖျက်လျှပ်စီးအတွင်းမှ နက်ရှိုင်းသောအသံတစ်ခုထွက်ပေါ်လာသည်။
“စိတ်ဝင်စားစရာပဲ တကယ်ပဲအသက်တစ်ခုမွေးဖွားပြီး စကားပြောနိုင်တယ်.. ဒီကောင်းကင်အဆင့်မီးတောက်က တကယ်ထူးခြားတာပဲ”
နင်ချန်က သူ၏လက်ထဲရှိရုန်းကန်နေသောကမ္ဘာဖျက်လျှပ်စီးကိုကြည့်၍ အေးစက်စွာပြုံးလိုက်သည်။
တစ်ချိန်လုံးငြိမ်သက်နေခဲ့သော ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိ ကောင်းကင်မီးတောက်မှာ ကမ္ဘာဖျက်လျှပ်စီးအားတွေ့ပြီးနောက် အဆက်မပြတ်တုန်ခါနေပြီးစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါကိုဝါးမျို..ငါ့ကိုမြန်မြန်ဝါးမျိုခွင့်ပေး ငါသာဒီကောင်းကင်အဆင့်မီးတောက်ကို ဝါးမျိုလိုက်တာနဲ့ ငါတို့ရဲ့ခွန်အားက သေချာပေါက်အဆင့်တစ်ခုကို ထိုးတက်သွားမှာ ..အတိတ်တုံးကနတ်ဘုရားအဆင့်ကိုရောက်ဖို့ သိပ်ကြာမှာမဟုတ်ဘူး”
ကမ္ဘာဖျက်လျှပ်စီးက ကောင်းကင်အဆင့်မီးတောက်ဖြစ်သော သွေးနီရောင်မီးတောက်ကို ဆက်လက်ထိန်းမထားနိုင်အောင်ဖြစ်စေပုံပေါ်သည်။
ဤအချိန်တွင်နင်ချန်က သူ၏လက်ထဲ၌ကိုင်ထားသော ကမ္ဘာဖျက်လျှပ်စီးကို ရှစ်ဖုန့်ထံလွှဲပေးသည်။
“ဘိုးဘေး.”
သူ၏ဘိုးဘေးဖြစ်သော ရှစ်ဖုန့်အားဤကောင်းကင်မီးတောက်ကိုဆက်သခြင်းဖြစ်သည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE